◾️ဝါရှင်တန်၊ နိုဝင်ဘာ ၂၄ (ရိုက်တာ) - အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံ သားများအတွက် ယာယီတရားဝင်နေထိုင်ခွင့်အဆင့်အတန်းကို ထရမ့်အစိုးရအဖွဲ့က ရပ်စဲတော့မည် ဖြစ် ကြောင်း အမေရိကန်ပြည်ထောင်စု ပြည်တွင်းလုံခြုံရေးဌာနက တနင်္လာနေ့တွင် ထုတ်ပြန်သည့် အသိပေး ကြေညာချက်တစ်ရပ်၌ ပြောကြားခဲ့သည်။
◾️မြန်မာနိုင်ငံအတွက် ယာယီအကာအကွယ်ပေးထားသည့် အဆင့်အတန်း (TPS) သတ်မှတ်ချက်မှာ အင်္ဂါ နေ့တွင် သက်တမ်းကုန်ဆုံးမည့်အနေအထားတွင်ရှိနေသည်။
◾️"နိုင်ငံတွင်းအခြေအနေများကို ပြန်လည်သုံးသပ်ပြီး သင့်လျော်သည့် အမေရိကန်အစိုးရ အေဂျင်စီ များနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် မြန်မာနိုင်ငံ သည် ယာယီအကာအကွယ်ပေးထားသည့် အဆင့် အတန်း (TPS) သတ်မှတ်ချက်အတွက် လိုအပ်သော အခြေအနေများနှင့် ကိုက်ညီမှု မရှိတော့ကြောင်း (ပြည်တွင်း လုံခြုံရေး) ဝန်ကြီးက ဆုံးဖြတ်လိုက်သည်" ဟု ဖက်ဒရယ်အစိုးရပြန်တမ်းတွင် ဖော်ပြထား သည့် အသိပေး ကြေညာချက်၌ ဖော်ပြပါရှိသည်။
◾️ယင်းရပ်စဲမှုသည် ရက်ပေါင်း ၆၀ အတွင်း အသက်ဝင်မည်ဖြစ်ကြောင်းလည်း ထိုကြေညာချက်တွင် ထပ်လောင်းဖော်ပြထားသည်။
◾️လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၌ TPS အဆင့်အတန်းဖြင့် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါးရှိကြောင်း ပြည်တွင်းလုံခြုံရေးဌာနက ခန့်မှန်းထားသည်။
◾️မြန်မာနိုင်ငံအတွက် TPS အဆင့်အတန်းကို ထရမ့်မတိုင်မီ တာဝန်ထမ်းဆောင်ခဲ့သူ ဒီမိုကရက် တစ်ပါတီ ဂျိုးဘိုင်ဒင်၏ အစိုးရလက်ထက် ၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့မှ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ၁၈ လကြာ သက်တမ်းတိုးပေးခဲ့ခြင်းဖြစ်သည်။
◾️ရီပတ်ဘလစ်ကန်တစ်ဦးဖြစ်သူ ထရမ့်သည် ဇန်နဝါရီလတွင် ရာထူးစတင်ရယူချိန်မှစ၍ ယင်း၏ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ တင်းကျပ်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံအများအပြားမှ နိုင်ငံသား များ အတွက် TPS အစီအစဉ်များကို ရုပ်သိမ်းခဲ့သည်။
Source Reuters
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ Rice Export Zone ဧကတစ်သိန်း အကောင်အထည်ဖော်ရန် စီစဉ်နေတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲထံမှ သိရပါတယ်။
#Local_News
Published 24 November 2025
#Rice_Export_Zone #ဧရာဝတီတိုင်းဒေသကြီး
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ် ခုနှစ်လတာကာလအတွင်း အမေရိကန်ဒေါ်လာ သန်း၂၀၀ကျော်တန်ဖိုးရှိ ငါးမက်ထရစ်တန်ချိန် ၁၆၀,၀၀၀ ကျော် တင်ပို့ထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကသိရပါတယ်။
#Local_News
Published 24 November 2025
#ငါးတန်ချိန် #အမေရိကန်ဒေါ်လာ
#YMG/NN #Yangon_Times
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးမှုအစီအစဉ်ဖြင့် အချိန်ပိုင်းအနုပညာဒီပလိုမာနဲ့ အသိအမှတ်ပြုအနုပညာအောင်လက်မှတ်ရ သင်တန်းတွေကို ဖွင့်လှစ်ပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 24 November 2025
#အနုပညာဒီပလိုမာ #သင်တန်း
#YMG/SW #Yangon_Times
#Local_News
=Published 24 November 2025
▪️ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်တွင် မီနီဘတ်စ် တစ်စီး ဘရိတ်ပေါက်အရှိန်လွန်၍ ဘေးတွဲသုံးစီးအပါအဝင် ယာဉ် ၆ စီး ဆင့်တိုက်မှုဖြစ် ပွားပြီး တစ်နှစ်သားကလေးငယ် နှင့် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးပွဲချင်းပြီး ေ-သဆုံးကာ ၂ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
▪️ ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၄ ရက် နံနက် ၉ နာရီကျော်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အလယ်ရွာမှတ်တိုင်အနီးတွင် ကျောင်းကြို၊ပို့ ယာဉ်တံဆိပ်ပါ မီနီဘတ်စ်တစ်စီး ဘရိတ်ပေါက်အရှိန်လွန်၍ ဘေးတွဲသုံးစီးအပါအဝင် ယာဉ် ၆ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ကျောင်းကြိုပို့ယာဉ်မှာ ဘရိတ်ပေါက်ပြီး ရှေ့တွင် မောင်းနှင်နေသည့် ဘေးတွဲဆိုင်ကယ် ကယ်ရီ ၃ စီးကို ဆင့်ကဲတိုက်မိခဲ့ရာ ကယ်ရီမှာဆန့်ကျင်ဘက် ယာဉ်ကြောဘက်ထိ လွင့်စင်ရောက်ရှိသွားစဉ် တစ်ဖက်လမ်းကြောမှ မောင်းနှင်လာသော ကုန်တင်ကားကြီးအောက်သို့ လွင့်စင်သွားသည့် ကယ်ရီ၏ယာဉ်မောင်းမှာ ကုန်ကားအောက် ရောက်ရှိသွားကာ အခင်းဖြစ်နေရာ၌ပင်ပွဲချင်းပြီး ေ-သဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့အတူ ကလေးနေမကောင်း၍ ဆေးခန်းပြပြီး ပြန်လာသည့်သားအမိ စီးနင်းလာသော ကယ်ရီကို အဆိုပါဘရိတ်ပေါက်ကျောင်း ကြို ပို့ယာဉ်က နောက်ထပ် တိုက်မိခဲ့သည့် အတွက် မိခင်နှင့် ကလေး ကယ်ရီပေါ်က ပြုတ်ကျခဲ့ကြောင်း၊ ပြုတ်ကျသည့်အရှိန်ဖြင့် ကလေးမှာလွင့်စင်သွားခဲ့ပြီး နောက်မှ မောင်းနှင်လာသည့် Light truck ယာဉ်က တိုက်ကြိတ်မိရာမှ ဦးခေါင်းပွင့်ထွက် လျက် နေရာ၌ပင် ေ-သဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
▪️ သက်ဆိုင်ရာက အခင်းဖြစ်နေရာမှ ထိခိုက်ဒဏ်ရာရရှိသူများ၊သေဆုံးသူများကို လှိုင်သာယာဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်စဉ်အတွင်း မောင်းနှင်ထွက်ပြေးသည့် ကားများရှိနေသောကြောင့် သက်ဆိုင်ရာကစုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
ရန်ကုန်တိုင်းအတွင်းမှာ ငွေကျပ်သန်းပေါင်းတစ်သောင်းနီးပါးပမာဏရှိ ဟိုတယ်လုပ်ငန်းများ အတည်ပြုထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီက သိရပါတယ်။
#Local_News
Published 24 November 2025
#ဟိုတယ် #ရန်ကုန်တိုင်းဒေသကြီး
#YMG/NN #Yangon_Times
#Daily_News
Published 24 November 2025
၁။ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင်အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်မည်
၂။ ကန်ဒေါ်လာသန်း၂၀၀ကျော် တန်ဖိုးရှိ ငါးတန်ချိန်တစ်သိန်းခွဲကျော် တင်ပို့ထား
၃။ ဧရာဝတီတိုင်းဒေသကြီးအတွင်း Rice Export Zone ဧကတစ်သိန်း အကောင်အထည်ဖော်မည်
၄။ ဒူဘိုင်း၌နောက်ဆုံးပေါ်လေကြောင်းသွားလာရေးယာဉ်ပျံများပြပွဲကျင်းပ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 38 of 2266