စီမံကိန်းတန်ဖိုးကျပ် ဘီလျံ(၇၀)ကျော်ရှိအနီရောင်အဆင့် အဆောက်အဦးများပြုပြင်ခြင်း လုပ်ငန်းအပ်နှံစာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို ယမန်နေ့၊နံနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်မှာ ကျင်းပခဲ့တယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်မှ သိရပါတယ်။
#Local_News
Published 08 April 2026
#အနီရောင်အဆင့်အဆောက်အဦး #မြန်မာနိုင်ငံဆောက်လုပ်ရေး
#YMG/SW #Yangon_Times
#Local_News
Published 08 April 2026
■ ကျိုင်းတုံနှင့် တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လျှော့ချရေးအတွက် Fire hotspot ဖြစ်ပွားမှုများနှင့် မြေအသုံးချမှုများအား ဝေဟင်မှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
■ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်နှင့် တာချီလိတ်ခရိုင်အတွင်း Fire hotspot ဖြစ်ပွားလေ့ရှိသည့် နေရာများနှင့် မြေအသုံးချမှုပြောင်းလဲမှုများကို ဝေဟင်မှကြည့်ရှုစစ်ဆေးရန် ယမာန်နေ့ မနက်ပိုင်းက နေပြည်တော်လေဆိပ်မှ ချက်နိုင်ငံထုတ် Let L 410 အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့်ထွက်ခွာကြရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ရောက်ရှိကြသည်။
■ ထို့နောက် ညွှန်ကြားရေးမှူးချုပ်များနှင့်အဖွဲ့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ၊ ကျိုင်းတုံခရိုင် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌတို့နှင့်အတူ ကျိုင်းတုံခရိုင်နှင့် တာချီလိတ်ခရိုင်အတွင်း မြေ အသုံးချမှုများ၊ Fire hotspot ဖြစ်ပွားမှု များနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လျှော့ချနိုင် ရေးဝေဟင်မှ ကြည့်ရှုစစ်ဆေးသည်။
■ မွန်းလွဲပိုင်းတွင် ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ အသိ ပညာပေးရေးဟောပြောပွဲကို ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးက “နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး အားလုံးပူးပေါင်း ပါဝင်ပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက “ရာသီဥတုပြောင်းလဲမှု၊ တောမီးနှင့် မီးခိုးမြူငွေ့တားဆီးကာကွယ်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက “မီးခိုးမြူငွေ့ကင်းစင်ဖို့ စိုက်နည်းစနစ်များပြောင်းကြစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။
■ ညနေပိုင်းတွင် ကျိုင်းတုံမြို့နယ် လွိုင်မွေမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးရေးဟောပြောပွဲကိုကျင်းပရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများတက်ရောက်ကြကြောင်းသိရသည်။
#YMG/NN #Yangon_Times
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မှာ နှစ်သစ်မင်္ဂလာအခမ်းအနားကို ဧပြီလ(၁၇) ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ကျင်းပသွားမယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 07 April 2026
#ရွှေတိဂုံစေတီတော်
#YMG/NN #Yangon_Times
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ နန်းဖော့အွာ သဲသောင်ပြင်သင်္ကြန် ပွဲ တော်ကို ဒီကနေ့မှာစတင်ကျင်းပသွားနေပြီလို့ ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 07 April 2026
#ဘားအံ #သဲသောင်ပြင်သင်္ကြန်
#YMG/NN #Yangon_Times
ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များ ဈေးတက်လာပြီးစားအုန်းဆီ ပြင်ပပေါက်ဈေး တစ်ပိသာ(၁၂၀၀၀) သို့ရောက်ရှိလာတယ်လို့ သိရပါတယ်။
#Local_News
Published 07 April 2026
#စားအုန်းဆီ
#YMG/SW #Yangon_Times
လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်(EV)များအတွက် ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခများ ကင်းလွတ်ခွင့်ပြုထားရာမှ ယခု ဧပြီလ မှ စတင်ကာကောက်ခံသွားမယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ကထုတ်ပြန်ထားပါတယ်။
#Local_News
Published 07 April 2026
#EVယာဉ် #ကညန
#YMG/SW #Yangon_Times
#Daily_News
Published 07 April 2026
၁။ ရွှေတိဂုံစေတီတော်၌ နှစ်သစ်မင်္ဂလာအခမ်းအနားကျင်းပမည်
၂။ ဘားအံ၌ သဲသောင်ပြင်သင်္ကြန်ပွဲတော်(၁၄)ရက်တိုင်ကျင်းပမည်
၃။ အခြေခံစားသောက်ကုန်များ ဈေးတက်လာပြီးစားအုန်းဆီ ပြင်ပပေါက်ဈေး တစ်ပိသာ(၁၂၀၀၀)သို့ရောက်ရှိ
၄။ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့်ဖိလစ်ပိုင်မှပို့ဆောင်ရေးလုပ်သားများ လောင်စာဆီဈေးနှုန်းမြင့်တက်မှုပြဿနာကြုံတွေ့... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 67 of 2419