#Local_News
Published 27 January 2025
■ ဆေးသုတေသနလုပ်ငန်းများအတွက် ကျပ်တစ်ဘီလျံခွဲ (ဘဏ္ဍာငွေကျပ် ၁ ဒသမ ၅ ဘီလျံ) ခွင့်ပြုပေးခဲ့ ကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီလ ၂၆ ရက် တွင်ကျင်းပသည့် “(၅၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ဖွင့်ပွဲအခမ်းအနား ဂုဏ်ပြုမိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။
■ ယင်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဆေးသုတေသနဦးစီးဌာန အပြင် အခြားဦးစီး ဌာနများ၊ ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်များတွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
■ “ယခုအချိန်မှာ အဖြစ်များပြီး ထပ်မံဦးမော့လာနိုင်တဲ့ မကူး စက်တတ်သော ရောဂါများဖြစ်တဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ နှလုံးရောဂါတွေကို ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါကိုရည်ရွယ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ် ဦးစီးဌာနနဲ့ ဆေးသုတေသနဦးစီးဌာနတို့ပူးပေါင်းပြီး “မြန်မာနိုင်ငံရှိမကူးစက်တတ်သော ရောဂါများ၏ ဖြစ်ပွားနိုင်ခြေကို လေ့လာခြင်း သုတေသန (၂၀၂၄)” ကို ဆောင်ရွက်ပြီးစီးခဲ့ပြီလို့သိရပါတယ်။
■ သုတေသန တွေ့ရှိချက် တွေအရ မကူးစက်တတ်သော ရောဂါဖြစ်ပွားမှု မြင့်မားလာခြင်းကို ကာကွယ်တားဆီးခြင်း လုပ်ငန်းတွေနဲ့အတူ ပြည်သူလူထုအတွင်း အာဟာရမျှတစွာစားသုံးတဲ့ အလေ့အထတွေ ရရှိနိုင်ဖို့အတွက်ပံ့ပိုးကူညီပေးရမှာလည်းဖြစ်ပါတယ်။
■ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်းမှာ နိုင်ငံတော်က ဆေးသုတေသန ဦးစီးဌာနသာမက အခြားဦးစီးဌာနများ၊ ဆေးနဲ့ဆေးနှီးနွှယ် တက္ကသိုလ်တွေမှာ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် နိုင်ငံတော်က ဘဏ္ဍာငွေကျပ် ၁ ဒသမ ၅ ဘီလီယံ ခွင့်ပြုပေးခဲ့ ပါတယ်”ဟု ယာယီသမ္မတ ကပြောသည်။
■ ယာယီသမ္မတ က ကျန်းမာရေးကဏ္ဍတွင် နိုင်ငံတကာ နှင့် ရင်ပေါင် တန်းနိုင်မည့် နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်ရေးအတွက် အကောင်းဆုံး တွန်းအားပေးသော သုတေသန ကောင်းများကို သုတေသီများက စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ကြရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။
■ မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံများကို “သုတေသနဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေး ဆိုင်ရာ ပညာရပ်များ တိုးတက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း မြင့်မား လာစေရန်” နှင့် “သုတေသနတွေ့ရှိချက်များကို လက်တွေ့အသုံးချမည့် သက်ဆိုင်ရာကျန်းမာရေးပညာရှင်များ သိရှိဆွေးနွေးနိုင်စေရန်”စသည့် ရည်ရွယ်ချက်များဖြင့် ၁၉၆၅ ခုနှစ်က စတင်ကျင်းပလာခဲ့ရာ ယခုအခါ (၅၄) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်းသိရသည်။
#YMG/PP #Yangon_Times
#Local_News
Published 26 January 2026
▪️ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စစ်ဆေးအတည်ပြုချက်များအရ လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အန္တရာယ်ရှိသော အလှကုန်ပစ္စည်းနှစ်မျိုးကို သုံးစွဲရန်မသင့်ကြောင်း အများပြည်သူအားယနေ့ အသိပေးကြေညာထားသည်။
▪️ အဆိုပါ အလှကုန်ပစ္စည်းများတွင် ခွင့်ပြုချက်မရှိသည့် ဓာတုပစ္စည်းများ ပါဝင်နေခြင်း၊ ထုတ်လုပ်မှုနှင့် တင်သွင်းမှုဆိုင်ရာ စံချိန်စံညွှန်းများနှင့် မကိုက်ညီခြင်းတို့ကြောင့် အသားအရေယားယံခြင်း၊ အရေပြားရောင်ရမ်းခြင်း၊ အရေပြားရောဂါများ ဖြစ်ပွားစေနိုင်ပြီး ခေါင်းကိုက်ခြင်း၊စိတ်ကျေရာဂါအပါအဝင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ရောဂါနှင့်အခြား ရောဂါများဖြစ်ပွားနိုင်ကြောင်း သိရသည်။
▪️ ထို့ကြောင့် အများပြည်သူများအနေဖြင့် အဆိုပါ အလှကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲခြင်း မပြုလုပ်ရန်နှင့် မှတ်ပုံတင်နံပါတ်များကို စစ်ဆေးပြီးမှသာ သုံးစွဲကြရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှတိုက်တွန်းအသိပေးထားသည်။
#YMG/SW #Yangon_Times
ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော်ခရီးစဉ်တွေအတွက် ရထားလက်မှတ်တွေကို အွန်လိုင်းကနေဝယ်ယူနိုင်ဖို့ Pilot Project အဖြစ်လာမယ့် ဖေဖော်ဝါရီလမှာစတင်တော့မယ်လို့ မြန်မာ့မီးရထားကနေသိရပါတယ်။
#Local_News
Published 26 January 2026
#Pilot_Project #ရထားလက်မှတ်
#YMG/NN #Yangon_Times
ယခုရက်သတ္တပတ်အတွင်း ပြည်ပပို့ကုန်တစ်မျိုးဖြစ်တဲ့ မတ်ပဲများပြည်ပပို့ကုန်ဈေးရော ပြည်တွင်းဖြန့်ဖြူးဈေးပါမြင့်တက်လာတယ်လို့ ပဲကုန်သည်များထံမှ သိရပါတယ်။
#Local_News
Published 26 January 2026
#မတ်ပဲ #ပဲ
#YMG/SW #Yangon_Times
ငလျင်ဒဏ်သင့်အဆောက်အအုံများပြင်ဆင်ရာတွင် ပျက်စီးမှုအမျိုးအစားအလိုက်လုပ်ငန်းစဉ်များကို တိကျစွာလိုက်နာရန်လိုအပ်တယ်လို့အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့်အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်ကပြောပါတယ်။
#Local_News
Published 26 January 2026
#ငလျင်
#YMG/SW #Yangon_Times
#Local_News
Published 26 January 2025
▪️ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် တစ်မျိုးသားလုံး၏ အကျိုးစီးပွားကိုထိပါးစေပြီး နိုင်ငံတကာအမြင်တွင် အထင်အမြင်လွဲမှားစေသည့် လုပ်ကြံစွပ်စွဲမှုများအား ကန့်ကွက်ရှုတ်ချကြောင်းတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုကော်မတီဌာနချုပ်မှ သဘောထားထုတ်ပြန်ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
▪️ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (Agent Of Myanmar)သည် နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် သမိုင်းရေးဖြစ်စဉ်၊ နိုင်ငံရေးအမြင်များဖြင့် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များအား ဥပဒေနှင့်အညီ သက်သေအထောက်အထားခိုင်လုံစွာဖြင့် ရင်ဆိုင်ဖြေရှင်းလျက်ရှိနေကြောင်းသိရသည်။
▪️ ထိုသို့ မြန်မာကိုယ်စားလှယ်အဖွဲ့သည် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် နိုင်ငံတော်နှင့် မြန်မာတစ်မျိုးသားလုံး၏ ဂုဏ်သိက္ခာကို တာဝန်ယူလျက်ဥပဒေ၊ သက်သေအထောက်အထားများနှင့်အညီ ရင်ဆိုင်ကြိုးပမ်းစွမ်းဆောင်နေမှုများကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဂုဏ်ပြုထောက်ခံထားပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ (Agent Of Myanmar) ၏ တရားဥပဒေအပေါ် ယုံကြည်မှုအပြည့်အဝဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဖြေရှင်းဆောင်ရွက်နေမှုများအား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ပြည်သူများနှင့်အတူ တစ်သားတည်းရပ်တည်လျက်ရှိပါကြောင်း သဘောထားထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 January 2025
▪️ Fire Hotspots လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီကပြောသည်။
▪️ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဇန်နဝါရီ ၂၄ရက်နေ့က ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ကျိုင်းတုံမြို့နှင့် မိုင်းဖြတ်မြို့များမှ ဌာနဆိုင်ရာတာဝန်ခံများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှုလျှော့ချရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားစဥ်ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
▪️ ပြည်ထောင်စုဝန်ကြီးက ယခုအချိန်ကာလ ပွင့်လင်းရာသီတွင် တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများကြောင့် Fire Hotspots ဖြစ်ပေါ်လာစေပြီး သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသည့်အပြင် မီးခိုးမြူငွေ့များတွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော PM 2.5 အမှုန်များသည် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါမီးခိုးမြူငွေ့များသည် လေစီးကြောင်းအတိုင်း တစ်နိုင်ငံမှတစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ရောက်ရှိနိုင်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် Fire Hotspots လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ၊ ထိုင်းနှင့် လာအိုသုံးနိုင်ငံပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းစီမံချက် - Clear Sky Strategy (၂၀၂၄-၂၀၃၀) ကို ရေးဆွဲထုတ်ပြန်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
▪️ အလားတူ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းပြီး မီးခိုးမြူငွေ့ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊မြန်မာနိုင်ငံအတွင်း Fire Hotspots ဖြစ်ပွားမှုအရေအတွက် သည် ၂၀၂၄ ခုနှစ်တွင် ၅၁၀၉၁ ခု ရှိရာမှ ၂၀၂၅ ခုနှစ်တွင် ၄၅၀၂၅ ခု တွေ့ရှိရသဖြင့် ၆၀၆၆ ခု (၁၂ ရာခိုင်နှုန်း) လျော့နည်းသွားသည် ကို တွေ့ရှိရကြောင်းနှင့် ၂၀၂၆ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း ၂၀၂၅ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားသည်ကို တွေ့ရှိရ၍ ဆောင်ရွက်ချက်များအား အသိအမှတ်ပြုပါကြောင်းနှင့် ၂၀၂၆ ခုနှစ်တွင်လည်း ဆက်လက်လျော့နည်းသွားအောင် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းအစား ကွန်တို/တောင်စောင်း စိုက်ပျိုးခြင်းနှင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ ကုန်းမြင့်လယ်ယာစိုက်ပျိုးရေးစနစ် ကျင့်သုံးခြင်း၊ စိုက်ပျိုးရေးဘေးထွက် ပစ္စည်းများနှင့် လူနေအိမ်များမှ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရေးနှင့် မီးရှို့ခြင်းအစားသဘာဝမြေဩဇာပြုလုပ်၍ ပြန်လည်အသုံးပြုခြင်း စသည့်အလေ့အကျင့်များကို အလေးထားဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သောနည်းပညာ၊ အသိပညာပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပေါင်းစပ်ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ သဘာဝသယံဇာတများ ရေရှည်တည်တံ့ရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုကောင်းမွန်ရေး၊ Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးတို့ကို ဌာနအသီးသီးနှင့် အဖွဲ့အစည်းများ၊ ဒေသခံများအားလုံးအတူ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းပြောကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 81 of 2369