နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများ တတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေကို အောက်တိုဘာလ(၂၆)ရက် နေ့စွဲနဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်လိုက်ရာ အဆိုပါပြင်ဆင်သည့် နည်းဥပဒေမှာ နိုင်ငံရေးပါတီများအတွက် ရွေးကောက်ပွဲအသုံးစရိတ်များ တိုးမြင့် ပြင်ဆင်သတ်မှတ်ပေးခြင်းဖြစ်တယ်လို့သိရပါတယ်။
#Local_News
Published 27 October 2025
#နိုင်ငံရေးပါတီ #ရွေးကောက်ပွဲ
#YMG/SW #Yangon_Times
ယခုနှစ်ထောပတ်သီးရာသီမှာ အေးခဲထောပတ်သီး တန် ၂၀၀ ခန့် အိန္ဒိယနိုင်ငံသို့ တင်ပို့သွားဖို့စီစဉ်နေတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။
#Local_News
Published 27 October 2025
#ထောပတ်သီး #အိန္ဒိယနိုင်ငံ
#YMG/SW #Yangon_Times
#Local_News
Published 27 October 2025
▪️ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်လိုသူများအတွက် အခြေခံမော်တာစက်ချုပ်သင်တန်းအမှတ်စဉ် (၂၆၂)ကိုဖွင့်လှစ်ေပးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သင်တန်းကိုမြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှ ကြီးမှူးပြီး နိုဝင်ဘာလ ၅ ရက်မှ ၂၁ ရက်ထိ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ (MGHRDC) တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊သင်တန်းကာလ (၃) ပတ်
အတွင်း စာတွေ့၊ လက်တွေ့ ( တစ်ချောင်းချုပ်စက်နှင့်အထူးစက်အမျိုးအစား ၅မျိုး ချုပ်နည်း)သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊သင်တန်းပြီးဆုံးပါက ၁၅ဝဝဝကျပ် ထောက်ပံ့သွားမည်ဖြစ်ပြီး အလုပ်အကိုင်အတွက် အထည်ချုပ်စက်ရုံများနှင့်ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ သင်တန်းတွင် အထည်ချုပ်လုပ်ခြင်းဆိုင်ရာ သိသင့်သိထိုက်
သည့် ဗဟုသုတများ၊ချုပ်နည်းအဆင့်ဆင့်များကို လက်တွေ့သင်ကြားမှုများ၊အလုပ်သမားဥပဒေဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားပေးသွားမည်ဖြစ်ပြီးအဆိုပါသင်တန်းကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းပြီးဆုံးပါက အထည်ချုပ်စက်ရုံများဖြင့် ချိတ်ဆက်ကာ အလုပ်ရရှိရန် ကူညီပေးသွားမည်ဖြစ်ကြောင်း၊တက်ရောက်လိုသူများအနေဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ (MGHRDC) အမှတ် ၄၀၀ /ဘီ၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ စဥ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း -၀၉ ၉၄၀၈၅၈၃၅၀, ၀၉ ၄၅၀၇၂၃၂၆၂,
၀၉ ၇၈၄၀၈၅၇၉၄, ၀၉ ၇၇၇၃၆၇၇၇၁သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ပြင်ဦးလွင်- လားရှိုးကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သူ ဧည့်သည် ၂ ဒသမ ၅ သန်းအထိရှိလာပြီဖြစ်ပြီး ၎င်းကိုအမှတ်တရ လက်ဆောင်တွေပေးအပ်ခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 27 October 2025
#ပြင်ဦးလွင်_လားရှိုး #ပွဲကောက်ရေတံခွန်
#YMG/NN #Yangon_Times
ငွေဆောင်ကို ဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ်ဆောင်ရွက်သွားမယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကသိရပါတယ်။
#Local_News
Published 27 October 2025
#ငွေဆောင် #ဆေးလိပ်ငွေ့ကင်းစင်ဒေသ
#YMG/NN #Yangon_Times
#Daily_News
Published 27 OCtober 2025
၁။ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သူ ဧည့်သည် ၂ ဒသမ ၅ သန်းအထိရှိလာ
၂။ ယခုနှစ်ထောပတ်သီးရာသီတွင် အေးခဲထောပတ်သီး တန်(၂၀၀)ခန့် အိန္ဒိယနိုင်ငံသို့တင်ပို့မည်
၃။ ရွေးကောက်ပွဲ အသုံးစရိတ်များတိုးမြင့်ပြင်ဆင်သတ်မှတ်
၄။ အပစ်အခတ်ရပ်စဲရေးရရှိထားသော်လည်း ဂါဇာ၌လူနေမှုဘဝချို့တဲ့နေဆဲ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 27 October 2025
▪️ သီပေါမြို့သို့ ဒေသခံတိုင်းရင်းသားပြည်သူများ ဆက်လက်ဝင်ရောက်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။
▪️ တပ်မတော်က ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ကိုဆောင်ရွက်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့အားအလုံးစုံပြန်လည်ထိန်းချုပ်ရရှိပြီးချိန်တွင် အစိုးရ၏အုပ်ချုပ်မှုယန္တရားပြန်လည်လည်ပတ်နိုင်ရေး၊ ကလေးသူငယ်များပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရေးစသည်တို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီအင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယမာန်နေ့က ယာယီနေရပ်စွန့်ခွာလျက်ရှိသည့် ဒေသခံတိုင်းရင်းသားပြည်သူများသည် သီပေါမြို့သို့ထပ်မံဝင်ရောက်လာရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုနေရာချထားပေးခြင်းများဆောင်ရွက်ပေးကြသည်။
▪️ ထို့အပြင် သီပေါမြို့ပြည်သူ့ဆေးရုံကြီး၌ ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ယမာန်နေ့က ပြင်ပလူနာ ၃၃ ဦးနှင့် ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော လူနာလေးဦးတို့ကိုလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။
▪️ ၎င်းအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာ လူမှုစီးပွားဘဝလုပ်ကိုင်စားသောက်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးနှင့်နယ်မြေစိုးမိုးရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 66 of 2272