သဘာဝဘေးဒဏ်သင့်ဒေသတွေရဲ့ အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံးနဲ့အထိရောက်ဆုံး ဆောင်ရွက်ပေးသွားမယ်လို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီရဲ့ (၂/၂၀၂၅) ညှိနှိုင်းအစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 01 January 2026
#သဘာဝဘေးဒဏ် #အသက်မွေးဝမ်းကျောင်း
#YMG/SW #Yangon_Times
ပြင်ဦးလွင်မြို့ရှိ ကော်ဖီနည်းပညာ ဖွံဖြိုးရေးခြံ(ပွေးတောင်)မှာ
ကော်ဖီဥယျာဉ်ဖွင့်လှစ်ထားရာ မည်သူမဆိုအခမဲ့ ဝင်ရောက်လေ့လာနိုင်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီသီးနှံဌာနခွဲက သိရပါတယ်။
#Local_News
Published 01 January 2026
#ကော်ဖီ #ပြင်ဦးလွင်
#YMG/NN #Yangon_Times
စားသုံးမှိုတွေကိုအလိုအလျှောက် ရေဖြန်းစေတဲ့စနစ်နဲ့စိုက်ပျိုးဖို့ Pilot Project အဖြစ်စတင်ဆောင်ရွက်နေပြီလို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP)က သိရပါတယ်။
#Local_News
Published 01 January 2026
#မှို #Pilot_Project
#YMG/NN #Yangon_Times
ပြည်ပသို့ အရေးပေါ် သွားရောက်လိုသူများအတွက်နိုင်ငံကူးလက်မှတ်(Passport) အမြန်ဝန်ဆောင်မှုကို ယခုလ(၅)ရက်မှာ စတင်သွားမယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ယနေ့တွင်ထုတ်ပြန်ထားပါတယ်။
#Local_News
Published 01 January 2026
#Passport
#YMG/SW #Yangon_Times
#Daily_News
Published 01 January 2026
၁။ စားသုံးမှိုများကိုအလိုအလျှောက် ရေဖြန်းစေသောစနစ်ဖြင့်စိုက်ပျိုးထုတ်လုပ်ရန် Pilot Project ဆောင်ရွက်နေ
၂။ ကော်ဖီဥယျာဉ်ကို အခမဲ့ဝင်ရောက်လေ့လာနိုင်
၃။ သဘာဝဘေးဒဏ်သင့်ဒေသများ၌ အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပေးမည်
၄။ အမေရိကန်စစ်တပ်နေရာချထားခြင်းကြောင့် ဗင်နီဇွဲလား၌အရေးပေါ်ဆေးဝါးများဈေးနှုန်းအလွန်မြင့်တက် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 01 January 2026
▪️ မင်္ဂလာဒုံမြို့နယ် ၊ပျဉ်းမပင်မှတ်တိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦး ေ-သဆုံးခဲ့ကြောင်းသိရသည်။
▪️ ဇန်နဝါရီ ၁ရက်နေ့၊ မနက်၅ နာရီ၅၉ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်မှတ်တိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ရာ ကျား(၁)ဦး ေ-သဆုံးအား ပုလဲအရန်မီးသတ်စခန်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 01 January 2026
■ လှိုင်သာယာအဝေးပြေးအကျော်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦးေ-သဆုံး ကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
■ ဇန်နဝါရီ၁ရက်နေ့၊ မနက်၄ နာရီ၂၂ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ရန်ကုန်- ပုသိမ်လမ်းမပေါ်၊ အဝေးပြေးအကျော်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်းသိရသည်။
■ အဆိုပါ သတင်းရရှိသဖြင့် လှိုင်သာယာအနောက်ပိုင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။
■ ယင်းယာဉ်တိုက်မှုကြောင့် ယာဉ်အတွင်း ပိတ်မိသူ(၄)ဦး အနက် ကျား(၁)ဦး၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်းရ)နှင့် ကျား(၁)ဦး၊ (မ)(၁)ဦး (ေ-သဆုံး)တို့အား ဂရုဏာတွဲလက် လူမှုကူညီရေးအသင်း၊ ပြည်တော်သစ် လူမှုကူညီရေးအသင်းနှင့် မေတ္တာအလင်းရောင် လူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် လှိုင်သာယာပြည်သူဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 57 of 2321