ရန်ကုန်၊ မတ် ၈
မြန်မာနိုင်ငံအတွင်း စက်သုံးဆီဖူလုံစွာရရှိရေးအတွက် ရန်ကုန်၊ သီလဝါဆိပ်ကမ်းသို့ စက်သုံးဆီတင် သင်္ဘောများ စဉ်ဆက်မပြတ် ဆိုက်ကပ်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ယနေ့ မတ်လ (၈) ရက်နေ့အထိ ထုတ်ပြန်ချက်အရ ဆိုက်ကပ်ဆီချနေသည့် သင်္ဘောများအပါအဝင် ရေလမ်းခရီးနှင့် ဆီတင်ရန်စောင့်ဆိုင်းနေသည့် သင်္ဘောစုစုပေါင်း (၁၄) စီးအထိ ရှိနေကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
လက်ရှိတွင် သီလဝါဆိပ်ကမ်း၌ ဆီချလုပ်ငန်းများ ဆောင်ရွက်နေသည့် သင်္ဘော (၂) စီးရှိနေပြီး မြန်မာ့ရေပြင်သို့ ဆိုက်ကပ်ရန် လမ်းခရီးတွင် ရောက်ရှိနေသော သင်္ဘော (၄) စီးလည်း ရှိနေပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထို့အပြင် ပြည်ပဆိပ်ကမ်းများတွင် ဆီတင်ဆောင်နေသည့် သင်္ဘော (၃) စီးနှင့် ဆီတင်ရန် စောင့်ဆိုင်းနေသည့် သင်္ဘော (၅) စီးတို့ရှိခြင်း ကြောင့် ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်ကို ဖူလုံအောင် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရ သည်။
သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တင်သွင်းလာသည့် စက်သုံးဆီများကို သုံးစွဲသူပြည်သူများ လက်ဝယ်သို့ အမှန်တကယ် ရောက်ရှိစေရန်နှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးမှုကွင်းဆက် မပြတ် တောက်စေရန် အနီးကပ် စိစစ်ကြပ်မတ်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။
ပြည်သူများအနေဖြင့်လည်း စက်သုံးဆီ ပြတ်လပ်မည်ကို စိုးရိမ်ပြီး ပိုမိုဝယ်ယူစုဆောင်းခြင်းများ မပြုလုပ်ရန်နှင့် လိုအပ်သလောက်ကိုသာ ခြိုးခြံချွေတာစွာ သုံးစွဲကြပါရန် စွမ်းအင်ဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။


သီလဝါဆိပ်ကမ်သို့ထပ်မံရောက်ရှိလာသော စက်သုံးဆီတင်သင်္ဘောများကိုတွေ့ရစဉ်။
အခုဘဏ္ဍာနှစ်(၁၁)လကျော်ကာလအတွင်း အမေရိကန် ဒေါ်လာသန်း ၇၉၀ တန်ဖိုးရှိ ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅ သန်းကျော် တင်ပို့ထားတယ်လို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ရဲ့စာရင်းများအရ သိရပါတယ် ။
#Local_News
Published 07 March 2025
#ဆန် #ဆန်ကွဲ
#YMG/NN #Yangon_Times
ပုဂ္ဂလိကယာဉ်တွေကို စက်သုံးဆီဝယ်ယူရောင်းချပေးမှုကို စုံ/မ အလှည့်ကျစနစ်နဲ့ မတ် ၇ ရက် ဒီကနေ့ကစတင်ပြီး ရောင်းချပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 07 March 2025
#ပုဂ္ဂလိကယာဉ် #စက်သုံးဆီ
#YMG/NN #Yangon_Times
အခုတစ်ပတ်အတွက်စက်သုံးဆီရည်ညွှန်းဈေး အားလုံးမြင့်တက်လာတယ်လို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ အခုတစ်ပတ်အတွက်ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 07 March 2025
#စက်သုံးဆီ
#YMG/NN #Yangon_Times
တနင်္သာရီတိုင်းအပါအဝင်ဒေသအချို့မှာ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 07 March 2025
#တနင်္သာရီတိုင်း #မိုးရွာသွန်း
#YMG/NN #Yangon_Times
#Daily_News
Published 07 March 2025
၁။ ပုဂ္ဂလိကယာဉ်များကို စုံ/မ စနစ်ဖြင့် စက်သုံးဆီများစတင်ရောင်းချပေး
၂။ စက်သုံးဆီ ဈေးအားလုံးမြင့်တက်
၃။ တနင်္သာရီတိုင်းအပါအဝင်ဒေသအချို့၌ မိုးရွာသွန်းနိုင်
၄။ အီရန်အပေါ်အမေရိကန်တိုက်ခိုက်မှုများကို လော့စ်အိန်ဂျလိစ်၌ဆန္ဒပြကန့်ကွက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
တိုကျို၊မတ် ၆၊၂၀၂၆- လိုင်စင်မရှိဘဲ အလှပြင်ခွဲစိတ်မှုတွေ လုပ်ပေးနေတဲ့ မြန်မာဆရာဝန်တစ်ဦးအပါအဝင် မြန်မာ နှစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ မတ်လ ၆ရက်နေ့မှာ အင်န်အိတ်ချ်ကေ သတင်းက ဖော်ပြပါတယ်။ သူတို့က လိုင်စင်မရှိဘဲ အလှပြင် ခွဲစိတ်မှုတွေ လုပ်ပေးနေတယ်လို့ သံသယရှိလို့ဖမ်းဆီးလိုက်တာလို့ဆိုပါတယ်။
တိုကျိုရဲတပ်ဖွဲ့ရဲ့ အဆိုအရတော့ ဒီအမျိုးသားနှစ်ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ မေလကနေ ဒီနှစ် ဖေဖော် ဝါရီလအထိ တိုကျိုမြို့ထဲက အိမ်တစ်လုံးနဲ့ အဆောက်အအုံတစ်ခုမှာ ဆေးကုသခွင့်ဥပဒေကို ချိုးဖောက် ပြီး လုပ်ကိုင်နေခဲ့ကြတာလို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ အသက် ၄၁ နှစ်အရွယ် မျက်နှာခွဲစိတ်အလှုပြုပြင်ဆရာဝန် ဒေါက်တာ ကြည်ချမ်းကို နဲ့ အသက် ၃၀ အရွယ် ကိုစိုးဝင်းနိုင် တို့ဖြစ်ပါတယ်။ သူတို့ဟာ အသက် ၃၀ ဝန်းကျင် မြန်မာ အမျိုးသမီး သုံးယောက်ကို မျက်ရစ် ဖော်ဖို့ဆိုပြီး မျက်ခွံခွဲစိတ်မှုတွေ လုပ်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရ တာပါ။ ဒါ့အပြင် သူတို့နှစ်ယောက်က လူနာတွေကို ဆေးထိုးပေးတာတွေပါ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စ ဘယ်လိုပေါ်ပေါက်လာသလဲ ဆိုတော့ အဲဒီအမျိုးသမီးတွေက ခွဲစိတ်ပြီးကတည်းက မျက်လုံးဖွင့် ရတာ အဆင်မပြေတော့ဘူးဆိုပြီး ပြီးခဲ့တဲ့နှစ် ဇွန်လမှာ တိုကျိုရဲတပ်ဖွဲ့ကို သွားရောက် တိုင်ကြား ခဲ့ရာ ကနေ စသိခဲ့ရတာပါ။

သံသယရှိသူတွေဟာ ဆိုရှယ်မီဒီယာတွေမှာ ကြော်ငြာပြီး ဖောက်သည်ရှာခဲ့ပုံရပါတယ်။ အဲဒီအမျိုးသမီး သုံးယောက်က သူတို့အနေနဲ့ ဒေါ်လာ ၇၆၀ ကနေ ၁,၂၀၀ ကြားလောက် ပေးခဲ့ရတယ်လို့ ရဲတွေကို ပြောပြခဲ့ပါတယ်။ အခုတော့ သူတို့မျက်လုံးအောက်မှာ အနီရင့်ရောင် အမာရွတ်တွေ ကျန်နေခဲ့တဲ့အပြင် တခြားပြဿနာတွေပါ ကြုံနေရတဲ့အတွက် ဒီခွဲစိတ်မှုလုပ်ခဲ့မိတာကို အရမ်းနောင်တရနေကြပါတယ်။
ရဲတွေဘက်ကတော့ ဒီခွဲစိတ်မှုတွေမှာ တခြား ကူညီပေးတဲ့သူတွေလည်း ရှိဦးမယ်လို့ ထင်ထား ကြပါတယ်။ ပြီးတော့ သူတို့အနေနဲ့ တခြားဖောက်သည်တွေကိုလည်း အခုလို တရားမဝင် ခွဲစိတ်မှုတွေ ထပ်လုပ်ပေးခဲ့တာမျိုး ရှိနိုင်တယ်လို့ ယူဆနေပါတယ်။ စုံစမ်းစစ်ဆေးရေးမှူးတွေကို ကိုစိုးဝင်းနိုင်ကတော့ သူဟာ ခွဲစိတ်မှုတွေမှာ ဘေးကနေ ကူညီပေးရုံပဲ ကူညီခဲ့တာပါလို့ ထွက်ဆိုထားပါတယ်။ ဒါပေမဲ့ ခွဲစိတ်မှု တွေကို ကိုယ်တိုင်လုပ်ခဲ့တယ်လို့ သံသယရှိခံထားရတဲ့ ကိုကြည်ချမ်းကိုကတော့ ဒီစွပ်စွဲချက်တွေကို ငြင်း ဆိုထားပါတယ်။ သူကတော့ ဘယ်လို ဆေးဘက်ဆိုင်ရာ ကုသမှုကိုမှ လုပ်ခဲ့တာမရှိပါဘူးလို့ ပြောဆိုထား တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
Source NHK
Page 47 of 2369