#Daily_News
Published 02 May 2026
၁။ YSX၌ စာရင်းဝင်ကုမ္ပဏီ တစ်ခုထပ်မံဝင်ရောက်ရန်ဆောင်ရွက်နေ
၂။ မြန်မာ့ပေါ်ဆန်းဆန်အား အမေရိကန်နိုင်ငံသို့ တင်ပိံရောင်းချနိုင်ရေးဆောင်ရွက်နေ
၃။ မိုးလယ်နှင့်မိုးနှောင်းကာလများအတွင်း ဧရာဝတီအပါအဝင်မြစ် ရေများ စိုးရိမ်ရေမှတ့်အထက်သို့ကျော်လွန်နိုင်
၄။ တရုတ်ပြည်၏LNGသယ်ဆောင်ရေးအကြီးမားဆုံးသင်္ဘော စင်္ကာပူသိံစတင်ထွက်ခွာ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 01 May 2026
■ လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍လစာပေးပြီး စာသင်ပေးမည့် တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများအတွက် ကျောင်းသားသစ်များခေါ်ယူနေပြီဖြစ်ကြောင်း ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က အသိပေးခေါ်ယူထားသည်။
■ အခြေခံပညာအထက်တန်းဆင့် Grade-10 Grade-11 နှင့် Grade-12 အတန်းပညာများကို သင်ကြားလေ့ကျင့်ပေးမည်ဖြစ်သဖြင့် ကျောင်းသားသစ်များအဖြစ် လျှောက်ထားနိုင်မည်ဖြစ်သည်။
■ အဆိုပါ သင်ကြားလေ့ကျင့်ပေးမည့်ကျောင်းများကို အမှတ်(၁)တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း(ရဲမွန်)၊ အမှတ်(၂)တပ်မတော်လူငယ်ပညာရေး သင်တန်းကျောင်း(နေပြည်တော်)တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး လျှောက်ထားလိုသူသည် Grade-10 သင်တန်းအတွက် Grade-9 အောင်မြင်ပြီး အသက် ၁၇ နှစ်ထက်မကြီးသူ၊ Grade-11 သင်တန်းအတွက် Grade-10 အောင်မြင်ပြီး အသက် ၁၈ နှစ်ထက်မကြီးသူ၊ Grade-12 သင်တန်းအတွက် Grade-11 အောင်မြင်ပြီး အသက် ၁၉ နှစ်ထက်မကြီးသူ ဖြစ်ရမည်ဖြစ်ကြောင်းသိရသည်။
■ အလားတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူအမျိုးသား(လူပျို)ဖြစ်ရမည်ဖြစ်သလို တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူ၊ သို့မဟုတ် ပြစ်ဒဏ်စီရင်ခြင်းခံရဖူးသူ မဖြစ်စေရဘဲ စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းအောင်မြင်ရမည်ဖြစ်ကြောင်း ကြိုတင်အသိပေးထားသည်။
■ အဆိုပါ သတ်မှတ်အရည်အချင်းနှင့် ပြည်စုံသူအနေဖြင့် တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ရောင်စုံဓာတ်ပုံ ၃ ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)၊ မိဘ/အုပ်ထိန်းသူ၏ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)၊ အိမ်ထောင်စုဝင်လူဦးရေစာရင်း(ပုံစံ-၆၆/၆)(မိတ္တူ)၊ ကျောင်းထွက်လက်မှတ်(မိတ္တူ)၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ သို့မဟုတ် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးရုံး၏ ထောက်ခံစာမူရင်း၊ မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်းထောက်ခံချက်တို့ဖြင့် လျှောက်လွှာများကို နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ မေလ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း လျှောက်ထားသူကာယကံရှင်ကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ နီးစပ်ရာတိုင်းစစ်ဌာနချုပ်များသို့ လျှောက်ထားနိုင်ကြောင်း ၊ကျောင်းသားသစ်အဖြစ်လျှောက်ထားသူကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းကြီးကြပ်ရေးနှင့် ကျောင်းသားစိစစ်ရွေးချယ်ရေးအဖွဲ့က ပဏာမရွေးချယ်ရန် အကြောင်းကြားလာပါက အထက်ဖော်ပြပါ စာရွက်စာတမ်းများမူရင်းနှင့် မိတ္တူ(၃)စောင်စီ ယူဆောင်၍ မေလ ၂၂ ရက်အရောက် မိဘ/အုပ်ထိန်းသူနှင့်အတူ သတင်းပို့ရမည်ဖြစ်ပြီး ရွေးချယ်ခံရသူများကို ဆေးစစ်ခြင်းများပြုလုပ်၍ ဆေးစစ်အောင်မြင်သူများကို ကျောင်းသားအဖြစ် အတည်ပြုရွေးချယ်သွားမည်ဖြစ်သည်။
■ အဆိုပါ တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများသို့ တက်ရောက်ခွင့်ရရှိသော ကျောင်းသားများ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးကုသမှု၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် အခြား သင်ထောက်ကူပစ္စည်းများ၊ အခြေခံပစ္စည်းများ အခမဲ့ရရှိမည့်အပြင် ပညာသင်ကြားနေစဉ်ကာလအတွင်း လစာအဖြစ် တစ်လလျှင် Grade-10 အတန်းအတွက် အခြေခံတပ်သားသစ်လစာ၏ ၃၀ ရာခိုင်နှုန်း(၄၃၂၀ဝိ/-ကျပ်)၊ Grade-11 အတန်းအတွက် အခြေခံ တပ်သားသစ်လစာ၏ ၄၀ ရာခိုင်နှုန်း(၅၇၆၀ဝိ/-ကျပ်)နှင့် Grade-12 အတန်းအတွက် အခြေခံတပ်သားသစ်လစာ၏ ၅၀ ရာခိုင်နှုန်း (၇၂၀၀ဝိ/-ကျပ်)တို့ကိုပါ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
■ ယင်းကျောင်းသားများကို အခြေခံပညာအထက်တန်းဆင့်ဘာသာရပ်များကို ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ နှစ်အလိုက် သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ပြီး နိုင်ငံတော်မှကျင်းပပြုလုပ်သည့်တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြရမည်ဖြစ်ကာ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူကျောင်းသားများသည် သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီမှုရှိပါက တပ်မတော်ဆိုင်ရာ တက္ကသိုလ်နှင့်သိပ္ပံများသို့ လျှောက်ထားခွင့်ရှိသည်ဟုလည်း ဆိုထားသည်။
■ ထိုပြင် တပ်မတော်ဆိုင်ရာတက္ကသိုလ်နှင့်သိပ္ပံများသို့တက်ရောက်ရန် သတ်မှတ် အရည်အချင်းနှင့်ကိုက်ညီမှုမရှိပါက ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေးသင်တန်းနှင့် တပ်မတော်ဆေးဘက်ဆိုင်ရာပညာ သင်ကျောင်း၌ဖွင့်လှစ်သည့် တတိယအဆင့်ဆေးလက်ထောက်သင်တန်း(အထူး)သို့ လျှောက်ထားခွင့်ရှိမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ပညာရေးဌာနစု၊ ဖုန်း-၀၃၆-၃၀၅၃၁/၀၃၆-၃၀၅၆၆ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
April 30, 2026
It has been announced that Daw Aung San Suu Kyi's remaining sentences have been commuted, allowing her to serve the remainder of her term at a designated residence.
According to a government press release issued on the evening of April 30, Daw Aung San Suu Kyi, who had been serving her sentence in Nay Pyi Taw Prison, will have her remaining sentences commuted to a designated residence in accordance with Section 541, Sub-section (1) of the Code of Criminal Procedure.
The announcement further stated that the President of the Republic of the Union of Myanmar authorized this commutation in commemoration of the Kasone Full Moon Day (Buddha Day) of the year 1388 ME, in observance of humanitarian principles, and as a gesture of the State’s goodwill and loving-kindness.
၃၀ ဧပြီ ၂၀၂၆
ဒေါ်အောင်ဆန်းစုကြည်အား ကျန်ရှိသည့်ပြစ်ဒဏ်များအား သတ်မှတ်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်းသိရသည်။
နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့်ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ် ကျင့် ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့် နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း ဧပြီ ၃၀ ရက် ညပိုင်းထုတ်ပြန် သော အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျ ရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက် ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊စေတနာထားသောအားဖြင့် လည်းကောင်းယခုကဲ့သို့ ပြောင်းလဲသတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်ဟုလည်း သတင်းတွင်ဖော်ပြထားသည်။
၂၉ ဧပြီ၊၂၀၂၆— နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး အတွင်း အသစ်တည်ဆောက်ပြီးစီးခဲ့သော မဂ္ဂါဝပ် ၄၀ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ (၂) ရုံကို ယနေ့ဧပြီ ၂၉ ရက်က တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့သည်။
အဆိုပါစက်ရုံများမှာ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် Leader Power Co., Ltd. မှ တည်ဆောက်ထားသော သာစည် ၄၀ မဂ္ဂါဝပ် စက်ရုံနှင့် မိတ္ထီလာမြို့နယ်တွင် Hanzar Solar Energy Co., Ltd. မှ တည်ဆောက်ထားသော သပြေဝ ၄၀ မဂ္ဂါဝပ် စက်ရုံတို့ဖြစ်ကြပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြီးစီးခဲ့သည့် စီမံကိန်း (၂) ခုမှ တစ်နှစ်လျှင် ကီလိုဝပ်နာရီသန်းပေါင်း ၂၀၂ သန်းအထိ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်မည်ဖြစ် ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် မကြာမီကာလတွင် ပြီးမြောက်တော့မည့် ၂၁၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက်လည်း ဝန်ကြီး ဌာနအနေဖြင့် လိုအပ်သည်များ အမြန်ဆုံးပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
လက်ရှိ နိုင်ငံအတွင်း ကြုံတွေ့နေရသည့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပြဿနာများနှင့် ပတ်သက်၍လည်း ပြည်ထောင်စုဝန်ကြီးက ပွင့်လင်းစွာ ရှင်းလင်းပြောကြားခဲ့သည်။ စီမံကိန်းများ နှောင့်နှေးကြန့်ကြာနေခြင်း၊ စက်ရုံအချို့ ဖျက်ဆီးခံရခြင်းကြောင့် ထုတ်လုပ်မှု ကျဆင်းခြင်း၊ ဝေးလံသောခရီးသို့ ဓာတ်အားပို့လွှတ်ရသဖြင့် လေလွင့်ဆုံးရှုံးမှုများပြားခြင်းနှင့် သဘာဝဘေးအန္တရာယ်အပါအဝင် လူတို့၏ ဖျက်ဆီးမှုများကြောင့် ဓာတ်အားလိုင်းကြီးများ ပျက်စီးကာ System Break Down များ မကြာခဏဖြစ်ပေါ်နေရကြောင်း သူက ထောက်ပြခဲ့သည်။
ဤကဲ့သို့ လျှပ်စစ်ဓာတ်အားစနစ်၏ အားနည်းချက်များနှင့် ဖြန့်ဖြူးမှုအပိုင်းရှိ လေလွင့် ဆုံးရှုံးမှုများကို ကုစားနိုင်ရန် ခေတ်မီနည်းပညာဖြင့် ထိန်းကျောင်းခြင်းနှင့် စီမံခန့်ခွဲမှု နည်းလမ်းများပါဝင်သော ရေတိုရေရှည် အစီအမံများကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြည်သူများအား အသိပေးကတိပြုခဲ့သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်နှင့် Asia World Co., Ltd. မှ တာဝန်ရှိသူတစ်ဦးတို့က စက်ရုံများအား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး စက်ရုံများ၏ Control Room အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် ရွှေစွမ်းအင် ကုမ္ပဏီလီမိတက်မှ အကောင်အထည်ဖော် တည်ဆောက်လျက် ရှိသော ၂၁၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းသို့ သွားရောက်ကာ တည်ဆောက်ရေးလုပ်ငန်းခွင် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ကြောင်း သတင်းရရှိသည်။
-END-
ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ထိုင်းဘတ်ငွေဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံရုံး ယာယီတာဝန်ခံက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးနဲ့တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။
#Local_News
Published 29 April 2026
#ထိုင်း #မြန်မာနိုင်ငံ
#YMG/SW #Yangon_Times
#Daily_News
Published 29 April 2026
၁။ ပြည်ပခွင့်ပြန်မြန်မာအလုပ်သမားများသက်ဆိုင်ရာမြန်မာသံရုံးမှ ထောက်ခံစာယူရမည်
၂။ နိုင်ငံသားစိစစ်ရေးကတ်နှင့် Unique ID ထုတ်ပေးရေးလုပ်ငန်းကို လမင်းစီမံချက်ဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်မည်
၃။ မြန်မာအလုပ်သမား(၂၂)ဦးရုရှားသို့စေလွှတ်
၄။ အိမ်မွေးတိရိစ္ဆာန်များခွင့်ပြုသည့်ကော်ဖီဆိုင်များ လာရောက်သူများပြား... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 51 of 2419