#Local_News
Published 17 November 2025
▪️ ဧရာဝတီတိုင်းဒေသကြီးဟိုင်းကြီးကျွန်းမြိုအနီး၌ တောဆင်ရိုင်းတစ်ကောင် ငဝန်မြစ်ဝကိုရေကူးဖြတ်သန်း၍ စီလောင်ရွာ၌ ၂ ရက်ကြာနေထိုင်ခဲ့ပြီး ငဝန်မြစ်အား အသွားအပြန်ပြုလုပ်ခဲ့ကြောင်းသိရသည်။
▪️ ဟိုင်းကြီးကျွန်းမြို့အနီးတွင် နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းက တောဆင်ရိုင်းတစ်ကောင် (၃) မိုင်ကျော်ခန့် ကျယ်သော ငဝန်မြစ်ကို ရေကူးဖြတ်သန်း၍ ဟိုင်းကြီးကျွန်းတစ်ဖက်ကမ်းရှိ ဝါးကုန်းကျေးရွာအုပ်စု စီလောင်ကျေးရွာဘက်ကမ်းသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။
▪️ အဆိုပါတောဆင်ရိုင်းသည် သစ်တောကြိုးဝိုင်းတည်ရှိရာ မြို့သစ်ကျေးရွာဘက်အခြမ်းမှ မွန်းလွဲ ၂ နာရီခန့် မြစ်အတွင်းသို့ စတင်ဆင်း၍ ရေကူးဖြတ်သန်းခဲ့ခြင်းဖြစ်ပြီး မြစ်အတွင်းသွားလာနေကြသော စက်လှေသမားများက သစ်တောကြိုးဝိုင်းဘက်ကို ပြန်လည်မောင်းထုတ်ခဲ့သော်လည်း မသွားဘဲစီလောင်ရွာဘက်သို့သာ ကူးခပ်သွားခဲ့ကာ ညနေပိုင်းတွင် စီလောင်ရွာသားပိုင် ဥယျာဉ်ခြံတစ်ခုဆီကို ကမ်းတက်လာခဲ့ပြီး အဆိုပါဥယျာဉ်ခြံအနီးဝန်းကျင်တွင် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်ကြာ နေထိုင်ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၅ ရက်တွင် ဟိုင်းကြီးကျွန်းဘက်ရှိ သစ်တောကြိုးဝိုင်းရှိရာသို့ ရေကူးပြန်သွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါတောဆင်ရိုင်းအား စီလောင်ကျေးရွာသား အများအပြားလာရောက်ကြည့်ကြသော်လည်း အန္တရာယ်မပြုဘဲ ငှက်ပျောပင်များ၊ အုန်းပင်များအား စားသောက်ကာ ပြန်သွားခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
#YMG/NN #Yangon_Times
ရန်ကုန်စတော့အိတ်ချိန်း (YSX) ရဲ့ စာရင်းဝင်အကြိုဈေးကွက်မှာ လယ်ယာဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ G.B.S အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ကို မှတ်ပုံတင်ဖို့ခွင့်ပြုလိုက်တယ်လို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ကနေ သိရပါတယ်။
#Local_News
Published 15 November 2025
#YSX #G.B.S
#YMG/NN #Yangon_Times
ဂျော်ဒန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာလုပ်သား(၁၀)ဦးကို ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် ( OWIC)ပြုလုပ်ခွင့်ပြုခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာန Safe Migration Channel က သတင်းထုတ်ပြန်ထားပါတယ်။
#Local_News
Published 15 November 2025
#ဂျော်ဒန်နိုင်ငံ #OWIC
#YMG/SW #Yangon_Times
အခုနှစ်ထောပတ်သီးရာသီချိန်အတွင်း ထိုင်းနိုင်ငံကိုတန်ချိန်(၅၀၀၀) အထိတင်ပို့ရန်လျာထားတယ်လို့ မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။
#Local_News
Published 15 November 2025
#ထောပတ်သီး #ထိုင်း
#YMG/NN #Yangon_Times
ပြည်တွင်းမှမွေးမြူရေးငါးများကို ဆော်ဒီနိုင်ငံသို့ BAP စနစ်ဖြင့်တင်ပို့နိုင်ရေးဆောင်ရွက်လျှက်ရှိတယ်လို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 15 November 2025
#ဆော်ဒီနိုင်ငံ #BAP
#YMG/SW #Yangon_Times
#Daily_News
Published 15 November 2025
၁။ BAP စနစ်ဖြင့် ဆော်ဒီနိုင်ငံသို့မွေးမြူရေးငါးများတင်ပို့နိုင်ရေးဆောင်ရွက်နေ
၂။ ထိုင်းသို့ ထောပတ်သီးတန်ချိန်(၅၀၀၀)အထိတင်ပို့ရန်လျာထား
၃။ ဂျော်ဒန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို OWIC ကတ်ပြုလုပ်ခွင့်ပြု
၄။ (၁၅)ကြိမ်မြောက်အမျိုးသားအားကစားပြိုင်ပွဲ၌အသုံးပြုနေသောနောက်ဆုံးပေါ်နည်းပညာများအား CMGထုတ်ဖော်ပြသ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 15 November 2025
▪️ မြန်မာအီလက်ထရောနစ်မဲပေးစက် ( MEVM ) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ်သတ်မှတ်ပြီးဖြစ်ကာ အရည်အသွေးကိုက်ညီမှုထောက်ခံချက်လက်မှတ်နှင့် စံချိန်စံညွှန်းအမှတ်တံဆိပ် အသုံးပြုခွင့်လိုင်စင်ရရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်လိုက်သည်။
▪️ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက် ထရောနစ်မဲပေးစက် ( MEVM ) များကို ပြည်တွင်းနည်းပညာရှင်များက ပထမဆုံးတီထွင်ထုတ်လုပ်ထားခြင်းဖြစ်သဖြင့် စက်၏အရည်အသွေးနှင့် စံချိန်စံညွှန်းကိုစစ်ဆေးပေးနိုင်ရေးတင်ပြခဲ့ရာ အမျိုးသားစံချိန်စံညွှန်းကောင်စီက မြန်မာအီလက်ထရောနစ် မဲပေးစနစ်ဆိုင်ရာ စံချိန်စံညွှန်း ရေးဆွဲရေးနည်းပညာဆပ်ကော်မတီကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်များပါဝင်သည့် အဖွဲ့ဝင် ၂၀ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ နည်းပညာဆပ်ကော်မတီအနေဖြင့် မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာစံချိန်စံညွှန်း (မူကြမ်း)ကို ရေးဆွဲတင်ပြခဲ့သဖြင့် အမျိုးသားစံချိန်စံညွှန်းကောင်စီအနေဖြင့် စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၃၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပုဒ်မ ၅ ပုဒ်မခွဲ (ခ) ပါ လုပ်ငန်းတာဝန်အရ ၂ - ၉ - ၂၀၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၀၇၅/၂၀၂၅ ဖြင့် မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
▪️ ထို့နောက် အမျိုးသားစံချိန်စံညွှန်းကောင်စီသည် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏ ထုတ်ကုန်နှင့်ထုတ်လုပ်မှုနည်းစဉ်များအား သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းရှိမရှိကို အကဲဖြတ်စစ်ဆေးခြင်းဆောင်ရွက်နိုင်ရန် အမိန့်ကြော်ငြာစာအမှတ်၊ ၀၈၃/၂၀၂၅ ဖြင့် လျှပ်စစ်၊ အီလက်ထရောနစ်နှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ အကဲဖြတ်စစ်ဆေးရေးကော်မတီကိုဖွဲ့စည်း၍ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ ယခုအခါ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ စံချိန်စံညွှန်းကို အမျိုးသားစံချိန်စံညွှန်းကောင်စီက မြန်မာစံချိန်စံညွှန်း (MMS) အဖြစ်လည်းကောင်း၊ အမျိုးသားအဆင့်အရည်အသွေးထောက်ခံချက် ထုတ်ပေးရေးဆိုင်ရာ ໑໐ (National Certification Committee NCC)မှ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)၏ အရည်အသွေးသည် စံချိန်စံညွှန်းပါ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း စိစစ်အတည်ပြုထုတ်ပေးခဲ့သည့် အရည်အသွေးကိုက်ညီမှု ထောက်ခံချက် (Certification of Conformity CoC) လက်မှတ်ကိုလည်းကောင်း၊ အမျိုးသားအဆင့် အရည်အသွေးထောက်ခံချက် ထုတ်ပေးရေးအဖွဲ့ (National Certification Body NCB)မှ ထုတ်ပေးသည့် မြန်မာစံချိန်စံညွှန်း အမှတ်တံဆိပ် (MMS Standard Mark) အသုံးပြုခွင့် လိုင်စင်ကိုလည်းကောင်း ရရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#YMG/PP #Yangon_Times
Page 47 of 2267