လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆)ကို ဇန်နဝါရီလ(၁၃)ရက်မှ(၁၅)ရက်အထိ နေပြည်တော်မှာ ကျင်းပသွားမယ်လို့သိရပါတယ်။
#Local_News
Published 16 December 2025
#လူငယ်ငြိမ်းချမ်းရေးဖိုရမ် #နေပြည်တော်
#YMG/SW #Yangon_Times
အဆိပ်ရှိပစ္စည်းနှစ်မျိုးဖြစ်တဲ့ Thiamethoxam နဲ့ Clothianidin ပိုးသတ်ဆေးတွေကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် (၇) ခုမှာ သုံစွဲခြင်းမပြုကြဖို့ တားမြစ်ထားပြီးမလိုက်နာပါက ပိုးသတ်ဆေးဥပဒေအရအရေးယူသွားမယ်လို့ မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 16 December 2025
#ပိုးသတ်ဆေး
#YMG/NN #Yangon_Times
မြန်မာ့ရွှေပြင်ပပေါက်ဈေး ဆက်တိုက်မြင့်တက်လျှက်ရှိရာ ယနေ့ဒီဇင်ဘာလ ၁၆ရက်နေ့မှာတော့ တစ်ကျပ်သားကို ကျပ်သိန်းကိုးဆယ်နှစ်သောင်းနဲ့ စတင်ဈေးဖွင့်လာခဲ့ပါတယ်။
#Local_News
Published 16 December 2025
#အခေါက်ရွှေ #ရွှေ
#YMG/SW #Yangon_Times
#Daily_News
Published 16 December 2025
၁။ အဆိပ်ရှိ ပိုးသတ်ဆေး (၂) မျိုးကို မသုံးစွဲရန်တားမြစ်ထားပြီး မလိုက်နာပါကပိုးသတ်ဆေးဥပဒေအရအရေးယူမည်
၂။ လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆)ကို ဇန်နဝါရီလ(၁၃)ရက်မှ(၁၅)ရက်အထိ ကျင်းပမည်
၃။ မကွေး၌ ဥစားကြက် မွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်နေ
၄။ စစ်ဘေးရှောင်ကမ္ဘောဒီးယားပြည်သူများ နေရပ်စွန့်ခွာပြီးနောက်ဘာဆက်လုပ်ရမှန်းမသိဖြစ်နေကြပြီ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 16 December 2025
■ လက်ရှိထွက်ပေါ်နေသည့်သတင်းများမှာ သတင်းအမှားသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်းနှင့် မကြာမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံတွင်ကျင်းပပြုလုပ်မည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား နှောင့်ယှက်လိုသည့်အတွက် အချိန်ကိုက်လုပ်ကြံဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာမှတဆင့် ယနေ့အသိပေးထုတ်ပြန်လိုက်သည်။
■ အဆိုပါ ထုတ်ပြန်ချက်တွင်၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှုပြုလုပ်ခဲ့မှုအပါအဝင် အမှုပေါင်းများစွာဖြင့် အကျဉ်းကျခံနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူကင်မ်အဲရစ်မှ ထောင်ထဲတွင် ကွယ်လွန်ပြီးဖြစ်နိုင်သည်ဟု ယခုရက်ပိုင်းတွင် အချိန်ကိုက်ပြောဆိုလာမှုကို ပြည်ဖျက်မီဒီယာများကလည်း သတင်းတု၊ သတင်းအမှားများဖြင့် ပုံကြီးချဲ့လှုံ့ဆော်ဝါဒဖြန့်ဝေခြင်းသာဖြစ်ကြောင်း ဖော်ပြပါရှိသည်။
#YMG/SW #Yangon_Times
#Local_News
Published 16 December 2025
▪️ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊နွားထိုးကြီးတစ်မြို့နယ်လုံးအနေဖြင့် ၂၅ ရာခိုင်နှုန်းခန့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ရာ ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများကို လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူး ပေးနိုင်ရေးအတွက် ပြုပြင်ရန်ကျန်ရှိသော ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ နွားထိုးကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၀ ရက်မှစ၍ နယ်မြေမငြိမ်မသက်မှုများ စတင်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ ဖျက်ဆီးမှုကြောင့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ထိခိုက်ပျက်စီးခဲ့ကာ ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊နွားထိုးကြီးမြို့နယ်အား ၂၃၀ ကေဗွီ မြင်းခြံ(သံမဏိ) - သပြေဝဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ သာစည်-မြင်းခြံ ဓာတ်အားလိုင်းတို့ဖြင့် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားကို ၁၃၂ ကေဗွီ မြင်းခြံပင်မဓာတ်အားခွဲရုံမှ ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီး ဓာတ်အားလိုင်းဖြင့် ဓာတ်အားရယူထားပြီး နွားထိုးကြီးမြို့ပေါ်ရှိ ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာအချို့အား ၃၃/ ၁၁ ကေဗွီ မြို့မထပ်ဆင့်ဓာတ်အားခွဲရုံမှ လည်းကောင်း၊ ကျန်ကျေးရွာများအား ၃၃/ ၁၁ ကေဗွီ ပြင်စည် ထပ်ဆင့်ဓာတ်အားခွဲရုံနှင့် ဝက်လူးထပ်ဆင့် ဓာတ်အားခွဲရုံများမှ လည်းကောင်း၊ မြို့ပေါ်ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၁၈၈ ရွာမှ မီးသုံးသူဦးရေ စုစုပေါင်း ၂၇၉၃၁ ဦးအား ဓာတ်အားဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
▪️ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၀ ရက်တွင် အကြမ်းဖက် သောင်းကျန်းသူများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် ယင်းနေ့မှစတင်၍ ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့သော်လည်း တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးဆောင်ရွက်ပေးမှုကြောင့် ၂၃၀ ကေဗွီ မြင်းခြံ(သံမဏိ) - သပြေဝဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ သာစည်-မြင်းခြံ ဓာတ်အားလိုင်းတို့ကို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အင်ဂျင်နီယာများဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၃၈ ဦးဖြင့် စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာတွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ထို့အတူ ၁၃၂ ကေဗွီ မြင်းခြံပင်မဓာတ်အားခွဲရုံမှ နွားထိုးကြီးမြို့သို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီးဓာတ်အားလိုင်းအား ဆက်လက်ပြုပြင်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာတွင် ပြီးစီးခဲ့ပြီး မြို့တွင်းဖြန့်ဖြူးရေး ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံနှင့် ထရန်စဖော်မာများအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်တွင် စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများကိုဆက်လက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ ထိုသို့ဆောင်ရွက်ရာတွင် ပထမအဆင့်အနေဖြင့် နွားထိုးကြီးမြို့ပေါ် အရေးကြီးနေရာများနှင့် ဌာနဆိုင်ရာ ရုံးများအား ဓာတ်အားအမြန်ရရှိနိုင်ရေးအတွက် မူလမြို့မဓာတ်အားခွဲရုံရှိ ပျက်စီးသွားသော ထရန်စဖော်မာအား ယာယီအစားထိုးဆောင်ရွက်ခြင်း၊ ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီး ဓာတ်အားလိုင်းအား ပြန်လည်စစ်ဆေးပြုပြင်ခြင်း၊ မြို့ပေါ် ရပ်ကွက်များရှိ ဖြန့်ဖြူးရေး ထရန်စဖော်မာအချို့အား ပြန်လည်စစ်ဆေးပြုပြင်ခြင်း၊ ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်၊ မွန်းလွဲ ၂ နာရီ မိနစ် ၅၀ မှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ယာယီအခြေစိုက်ရုံးများနှင့် အရေးကြီးနေရာအချို့အား ဓာတ်အားပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 16 December 2025
■ Myantade Website ကို myantrade.gov.mm အမည်ဖြင့်သာ သုံးစွဲလျက်ရှိကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
■ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် ပို့ကုန်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ မြန်မာပို့ကုန်လုပ်ငန်းရှင်များနှင့် MSME လုပ်ငန်းရှင်များကို နိုင်ငံတကာစီးပွားရေးနှင့်ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှုများပေးရန် Myantade Website ကို myantrade.gov.mm အမည်ဖြင့်သာသုံးစွဲလျက်ရှိကြောင်း သိရသည်။
■ ထို့ပြင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့် (myantrade.gov.mm) domain မှလွဲ၍ အခြား domain name များကို သုံးစွဲမှုမရှိကြောင်းနှင့် myantrade အမည်ကိုသုံးစွဲ၍ လွှင့်တင်ထားသော အခြား website (ဥပမာ - myantrade.org ၊ myantrade.com) များသည် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် အသိပေးဖော်ပြထား သည်။
#YMG/SW #Yangon_Times
Page 73 of 2322