ရန်ကုန်မြို့၌CNGလာရောက်ဖြည့်တင်းတဲ့ တက္ကစီတွေနဲ့ YBSယာဉ် သုံးသောင်းကျော်ခန့်အားနေ့စဉ် သဘာဝဓာတ်ငွေ့ရောင်းချပေးနေတယ်လို့
စွမ်းအင်ဝန်ကြီးဌာန ၊ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာ၀ဓာတ်ငွေ့ဌာနကသိရပါတယ်။
#Local_News
Published 25 March 2026
#CNG #မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့
#YMG/NN #Yangon_Times
မြန်မာသင်္ဘောသားများအတွက် Collective Bargaining Agreement( CBA )နဲ့ Seafarers' Employment Agreement ( SEA ) ဗဟုသုတမျှဝေခြင်းဟောပြောပွဲနဲ့ သင်္ဘောသားများနဲ့ ၎င်းတိုရဲ့ မိသားစုများအတွေ့အကြုံခံစားချက်များနဲ့လူမှုရေးဖွံဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို အကဲဖြတ်နိုင်ဖို့ စစ်တမ်းတစ်ခုကောက်ယူ သွားမယ်လို့ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF) က သိရပါတယ်။
#Local_News
Published 25 March 2026
#မြန်မာသင်္ဘောသား #CBAနှင့်SEA
#YMG/NN #Yangon_Times
#Daily_News
Published 25 March 2026
၁။ ယဉ်ကျေးလိမ္မာစာမေးပွဲ ဆုပေးပွဲအခမ်းအနားမေလ၌ကျင်းပမည်
၂။ ပြည်တွင်းလေကြောင်းခရီးစဉ်များအားလုံး ယနေ့ပြန်လည်ပြေးဆွဲ
၃။ မော်တော်ယာဉ်သုံးသောင်းကျော်ခန့်အားနေ့စဉ် သဘာဝဓာတ်ငွေ့ရောင်းချပေးနေ
၄။ ပေကျင်းရှိလူသားပုံသဏ္ဍာန်စက်ရုပ်အချက်အလက်လေ့ကျင့်ရေးစင်တာ၌ ထိတွေ့မှုအာရုံခံလေ့ကျင့်ရေးတ
တိယအဆင့်စတင်တော့မည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 25 March 2026
■ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့သည့် တောင်ကိုးရီးယားနိုင်ငံသား တစ်ဦးအား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
■ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့ စေရေးအတွက် မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စံရွှေနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များ ကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
■ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ တောင်ကိုးရီးယား သမ္မတနိုင်ငံသံရုံးမှ Counsellor Mr. Wuchan Rhee နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထာ စာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
■ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်အထိ မြဝတီမြို့နယ် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၆၁၆ ဦး ထိန်းသိမ်းနိုင်ခဲ့ ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၃၃၆ ဦးကိုထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၂၈၀ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက် ထားရှိကြောင်းသိရသည်။
#YMG/PP #Yangon_Times
#Local_News
Published 25 March 2026
■ DPLA ၊ KNDF ၊ PNLO နှင့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၇ ဦးတို့ လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြကြောင်း သိရသည်။
■ ယင်း DPLA အဖွဲ့ဝင် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦး၊ KNDF အဖွဲ့ဝင် အမျိုးသား ၅ ဦး၊ PNLO အဖွဲ့ဝင် အမျိုးသား ၁၄ ဦးနှင့် သထုံ PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁ ဦး၊ စုစုပေါင်း အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယမန်နေ့တွင်အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်၊ သံလွင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
■ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် M-16 ၁ လက်၊ M-22 ၂ လက်၊ စနိုက်ပါ ၁ လက်၊ AK -47 ၁ လက်၊ Type-81 ၃ လက်၊ ပစ္စတို ၂ လက်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့်တာဝန်ရှိသူများက လက်ခံရယူကြကြောင်း သိရသည်။
■ ယင်းနောက် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပစ္စတို ၂ လက်အတွက် ဆုကြေးငွေ ကျပ်သိန်း ၄၀ ၊ မောင်းပြန်ရိုင်ဖယ် ၈ လက်အတွက် ငွေကျပ် သိန်း ၄၀၀၊ အလင်းဝင်ရောက်လာသူများအတွက် ငွေကျပ် ၄၉ သိန်း၊ စုစုပေါင်းငွေကျပ် ၄၈၉ သိန်းကို တိုင်းမှူးနှင့်တာဝန်ရှိသူများက ပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြကြောင်း သိရသည်။
#YMG/PP #Yangon_Times
#Local_News
Published_25 March 2026
■ အရှေ့အလယ်ပိုင်းဒေသတွင် အချိန်ကာလ ဖြစ်ပွားနေသည့်ပဋိပက္ခသည် အားဖြင့်မည်မျှကြာမြင့်မည်ကို မသိရှိနိုင်သောကြောင့် စက်သုံးဆီသုံးစွဲမှုများလျှော့ချနိုင်ရေးနှင့် အများပြည်သူများ ခရီးသွားလာမှုအဆင်ပြေစေရေးအတွက် မီးရထားများတိုးချဲ့ပြေးဆွဲခြင်းနှင့်အများပြည်သူသုံး ဘတ်စ်ကားလိုင်းများ ပုံမှန်အတိုင်းပြေးဆွဲနိုင်ရေးအတွက် စဉ်းစားဆောင်ရွက်သွားကြရန်လိုကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကပြောသည်။
■ ယမန်နေ့ မတ်လ ၂၄ ရက် တွင် ပြုလုပ်သော စက်သုံးဆီများဖူလုံစွာရရှိရေးနှင့်သုံးစွဲမှုများစနစ်တကျဖြစ်စေရေး အစည်းအဝေးအတွင်း ယင်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
■ ထို့အပြင် အများ ပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ခရီးသွားလာမှုများ အဆင်ပြေချောမွေ့စေရေး တတ်နိုင်သမျှဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးဆောင်ရွက် သွားကြစေလို ကြောင်းယာယီသမ္မတ က ဆိုသည်။
■ လက်ရှိအချိန်တွင် ဖြစ်ပွားလျက်ရှိသည့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် စက်သုံးဆီများရှား ပါးမှုကို နိုင်ငံတိုင်းတွင်ကြုံတွေ့နေရပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း အဆိုပါအခက်အခဲကို ကျော်လွှားဖြေရှင်းနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီ ကာလ အတွင်း မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကျင်းပချိန်သို့ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ ယခင်နှစ်ကလည်း မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် သင်္ကြန်ပွဲတော်ကိုအကန့်အသတ်ဖြင့်သာကျင်းပရန် မေတ္တာရပ်ခံခဲ့ရကြောင်း၊ ယခုနှစ်တွင်လည်း စက်သုံးဆီကန့်သတ်ချက်များကြောင့် အတာသင်္ကြန်ပွဲတော်ကျင်းပမှုကို အကြပ်အတည်းမဖြစ်စေလိုကြောင်း ယင်းကပြောသည်။
■ ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် မကြာမီကာလက မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ သုံးစွဲမှုနှင့်ဆီဖြည့်သွင်းမှုကို စုံ/မ အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်ခြင်း၊ QR Code များအသုံးပြု၍ ဆီဖြည့်ခြင်းစနစ်များ ကို ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရေးအတွက် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာဆောင်ရွက်ကြရန် ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။
■ အလားတူ ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို အကောင်းဆုံး စီမံခန့်ခွဲနိုင်ရန်လိုပြီး အရန်စက်သုံးဆီများကို သိုလှောင်နိုင်ထားရှိနိုင်ရန်နှင့် ချွေတာသုံးစွဲနိုင်ရေးဆောင်ရွက်သွားကြရန် ၊စက်သုံးဆီများကို အမှန်တကယ် အသုံးပြုသည့် ပြည်သူများလက်ဝယ်သို့ ရောက်ရှိစေရေးနှင့် မှောင်ခိုရောင်းဝယ်မှုများမရှိစေရေး မသမာမှုပြုလုပ်ရောင်းဝယ်နေမှုများကို ထိထိရောက်ရောက် ဖော်ထုတ် အရေးယူဆောင်ရွက်သွားရန် ၊ မိမိတို့နိုင်ငံနှင့်မိတ်ဖက်နိုင်ငံများမှ စက်သုံးဆီများဝယ်ယူရရှိနိုင်ရေး ချိတ်ဆက်ကြိုးပမ်းဆောင်ရွက်သွားရန်လည်းပြောကြားခဲ့ကြောင်းသိရသည်။
■ ထို့နောက် မီးရထားခရီးစဉ်များ၊ အဝေးပြေးဘတ်စ်ကားခရီးစဉ်များ အစရှိသည့် အများ ပြည်သူသုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် လိုအပ်သည့်စက်သုံးဆီများကို မဖြစ်မနေ ဖြည့်တင်း ဆောင်ရွက်ပေးသွားရမည်ဖြစ် ကြောင်း၊ မီးရထားခရီးစဉ်များကိုနယ်မြေဒေသအခြေအနေများအလိုက် တိုးချဲ့ပြေးဆွဲပေးခြင်းဖြင့် အများပြည်သူများ၏ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုများကို အစဉ်ပြေချောမွေ့အောင် စီမံဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပူတာအို၊ ခန္တီး၊ မြစ်ကြီးနား၊ ဟုမ္မလင်း၊ တာချီလိတ်၊ ကလေး၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ မြိတ်၊ ကော့သောင်း စသည့်မော်တော်ယာဉ်ဖြင့် သွားလာရန်ခက်ခဲသည့် မြို့များသို့ လေကြောင်းခရီးစဉ်များကို ဦးစားပေးအနေဖြင့် မဖြစ်မနေပြေးဆွဲပေးသွားရမည်ဖြစ်ကြောင်း၊ အလားတူ အခြားသွားလာရန် ခက်ခဲသည့်ဒေသများသို့လည်း ဒုတိယဦးစားပေးအနေဖြင့် ပြေးဆွဲပေးသွားရန်လိုကြောင်း၊ မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကာလအတွင်း စက်သုံးဆီသုံးစွဲမှု များပြားမှုမရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများနှင့် မြို့နယ်များအလိုက် လမ်းလျှောက် သင်္ကြန်အဖြစ် နေရာများသတ်မှတ်၍ ကျင်းပပြုလုပ်သွားမည်ဆိုပါက ပိုမိုသင့်လျော် မည်ဖြစ်ကြောင်း၊ အများပြည်သူမဖြစ်မနေ အသုံးပြုလျက်ရှိသည့် အရေးပေါ်လူနာသယ်ပို့သည့်ယာဉ်များ၊ လူမှုကူညီရေးယာဉ်များအတွက် စက်သုံးဆီဝယ်ယူခွင့်အား ဖြေလျှော့ပေးရန်လို ကြောင်းဖြင့် ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
■ စက်သုံးဆီရှားပါးမှု ကြောင့် သွားလာမှုများခက်ခဲပြီး ကုန်ဈေးနှုန်းများကြီးမြင့်လာနိုင်ကြောင်း၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သည် ပြည်သူများမျှော်လင့်ထားသည့် မြန်မာ့ရိုးရာ ပွဲတော်တစ်ခုဖြစ်ခြင်း ကြောင့် အများပြည်သူများပျော်ရွှင်စွာဖြင့် ရေသဘင်ဆင်နွဲနိုင် ရေးတာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြင့် စီမံဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်းစက်သုံးဆီဖူလုံစွာရရှိစေရေးဆောင်ရွက်ပေးရန်နှင့် ပြည်သူများအနေဖြင့် အကုန်အကျအသက်သာဆုံးဖြင့် သုံးစွဲနိုင်ရေးဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ စက်သုံးဆီဈေးနှုန်းကြောင့် သွားလာမှုစရိတ်များ မြင့်မားလာမှုမရှိစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း ပြည်သူများသွားလာမှု အဆင်ပြေစေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားရန် လိုကြောင်း၊ ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ ဖြည့်ဆည်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့်မှာကြားခဲ့ကြောင်း သိရသည်။
Yangon_Times/PP
ANGON (March 24, 2026) — U.S. Embassy Chargé d’Affaires a.i. Sonnek visited the Yangon International Mobility Show at the Yangon Convention Center today, signaling a continued effort to strengthen commercial ties and support American enterprises in the local market.
During the visit, CDA Sonnek stopped by the Ford exhibition booth to support the prominent American automotive brand and highlight the U.S. commitment to fair competition for American companies in Myanmar. This engagement emphasizes the importance of a level playing field for international businesses operating within the country.
"We’re proud to stand with U.S. businesses bringing more choices to Myanmar’s auto market!" the Chargé d’Affaires stated during the event.
This visit marks the latest in a series of economic engagements by the U.S. government. It follows a significant agreement signed on February 25 at the U.S. Department of Agriculture’s regional office in Bangkok, where Myanmar entrepreneurs and U.S. officials finalized a deal for the export of American soybean meal to Myanmar. The Embassy’s active participation in the mobility show, coming just a month after the agricultural agreement, highlights a strategic trend of increasing direct engagement between U.S. diplomatic leadership and Myanmar’s business community.
Photos: US E,bassy, Yangon
Page 82 of 2419