မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံဖြိုး တိုးတက် ရေးကိုအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ခေတ်မီဖွံဖြိုးတိုးတက်လာတဲ့ နည်းပညာရပ်များ ကိုအသုံးပြုပြီးပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာရေး၊ ဝန်ဆောင်မှု ကောင်းများပေးနိုင်ရေး၊ခရီးသွားများသွားလာလည်ပတ်ရာမှာ အဆင်ပြေချောမွေ့စေရေးတို့အတွက် ရည်ရွယ်ကာMyanmar Tourism Call Center စတင်လိုက်ကြောင်းဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 13 March 2026
#Myanmar_Tourism_Call_Center
#YMG/SW #Yangon_Times
တစ်ပိသာကို ကျပ် ၆၀၀၀ခန့်အထိကျဆင်းခဲ့တဲ့ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတွေဟာ ဖေဖော်ဝါရီလကုန်ပိုင်းကစတင် မြင့်တက်လာခဲ့ပြီး ယခုတစ်ပတ်အတွက် ထုတ်ပြန်တဲ့ဈေးနှုန်းဟာတစ်ပိဿာကို ကျပ် ၆၅၇၅ အထိရောက်ရှိလာခဲ့ပါတယ်။
#Local_News
Published 13 March 2026
#စားအုန်းဆီ #
#YMG/SW #Yangon_Times
ဒေသအများစုမှာ အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်ပြီး ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတိုမှာ မိုးလေကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့မနက်ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 13 March 2026
#ကချင်_စစ်ကိုင်း #မိုးရွာသွန်း
#YMG/NN #Yangon_Times
စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၃၀၀ ကနေ ၆၀၀ကျပ် ကျော်အတွင်း မြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ အခုတစ်ပတ်အတွက်ထုတ်
ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 13 March 2026
#စက်သုံးဆီ
#YMG/NN #Yangon_Times
#Daily_News
Published 13 March 2026
၁။ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာရေးMyanmar Tourism Call Center စတင်
၂။ ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမြင့်တက်
၃။ ဒေသအများစု၌အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ပြီး ကချင်နှင့်စစ်ကိုင်း၌ မိုးလေကြီးနိုင်
၄။ လွန်ခဲ့သောနှစ်သန်းပေါင်း(၄၀၀)ကျော်က အရေးပါသောငါးရုပ်ကြွင်းနှစ်ခုတရုတ်၌တွေ့ရှိ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 13 March 2026
■ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်သည့် “ဒေသတွင်း ဒီဂျစ်တယ်နည်းပညာနှီးနှောဖလှယ်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယမာန်နေ့ မနက်ပိုင်းက နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပခဲ့ကြောင်းသိရသည်။
■ ထိုသို့ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာပညာရှင်များနှင့် တာဝန်ရှိသူများတက်ရောက်သည်။
■ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့ကမ္ဘာကြီးတွင် ဒစ်ဂျစ်တယ်နည်းပညာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ အဓိက အားဖြင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရဌာနများ၏ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုအောင်မြင်အောင်ဆောင်ရွက်ရာတွင် ဒစ်ဂျစ်တယ်နည်းပညာက မရှိမဖြစ်လိုအပ်ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းများ ရှင်သန်ကြီးထွားလာစေရန်နှင့် အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင် စေရန်အတွက် “စိုက်ပျိုးရေးအခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ပေးခြင်းစီမံကိန်း”၊ “MSMEs လုပ်ငန်းများမြှင့်တင်ရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့် အငယ်စားစက်မှုလုပ်ငန်းများ၏ ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှုမြှင့်တင်ခြင်းစီမံကိန်း” တို့ကို စီမံကိန်းကာလနှစ်နှစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် “ဒေသတွင်း ဒစ်ဂျစ်တယ်နည်းပညာနှီးနှောဖလှယ်ပွဲ” သည် အသေးစားနှင့် အငယ်စားစက်မှုလုပ်ငန်းများကို ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှု မြှင့်တင်ခြင်းစီမံကိန်းအရ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်း၏ အဓိကလုပ်ငန်းစဉ်များတွင် အသေးစားစက်မှုလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ လုပ်ငန်းမှတ်ပုံတင်နိုင်ရန်အတွက် အွန်လိုင်းမှတ်ပုံတင်ပလက်ဖောင်းတစ်ခုတည်ထောင်ခြင်းနှင့် အသေးစားစက်မှု ထုတ်ကုန်များအတွက် ဒစ်ဂျစ်တယ်စျေးကွက် (e-commerce) ပလက်ဖောင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်းများပါဝင်ပါကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာသည် စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးအတွက်လိုအပ်သည့် ပညာရပ်တစ်ခုဖြစ်ပြီး မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ အလားတူ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အသေးစားကုန်ထုတ်လုပ်ငန်းရှင်များကလည်း ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုပြီး လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရန်နှင့် ယခု နည်းပညာနှီးနှောဖလှယ်ပွဲမှရရှိလာသော အသိပညာဗဟုသုတများကို လက်တွေ့လုပ်ငန်းခွင်နယ်ပယ်၌ ပြန်လည်အသုံးပြုသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကိုစဉ်ဆက်မပြတ်ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
■ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက အမှာစကားပြောကြားကြပြီး မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု Video Clip ကို ကြည့်ရှုအားပေးကြသည်။
■ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ UMFCCI မှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံမှပညာရှင်များက MSME လုပ်ငန်းများ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် အဓိကဆောင်ရွက်နေမှုများ၊ အခွင့်အလမ်းများ၊ စိန်ခေါ်မှု များနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍတွင် လက်တွေ့အောင်မြင်နေသည့် လုပ်ငန်းများအကြောင်းကို မျှဝေဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
အခုဘဏ္ဍာနှစ်ကုန်မတိုင်မီဆန်ပြည်ပတင်ပို့မှုများကို တိုးမြှင့်တင်ပို့နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 12 March 2026
#ဆန်
#YMG/NN #Yangon_Times
Page 43 of 2368