ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ နိုင်ငံတကာအဆင့်မီ ဆန်စက်၊ ဖွဲနုဆီ(ဆီချော)စက်ရုံနဲ့ စပါးအခြောက်ခံစက်ရုံတွေ တည်ဆောက်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 13 December 2025
#လှိုင်သာယာ #ဆန်စက်
#YMG/SW #Yangon_Times
အခု ဘဏ္ဍာနှစ်ရှစ်လတာအတွင်း ပြည်တွင်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI) လုပ်ငန်းအသစ် ၅၄ ခု ဝင်ရောက်လာတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) ကသိရပါတယ်။
#Local_News
Published 13 December 2025
#နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု #DICA
#YMG/NN #Yangon_Times
#Local_News
Published 13 December 2025
▪️ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ ၆ ဘီးတွဲယာဉ်ပေါ်တွင် တင်ဆောင်လာသော ကတ္ထူဖာများ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ ဒီဇင်ဘာ ၁၃ ရက်နေ့၊ မနက်၁၁နာရီ ၁၀မိနစ် အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၈၁/၂)တွင် Fuso အမျိုးအစား (အစိမ်းရောင်) ၆ ဘီးတွဲယာဉ်ပေါ်တွင် တင်ဆောင်လာသော ကတ္ထူဖာများ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ် (၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ၂၀ မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 13 December 2025
၁။ ရှစ်လတာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၅၄ ခု ဝင်ရောက်လာ
၂။ လှိုင်သာယာတွင်နိုင်ငံတကာအဆင့်မီ ဆန်စက်၊ ဖွဲနုဆီ(ဆီချော)စက်ရုံ၊ တည်ဆောက်မည်
၃။ မကွေးတိုင်းဒေသကြီးအတွင်းဧက ၃၅၀ကျော်အကျယ်အဝန်းရှိစိုက်ပျိုးမွေးမြူရေးဇုန်ပထမအဆင့်ဖွင့်လှစ်
၄။ အမေရိကန်နှင့်ဥရောပသာလုံခြုံရေးအာမခံချက်ပေးနိုင်ပါက နှစ်လသုံးလအတွင်းရွေးကောက်ပွဲအဆင်သင့်ဖြစ်မည်ဟု ဇယ်လန်စကီပြော... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ယခုလအတွင်း ဒုတိယအကြိမ်မြောက်အဖြစ် အမေရိကန်ဒေါ်လာ ၂၈ သန်းကို ရောင်းချပေးသွားမယ်လို့ ယမန်နေ့ကထုတ်ပြန်ကြေညာထားပါတယ်။
#Local_News
Published 12 December 2025
#စက်သုံးဆီ #အမေရိကန်ဒေါ်လာ
#YMG/SW #Yangon_Times
ရှမ်းပြည်နယ်ရှိ တောင်ကြီး - ပေါမူ၊ ပေါမူ - တောင်ကြီး ရှုခင်းကြည့်ရထားခရီးစဉ် တွေကို အပတ်စဉ်စနေ ၊တနင်္ဂနွေနေ့ နဲ့ ရုံးပိတ်ရက်တွေမှာ ပြေးဆွဲပေးနေတယ်လို့ မြန်မာ့မီးရထားကသိရပါတယ်။
#Local_News
Published 12 December 2025
#တောင်ကြီး_ပေါမူ
#YMG/NN #Yangon_Times
#Local_News
Published 12 December 2025
▪️ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် Mr. Tesuro Uki သည် ၂၀၂၅ ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းအုပ်စုအဆင့်မှ ကျော်လွန်နိုင်ခြင်းမရှိသည့်အတွက် ယမန်နေ့ညက နည်းပြချုပ်ရာထူးမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFFမှ အသိပေးထားသည်။
▪️ ထိုင်းနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံး ပွဲစဉ်များတွင် မြန်မာအသင်းသည် နှစ်ပွဲ နိုင်၊ တစ်ပွဲရှုံး ရမှတ် ၆ မှတ်ဖြင့် ဖိလစ်ပိုင်အသင်းနှင့် အမှတ်တူသော်လည်း ဂိုးကွာခြားချက်ကြောင့် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရကြောင်းသိရသည်။
▪️ အဆိုပါ အသက် ၅၄ နှစ်အရွယ် ဂျပန်နိုင်ငံသား နည်းပြ ယုကီ သည်၂၀၂၃ ခုနှစ်မှစ၍ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်ဖြစ်လာခဲ့သူဖြစ်သည်။
▪️ မြန်မာအမျိုးသမီးအသင်းအား ၂၀၂၃ ဆီးဂိမ်းစ်တွင် ဒုတိယ၊ ၂၀၂၅ နီပေါ ဖိတ်ခေါ်ဖလား ချန်ပီယံဆု နှင့် ၂၀၂၅ အာဆီယံချန်ပီယံရှစ်တွင် ဒုတိယဆုတို့ရရှိခဲ့ပြီး အိုလံပစ်ခြေစစ်ပွဲ၊ အာရှဖလားခြေစစ်ပွဲတို့တွင် ခြေစစ်ပွဲမအောင်ခဲ့သလို ယခုနှစ်ဆီးဂိမ်းစ်တွင်လည်း အုပ်စုမှကျော်လွန်နိုင်ခြင်း မရှိခဲ့ကြောင်းသိရသည်။
▪️ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် Mr. Tesuro Uki ၏ အနာဂတ်တွင်အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 75 of 2322