ပဲခူးတိုင်း၊အုတ်တွင်းမြို့နယ် ၊ပြည် - ပေါက်ခေါင်းသွားတဲ့ လမ်းပေါ်ရှိ တောင်ပေါ် ၂၆မိုင် ၊ဘုတလင်ကျေးရွာမှာ နှစ်ဖက်ထိတွေမှုတွေဖြစ်ခဲ့တာကြောင့် နေရပ်စွန့်ခွာလာသူတွေအတွက် အနွေးထည် ၊စောင်၊ခြင်ထောင်အပါအဝင် စားသောက်ကုန်နဲ့ အမျိုးသမီးတွေအတွက် တစ်ကိုယ်ရည်သုံးပစ္စည်းတွေလိုအပ်နေတယ်လို့ Save The Trees Rescue Team ကသိရပါတယ်။
#Local_News
Published 28 November 2025
#ပဲခူးတိုင်း_အုတ်တွင်းမြို့နယ် #Save_The_Trees_Rescue_Team
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကိုဗစ်ချေးငွေရယူထားတဲ့ ကုမ္ပဏီတွေအ နေနဲ့ အဆိုပါချေးငွေကို သုံးကြိမ်ခွဲကာလာမယ့်မတ်လနောက်ဆုံးထား ပြန်လည်ပေးဆပ်ရမယ်လို့ သိရပါတယ်။
#Local_News
Published 28 November 2025
#ကိုဗစ် #ချေးငွေ
#YMG/SW #Yangon_Times
လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလ ကနေ အောက်တိုဘာလအထိ ၇ လတာအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန်ချိန် ၆,၀၀၀ နီးပါးတင်ပို့ထားရာ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၇၅၅ သန်း ရရှိခဲ့တယ်လို့ငါးလုပ်ငန်းဦးစီးဌာနကသိရပါတယ်။
#Local_News
Published 28 November 2025
#ပုစွန် #အမေရိကန်ဒေါ်လာ
#YMG/NN #Yangon_Times
ရွှေဆိုင်များမှာ ရောင်းချလျှက်ရှိတဲ့ ဈေးနှုန်းကို ရည်ညွှန်းဈေးအပေါ် အခွန် ၃ ရာခိုင်နှုန်းနှင့်ထိုက်သင့်သည့် နှုန်းထားတစ်ခုထည့်ပေါင်းရောင်းချခွင့်ပြုထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှသိရပါတယ်။
#Local_News
Published 28 November 2025
#ရွှေ #ရွှေဆိုင်
#YMG/SW #Yangon_Times
#Daily_News
Published 28 November 2025
၁။ ကန်ဒေါ်လာ(၁၇)သန်းကျော်တန်ဖိုးရှိ ပုစွန်တန်ချိန် ၆,၀၀၀ နီးပါးတင်ပို့ထား
၂။ ကိုဗစ်ချေးငွေကိုသုံးကြိမ်ခွဲ၍ လာမည့်မတ်လနောက်ဆုံးထားပြန်ဆပ်ရမည်
၃။ အုတ်တွင်းတောင်ပေါ် ၂၆ မိုင်ရှိနေရပ်စွန့်ခွာသူများအတွက် အနွေးထည်နှင့်စားသောက်ကုန်များလိုအပ်
၄။ မီးလောင်ကျွမ်းမှုကိုထိန်းချုပ်နိုင်ခဲ့ပြီဟု ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အမှုဆောင်ချုပ်ပြော... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်နှုန်းမြင့်မားပြီး ပြည်ပတင်ပို့မှုနည်းပါးတဲ့ နေကြာသီးနှံကိုတိုးချဲ့စိုက်ပျိုးသွားမယ်လို့ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှသိရပါတယ်။
#Local_News
Published 29 November 2025
#နေကြာသီးနှံ #ပြည်တွင်းစားသုံးဆီ
#YMG/SW #Yangon_Times
#National_News
Published 28 November 2025
▪️၁။ မဟာဗျူဟာကျသည့် တည်နေရာနှင့်နောက်ခံသမိုင်း - မြဝတီဒေသသည် အာရှလမ်းမကြီးပေါ်ရှိ အချက် အချာကျသော နေရာဖြစ်ပြီး၊ ၂၀၁၅ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း တည်ငြိမ်မှုရရှိခဲ့သော်လည်း KNU ခေါင်းဆောင်အချို့သည် ငြိမ်းချမ်းရေးတည်ဆောက်မှုကာလကို အခွင့်ကောင်းယူကာ တရားမဝင်စီမံ ကိန်းများကို စတင်ခဲ့။
▪️၂။ တရားမဝင်စီမံကိန်းများ ပေါ်ပေါက်လာခြင်း - ၂၀၁၆ မှ ၂၀၂၀ ကာလအတွင်း ရွှေကုက္ကိုလ်၊ ကျောက် ခက် (Chongkhaed Garden Resort) နှင့် KK Park စီမံကိန်းများတွင် နိုင်ငံခြားသားအများစုမှာ ကမ္ဘောဒီးယား နိုင်ငံ သီဟာနုဘေလ်မှ ရွှေ့ပြောင်းလာသော နိုင်ငံခြားသား ရာဇဝတ်ဂိုဏ်းများဖြစ်ခဲ့။
▪️၃။ တရားဝင်ခွင့်ပြုချက်မရှိခြင်း - နိုင်ငံတော်အစိုးရ (ယခင် NLD အစိုးရလက်ထက်ကတည်းက) အနေဖြင့် ရွှေကုက္ကိုလ်စီမံကိန်းတွင် လူနေအိမ်ရာအတွက် မြေ ၂၅.၅ ဧက သာ ခွင့်ပြုခဲ့ပြီး လောင်းကစားလုပ်ငန်းများကို ခွင့်ပြုပေးခဲ့ခြင်း လုံးဝမရှိခဲ့။
▪️၄။ တရုတ်နိုင်ငံ၏ သဘောထား - အဆိုပါစီမံကိန်းများသည် တရုတ်နိုင်ငံ၏ BRI စီမံကိန်းတွင် မပါဝင် ကြောင်း တရုတ်သံရုံးက တရားဝင် ရှင်းလင်းပြောကြားခဲ့။
▪️၅။ KNU ခေါင်းဆောင်ပိုင်း ပါဝင်ပတ်သက်မှု - KK Park ကဲ့သို့သော စီမံကိန်းစာချုပ်များတွင် KNU ဥက္ကဋ္ဌ စောကွယ်ထူးဝင်းနှင့် ကာကွယ်ရေးဌာနမှူး စောရော်ဂျာခင်တို့ ကိုယ်တိုင် အသိသက်သေများအဖြစ် ပါဝင်လက်မှတ်ရေးထိုးထားခဲ့ကြ။
▪️၆။ NCA သဘောတူညီချက် ချိုးဖောက်ခြင်း - KNU သည် ၂၀၂၁ မတ်လမှစ၍ တပ်စခန်းများကို တိုက်ခိုက် ခြင်း၊ PDF များကို စစ်သင်တန်းပေးခြင်းနှင့် လက်နက်တပ်ဆင်ပေးခြင်းများ ပြုလုပ်ကာ NCA ကို ချိုးဖောက်ခဲ့။
▪️၇။ တပ်မတော်၏ တန်ပြန်စစ်ဆင်ရေး - တပ်မတော်အနေဖြင့် နယ်မြေပြန်လည်စိုးမိုးရေးဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် အာရှလမ်းမကြီးအပိုင်းများနှင့် အောက်တိုဘာ ၁၉ ရက်နေ့တွင် မြဝတီနှင့် လေးကေ့ကော်ဒေသတို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့။
▪️၈။ နိုင်ငံခြားသားများအား ပြည်နှင်လွှဲပြောင်းပေးခြင်း - ၂၀၂၃ အောက်တိုဘာလမှ ၂၀၂၅ နိုဝင်ဘာလအထိ အွန်လိုင်းလိမ်လည်ဒုစရိုက်လုပ်ငန်းများနှင့် ဆက်စပ်သည့် နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားသား ၆၈,၅၈၂ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်။
▪️၉။ တရားမဝင်အဆောက်အဦများ ဖျက်သိမ်းခြင်း - KK Park အတွင်းရှိ တရားမဝင် အဆောက်အဦ ၂၅၆ လုံး ကို ဖျက်ဆီးခဲ့ပြီး၊ ကျန်ရှိနေသည့် ၃၇၉ လုံးကိုလည်း ဆက်လက်ဖျက်ဆီးရှင်းလင်းသွားမည်။
▪️၁၀။ နိုင်ငံတော်၏ ကုန်ကျစရိတ် - ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံခြားသားများ၏ စားသောက်စရိတ် အတွက် ၂၀၂၄ ဒီဇင်ဘာမှ ၂၀၂၅ နိုဝင်ဘာလအထိ ငွေကျပ် ၁၃,၃၆၀ သိန်းကျော် (၁.၃၃ ဘီလီယံကျပ်) အကုန်အကျ ခံခဲ့။
▪️၁၁။ မင်းလက်ပံ ဖြစ်စဉ် - KNU/PDF များသည် မင်းလက်ပံဒေသရှိ DKBA/KKO စခန်းကို ဝင်ရောက် စီးနင်းရာတွင် နယ်မြေရှင်းလင်းခြင်းမဟုတ်ဘဲ လက်နက်များသိမ်းယူခြင်းနှင့် "သခွားသီး (ခေါ်) စောကျော်ကို မင်း" ဆိုသူကို ဖမ်းဆီးရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်။
▪️၁၂။ နိုင်ငံခြားသားများ ထိခိုက်သေဆုံးမှု - နိုဝင်ဘာ ၂၅ ရက်နေ့တွင် မင်းလက်ပံ၌ ဖမ်းဆီးခံနိုင်ငံခြားသား များ ဆန္ဒပြရာတွင် KNU/PDF တပ်ဖွဲ့များက ပစ်ခတ်နှိမ်နင်းခဲ့သဖြင့် ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး ရာနှင့်ချီသော နိုင်ငံခြားသားများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရ
▪️၁၃။ ပစ္စည်းနှင့် ငွေကြေးများကို သိမ်းယူခြင်း - KNU/PDF အဖွဲ့များသည် အွန်လိုင်းလိမ်လည်ဒုစရိုက် လုပ်ငန်းရှင်များပိုင်ဆိုင်သော မော်တော်ယာဉ်များ၊ ငွေသေတ္တာများနှင့် ပစ္စည်းများကို သိမ်းဆည်းရယူသွား။
▪️၁၄။ အခြားဒေသများတွင် ရှင်းလင်းခြင်း - ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းနောင်မြို့အနီးတွင်လည်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့။
▪️၁၅။ အစိုးရ၏ သန္နိဋ္ဌာန် - နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများကို လုံးဝလက်ခံမည်မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းကာ အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်။
( ဗိုလ်ချုပ်ဇော်မင်းထွန်း၏ပြောကြားချက်အပြည့်အစုံမှ ပြန်လည်ကောက်နှုတ်ဖော်ပြသည်)
Page 89 of 2322