၂၀၂၅-၂၀၂၆ ခုနှစ် ကြံကြိတ်ခွဲရာသီအတွက် နဝဒေးသကြားစက်က စက်ရုံအရောက်ဈေး ကြံတစ်တန်ပေါက်ဈေး ကျပ်၁၇၀,၀၀၀နဲ့ ဖွင့်လှစ်လာပြီလို
မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 04 December 2025
#ကြံ #သကြား
#YMG/NN #Yangon_Times
ဥစားကြက်မွေးမြူရေးဇုန်နဲ့ စပါးစိုက်ပျိုးရေးဇုန်များပါဝင်တဲ့စိုက်ပျိုးမွေးမြူရေးဇုန်တစ်ခုကို မကွေးတိုင်းဒေသကြီးအတွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့သိရပါတယ်။
#Local_News
Published 04 December 2025
#ဥစားကြက် #မကွေးတိုင်းဒေသကြီး
#YMG/SW #Yangon_Times
#Daily_News
Published 04 December 2025
၁။ ကြံ (၁)တန်ပေါက်ဈေး ကျပ် ၁၇၀,၀၀၀ ဖြင့်ဖွင့်လှစ်
၂။ မြေဩဇာတန်ချိန် တစ်သိန်းခွဲကျော် တင်သွင်းရန်ခွင့်ပြုထား
၃။ ယခုဘဏ္ဍာနှစ် ရှစ်လကျော်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၉၅၀ခန့် ထုတ်ရောင်းပေးထား
၄။ မြို့ပြထိန်းသိမ်းရေးတာဝန်များအတွက်ဖန်တီးသော တရုတ်ပြည်ထုတ်သန့်ရှင်းရေးစက်ရုပ်များယှဉ်ပြိုင်စမ်းသပ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 04 December 2025
▪️ ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေးဆွေးနွေးပွဲ - ၂၀၂၅ တွင်ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၂၄ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
▪️ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးဆွေးနွေးပွဲ - ၂၀၂၅ (Yangon Investment Facilitation Workshop-2025) ကို ဒီဇင်ဘာလ၃ရက်က ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel ၌ ကျင်းပခဲ့ပြီးဆန်၊ ပဲ၊ နှမ်း စိုက်ပျိုးရေး ထွက်ကုန်များ၊ ဆိုလာလျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးနှင့် ဆက်စပ်သည့် နည်းပညာလွှဲပြောင်းခြင်းကဏ္ဍစသည့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၂၄ ခုကို သက်ဆိုင်ရာတာဝန်ရှိသူများက အပြန်အလှန်လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြကြောင်းသိရသည်။
▪️ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က တိုင်းပြည်၏ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့မြှင့်တင်လုပ်ကိုင်နိုင်မှသာ ပို့ကုန်နှစ်ဆ တိုးမြှင့်ရေးရည်မှန်းချက်ကို ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် အချို့သွင်းကုန်များကိုလည်း အစားထိုးနိုင်ပြီး ပို့ကုန်များကိုလည်း တိုးတက်အောင် ဆောင်ရွက်သွားနိုင်ရမည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဟုဆိုရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုရှိသည့်အတွက် နှစ်ပိုင်းစလုံးကိုအားပေးဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပွဲအဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
▪️ ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာဒေသတစ်ခုဖြစ်ပြီး နိုင်ငံ့ GDP ၏ ၂၆ ရာခိုင်နှုန်းဖြစ်သည့်အတွက် တိုင်းဒေသကြီး၏ ဖွံ့ဖြိုးမှုသည် တစ်နိုင်ငံလုံးအတွက် အရေးကြီးသောကြောင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုများအား တွန်းအားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ၏ မူလအဆိုပြုလွှာအတိုင်း ကုန်ထုတ်လုပ်မှုစွမ်းအား ပြန်လည် လည်ပတ်နိုင်ရေးနှင့် ပြည်ပသို့ ချိတ်ဆက်တင်ပို့မှု အဆင်ပြေချောမွေ့ရေးသည် အဓိကကျနေသည့်အတွက် ဗဟိုမှ ကွင်းဆင်းထိတွေ့အားပေးရင်း ပြန်လည်တင်ပြချက်များကိုလည်း သက်ဆိုင်ရာဌာနများသို့ တင်ပြညှိနှိုင်းကူညီသွားမည်ကြောင်း၊ Processing Lines အပြင် ထပ်မံတိုးချဲ့တပ်ဆင်လိုသူရှိပါကလည်း မြန်ဆန်အဆင်ပြေချောမွေ့အောင် ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 04 December 2025
▪️ ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်မှုဖြစ်သည့် သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ရေးလုပ်ငန်းများ ယခုလအတွင်းစတင်နိုင်ရေးဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် မစ္စတာဆာဂေးရှတီရော့ဗ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစါကြောင်း သိရသည်။
▪️ ထိုသို့ တွေ့ဆုံစဉ် ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်မှုဖြစ်သည့် သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ရေးစီမံကိန်းဆိုင်ရာများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့်စီမံကိန်းများ၏ MoU ရေးထိုးနိုင်မှုအခြေအနေများ၊ ရုရှားနိုင်ငံမှ ပံ့ပိုးပေးသည့် နေကြာမျိုးကိုးမျိုးကို စိုက်ပျိုးရေးသမဝါယမအသင်းများဖြင့် စမ်းသပ်စိုက်ပျိုးခဲ့မှုအခြေအနေများ၊ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်အသုံးပြုနိုင်ရေး ဆောင်ရွက်နေသည့်အခြေအနေများနှင့် သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ရေးလုပ်ငန်းအား ဒီဇင်ဘာလတွင်စတင်နိုင်ရေးနှင့် စက်ရုံကို တစ်နှစ်အတွင်း ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 04 December 2025
▪️ မန္တလေးမြို့ရှိ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင်၌ ယနေ့မနက်အစောပိုင်း၌ မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။
▪️ ဒီဇင်ဘာ ၄ ရက်နေ့၊ မနက်၇နာရီ ၄၁ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၅၈လမ်း၊ ၁၀၁ လမ်းနှင့် ၄၃ လမ်းကြား ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် level 1 ယာဉ်အုပ်စုထွက်ခွာ ငြိမ်းသတ်ခဲ့ရာ
၇ နာရီ၅၇ မိနစ်၌ အချိန်မီးထိန်းနိုင်ခဲ့ပြီး ၈ နာရီ၃ မိနစ်အချိန်၌ မီးငြိမ်းနိုင်ခဲ့ကြောင်း ၊မီးလောင်မှုဖြစ်စဉ်နှင့်ဆုံးရှုံးမှုတန်ဖိုးများအားဆက်လက်စုံစမ်းနေကြောင်းသိရသည်။
#YMG/NN #Yangon_Times
တရုတ်နိုင်ငံသို့ အစားအစာတင်ပို့နေတဲ့ ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း ကုမ္ပဏီတွေရဲ့ မှတ်ပုံတင်ခွင့်စီမံခန့်ခွဲရေးသတ်မှတ်ချက်များ ၊ ပြဌာန်းချက်များအရ GACC မှတ်ပုံတင်ခွင့် သက်တမ်းကြိုတင်တိုးမြှင့်ရေး တင်ပြလျှောက်ထားဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) ကနေ အသိပေးထားပါတယ်။
#Local_News
Published 03 December 2025
#GACC #တရုတ်နိုင်ငံ
#YMG/NN #Yangon_Times
Page 84 of 2322