RBE ရထားဖြင့် ဂုတ်ထိပ်(၁)ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ်(၂) ဂုတ်ထိပ်-ပြင်ဦးလွင် ရထားခရီးစဉ်တွေကို ယနေ့ ဒီဇင်ဘာ ၁၉ ရက်မှစတင်ကာ အပတ်စဉ်စနေ၊ တနင်္ဂနွေရက်များမှာ ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။
#Local_News
Published 19 December 2025
#ရထား #ပြင်ဦးလွင်_ဂုတ်ထိပ်
#YMG/SW #Yangon_Times
တရုတ်နိုင်ငံကို တင်ပို့နေတဲ့ ဖရဲ၊သခွားများဈေးကောင်းရသော်လည်း သယ်ယူပို့ဆောင်စရိတ်နဲ့ အချိန်ကြန့်ကြာမှုတွေကြောင့် တွက်ခြေကိုက်မှုနည်းပါးနေတယ်လို့ ဖရဲ၊သခွားစိုက်ပျိုးရောင်းချသူများထံက သိရပါတယ်။
#Local_News
Published 19 December 2025
#ဖရဲ_သခွား #တရုတ်နိုင်ငံ
#YMG/NN #Yangon_Times
မူလရုပ်ရှင်လုပ်ငန်းအမျိုးအစား(၈)မျိုးအပြင် ထပ်မံလိုင်စင်လျှောက်ထားရမယ့် ရုပ်ရှင်လုပ်ငန်းအမျိုးအစားများကို ပြန်ကြားရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 19 December 2025
#ရုပ်ရှင် #လိုင်စင်
#YMG/SW #Yangon_Times
ဆီစက်လုပ်ငန်းရှင်များအနေနဲ့ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြင့်တင်ခြင်း၊ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနဲ့ လုပ်ငန်းသုံး ရင်းနှီးလည်ပတ်ငွေလိုအပ်ချက်များအတွက်ချေးငွေ ကျပ်သိန်းတစ်သောင်းအထိချေးယူနိုင်တယ်လို့ ဆီစက်လုပ်ငန်းဖွံဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့မှသိရပါတယ်။
#Local_News
Published 19 December 2025
#ဆီစက်
#YMG/SW #Yangon_Times
#Daily_News
Published 19 December 2025
၁။ ထပ်မံလိုင်စင်လျှောက်ထားရမည့် ရုပ်ရှင်လုပ်ငန်းအမျိုးအစားများကို ထုတ်ပြန်
၂။ ဖရဲ၊သခွားများသယ်ယူပို့ဆောင်စရိတ်နှင့်အချိန်ကြန့်ကြာမှုများကြောင့် တွက်ခြေကိုက်မှုနည်းပါးနေ
၃။ ဂုတ်ထိပ်တံတားကြည့် ရထားခရီးစဉ်ကိုအပတ်စဉ်စနေ၊တနဂ်နွေများတွင် ပြေးဆွဲမည်
၄။ တရုတ်ပြည်၏ပထမဆုံးသောဇီဝမက်သနောစီမံကိန်းကြီး စတင်လည်ပတ် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 19 December 2025
▪️ စီမံကိန်း ဆောင်ရွက်ပြီးစီးပါက မြို့သောက်သုံးရေ တိုးချဲ့ပေးဝေနိုင်မည့်အပြင် ချောင်းဘေးဝဲယာတစ်လျှောက်ရှိ စိုက်ပျိုးမြေ ဧရိယာများအတွက် စိုက်ပျိုးရေ ကူဖြည့်တင်းပေးဝေနိုင်မည်ဖြစ်သဖြင့် ဒေသဝမ်းစာဖူလုံရေးအတွက် များစွာအထောက်အကူပြုစေနိုင်မည့်ဆင်လမ်း (၂) ရေလှောင်တမံ စီမံကိန်းနှင့် ပင်တီးရေလှောင်တမံစီမံကိန်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှသိရသည်။
▪️ အဆိုပါစီမံကိန်းများကို ပြင်ဦးလွင်မြို့နယ် ဆင်ဖြူအင်းကျေးရွာအနီးနှင့်ပင်တီးကျေးရွာအနီး တို့တွင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယမန်နေ့နံနက်ပိုင်းကစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများက ပြင်ဦးလွင်မြို့နယ် ဆင်ဖြူအင်းကျေးရွာအနီး ဆင်ဖြူချောင်းပေါ်တွင် ဆင်လမ်း (၂) ရေလှောင်တမံနှင့် ပင်တီးကျေးရွာအနီး သဗြိုက်ချောင်းပေါ်ရှိ ပင်တီးရေလှောင်တမံ တည်ဆောက်နိုင်မည့် လျာထားနေရာများကို ကွင်းဆင်းကြည့်ရှုပြီးနောက် ဒုတိယဝန်ကြီးက တမံအောက်ခံအုတ်မြစ်ဧရိယာနှင့် ရေဝပ်ဧရိယာများအတွင်းတွင် မြေအောက်ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုများကို အသေးစိတ် ဆက်လက်ဆောင်ရွက်ကြရန်၊ ခန့်မှန်းခြေစာရင်းတွက်ချက်ခြင်းတို့ကို အမြန်ဆုံးပြီးစီးအောင် ဆက်လက်ဆောင်ရွက်ရန်နှင့် နည်းပညာဆိုင်ရာ လိုအပ်သည်များကို ဆွေးနွေးမှာကြားပြီး မြေပြင်တိုင်းတာနေမှု၊ တမံအူကြောင်းနေရာ ရွေးချယ်နေမှု၊ ဘူမိဗေဒစမ်းသပ်လေ့လာဆောင်ရွက်နေမှု၊ အရည်အသွေးကောင်းမွန်သည့် ဖို့မြေအမျိုးအစား စူးစမ်းရှာဖွေဆောင်ရွက်နေမှု၊ စီးဝင်ချောင်းများ၏ ရေစီး ရေလာနှင့် ရေသိုလှောင်ရရှိနိုင်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
▪️ လက်ရှိဆင်လမ်းရေလှောင်တမံသည် မူလကန်ရေပြည့်သိုလှောင်ပမာဏသည် ၆၈၄၆ ဧကပေရှိပြီး ယခုသိုလှောင်ပမာဏ ၇၂၁၇ ဧကပေရှိသဖြင့် မူလကန်ရေပြည့် သိုလှောင်ပမာဏထက် ၃၇၁ ဧကပေ ပိုမိုသိုလှောင်ထားသောကြောင့် ရေပိုမိုတိုးချဲ့ပေးဝေနိုင်ရေး အသင့်ရှိနေပြီဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 19 December 2025
▪️ တက္ကသိုလ်များတွင်မျိုးဆက်သစ်လူငယ်များကို မှန်ကန်သည့် အသက်မွေးဝမ်းကျောင်း အသိပညာ၊ အတတ်ပညာများ လေ့ကျင့်သင်ကြားပေးနိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ယနေ့ကျင်းပသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ)၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားလိုက်သည်။
▪️ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် စီးပွားရေးပညာရှင်များ၏ကဏ္ဍသည် အဓိကအရေးကြီးသည့်အတွက် စီးပွားရေးပညာ ရှင်များကို မွေးထုတ်ပေးနေသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) ၏ (၂၅)နှစ် မြောက်ကာလအထိ အောင်မြင်တိုးတက်မှု မှတ်တိုင်ကို ဂုဏ်ပြုသည့် အနေဖြင့် ယခုအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း ယင်းကပြောသည်။
▪️ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ)ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါတွင် ဘွဲ့ကြို သင်တန်းများ၊ ဂုဏ်ထူးတန်းများ၊ မဟာအရည် အချင်းစစ်သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း။
▪️ “နိုင်ငံတော် ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဗလ ငါးတန်နှင့်ပြည်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ပညာရေး ဖွံ့ဖြိုး တိုးတက်ရေးကို နိုင်ငံတော်အကြီးအကဲက အမြဲလမ်းညွှန်မှာကြားလျက်ရှိပြီး အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း ဝန်ကြီးချုပ်ကပြောသည်။
▪️ ယင်းအပြင် တက္ကသိုလ်တွင် နိုင်ငံတကာ အဆင့်မီ ပညာရေးစနစ်ဖြစ်စေရန်အတွက် ကျောင်းသား ဗဟိုပြုစဉ်းစားတွေးခေါ်မှုစနစ်၊ Case Study များနှင့် ပရောဂျက်အခြေပြု သင်ယူမှုစနစ်၊ လက်တွေ့အခြေပြု သင်ယူမှုနည်းစနစ်နှင့် စာကြည့်တိုက်ဗဟိုပြုစနစ်တွေကို အသုံးပြုသင်ကြားနေသည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ယူလေ့လာမှု အခွင့်အလမ်းကောင်းများ ရရှိနေကြပြီဖြစ်ကြောင်း၊ထို့ပြင်ကျောင်းသား၊ကျောင်းသူများ၏ပညာရည်မြင့်မား ရေးကို ရည်ရွယ်ပြီး စီးပွားထူးချွန်ဆုနှင့် တက္ကသိုလ်ပညာသင်ဆုများကို နိုင်ငံတော်က ပေးအပ်ချီးမြှင့်လျက်ရှိကြောင်းလည်း ၎င်းကပြောသည်။
▪️ ယင်းအပြင် မကြာမီကျင်းပမည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီး ပိုမိုဖွံ့ဖြိုးတိုးတက်သည့် မြန်မာနိုင်ငံတည်ဆောက်ရေးကို ကျရာကဏ္ဍမှပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
▪️ ရန်ကုန်စီးပွားရေးတက္ကသိုလ် (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်အောင်စန်း၊ ဒေါက်တာကံဇော်၊ ဒေါက်တာချောချောစိန်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်တင်ထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကြောင်း သိရသည်။
#YMG/PP #Yangon_Times
Page 69 of 2321