#Local_News
Published 18 May 2026
■ Myanmar Airways International သည် မေလ ၁၈ ရက်မှ ၂၂ ရက်အထိလေယာဉ်အချိန်ပြောင်းလဲမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
■ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကြောင့် MAI သည် ၂၀၂၆ မေလ ၁၈ ရက်မှ ၂၀ ရက်အထိနှင့် ၂၂ ရက်နေ့တွင် ပြေးဆွဲမည့် လေယာဉ်ခရီးစဉ်အချို့၏ အချိန်ဇယားကို ပြောင်းလဲသတ်မှတ်မည်ဖြစ်သည်။
■ ရန်ကုန်-ဒွန်မောင်း-ရန်ကုန်၊ ရန်ကုန်-ဒေလီ-ရန်ကုန်၊ ရန်ကုန်-Gusngzhou-ရန်ကုန်၊ ဒွန်မောင်း-မန္တလေး-ဒွန်မောင်း၊ ရန်ကုန်-ချင်းမိုင်-ရန်ကုန်၊ ရန်ကုန်-ဟိုချီမင်း- ရန်ကုန်၊ ရန်ကုန်-Phnom Penh-ရန်ကုန်၊ ရန်ကုန်-ကွာလာလမ်ပူ-ရန်ကုန် ခရီးစဥ်များကို MAI ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာလိုအပ်ချက်အရ ပျံသန်းပြေးဆွဲချိန်ပြောင်းလဲခဲ့ရခြင်းဖြစ်သည်ဟု အသိပေးခဲ့သည်။
■ ထို့ကြောင့် ခရီးသည်များအနေဖြင့် ပြင်ဆင်ထားသော လေယာဉ်ခရီးစဉ်အချိန်ဇယားကို စစ်ဆေးပေးကြပါရန်နှင့် လေဆိပ်သွားလာရေး၊ ဆက်လက်ခရီးစဉ်များအတွက် လိုအပ်သောအစီအစဉ်များကို ကြိုတင်ပြုလုပ်ထားကြပါရန် မေတ္တာရပ်ခံထားသည်။
■ ထို့အပြင် အကူအညီလိုအပ်သူများအနေဖြင့် MAI ၏ ခရီးသည်ဝန်ဆောင်မှုစင်တာဖုန်း 9787 (သို့) +959 880 443 787 ၊ MAI လူမှုကွန်ယက်စာမျက်နှာများ၏ Messenger, Instagram, Viber, LINE, Telegram နှင့် ဝဘ်ဆိုက်များ၊ လက်မှတ်ဝယ်ယူခဲ့သည့် သက်ဆိုင်ရာခရီးသွားကိုယ်စားလှယ်ရုံးများသို့ ဆက်သွယ်နိုင်ကာ ပျံသန်းပြေးဆွဲချိန်ပြောင်းလဲမှုကြောင့် လိုက်ပါစီးနင်းမည့်သူများ စိတ်အနှောင့်အယှက်ဖြစ်ရခြင်းကို လှိုက်လှိုက်လှဲလှဲတောင်းပန်ကြောင်းလည်း MAI ကအသိပေးထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 18 May 2026
■ ကျောက်သဲကျင်းပြိုကျမှုကြောင့် အမျိုးသား၂ဦး ေ-သဆုံးမှု ရွာငံမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
■ ဖြစ်စဉ်မှာ ၁၇.၅.၂၀၂၆ ရက်နေ့ ၊ နံနက်၁၁ နာရီ၃၀မိနစ် အချိန်၊ ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ယကြီးကျေးရွာအနီးရှိ ကျောက်သဲကျင်းပြိုကျမှုဖြစ်ပွားပြီး ကျောက်သဲတူးနေသူ အမျိုးသား(၃)ဦး ပိမိနေကြောင်း သတင်းရရှိသဖြင့် ရွာငံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
■ အဆိုပါဖြစ်စဉ်ကြောင့် ကျား(၂)ဦး( ေ-သဆုံး)တို့အား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ပိုင်ယာဉ်ဖြင့် မြိုင်ကျေးရွာတိုက်နယ်ဆေးရုံနှင့် ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား ယကြီးဘုန်းကြီးကျောင်းပိုင်ယာဉ်ဖြင့် ပင်းတယပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 18 May 2026
■ ယနေ့ မေလ ၁၈ရက် နံနက်ပိုင်းကရန်ကုန်မြို့အနီးပမာဏ ၅.၂(M) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
■ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မေလ ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈) နာရီ၊ (၃၅) မိနစ်၊ (၂၆) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၂၇) မိုင်ခန့်ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (ကျောက်တန်းမြို့နယ်၏ တောင်ဘက် (၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၅၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၄) ဒီဂရီ၊ အနက် (၄၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၅.၂(M) အဆင့်ရှိ အင်အားအတင့်အသင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ကို တိုင်းထွာရရှိကြောင်း သိရသည်။
■ အဆိုပါ ငလျင်လှုပ်ခတ်မှုအား ရန်ကုန်မြို့နေပြည်သူများသိသိသာသာသိရှိခံစားခဲ့ရကြောင်း သိရသည်။
#YMG/SW #Yangon_Times
ယခုမေလဆန်းပိုင်းမှစ၍ ကြက်သွန်ဖြူဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာတယ်လို့ဘုရင့်နောင်ကုန်စည်ဒိုင်မှသိရပါတယ်။
#Local_News
Published 17 May 2026
# ကြက်သွန်ဖြူ
#YMG/SW #Yangon_Times
#Daily_News
Published 16 May 2026
၁။ အိုလံပစ်နေ့အထိမ်းအမှတ် နိုင်ငံတကာမြင်းစီးအားကစားပြိုင်ပွဲ ကျင်းပမည်
၂။ ပြည်သူ့အတွက်ရက်(၁၀၀)စီမံချက်တွင် ပျားရည်ပေါင်(၁၀၀၀)ကိုထုတ်လုပ်ပေးသွားမည်
၃။ ပဲတီစိမ်းစိုက်ဧက(၁,၀၀၀)ခန့်ကို မြန်မာGAP အသိအမှတ်ပြုလက်မှတ်များပေးအပ်
၄။ အီရန်ခေါင်းဆောင်ကြီးနှင့်အချိန်ကြာမြင့်စွာဆွေးနွေးပြောဆိုခဲ့သည်ဟု အီရန်သမ္မတပြော... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၀၂၆ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် နိုင်ငံတကာမြင်းစီးအားကစားပြိုင်ပွဲ ကို လာမယ့် ဇွန်လအတွင်း ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ကသိရပါတယ်။
#Local_News
Published 16 May 2026
#အိုလံပစ်နေ့ #မြင်းစီးအားကစားပြိုင်ပွဲ
#YMG/NN #Yangon_Times
ကရင်ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေနဲ့ ပြည်သူ့အတွက်ရက်(၁၀၀)စီမံချက်တွင် မိတ်အောင် ပျားဘုရင်မ(၁၀၀)ကောင်၊ ပျားရည်(၁၀၀၀)ပေါင်ကိုထုတ်လုပ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
#Local_News
Published 16 May 2026
#ပျားရည်
#YMG/SW #Yangon_Times
Page 37 of 2418