#Daily_News
Published 16 October 2025
၁။ ဗီယက်နမ်ဆေးအဖွဲ သံဃာတော်နှင့်သီလရှင် (၂၀၀၀)ကျော်အား အခမဲ့ဆေးကုသမှုများပြုလုပ်ပေး
၂။ ပြည်ပတင်သွင်းသည့် စက်သုံးဆီနေရာ၌ ပြည်တွင်းထုတ် ဇီဝလောင်စာဆီများကို အစားထိုးရန်ဆောင်ရွက်နေ
၃။ ရက်(၉၀)ကျော်သည်အထိ သက်တမ်းတိုးတင်ပြခြင်းမရှိသည့်အေဂျင်စီများ လိုင်စင်ပိတ်သိမ်းခံရမည်
၄။ ဂျပန်အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့မှ ခိုမဲတိုပါတီနုတ်ထွက်ကာ ဝန်ကြီးချုပ်ရွေးကောက်ပွဲမရေမရာဖြစ်လာ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 16 October 2025
■ ယနေ့ နေ့လည်ပိုင်းက ဗန်းမောက်မြို့အနီး အင်အား ရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
■ ယနေ့ အောက်တိုဘာ ၁၆ ရက်၊ မြန်မာစံတော်ချိန် နေ့လည် (၁)နာရီ၊ (၂၇)မိနစ်၊ (၅၉) စက္ကန့်အချိန်တွင်စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ဗန်းမောက်မြို့အနီး၌ အင်အား ရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း ၊အဆိုပါ မြေငလျင်သည် ကသာမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဗန်းမောက်မြို့၏ အနောက်ဘက် (၁၃) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၄.၄၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၅) ဒီဂရီ၊ အနက် (၁၅၉) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
■ ထို့အတူ ယနေ့အောက်တိုဘာ ၁၆ ရက်၊ နံနက် ၁၁ နာရီကျော်အချိန်ခန့်ကလည်းမန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၏ အရှေ့မြောက်ဘက် (၃) မိုင်ခန့်အကွာ နေရာတွင်လည်း အနက် - ၁၀ ကီလိုမီတာမှ အင်အားပမာဏ - ၃.၈ ရစ်(ခ်)တာစကေးရှိသော မြေငလျင်တစ်ခုလှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 16 October 2025
■ ဒေသအချို့၌ နေရာအနှံ့အပြားမိုးဆက်လက်ရွာသွန်းနိုင်ပြီး ၊မိုးတိမ်တောင်ဖြစ်ထွန်းရာအရပ်၌ မိုးသက်လေပြင်းကျနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မနက်ဖြန်နံနက်အထိခန့်မှန်းချက်အရသိရသည်။
■ အဆိုပါ မနက်ဖြန်နံနက်အထိခန့်မှန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည် ဖြစ်ကာရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်းသိရသည်။
■ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့ တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 16 October 2025
■ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်း ကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကို၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၄၅ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသားတစ်ဦး၊ စုစုပေါင်း ၄၆ ဦးကို အောက်တိုဘာလ ၁၅ ရက် တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
■ ယင်းတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များကလိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်း နေ့ချင်းပြီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
■ ဇန်နဝါရီလ ၃၀ ရက်မှ အောက်တိုဘာလ ၁၅ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၅၃၆ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉၃၃၇ ဦးကို ထိုင်း နိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၉၉ ဦး ကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကိုကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။
#YMG/PP #Yangon_Times
#Local_News
Published 16 October 2025
■ စစ်ရေးအခြေအနေ ယခင်ကထက်ပိုမိုကောင်းမွန်လာပြီးငြိမ်းချမ်းရေးလည်း ယခင်ကထက် မျှော်လင့်ချက်ပိုမိုရှိလာကြောင်း အောက်တိုဘာလ (၁၅) ရက်တွင်ပြုလုပ်သည့် NCA (၁၀)နှစ်ပြည့် အခမ်းအနားတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က မီဒီယာများ၏ မေးမြန်းချက်များကိုပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
■ “ကျွန်တော်တို့အထဲမှာဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခမှာ ဘယ်သူသေသေ မြန်မာသေတာပဲ။ ဘယ်တိုင်းရင်းသားသေသေ မြန်မာသေတာပဲ။ ဘယ်သူမှ ဘယ်သူသေလို့မို့ ဝမ်းမြောက်ဝမ်းသာဖြစ်နေစရာမရှိဘူး။ ဘယ်သူဆုံးရှုံးလို့မလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေစရာအကြောင်းမရှိဘူး။ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီးပြောရရင်တော့ ယခင်ကထက်ပိုမို ကောင်းမွန်လာပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လာပြီးလည်း ယခင်ကထက် မျှော်လင့်ချက် ပိုမိုရှိလာပါတယ်လို့ပဲ ပြောချင်ပါတယ်”ဟု ယင်းက ပြောသည်။
■ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ ဆွေးနွေးမှု ပြုလုပ်နေသည်များရှိကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
■ “တိုင်းရင်းသားဒေသတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဆွေးနွေးနေတာရှိပါတယ်။ မြန်မာပြည်အရှေ့မြောက်ဘက်ပေါ့နော်၊ မြောက်ဘက်ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးနေတာရှိပါတယ်။ တချို့လည်းကြားဝင်စေ့စပ်နေတာနဲ့ ဆွေးနွေးနေတာရှိပါတယ်။ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အစိုးရအနေနဲ့ စဉ်ဆက်မပြတ် ဆက်လက်ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်”ဟု ယင်းကပြောသည်။
■ NCA စာချုပ်သည် နိုင်ငံတကာအသိသက်သေတွေရှေ့တွင် သဘောတူညီမှုဖြင့် ရေးထိုးခဲ့ခြင်းဖြစ်သောကြောင့် NCA ၏ ကတိမှာတည်ရှိမြဲ တည်ရှိနေမည် ဖြစ်ကြောင်းလည်း ယင်းကဆိုသည်။
■ “အားလုံးက EAO တွေရဲ့ သဘောတူညီချက်ပေါ့နော်၊ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက် သူတို့ပြောသလိုပဲ NCA စာချုပ်က စက္ကူစုတ်တစ်ခုဖြစ်သွားစရာလည်း အကြောင်းမရှိဘူး။ ဒီအဖွဲ့အစည်းတွေရှိနေသမျှ ကာလပတ်လုံး NCA စာချုပ်၊ NCA ရဲ့ ကတိပြုချက်က ရှိနေတာဖြစ်မယ်။ NCA ဆိုတာသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုတဲ့၊ ငြိမ်းချမ်းရေးဆိုတဲ့ဟာတစ်ခုတည်းနဲ့တင် မဟုတ်ပါဘူး။ သူသည် နိုင်ငံတည်ဆောက်ရေး၊ တိုင်းပြည် တည်ဆောက်ရေးအထိပါတဲ့အတွက် သူတို့လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ဒီလုပ်ငန်းစဉ်တွေသည် ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကြီးသည် ခုနကကျွန်တော်ပြောသလို မရှိတာထက်၊ ရှိတဲ့ဟာက ပိုကောင်းတယ်။ ရှိပြီးသားဟာ အပေါ်မှာပဲ ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုပြုပြင်မွမ်းမံကြမလဲဆိုတာကို တွေးခေါ်ကြံဆဖို့အတွက် ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်”ဟု ၎င်းကပြောသည်။
#YMG/PP #Yangon_Times
အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေသော်လည်း မြန်မာကျပ်ငွေခိုင်မာပြီး နိုင်ငံခြားငွေလဲလှယ်မှုနှုန်း ကျဆင်းနေတာကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေလည်းကျဆင်းနေတယ်လို့ စွမ်းအင်ဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 15 October 2025
#စက်သုံးဆီ #အာရှပစိဖိတ်
#YMG/NN #Yangon_Times
နေ့စားအလုပ်သမားတွေအတွက် အနည်းဆုံးလုပ်ခလစာကို ကျပ် (၇,၈၀၀)အထိတိုးမြှင့် သတ်မှတ်လိုက်တယ်လို့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီမှ အမိန့်ကြော်ငြာစာအမှတ် (၁/ ၂၀၂၅) ဖြင့် အသိပေးကြေညာလိုက်ပါတယ်။
#Local_News
Published 15 October 2025
#နေ့စားအလုပ်သမား #လုပ်ခလစာ
#YMG/SW #Yangon_Times
Page 77 of 2273