ပြည်တွင်းက ရေထွက်ကုန်ပစ္စည်းတွေကို ပြည်ပနိုင်ငံတွေကိုတင်ပို့နေရာ လက်ရှိဘဏ္ဍာနှစ် ၁၀ လတာအတွင်း ရေထွက်ကုန်ငါးမက်ထရစ်တန် နှစ်သိန်းခြောက်သောင်းကျော်တင်ပို့နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။
#Local_News
Published 18 February 2025
#ရေထွက်ကုန်ငါးတန်ချိန် #ငါး
#YMG/NN #Yangon_Times
ကျောက်မျက်ရတနာလုပ်ငန်းအတွက် လုပ်ငန်းလိုင်စင်သုံးမျိုးထုတ်ပေးလျှက်ရှိပြီးကျောက်မျက်ရတနာရောင်းဝယ်ခြင်း လုပ်ငန်းဆောင်ရွက်လိုသူများအနေနဲ့ လုပ်ငန်းအမျိုးအစားအလိုက် လိုင်စင်များလျှောက်ထားရမှာဖြစ်တယ်လို့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ သိရပါတယ်။
#Local_News
Published 18 February 2025
#ကျောက်မျက်ရတနာ #လိုင်စင်
#YMG/SW #Yangon_Times
ဘင်္ဂလားပင်လယ်အော်မှာလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 18 February 2025
#ဘင်္ဂလားပင်လယ်အော် #မိုး
#YMG/NN #Yangon_Times
#Local_News
Published 18 February 2026
■ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂၀၂၆ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ပြုလုပ်ခဲ့ပြီးမျိုးဆက်သစ်လူငယ်ဂေါက်သီးရိုက် ပြိုင်ပွဲစတင်ကျင်းပခဲ့ကြောင်း သိရသည်။
■ ပြိုင်ပွဲကို မျိုးဆက်သစ်ဂေါက်သီး အားကစားသမားများ၏ လက်ရည်အဆင့် အတန်း တိုးတက် လာစေရန်နှင့် နိုင်ငံတကာအဆင့်မှီ ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီးယနေ့စတင်ကျင်းပသည့်ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် ကစားသမား ၃၂ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
■ ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ဖေဖော်ဝါရီလ ၁၈ရက်နေ့မှ ၂၀ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ဂျပန်နိုင်ငံကိုသွားရောက်မယ့် မြန်မာလုပ်သား(၈၀)ဦးကိုပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ခွင့်နဲ့ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) ပြုလုပ်ခွင့်ပြုကြောင်း အလုပ်သမားဝန်ကြီးဌာန Safe Migration Channel မှယနေ့ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 18 February 2025
#ဂျပန် #OWIC
#YMG/SW #Yangon_Times
#Daily_News
Published 18 February 2025
၁။ ပြည်ပသို့ ရေထွက်ကုန်ငါးတန်ချိန် နှစ်သိန်းခြောက်သောင်းကျော် တင်ပို့နိုင်ထား
၂။ ကျောက်မျက်ရတနာလုပ်ငန်းအတွက် လိုင်စင်သုံးမျိုးထုတ်ပေးလျှက်ရှိ
၃။ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်အချိန်အခါမဟုတ် မိုးရွာနိုင်
၄။ ဂရင်းလန်းကျွန်းအတွက်ဈေးသတ်မှတ်ညှိနှိုင်းလိုမရနိုင်ဟု ဒိန်းမတ်ဝန်ကြီးချုပ်ပြော... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 18 February 2025
▪️ မင်္ဂလာဒုံမြို့နယ် စစ်တက္ကသိုလ်အနီးတွင်ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေ၍ကယ်ထုတ်ခဲ့ရကြောင်းသိရသည်။
▪️ ဖေဖော်ဝါရီ၁၈ ရက်နေ့၊မနက် ၆ နာရီ၄ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဂိတ်အမှတ်(၃)၊ စစ်တက္ကသိုလ်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
▪️ ထို့နောက် ယင်းဖြစ်စဉ်ကြောင့် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ကြယ်စင်မေတ္တာပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 60 of 2369