၂၀၂၆ ဧပြီ ၁၇
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် နိုင်ငံတော်၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စွမ်းအင်ဖူလုံရေးတို့အတွက် ရုရှားဖက်ဒရေး ရှင်းနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံများသို့ သွားရောက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့သည်။
အထူးသဖြင့် ရုရှားနိုင်ငံခရီးစဉ်အတွင်း ရုရှားနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ်၊ စွမ်းအင်ဝန်ကြီး၊ ဒူးမား လွှတ်တော် ဒုတိယဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအား စွမ်းအင်ဗဟိုချက် (Energy Hub) အဖြစ် အသုံးပြုရေးကို အဓိကထား ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၁၅ ရက်နေ့တွင် ရုရှားနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် Mr. Anton Kobyakov၊ ရုရှားစွမ်းအင်ဝန်ကြီး Mr. Sergei Tsivilev တို့နှင့်တွေ့ဆုံ၍ မြန်မာ-ရုရှား ရေနံနှင့် ရေနံထွက်ပစ္စည်းများ တင်ပို့ရေးအတွက် နားလည်မှုစာချွန်လွှာ (MOU) အမြန်ဆုံးရေးထိုးရန် သဘောတူညီခဲ့ကြသည်။
ထို့အပြင် သဘာဝဓာတ်ငွေ့ရည် (LNG) ကို မြန်မာနိုင်ငံမှတစ်ဆင့် တရုတ်နှင့် ထိုင်းနိုင်ငံများသို့ ပိုက်လိုင်း ဖြင့် တင်ပို့ရေး၊ ကမ်းလွန်လုပ်ကွက်များတွင် ရင်းနှီးမြှုပ်နှံရေးနှင့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းများ ကို ဆွေးနွေးခဲ့ပြီး ရုရှားစွမ်းအင်ဝန်ကြီးက မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရန် ဦးဆောင်ကော်မတီများ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနေ့ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban KARA-OOL နှင့် ဆက်လက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအတွက် လိုအပ်သော ရေနံစိမ်းနှင့် ရေနံထွက် ပစ္စည်း များကို ရေရှည်သဘောတူညီချက်ဖြင့် ဝယ်ယူရေးနှင့် အရင်းအနှီးကြီးမားသည့် စီမံကိန်းများအတွက် သက်သာသော အတိုးနှုန်းဖြင့် ချေးငွေရယူရေးတို့ကို ဆွေးနွေးခဲ့ပါသည်။ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌက ဤသို့ MOU ရေးထိုးနိုင်မည့်အပေါ် ဝမ်းသာဂုဏ်ယူကြောင်းနှင့် ရုရှား-မြန်မာ-တရုတ် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးသည် အလွန်အရေးကြီးသဖြင့် လိုအပ်သော အကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါသည်။
အဆိုပါ ရုရှားနိုင်ငံခရီးစဉ်မတိုင်မီ ပြည်ထောင်စုဝန်ကြီးသည် ဧပြီလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့သို့လည်း သွားရောက်ခဲ့ပြီး China Railway Beijing Engineering Group၊ MEIGE Joint Energy Holding နှင့် Yunnan-Irrawaddy Supply Chain ကုမ္ပဏီ တို့မှတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် သက်တမ်းရင့်ရေနံမြေများတွင် ပေနက်တွင်း များ တူးဖော်ရေး၊ ရေနံချက်စက်ရုံတည်ဆောက်ရေး၊ ပြန်ပြည့်မြဲစွမ်းအင် စီမံကိန်းများနှင့် ရေနံစိမ်း တင်သွင်းမှု ကွင်းဆက် (Supply Chain) တစ်လျှောက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြ ပါသည်။
တရုတ်ကုမ္ပဏီများ၏ စိတ်ဝင်စားမှုများအပေါ် မြေပြင်အခြေအနေကို လာရောက်ကြည့်ရှုရန်နှင့် အသေးစိတ် ဆက်လက်ဆွေးနွေးရန် ဝန်ကြီးကဖိတ်ခေါ်ခဲ့သည်။ ယခု ရုရှားနှင့် တရုတ်နိုင်ငံများသို့ သွားရောက်နေသော ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်များသည် မြန်မာနိုင်ငံ၏ စွမ်းအင်လုံခြုံရေးအတွက် ခိုင်မာသော ထောက်ပံ့ရေးလမ်းကြောင်းသစ်များ တည်ဆောက်နိုင်ရန်နှင့် အရှေ့တောင်အာရှဒေသတွင် စွမ်းအင်ဗဟိုချက် (Energy Hub) တစ်ခုအဖြစ် ရပ်တည်နိုင်ရန်စသည့် တရုတ်နှင့်ရုရှားနိုင်ငံတို့နှင့် လက်တွဲကာမဟာဗျူဟာမြောက်စွမ်းအင်စီမံကိန်းများလုပ်ဆောင်ရန်ပါဝင်ကြောင်းသိရှိရသည်။
-END-
17 April,2026
It is reported that former President U Win Myint was released from Taungoo Prison under a state pardon on April 17, the first day of the Myanmar New Year.
To mark the auspicious occasion of the Myanmar New Year, to bring peace of mind to the public, out of humanitarian concern, and to enable his participation in nation-building, former President U Win Myint was granted a pardon signed by President U Min Aung Hlaing under the Office of the President's Order No. 42/2026.
The official announcement also stated that the pardon was granted by remitting his remaining sentences under the condition that "if he commits another offense, he will continue to serve the remaining sentences in addition to the penalty for the new offense."
ဧပြီ၁၇၊၂၀၂၆
နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်သည် နိုင်ငံတော်ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မြန်မာနှစ်ဆန်းတစ်ရက် နေ့ဖြစ်သည့် ဧပြီလ၁၇ ရက်နေ့တွင် တောင်ငူအကျဉ်းထောင်မှ လွတ်မြောက်လာကြောင်းသိရသည်။
မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားခြင်းနှင့်နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက် သမ္မတဟောင်းဦးဝင်းမြင့်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးအမိန့် အမှတ် ၄၂ / ၂၀၂၆ဖြင့် သမ္မတဦးမင်းအောင်လှိုင်က လက်မှတ်ရေးထိုး လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။
“နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းကျရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဟုလည်း အမိန့်ကြေညာစာမှာ ဖော်ပြပါရှိသည်။
-end-
၁၇ ဧပြီ၊၂၀၂၆
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် နှစ်သစ်ကူးအခါသမယတွင် ရွေးကောက်ပွဲအပြီး အစိုးရသစ်နှင့် လွှတ်တော်များ အသက်ဝင်လာပြီဖြစ်ကြောင်းနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။
အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးနောက် ပေါ်ထွက်လာသည့် အစိုးရသစ်အနေဖြင့် အခြေခံဥပဒေနှင့်အညီ နိုင်ငံနှင့်ပြည်သူ့အကျိုးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတက ကတိပြုခဲ့သည်။ ထို့ပြင် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA စာချုပ်ပါအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့များအနေဖြင့် အကြမ်းဖက်လမ်းစဉ်ကိုစွန့်လွှတ်ရန် တိုက်တွန်းကာ အစိုးရအနေဖြင့် ငြိမ်းချမ်းရေးတံခါးကို အစဉ်အမြဲဖွင့်ထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
စီးပွားရေးကဏ္ဍနှင့် ပတ်သက်၍ နိုင်ငံ၏အဓိကအသက်မွေးဝမ်းကျောင်းဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) များကို မြှင့်တင်ကာ ပြည်တွင်းဖူလုံမှုမှသည် ပြည်ပပို့ကုန်များတိုးချဲ့ရန် သမ္မတက လမ်းညွှန်ခဲ့သည်။ ထို့အတူ နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကအတားအဆီးမှာ ပညာရည်နိမ့်ပါးမှုဖြစ်ကြောင်း ထောက်ပြခဲ့ပြီး အနာဂတ်လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရန် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဆက်လက်မြှင့်တင်သွားမည်ဟု ဆိုသည်။
ယနေ့အချိန်အခါတွင် ပြည်တွင်းစည်းလုံးညီညွတ်မှုကို ဖြိုခွဲရန် ကြိုးပမ်းနေသည့် ပြည်တွင်းပြည်ပ ပယောဂများနှင့် အဖျက်အမှောင့်အန္တရာယ်များကို သတိပြုကြရန်လည်း ဦးမင်းအောင်လှိုင်က အလေးပေး သတိပေးခဲ့သည်။ ဆူပူအကြမ်းဖက်မှုများ၏ အခြေခံအကြောင်းရင်းများကို ထောက်ရှုကာ “ပြည်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသော ခံယူချက်ဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး နိုင်ငံချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံတော်ကို ကာကွယ်တည်ဆောက်ကြရန် တိုက်တွန်းခဲ့သည်။
နိဂုံးချုပ်အနေဖြင့် အတိတ်က ခါးသီးသော အတွေ့အကြုံများကို သင်ခန်းစာယူကာ သာယာဝပြောသော နိုင်ငံတော်သစ်ဆီသို့ ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ပူးပေါင်းလျှောက်လှမ်းကြရန်နှင့် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများအားလုံး ဘေးရန်ကင်းကွာ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေကြောင်း သမ္မတဦးမင်းအောင်လှိုင်က နှစ်သစ်ကူးဆုမွန်ကောင်း တောင်းပေးခဲ့သည်။
နေပြည်တော်၊ ဧပြီ ၁၃
၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြိုနေ့ဖြစ်သော ယနေ့တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အနုပညာရှင်များ၏ မြန်မာ့ရိုးရာ ယိမ်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး၊ တက်ရောက်လာသူများအား အတာရေ ပက်ဖျန်းပေးခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် နေပြည်တော်ရင်ပြင်၌ ကျင်းပသည့် "နေပြည်တော် လမ်းလျှောက်သင်္ကြန်" ဖွင့်ပွဲသို့ ဆက်လက်တက်ရောက်ခဲ့သည်။ လမ်းလျှောက်သင်္ကြန်မုခ်ဦးကို ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် မြန်မာ့ရိုးရာ သနပ်ခါး၊ လက်ဖက်၊ ထမနဲ မဏ္ဍပ်များနှင့် အခြားရေကစားမဏ္ဍပ်များသို့ လှည့်လည်ကြည့်ရှုကာ ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့သည်။
ယခုနှစ် နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများ ပေါ်လွင်စေရန်နှင့် ကမ္ဘာကသိရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ပွဲတော်အတွင်း ပြည်တွင်းအနုပညာရှင်များသာမက ကိုရီးယားနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ အနုပညာရှင်များပါ ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကာ၊ စတုဒီသာအကျွေးအမွေးများဖြင့်လည်း ဧည့်ခံပေးလျက်ရှိရာ ပြည်သူများ စိတ်လက်ချမ်းသာစွာဖြင့် လာရောက်ဆင်နွှဲလျက်ရှိကြောင်း သတင်းရရှိသည်။
-END-


၁၃ ဧပြီ၊၂၀၂၆
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တရုတ်နိုင်ငံ China Southern Power Grid မှတာဝန်ရှိသူများနှင့် ကူမင်းမြို့တွင်တွေ့ဆုံကာ လာအို-မြန်မာ ဖြတ်ကျော် ဓာတ်အားလိုင်းတည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နိုင်မည့်အခြေအနေ များအပါအဝင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝန်ကြီးဦးကိုကိုလွင်သည် ရုရှားဖက်ဒရေရှင်းနိုင်ငံသို့အသွား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ် ကူမင်းမြို့တွင် ခရီးတစ်ထောက်နားပြီး အစိုးရပိုင်ကုမ္ပဏီများဖြစ်သည့် China Southern Power Gridနှင့် ဧပြီ၁၂ရက်ကတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန က သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
China Southern Power Grid နှင့် တွေဆုံဆွေးနွေးရာတွင် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းဆောင်ရွက်နေမှုအခြေအနေများ၊ မဲခေါင်မြစ်ကြောင်းတလျောက် မြန်မာ-လာအို နယ်စပ်တွင် ရေအားလျှပ်စစ်စီမံကိန်းများ စူးစမ်းလေ့လာမှု လုပ်ငန်းဆောင်ရွက်ရန် စီမံထားရှိမှု အခြေအနေများ၊ လာအို-မြန်မာ ဖြတ်ကျော် ဓာတ်အားလိုင်း တည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နိုင်မည့်အခြေအနေများကိုဆွေးနွေးခဲ့သည်။
ထို့အပြင် မြန်မာ နိုင်ငံမြောက်ပိုင်း ရေအားလျှပ်စစ်စီမံကိန်းများပြီးစီးပါက တောင်ပိုင်းဓာတ်အား သုံးစွဲသည့်ဒေသများသို့ ဓာတ်အားပေးပို့နိုင်ရေးအတွက် ဓာတ်အားလိုင်းကွန်ယက်တည်ဆောက် ရန် ကြိုတင် အစီအမံပြုလုပ်၍စီမံချက်ရေးဆွဲသွားရန် လိုအပ်မှုအခြေအနေများ၊ ရန်ကုန်မြို့တွင်း ဓာတ်အား ဖြန့်ဖြူးရေးတွင် ဓာတ်အားပျောက်ဆုံးမှုလျော့ကျစေရေး ဦးစားပေး ဆောင်ရွက်လို သည့် အခြေအနေများကိုလည်းဆွေးနွေးခဲ့သည်။
စက်သုံးဆီသုံးစွဲမှု လျော့ကျစေရေးအတွက် EV Charging Stations များကို ဆိုလာနှင့်ပေါင်းစပ်၍ မြန်မာဓာတ်အားစနစ်နှင့်ကိုက်ညီသည့် လက်တွေ့ကျသည့် System Design တစ်ခုကို ဆောင်ရွက်သွားလိုသည့် အခြေအနေများကိုပါ ထည့်သွင်းဆွေးနွေးခဲ့သည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ယူနန်ပြည်နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liu Yong ဦးဆောင်သောအဖွဲ့က အလုပ် သဘောညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ သည်ဟုလည်းသိရသည်။
#ymg/knl
YANGON, April 13, 2026 — The United States has renewed its commitment to helping end the ongoing crisis in Myanmar, according to a traditional New Year greeting issued by U.S. Secretary of State Marco Rubio.
In a statement dated April 12 and released locally by the U.S. Embassy in Yangon on April 13, Secretary Rubio extended warm wishes to the people of Myanmar for the Atar Thingyan water festival. He utilized the occasion to highlight the resilience of the citizens amidst the country's continuing turmoil.
"On behalf of the United States of America, I extend my best wishes and support to the people of Burma as you celebrate the Thingyan festival, Burma’s New Year," Secretary Rubio stated.
Acknowledging the deteriorating situation caused by ongoing conflicts, Rubio emphasized Washington's continued dedication to finding a resolution. "Thingyan is a time for reflection, as well as an opportunity to look ahead towards a new year," he noted. "As the conflict in Burma continues to devastate the country, the United States remains committed to supporting an end to the crisis."
The Secretary of State also praised the citizens for their enduring spirit in the face of prolonged hardship.
"The people of Burma have repeatedly demonstrated courage and resilience in the face of ongoing suffering," Rubio said. He concluded the statement with a message of optimism: "As the spirit of Thingyan reminds us of a better tomorrow, we wish the people of Burma strength, resilience, and renewed hope for the year."
-END-
Page 62 of 2419