#Local_News
Published 19 March 2026
■ တရုတ်နိုင်ငံမှခရီးသွားဧည့်သည်များပိုမိုလာရောက်လည်ပတ်ရန်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ မြန်မာ့ခရီးသွားလုပ်ငန်းမိတ်ဆက်ပွဲ Road Show အစီအစဉ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တက်ဟုန်းပြည်နယ်ခွဲ၊ မန်စီမြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
■ တရုတ်ခရီးသွားဈေးကွက်မြှင့်တင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြန်မာ့ခရီးသွားလုပ်ငန်းမိတ်ဆက်ပွဲ Road Show အစီအစဉ်ကို မြန်မာ့ခရီးသွားလုပ်ငန်းမိတ်ဆက်ပွဲ Road Show အစီအစဉ်ကို တက်ဟုန်းပြည်နယ်ခွဲပြည်သူ့အစိုးရ၏ဖိတ်ကြားချက်ဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တက်ဟုန်းပြည်နယ်ခွဲ၊ မန်စီမြို့၌ မတ်လ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
■ အဆိုပါ မြန်မာ့ခရီးသွားလုပ်ငန်းမိတ်ဆက်ပွဲအခမ်းအနားသို့ တက်ဟုန်းပြည်နယ်ခွဲပြည်သူ့ အစိုးရမှတာဝန်ရှိသူများ၊ရွှေလီနှင့် တက်ဟုန်းပြည်နယ်ခွဲမှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ခရီးသွားကုမ္ပဏီများ၊ မီဒီယာများနှင့် တက်ဟုန်းပြည်နယ်ခွဲနှင့် မန်စီရှိ လူမှုကွန်ရက်များတွင် ထင်ရှားသည့် Influencer များ စုစုပေါင်း (၁၀၀) ဦးခန့် ပါဝင်တက် ရောက်ခဲ့ကြသည်။
■ အခမ်းအနားတွင် တက်ဟုန်းပြည်နယ်ခွဲပြည်သူ့အစိုးရဒုတိယအုပ်ချုပ်ရေးမှူးနှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က အမှာစကားများအသီးသီးပြောကြားခြင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းကိုယ်စား လှယ်တစ်ဦးက မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းအခြေအနေနှင့် ထင်ရှားသည့်ခရီးစဉ်ဒေသများအကြောင်းမိတ်ဆက်ပြောကြားခြင်း၊ မြန်မာနိုင်ငံအကြောင်းရိုက်ကူးထားသည့် ခရီးသွားမြှင့်တင်ရေး ဗီဒီယိုများပြသခြင်း၊မြန်မာ့ရိုးရာအကများဖြင့်ကပြဖျော်ဖြေခြင်း၊ တက်ဟုန်းပြည်နယ်ခွဲ၊ ခရီးသွား လုပ်ငန်းဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦးက တက်ဟုန်းပြည်နယ်ခွဲရှိ ခရီးစဉ်ဒေသများအကြောင်းမိတ်ဆက်ပြောကြားခြင်းနှင့် ယဉ်ကျေးမှုအကများဖြင့်ဖျော်ဖြေခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
■ ၎င်းနောက်အခမ်းအနားသို့ တက်ရောက်လာကြသည့်နှစ်နိုင်ငံမှ ခရီးသွားကုမ္ပဏီများအချင်းချင်း သတင်းအချက်အလက်ဖလှယ်ခြင်းများကိုဆောင်ရွက်ခဲ့ကြပြီး
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း မန်စီမြို့နှင့် အနီးတဝိုက်ရှိ ခရီးသွားဆွဲ ဆောင်ရာနေရာများနှင့်ခရီးသွားမြှင့်တင်ရေးအတွက်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဒေသ ထွက်အမှတ်တရပစ္စည်းများထုတ်လုပ်ရောင်းချသည့် နေရာများသို့ သွားရောက်လေ့လာကာ မြန်မာ နိုင်ငံနှင့် တရုတ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံမှထွက်ရှိ သည့်ဒေသထွက်အစားအစာများ၊ အမှတ်တရလက်ဆောင်ပစ္စည်းများကို မန်စီရှိ ဒေသထွက်အမှတ် တရ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွင် တင်ပြရောင်းချနိုင်ရေး ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 18 March 2026
၁။ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ၉၄ ဒသမ ၇၄ ရာခိုင်နှုန်းအထိဝင်ရောက်ဖြေဆို
၂။ လာမည့်ဘဏ္ဍာနှစ်တွင် အိမ်ခြံမြေအခွန်နှုန်းထားများကို ယခင်နှုန်းအတိုင်းသာကောက်ခံမည်
၃။ နိုင်ငံကူးလက်မှတ်အတုပြုလုပ်ပါက ထောင်ဒဏ်ငါးနှစ်နှင့်ငွေဒဏ်များချမှတ်နိုင်
၄။ (၂၀၂၆)ကမ္ဘာ့လုံးဆိုင်ရာအိမ်အသုံးအဆောင်နှင့်လျှပ်စစ်ပစ္စည်းပြပွဲကြီး ရှန်ဟိုင်း၌ဖွင့်လှစ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ၉၄ ဒသမ ၇၄ ရာခိုင်နှုန်းအထိဝင်ရောက်ဖြေဆိုခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနကနေသိရပါတယ်။
#Local_News
Published 18 March 2026
#တက္ကသိုလ်ဝင်စာမေးပွဲ
#YMG/NN #Yangon_Times
လာမယ့် ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်မှာလည်း အိမ်ခြံမြေ ရောင်းဝယ်ရာမှာ ပေးဆောင်ရတဲ့ ဝင်ငွေခွန်နှုန်းထားတွေ ပြောင်းလဲခြင်းမရှိဘဲ ယခင်နှုန်းထားအတိုင်းသာ ကောက်ခံသွားမယ်လို့ မတ်လ ၁၅ရက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ၂၀၂၆ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ ဖော်ပြထားချက်အရသိရပါတယ်။
#Local_News
Published 18 March 2026
# အိမ်ခြံမြေ #အခွန်အကောက်ဥပဒေ
#YMG/SW #Yangon_Times
မြန်မာနိုင်ငံကူးလက်မှတ်ကို အတုပြုလုပ်ပါက ထောင်ဒဏ်ငါးနှစ်နဲ့ ငွေဒဏ်များချမှတ်နိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက မတ် ၁၇ ရက်မှာ ပြဋ္ဌာန်းလိုက်ပါတယ်။
#Local_News
Published 18 March 2026
#နိုင်ငံကူးလက်မှတ်အတု #မြန်မာနိုင်ငံကူးလက်မှတ်
#YMG/SW #Yangon_Times
ပြည်တွင်းသို့ အိန္ဒိယနိုင်ငံမှ အရည်အသွေးမြင့်ဝါမျိုးစေ့များ တင်သွင်းမယ်လိံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှသိရပါတယ်။
#Local_News
Published 18 March 2026
#အိန္ဒိယ #ဝါမျိုးစေ့
#YMG/SW #Yangon_Times
#Local_News
Published 18 March 2026
▪️ ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ချက်အရရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည် အသွေးမှာ ကောင်းမွန်လျှက်ရှိကြောင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ယနေ့အသိပေးထုတ်ပြန်ထားသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့အတွင်း တိုင်းတာမှတ်(၃)နေရာဖြစ်သော ဗိုလ်တထောင်မြို့နယ်၊လှိုင်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင် Ambient Air Quality Monitoring Station with Mobile Car-(AQMS Mobile Car)၊ Compact Air Quality Monitoring Station- (AQM 65) စက်များကိုအသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10)၊ Sulphur Dioxide (SO2)၊ Nitrogen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter (၆)မျိုးကို ၂၄ နာရီ ပုံမှန် တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိေကြာင်း သိရသည်။
▪️ ထိုသို့တိုင်းတာရာတွင် လေထုအရည်အသွေးညွှန်းကိန်းမှာ ၀-၅၀ကြားတိုင်းတာရရှိသောကြောင့် လေထုအရည်အသွေးကောင်းမွန်သောအဆင့်ရှိကြောင်း သိရသည်။
▪️ အဆိုပါ လေထုအရည်အသွေးညွှန်းကိန်းမှာလေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှုအခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှု၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာသည့်နေရာ အနီးဝန်းကျင်အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ကြောင်း လည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#YMG/SW #Yangon_Times
Page 39 of 2368