ဆက်တိုက်ကျဆင်းနေခဲ့တဲ့ စားအုန်းဆီရည်ညွန်းဈေးဟာယခုတစ်ပတ်မှာလည်းထပ်မံကျဆင်းလာတာကို အပတ်စဉ်ထုတ်ပြန်ပေးနေတဲ့ ရည်ညွန်းဈေးနှုန်းများအရသိရပါတယ်။
#Local_News
Published 12 December 2025
#စားအုန်းဆီ
#YMG/SW #Yangon_Times
အခုတစ်ပတ်အတွက်စက်သုံးဆီဈေးအားလုံးကကျဆင်းလာပြီး တစ်လီတာကို ၃၅ကျပ် ကနေ ၁၂၀ ကျပ် အထိ ကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ စာရင်းတွေအရသိရပါတယ်။
#Local_News
Published 12 December 2025
#စက်သုံးဆီ
#YMG/NN #Yangon_Times
#Daily_News
Published 12 December 2025
၁။ စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးထပ်မံကျဆင်း
၂။ တောင်ကြီး - ပေါမူ၊ ပေါမူ - တောင်ကြီး ရှုခင်းကြည့်ရထားခရီးစဉ်များကို အပတ်စဉ်ရုံးပိတ်ရက်များ၌ ပြေးဆွဲပေးနေ
၃။ စက်သုံးဆီလုပ်ငန်းရှင်များအတွက်ယခုလအတွင်း ဒုတိယအကြိမ်အဖြစ်ဒေါ်လာ(၂၈)သန်း ရောင်းပေးမည်
၄။ ရုရှားတို့ကယူကရိန်းကိုဆက်လက်ဝိုင်းရံထားသည်ဟုဖော်ပြသလို ယူကရိန်းကလည်းဆက်လက်ခုခံထိန်းသိမ်းနေသည်ဟုထုတ်ပြန်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 12 December 2025
■ ပြင်ဦးလွင်မြို့၌ ပြင်ဦးလွင်ဘူတာအနီး မီးရထားဟိုတယ်နှင့်အဆင့်မြင့်ဈေးဝယ်စင်တာ တည်ဆောက်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှသိရသည်။
■ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမာန်နေ့မနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ဘူတာအနီး မီးရထားဟိုတယ်နှင့် အဆင့်မြင့်ဈေးဝယ်စင်တာ တည်ဆောက်မည့် မြေနေရာ၊ ဘောလုံးကွင်းတည်ဆောက်မည့် မြေနေရာ၊ ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံ Cyber City စီမံကိန်းအဆောက်အအုံများနှင့် အိမ်ရာစီမံကိန်းနေရာများ၊ ပြင်ဦးလွင်မြို့ ပဒေသာမြို့သစ် ရပ်ကွက် ကြီး (၈) နှင့် ရပ်ကွက်ကြီး (၁၀)တို့ရှိ လမ်းများ တိုးချဲ့၊ ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်မည့် အခြေအနေနှင့် ပန်းပွဲတော်ကျင်းပလျက်ရှိသည့် အမျိုးသားကန်တော်ကြီးဥယျာဉ်တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
■ နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်ချက်အရ စီမံဆောင်ရွက်လျက်ရှိသည့် ပြင်ဦးလွင်ဘူတာ အနီး 3 Star အဆင့်ရှိ မီးရထားဟိုတယ်နှင့်အဆင့်မြင့် ဈေးဝယ်စင်တာ တည်ဆောက်မည့်နေရာသို့ရောက်ရှိရာ တာဝန်ရှိသူများက တည်ဆောက်မည့် အဆောက်အအုံနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြကြသည်။
■ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်မည့် အဆောက်အအုံသည် အဆင့်မြင့်လေးထပ် အဆောက်အအုံဖြစ်သဖြင့် ငလျင်ဒဏ်ခံနိုင် အောင် Pile Foundation ဖြင့် တည်ဆောက်သွားရန်ဖြစ်ကြောင်း၊ အဆောက်အအုံကို သဘာဝအလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်သော၊ လက်ရှိရှေးဟောင်းအဆောင်အအုံဖြစ်သည့် ပြင်ဦးလွင်ဘူတာ၏ Design ပုံစံနှင့် လိုက်လျောညီထွေရှိစေမည့် ဗိသုကာဒီဇိုင်းပုံစံဖြင့် Conceptual Plan ပုံစံအား ရေးဆွဲတင်ပြသွားရန်ဖြစ်ကြောင်း၊ Landscaping နှင့် Drainage System မှအစ စနစ်တကျတွက်ချက် ရေးဆွဲရန်ဖြစ်ကြောင်း၊ 3 Stars အဆင့်ရှိသည့် ဟိုတယ်ဖြစ်သဖြင့် ဟိုတယ်အခန်းများသည် အဆင့်နှင့် လျော်ညီသော အကျယ်အဝန်းနှင့် Facility ရှိသည့် Design ပုံစံရှိရန် လိုအပ်ကြောင်း၊ အဆင့်မြင့် ဈေးကိုပါ ထည့်သွင်းတည်ဆောက်ရမည့် Design ပုံစံဖြစ်သဖြင့် ဟိုတယ်တွင် လာရောက်တည်းခိုမည့် ဧည့်သည်များနှင့် ဈေးဝယ်လာရောက်ကြမည့် ဧည့်သည်များအတွက် စံနှုန်းနှင့်ကိုက်ညီသော Facility ရှိရန်လိုကြောင်းမှာကြားပြီး စီမံကိန်းမြေနေရာများအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
■ ထို့နောက် ယာယီသမ္မတ၏လမ်းညွှန်ချက်အရ တည်ဆောက်ရန်လျာထားသည့် ပြင်ဦးလွင်မီးရထား ရိပ်သာနှင့် စက်ခေါင်းစက်ရုံအကြား ဘောလုံးကွင်း အသစ်တည်ဆောက်မည့်မြေနေရာသို့ လည်းကောင်း၊ ရတနာပုံမြို့သစ်စီမံကိန်း၏ ရတနာပုံ Cyber City အဆောက်အအုံများ၊ အိမ်ရာအဆောက်အအုံများ၊ လမ်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
■ ယင်းနောက် ပြင်ဦးလွင်မြို့ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး(၈)သို့ ရောက်ရှိရာ တာဝန်ရှိသူများ၏ ရပ်ကွက်ကြီး (၈) နှင့် ရပ်ကွက်ကြီး(၁၀)တို့ရှိ အဓိက လမ်းမကြီးများအား လမ်းတိုးချဲ့ရန်၊ လမ်းပြုပြင်ရန် နှင့် နိုင်လွန်ကတ္တရာခင်းရန် လျာထားသည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး နဝရတ်လမ်း၊ သိင်္ဂီလမ်း၊ ရတနာလမ်းနှင့် ပြည်သာယာလမ်းများတစ်လျှောက် ကြည့်ရှုစစ်ဆေး သည်။
■ ဆက်လက်၍ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၆) ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် အဝင်လမ်း တစ်လျှောက် ခြံစည်းရိုးနှင့်ကားလမ်းမဘေး လူသွားစင်္ကြံလမ်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ ခြံစည်းရိုးများအား ဆေးသုတ်ခြင်းနှင့် ချိန်းလင့်သံဆန်ခါထိပ်ပိုင်းများ၌ သံပြားများ ဖြည့်စွက်တပ်ဆင်ဆောင်ရွက်နေမှု ကိုလည်းကောင်း၊ အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ နိုင်ငံတော်ယာယီသမ္မတ လာရောက်စစ်ဆေးခဲ့စဉ် လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပန်းပွဲတော်သို့ လာရောက်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 December 2025
▪️ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးသည် နိုင်ငံ၏ဂုဏ်သိက္ခာဖြစ်၍ ရွေးကောက်ပွဲကျင်းပမည့်နေ ရာများအားလုံးတွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။
▪️ဒီဇင်ဘာလ ၁၁ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားစဉ် ယင်းကအထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။
▪️ရွေးကောက်ပွဲ ကျင်းပရာတွင် မဲမသမာမှုများပြုလုပ်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များ ဖြင့် မဲပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေး ကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲဖြစ်စေရေး အားလုံးကဝိုင်းဝန်း ဆောင်ရွက်သွား ကြရန်လိုကြောင်းလည်း ယာယီသမ္မတက ပြောသည်။
▪️အလားတူ ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ကိုခေါ်ယူ၍ အသစ် ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကိုလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံစ နစ်အရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ မဖြစ်မနေ အောင်မြင်အောင်ဆောင်ရွက်သွားရမည့်လုပ်ငန်းရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့်လည်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်းပြောကြားခဲ့ကြောင်း သိရသည်။
▪️ယခု ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲရာနှုန်းပြည့် အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူ အား လုံး မဲပေးနိုင်ရန် အရေးကြီးသကဲ့သို့ ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မဲမသမာမှု များဖြစ်ပေါ်ခဲ့ခြင်းသည် မိမိတို့နိုင်ငံအတွက်ဆိုးရွားသည့် ဖြစ်ရပ်တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းများမှားယွင်းမှုများကြောင့် တာဝန်ယူခဲ့ သည့် အစိုးရဖြစ်သဖြင့် မိမိတို့ကျင်းပသည့် ရွေးကောက်ပွဲသည် မဲစာရင်းမှားယွင်းမှု မရှိရန်လိုကြောင်း၊ ရာနှုန်းပြည့်မှန်ကန်နိုင်မည် မဟုတ်သော်လည်း အတတ်နိုင်ဆုံးမှန် ကန်အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့် မဆုံးရှုံးစေရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်း မပေးခြင်းသည် မဲဆန္ဒရှင်များ၏ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏ တာဝန်ပင်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
#YMG/PP #Yangon_Times
ရန်ကုန်စတော့အိတ်ချိန်း(YSX) ရဲ့ အကြိုစာရင်းဝင်ဈေးကွက် (Pre Listing Board) မှာ ဒုတိယမြောက်စာရင်းဝင်ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို ယခုဒီဇင်ဘာလ(၁၇)ရက်မှာ စတင်ရောင်းချသွားမယ်လို့ YSX ရဲ့ သတင်းထုတ်ပြန်ထားချက်အရသိရပါတယ်။
#Local_News
Published 11 December 2025
#ရန်ကုန်စတော့အိတ်ချိန်း #
#YMG/SW #Yangon_Times
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆန်နဲ့ဆန်ကွဲတန်ချိန် ၁ ဒဿမ ၇သန်း ကျော်တင်ပိုထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 11 December 2025
#ဆန်_ဆန်ကွဲ
#YMG/NN #Yangon_Times
Page 76 of 2322