မုန့်ဖတ်၊ပဲသွေးစတဲ့ အစားအသောက်တွေမှာ ဖော်မလင်ထည့်သူတွေကို
အမျိုးသားအစားအသောက်ဥပဒေနဲ့အရေးယူသွားမယ်လို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ကအသိပေးလာပါတယ်။
#Local_News
Published 24 October 2025
#မုန့်ဖတ်_ပဲသွေး #ဖော်မလင်
#YMG/NN #Yangon_Times
ခရီးသည်များ အဆင်ပြေချောမွေ့စေရေး မှတ်တိုင်များတွင်ခရီးသည်စုပြုံမှုမရှိစေရေးတိုကို စနစ်တကျ စီမံကွပ်ကဲနိုင်ဖို ရည်ရွယ်ပြီးYBS စီးနင်းတဲ့ ခရီးသည်တွေထံမှ စစ်တမ်းတစ်ရပ်ကောက်ယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှသိရပါတယ်။
#Local_News
Published 24 October 2025
#YBS #ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ
#YMG/SW #Yangon_Times
စက်သုံးဆီနဲ့စားသုံးဆီလုပ်ငန်းတွေကို နိုင်ငံခြားငွေသန်းချီပြီး ဆက်
တိုက်ထုတ်ရောင်းပေးနေတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရဲ့ကြေညာချက်တွေအရသိရပါတယ်။
#Local_News
Published 24 October 2025
#စက်သုံးဆီ #စားသုံးဆီ
#YMG/NN #Yangon_Times
#Daily_News
Published 24 OCtober 2025
၁။ YBS စီးနင်းသည့် ခရီးသည်များအဆင်ပြေစေရေးစစ်တမ်းကောက်မည်
၂။ အစားအသောက်တွင် ဖော်မလင်ထည့်ပါကအရေးယူမည်
၃။ 𝐌𝐂𝐄𝐅 နှင့်𝐂𝐁 𝐁𝐚𝐧𝐤 တို့ဆောက်လုပ်ရေးနှင့်ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များပူးပေါင်းဆောင်ရွက်မည်
၄။ဝန်ကြီးချုပ်သစ်ဖြစ်လာသည့် LDPခေါင်းဆောင်အပေါ် ဂျပန်ပြည်သူများမျှော်လင့်ချက်ထုတ်ဖော်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 24 October 2025
▪️ ထိုင်းနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် ဖြစ်နိုင်ခြေအရှိဆုံးနေ့မှာ မတ်လ ၂၉ ရက်နေ့ဖြစ်ကြောင်း၊ ဝန်ကြီးချုပ် (အနုတင် ချန်ဗီရာ ကွန်း)နှင့် နိုင်ငံ၏ရွေးကောက်ပွဲကော်မရှင်တို့ ယင်းကိစ္စကိုဆွေးနွေးပြီးနောက် အစိုးရအရာရှိကြီးတစ်ဦး က သောကြာနေ့တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
▪️ ဝန်ကြီးချုပ်က ဇန်နဝါရီလကုန်တွင် ပါလီမန်ကို ဖျက်သိမ်းရန် စီစဉ်ထားပြီး မတ်လ သို့မဟုတ် ဧပြီလအစောပိုင်းတွင် အထွေထွေရွေးကောက်ပွဲကျင်းပမည်ဟု ယခင်ကပြောကြားထားသည်။
▪️ "အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ ရွေးကောက်ပွဲကျင်းပမယ့် အချိန်ကာလကို ဆွေးနွေးခဲ့ကြပါတယ်" ဟု ဝန်ကြီးချုပ်ရုံးဝန်ကြီးတစ်ဦးဖြစ်သူ ပရာဒွန် ပရစ်ဆာနာနန်တာကွန်း ကပြောကြားခဲ့သည်။
▪️ "ဖြစ်နိုင်ခြေအရှိဆုံးရက်ကတော့ မတ်လ ၂၉ ရက်နေ့ပါ" ဟု သူက ပြောသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲနှင့် ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်နိမိတ်သတ်မှတ်ရေးဆိုင်ရာ သဘောတူညီချက်နှစ်ခုကို ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်မည့်ဆန္ဒခံယူပွဲတစ်ခုကိုလည်း အထွေထွေရွေးကောက်ပွဲနှင့်အတူ ကျင်းပဖွယ်ရှိကြောင်း ပရာဒွန်ကပြောကြားခဲ့သည်။
▪️ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမည့်နေ့ကို တရားဝင် မသတ်မှတ်ရသေးသော်လည်း ဥက္ကဋ္ဌဖြစ်သူ အီတီပေါင်ဘွန်ပရာကောင် က တစ်နေ့တည်းတွင် ကျင်းပဖွယ်ရှိသည့်မဲပေးပွဲနှင့်ဆန္ဒခံယူပွဲနှစ်ခုစလုံးအတွက် အသေးစိတ်လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
▪️ ရွေးကောက်ပွဲနှင့် ဆန္ဒခံယူပွဲများအတွက် ခန့်မှန်းခြေဘတ်ဂျက်ငွေမှာ ဘတ်ငွေ ၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၇၄.၈၁ သန်း) ရှိမည်ဖြစ်ပြီး ထိုင်းနိုင်ငံသား ၅၃ သန်းခန့် ပါဝင်မဲပေးခွင့်ရှိကြောင်း အီတီပေါင်က ပြောကြားခဲ့သည်။
▪️ အနုတင်သည် သူ၏ ဘွန်မ်ဂျိုင်း ထိုင်းပါတီကို ဖွေ့ထိုင်း (Pheu Thai) ပါတီဦးဆောင်သော အာဏာရ ညွန့်ပေါင်းအဖွဲ့မှ နုတ်ထွက်ပြီးနောက်၊ ၂၀၂၃ ခုနှစ် ဩဂုတ်လနောက်ပိုင်းတွင် ထိုင်းနိုင်ငံ၏ တတိယမြောက်ဝန်ကြီးချုပ်ဖြစ်လာရေးအတွက် စက်တင်ဘာလအစောပိုင်းတွင် ပါလီမန်မဲခွဲဆုံးဖြတ်မှု၌ အနိုင်ရရှိခဲ့သည်။
▪️ အာဏာရရှိရန်အတွက် အနုတင်သည် ပါလီမန်အတွင်း အကြီးဆုံးအုပ်စုဖြစ်သည့် အတိုက်အခံပြည်သူ့ပါတီ (People’s Party) ၏ ထောက်ခံမှုကို ရယူခဲ့သော်လည်း ရာထူးလက်ခံပြီး လေးလအတွင်း ရွေးကောက်ပွဲခေါ်ယူပေးရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်အတွက် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပပေးရန်အခြေအနေနှစ်ရပ်ဖြင့် ထောက်ခံမှုရယူခဲ့ရခြင်းဖြစ်သည်။
#YMG/KNL #Yangon_Times
#Local_News
Published 24 October 2025
▪️ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည်
ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် ရန်ကုန် - မန္တလေး အမြန်လမ်း (ရန်ကုန် - နေပြည်တော်ပိုင်း) ပြုပြင်ရေးလုပ်ငန်းများနှင့် မွန်ပြည်နယ်ရှိ လမ်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
▪️ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီဦးမျိုးမြင့်သည်မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်နှင့်အတူ ယမန်နေ့က မွန်ပြည်နယ်အတွင်း တည်ဆောက်လျက်ရှိသည့် လမ်းလုပ်ငန်းများနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းတို့အား ကြည့်ရှုစစ်ဆေးသည်။
▪️ ဦးစွာဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လမ်းဦးစီးဌာန မော်လမြိုင်မြို့နယ် လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ရောက်ရှိရာ မော်လမြိုင် (ဟင်္သာအဝိုင်း)-ကျိုက်မရောလမ်းတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို တာဝန်ခံအင်ဂျင်နီယာ၊ ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အုတ်စီရေမြောင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေစီးရေလာကောင်းမွန်စေရေး စနစ်တကျဆောင်ရွက်သွားရန်၊ လမ်းဘေးဝဲ/ယာ သစ်ပင်များ စိုက်ပျိုးထားရန်၊ လမ်းဆုံနေရာများအတွက် Design အား ရုံးချုပ်သို့ တင်ပြသွားရန်၊ လုပ်ငန်းများအား စီမံချက်အတိုင်းပြီးစီးအောင် ဆောင်ရွက်သွားရန်မှာကြားကာ လမ်းတစ်လျှောက် အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးသည်။
▪️ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလိုင်းကနိုင် - ကျောက်တလုံးလမ်းတစ်လျှောက်အား ကြည့်ရှုစစ်ဆေးပြီး အေးကိုကုမ္ပဏီက B.O.T စနစ်ဖြင့်ဆောင်ရွက်နေသော မော်လမြိုင်-သံဖြူဇရပ်လမ်းပိုင်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ခံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက် လျက်ရှိသည့် ၂၄ ပေ အကျယ် နိုင်လွန်ကတ္တရာလမ်းအား ၃၆ ပေ အကျယ်ပြည့်မီရန် ကတ္တရာလမ်း ချဲ့ခင်းခြင်း၊ Box Culvert တံတား သုံးစင်းအား ၄၈ ပေ အကျယ် ပြည့်မီရန် တိုးချဲ့တည်ဆောက်ခြင်း၊ တံတားများ ပြုပြင်ထိန်းသိမ်းခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းပြီးစီးမှုနှင့် ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက AADT သတ်မှတ်ချက်နှင့်အညီ သတ်မှတ်လမ်းအကျယ်ရရှိအောင် ဆောင်ရွက်ရန်၊ လမ်းပေါက်များမရှိစေရေး လမ်းညွှန်အမှတ်အသား ဆိုင်းဘုတ်များ သတ်မှတ်ချက်များနှင့်အညီ စိုက်ထူဆောင်ရွက်ထားရန် မှာကြားပြီး လမ်းအသုံးပြုခကောက်ခံနေသည့် တိုးလ်ဂိတ်နှင့် ယာဉ်သွားလာမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
▪️ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော ရန်ကုန် - မန္တလေး အမြန်လမ်း (ရန်ကုန် - နေပြည်တော်ပိုင်း) မိုင်တိုင် ၁၆၇/ ၁ မှ ၁၇၆/၂ ကြား မြေသားလုပ်ငန်းဆောင်ရွက်နေမှု၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း လမ်းအန္တရာယ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပေး/သတိပေး ဆိုင်းဘုတ်များ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 24 October 2025
▪️ ခွေးရူးရောဂါကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်ရာတွင် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) က သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ရန်လိုအပ်ကြောင်း ပြည်ထောင်စုနယ်မြေနေပြည်တော် ရုံးအမှတ်(၃၆) အစည်းဝေးခန်းမ၌ ကျင်းပသည့် ခွေးရူးရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှသိရသည်။
▪️ အဆိုပါအစည်းအဝေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
▪️ ဒုတိယဝန်ကြီးက ခွေးရူးရောဂါသည် လူနှင့်တိရစ္ဆာန် နှစ်ဖက်လုံးအတွက် အလွန်အန္တရာယ်ရှိကြောင်း၊ WHO အစီရင်ခံစာအရ နှစ်စဉ်ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၅၉၀၀၀ ခန့် အသက်ဆုံးရှုံးနေပြီး ၉၉ ရာခိုင်နှုန်မှာ ခွေးများမှ ကူးစက်ကြောင်း၊ ခွေးရူးရောဂါကာကွယ်ဆေးကို ၁၉၅၆ ခုနှစ်မှစတင်၍ P.V. 10 strain ဗိုင်းရပ်စ်အမျိုးအစားကို သိုး၏ဦးနှောက်တွင် ထိုးနှံ၍ ပွားများစေပြီး အားပျော့စေကာ ကြက်ဥသန္ဓေသားတွင် အားဖျော့ထားသော ဗိုင်းရပ်စ်အမျိုးအစား Flury, Low Egg Passage Strain ကိုပေါက်ပွားစေပြီး သန္ဓေသားလောင်းကို အမှုန့်ကြိတ်၍ အခြောက်ခံထားသောဆေးကို အသုံးပြုခဲ့ကြောင်း၊ ထိုသို့ထုတ်လုပ်ရာတွင် ခွေးရူးရောဂါပိုးသည် လူကို ကူးစက်စေနိုင်သည့်အပြင် အန္တရာယ်ဖြစ်နိုင်ခြေမြင့်မားခြင်း၊ ကာကွယ်ဆေးထုတ်လုပ်သူများ၏ အာရုံကြောဆိုင်ရာကျန်းမာရေးထိခိုက်မှုရှိနိုင်သဖြင့် ဆေးထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ရပါကြောင်းပြောကြားသည်။
▪️ ထို့အပြင် ပြည်တွင်း၌ ခွေးရူးရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ပါက ပြည်ပမှတင်သွင်းရမှု လျော့နည်းစေမည်ဖြစ်ပြီး ဆေးလိုအပ်အချိန်တွင် အချိန်မီပံ့ပိုးနိုင်မည်ဖြစ်ကြောင်း၊ ခွေးရူးရောဂါကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်ရာတွင် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) က သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ရန်နှင့် ကာကွယ်ဆေးထုတ်လုပ်သူများ၏ ဘေးအန္တရာယ် ကင်းရှင်းရေးကိုလည်း ထည့်သွင်းစီမံရန်ဖြစ်ကြောင်း၊ ခွေးရူးရောဂါကာကွယ်ဆေးသည် လူ့အသက်ပေါင်းများစွာ ကယ်တင်ပေးနိုင်သည့် အရေးပါဆုံးလုပ်ငန်းဖြစ်သည်နှင့်အညီ ခွေးရူးရောဂါ ကာကွယ်ဆေးထုတ်လုပ်ရာ၌ လိုအပ်သည့်နည်းပညာပိုင်းဆိုင်ရာများ၊ အားသာချက်၊ အားနည်းချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြပါရန် မှာကြားသည်။
▪️ ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ခွေးရူးရောဂါကာကွယ်ဆေးထုတ်လုပ်ခဲ့မှုအခြေအနေနှင့် ခွေးရူးရောဂါကာကွယ်ဆေး အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသည့် ပညာရှင်များ၊ ကုမ္ပဏီများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 69 of 2273