အခုတစ်ပတ်အတွက် စက်သုံးဆီရည်ညွှန်းဈေးတွေ မှာ စက်သုံးဆီဈေးအားလုံး ကျဆင်းလာပြီးဒီဇယ်တစ်လီတာကိုကျပ်(၇၀၀)ကျော်အထိကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 24 April 2026
#စက်သုံးဆီ
#YMG/NN #Yangon_Times
#Daily_News
Published 24 April 2026
၁။ MAI နှင့် အင်ဒိုနီးရှား Perkasa Flight School တို ပူးပေါင်း၍ Cadet Pilot Program ကို ဖွင့်လှစ်မည်
၂။ အာမခံအလုပ်သမား ( ၁၁ )သိန်းကျော်ကိုကျန်းမာရေးစောင့်ရှောက်မှုပေး
၃။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တောင်သူများလက်ဝယ်အရောက် စက်သုံးဆီနှင့်ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချ
၄။ ပါကစ္စတန်၌လောင်စာဆီဈေးနှုန်းမြင့်တက်ခြင်းနှင့်လျှပ်စစ်မီးပြတ်တောက်ခြင်းပြဿနာများကြုံတွေ့... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 24 April 2026
■ ဧရာဝတီတိုင်းဒေသကြီးချောင်းသာနှင့်ငွေဆောင်ကမ်းခြေများ၌ ၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
■ အဆိုပါချောင်းသာနှင့်ငွေဆောင်ကမ်းခြေတို့တွင် ၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၃ ရက်၊ မနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ လူမှုရေးရာဝန်ကြီး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
■ ယင်းအစည်းအဝေးတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေတွင် လူရည်ချွန်စခန်းများကို နှစ်စဉ်ဖွင့်လှစ်ခဲ့ပြီး လူရည်ချွန်များအနေဖြင့် အပန်းဖြေခြင်းအပြင် ဒေသအတွင်း၌ရှိသည့် သိသင့်သိထိုက်သည့် လုပ်ငန်းများ၊ ဒေသထွက်ကုန်များအပြင် ဗဟုသုတများရရှိစေမည့်နေရာ၊ ဒေသများသို့ လေ့လာ၊ လည်ပတ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ယခုအချိန်သည် ရာသီဥတုပူပြင်းသည့်အတွက် လူရည်ချွန်များ သက်သောင့်သက်သာဖြင့် သွားလာလည်ပတ်နိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်းပြောကြားသည်။
■ ထိုသို့လေ့လာလည်ပတ်သည့် အစီအစဉ်တွင် စနစ်တကျဖြစ်စေရေး ကြိုတင်စီမံဆောင်ရွက်ရန်လိုပါကြောင်း၊ လူရည်ချွန်များ၏ လုံခြုံရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း စနစ်တကျဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူရည်ချွန်မောင်မယ်များအတွက် အစားအသောက်များသည် သန့်ရှင်းလက်ဆတ်သော ဒေသ အစားအစာများဖြစ်စေရေး ကိုလည်း ဆောင်ရွက်ထားရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ လူရည်ချွန်မောင်မယ်များသည် အနယ်နယ်အရပ်ရပ်မှ လာရောက်သူများဖြစ်သဖြင့် မလိုလားအပ်သည့် အန္တရာယ်များမဖြစ်ပေါ်စေရန် သက်ဆိုင်ရာတာဝန်ရှိသူများက အလေးထားကြီးကြပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့်လည်း ယခင်နှစ်များ၏ အားနည်းချက်များကို ကြိုတင်ပြင်ဆင်၍ တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
■ ထို့နောက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် တာဝန်ရှိသူများက လူရည်ချွန်စခန်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် အထွေထွေဆွေးနွေးတင်ပြချက်များ အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကော်မတီများအလိုက် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
၂၃ဧပြီ၊၂၀၂၆-- မြန်မာသမ္မတသစ် ဦးမင်းအောင်လှိုင်က ဖမ်းဆီးထိန်းးသိမ်းခံထားရသော ဒေါ်အောင် ဆန်းစုကြည်အတွက် "ကောင်းမွန်သောအရာများ" ကို စဉ်းစားပေးနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက သတင်းရေးသားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့်ပတ်သက်၍ မြန်မာခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် ထိုင်း ထိပ်တန်းသံတမန် နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖောင်ကက်ကီယိုတို့ တွေ့ဆုံစဉ် ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုနေကြောင်း ဆီဟာဆတ်က ဆက်လက်ပြောကြားပြီးနောက် အသက် ၈၀ အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်အား "ကောင်းစွာ စောင့်ရှောက်ထားကြောင်း" သမ္မတဦးမင်းအောင် လှိုင်က သူ့အား အသိပေးခဲ့သည်ဟု ဆီဟာဆတ်က ပြောသည်။
"အာဆီယံနိုင်ငံအများအပြားက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေကြပါ တယ်။ သူတို့အနေနဲ့ ကောင်းမွန်တဲ့အရာတွေကို စဉ်းစားနေတယ်လို့ သူကပြောတဲ့အတွက် ဒါဟာ ကောင်းတဲ့ကိစ္စတစ်ခု ဖြစ်နိုင်ပါတယ်" ဟု ဆီဟာဆတ်က ပြောကြားခဲ့သည်၊ သို့သော် ဦးမင်းအောင်လှိုင် က အသေးစိတ် မပြောခဲ့ကြောင်း သူကဖြည့်စွက်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြင်းထန်သော ပြည်တွင်းစစ်ကို အဆုံးသတ်ရန်နှင့် အာဆီယံနှင့် ဆက်ဆံရေးပြေလျော့ရန် ကြိုးပမ်းမှုများကို ကူညီပံ့ပိုးပေးရန် အသင့်ရှိကြောင်း ဆီဟာဆတ်က ပြော ကြားခဲ့သည်။
"သူတို့က ပိုကောင်းတဲ့ ဦးတည်ချက်ဆီကို ရွေ့လျားနေတယ်ဆိုတာကို ပြသဖို့ ကြိုးစားနေပါတယ်" ဟု ထိုင်းအစိုးရက မီဒီယာများထံ မျှဝေထားသော ဗီဒီယိုတစ်ခုတွင် သူက မှတ်ချက်ပေး ပြောကြားခဲ့သည်။
"ဒီအရာတွေက မရှိမဖြစ် အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို အာဆီယံကို ပြန်လာစေ ချင်လို့ပါ။ ကျွန်တော်တို့က သူတို့ကို ကူညီချင်ပေမယ့် သူတို့ကိုယ်သူတို့ မကူညီနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့လည်း ကူညီနိုင်မှာ မဟုတ်ပါဘူး။" ဟုသူကဆက်ပြောသည်။
Source Reuters
#Local_News
Published 23 April 2026
■ မန္တလေးတိုင်း ၊ပုသိမ်ကြီးမြို့နယ်ရှိကျေးရွာအချို့၌ ယမာန်နေ့ညပိုင်းကမိုးသက်လေပြင်းများတိုက်ခတ်၍သစ်ပင်များပြိုလဲသောကြောင့်ရှင်းလင်းရေးများပြုလုပ်ခဲ့ရကြောင်းသိရသည်။
■ ဧပြီ၂၂ ရက်နေ့၊ ည၁၁နာရီ အချိန်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်သဖြင့် ရွာရှည်ကျေးရွာ၊ ဆည်မြောင်းဘောင်လမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
■ အလားတူ ဧပြီ၂၂ ရက်နေ့၊ ည၁၁နာရီ အချိန်ကမန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်သဖြင့် ကျောက်မီးကျေးရွာတွင် သစ်ပင်လဲကျ၍ နေအိမ်ပေါ်သို့ပိမိခဲ့ကြောင်း သိရသည်။
■ ဧပြီ၂၂ ရက်နေ့၊ ည၁၁နာရီ အချိန်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်သဖြင့် သမ္မတောကျေးရွာနှင့် ကျောက်မီးကျေးရွာကြားရှိ မန္တလေး-ပြင်ဦးလွင်ကားလမ်း လမ်းလယ်ကျွန်းနှင့် လမ်းဘေးဝဲယာရှိ သစ်ပင်များလဲကျပြီး လမ်းပိတ်ခဲ့ကြောင်းသိရသည်။
■ အဆိုပါဖြစ်စဉ်များ ဖြစ်ပွားရာနေရာများသို့ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 23 April 2026
■ မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသား ၊ကျောင်းသူ ၁၉ ဦး တရုတ်နိုင်ငံ GXETVI တွင် ပညာသင်ဆုဖြင့် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
■ မြစ်ကြီးနားတက္ကသိုလ်သည်ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ကြီးကြပ်မှုဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။
■ အဆိုပါ မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ၁၉ ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့ရှိ Guangxi Economic and Trade Vocational Institute (GXETVI) ၌ "Fashion and Apparel Design" ဘာသာရပ်ဖြင့် သုံးနှစ်တာဒီပလိုမာသင်တန်း (Diploma in Fashion and Apparel Design) ကို အပြည့်ပညာသင်ဆု (Full Scholarship)ဖြင့် တက်ရောက်ရန်အတွက် ယမာန်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။
■ ယခုကဲ့သို့ သွားရောက်ပညာသင်ကြားခြင်းဖြင့် ပြည်တွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs) အတွက် အဓိကကျသော အထည်အလိပ်နှင့် ဒီဇိုင်းကဏ္ဍ၌ ခေတ်မီနည်းပညာရှင်များ ပေါ်ထွက်လာစေရန်နှင့် ကုန်ကြမ်းတင်ပို့မှုထက် နိုင်ငံတကာအဆင့်မီ တန်ဖိုးမြှင့်ကုန်ချောများကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲထုတ်လုပ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံ၏ ခေတ်မီနည်းပညာများကို သင်ယူခွင့်ရရှိခြင်းကြောင့် ပြည်တွင်းရှိ သက်မွေးပညာကဏ္ဍ (TVET) ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေမည့် နည်းပညာကူးပြောင်းမှု (Technology Transfer) များ ရရှိစေရန်လည်း မျှော်မှန်းထားကြောင်း သိရသည်။
■ အဆိုပါ ကျောင်းသား ကျောင်းသူများက ဧပြီ ၂၇ ရက်မှစတင်၍ သင်တန်းများကို တက်ရောက်ကြမည်ဖြစ်ပြီး ယခုပူးပေါင်းဆောင်ရွက်မှုသည် မြစ်ကြီးနားတက္ကသိုလ်၏ နိုင်ငံတကာပညာရေးကဏ္ဍ မြှင့်တင်မှုအတွက် ကြီးမားသော ခြေလှမ်းတစ်ရပ်ဖြစ်ကာ ဤကဲ့သို့ နိုင်ငံတော်အတွက် ဘဏ္ဍာငွေကုန်ကျမှုမရှိဘဲ ပြည့်စုံသောပညာသင်ဆုအစီအစဉ်ဖြင့် အရည်အသွေးမြင့်ပညာရပ်များကို သင်ယူခွင့်ရရှိခြင်းသည် နိုင်ငံတော်နှင့်တက္ကသိုလ်အတွက် အကျိုးကျေးဇူးများစွာရရှိစေမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 23 April 2026
၁။ မြန်မာအမျိုးသားလေကြောင်းလိုင်းက မာန်အောင်နှင့်ကျောက်ဖြူမြို့များသို့ တစ်ပတ်(၃)ရက် ပြေးဆွဲပေးမည်
၂။ ရန်ကုန်နှင့်ဒေသအစုံ၌လျှပ်စစ်ဓာတ်အားများတိုးမြှင့်ဖြန့်ဖြူးပေးသွားမည်
၃။ 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 & 𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 နည်းပညာသင်တန်းဖွင့်လှစ်မည်
၄။ အိန္ဒိယမှတရုတ်ပြည်သို့တက္ကသိုလ်တက်ရောက်သူအရေအတွက်တိုးများ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 56 of 2419