#Local_News
Published 30 October 2025
▪️ National Petroleum Laboratory & Online Monitoring Center ကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရည်မှန်းဆောင်ရွက်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
▪️ ရေနံထွက်ပစ္စည်းဆိုင်ရာ ဖြည့်ဆည်းမှုကွင်းဆက် (Petroleum Products Supply Chain)အတွင်း စက်သုံးဆီ တင်သွင်းမှု၊ သိုလှောင်မှုနှင့် သယ်ယူပို့ဆောင်မှုမှသည် End User များသို့ ဖြန့်ဖြူးမှုအခြေအနေများအား လေ့လာစောင့်ကြည့် ထိန်းသိမ်းနိုင်ရေး၊ ရေနံထွက်ပစ္စည်းများ အရည်အသွေးပြည့်မီမှန်ကန်မှုရှိမရှိ စစ်ဆေးဆောင်ရွက်နိုင်ရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စက်သုံးဆီဖူလုံမှုရှိစေရေး သိုလှောင်ထားရှိမှု (Stockpiling) အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ (Real Time) စစ်ဆေးကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် National Petroleum Laboratory & Online Monitoring Center ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။
▪️ ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ သက်ဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်နှင့် အဖွဲ့အစည်းများအတွက် အကျပ်အတည်းမဖြစ်စေရန် စီမံကိန်းအား အဆင့်လိုက်အကောင်အထည်ဖော် လိုက်ပါဆောင်ရွက်စေခြင်း၊ အချို့ကိစ္စရပ် များအား ဖြေလျှော့ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ် ကြောင်းသိရသည်။
▪️ ယခုအခါ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အဆိုပါ National Petroleum Laboratory & Online Monitoring Center ကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိရာ သတ်မှတ်ချိန်အတွင်းပြီးစီးနိုင်ရေး စက်သုံးဆီတင်သွင်းသိုလှောင် သယ်ယူဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ပုဂ္ဂလိကလုပ်ငန်းရှင်နှင့်အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အသိပေးထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 October 2025
▪️ ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦးေ-သဆုံးခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ အောက်တိုဘာ ၃၀ ရက်နေ့၊ မနက်၅ နာရီ၂၀ မိနစ်အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ စက္ကော့-ဇလွန်-ဓနုဖြူ ကားလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၈/၄)အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဓနုဖြူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း
ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါကျား(၂)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)နှင့် ကျား(၁)ဦး ( ေ-သဆုံး)တို့အား လပြည့်ဝန်းလူမှုကူညီရေးအသင်းယာဉ်ဖြင့် ဓနုဖြူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 October 2025
▪️ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၇၅ ဦး၊ အိန္ဒိယနိုင်ငံသား ၇၃ ဦး၊ တရုတ်နိုင်ငံသား ၁၇ ဦးနှင့် ကာဇက်စတန်နိုင်ငံသားတစ်ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၁၆၆ ဦးကို ထပ်မံစစ်ဆေးနိုင်ခဲ့ကြောင်း သိရသည်။
▪️ ယခုအခါ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်း လုပ်ငန်းတို့ကို လုပ်ဆောင်နေကြောင်း သိရသည်။
▪️ ဇန်နဝါရီလ ၃၀ ရက်မှ အောက်တိုဘာလ ၂၉ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၀၆၄၀ ဦး ထိန်းသိမ်းနိုင်ခဲ့ကာ ၁၀၄၅၃ ဦးကို စစ်ဆေးခဲ့ပြီး ၎င်းတို့အနက်မှ ၉၃၆၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည် နှင်လွှဲပြောင်းပေးခဲ့ကာ ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၁၂၇၅ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းသိရသည်။
#YMG/PP #Yangon_Times
၂၉ အောက်တိုဘာ ၂၀၂၅
ခေတ်သမိုင်းကို ဒုန်းဆိုင်းမည့်သူများ ရွေးကောက်ပွဲ အသိပညာပေးဇာတ်လမ်း၊ ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတားကို အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးခဲ့မှု၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်တို့နှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကရှင်းလင်းပြောကြားခဲ့ရာ ပြောကြားချက်အပြည့်အစုံရုပ်သံကိုဖော်ပြပေးပါတယ်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့ကို အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဆုယှဉ်ပြိုင်နိုင်ဖို့အတွက်လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယမန်နေ့ကပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်မှာ ကျင်းပခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 29 October 2025
#ပြင်ဦးလွင်မြို့ #ဆေးလိပ်
#YMG/SW #Yangon_Times
ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ကမ္ဘာအေးစေတီတော်မြတ်ကြီးရဲ့ (၂၅)ကြိမ်မြောက် မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ်ကပ်လှူပူဇော်ပွဲနဲ့ ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကို ကျင်းပသွားမယ်လို့သိရပါတယ်။
#Local_News
Published 29 October 2025
#ကမ္ဘာအေးစေတီတော် #မသိုးသင်္ကန်း
#YMG/NN #Yangon_Times
ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်မှာ တန်ဆောင်တိုင်ဈေးရောင်းပွဲတော်ကို လေးရက်ကြာကျင်းပသွားမယ်လို့ Yangon Zoo က သိရပါတယ်။
#Local_News
Published 29 October 2025
#ရန်ကုန်တိရိစ္ဆာန်ဥယျာဉ် #Yangon_Zoo
#YMG/NN #Yangon_Times
Page 62 of 2271