မြန်မာ-ရုရှားပူးပေါင်းပြီး ပြည်တွင်းမှာရွက်ဖျန်းဆေးရည် စက်ရုံတည်ဆောက်သွားဖို့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်က ရုရှားနိုင်ငံကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့နဲ့ ယခုလ(၂၀)ရက်နေ့က နေပြည်တော်မှာတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 22 January 2026
#မြန်မာ-ရုရှား #နေပြည်တော်
#YMG/SW #Yangon_Times
#Local_News
Published 22 January 2026
▪️ MSME ထုတ်ကုန်ပြပွဲနှင့် ပြပွဲကျင်းပခြင်းကြောင့်တီထွင်ဆန်းသစ်မှု လုပ်ငန်းများ၊ လုပ်ငန်းသစ်များဖော်ထုတ်နိုင်ခဲ့ကြောင်းယမန်နေ့က ကျင်းပသည့် နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးကပြောကြားခဲ့သည်။
▪️ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ၌ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဌာနများမှ တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးကြရန်လိုကြောင်း၊ မြို့နယ်အလိုက် ကျင်းပခဲ့သည့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲများ၏ အားနည်းချက်၊ အားသာချက်၊ စိန်ခေါ်မှုတို့ကိုသုံးသပ်၍ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပမည့် (၇၉) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် အထူးဈေးရောင်းပွဲတော်တွင် နေပြည်တော်ကောင်စီအနေဖြင့် ၅၀ ပေ x ၃၀ ပေ ပြခန်း(၂)ခန်း၊ ၂၀ ပေ x ၂၀ ပေ ရိုးရာအစား အစာပြခန်း(၂)ခန်းတို့ ပါဝင်ပြသရောင်းချမှာဖြစ်သလို မြို့နယ်အလိုက် စားသောက်ကုန်၊ လူသုံးကုန်လက်မှုလုပ်ငန်းတို့တွင် ဆုရရှိသည့်လုပ်ငန်းများ၊ Export လုပ်ငန်းများ၊ စိုက်ပျိုးရေးသုံး စက်မှုထုတ်ကုန်များ၊ မျိုးစေ့ထုတ်လုပ်ငန်းများ၊ ဆိုလာလုပ်ငန်းများ ပါဝင်ပြသနိုင်အောင် စီစဉ်ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
▪️ မြို့နယ်အလိုက် MSME ထုတ်ကုန်ပြပွဲနှင့် ပြပွဲကျင်းပခြင်းကြောင့် တစ်ခါသုံးအင်ဖက်ဖြင့် ပြုလုပ်သော လူသုံးကုန်ပစ္စည်းများ၊ စွန့်ပစ်ပစ္စည်း ဖြစ်သော လွှစာမှုန့်၊ ဖွဲဖြင့်ပြုလုပ်သော လမ်းခင်းအုတ်လုပ်ငန်း၊ ထန်းရွက်နှင့်ပြုလုပ်သော လက်မှုလုပ်ငန်းများ၊ မြန်မာ့ရိုးရာအိုးစည်ထုတ်လုပ်သည့်လုပ်ငန်း စသောတီထွင်ဆန်းသစ်မှု လုပ်ငန်းများ၊ လုပ်ငန်းသစ်များဖော်ထုတ်နိုင်ခဲ့ပြီး မြို့နယ်အတွင်းရှိ မှတ်ပုံတင်ထားခြင်းမရှိသော MSME လုပ်ငန်းများနှင့် မှတ်ပုံတင် ထားပြီးဖြစ်သော MSMEလုပ်ငန်းများအား ဆွဲဆောင်စည်းရုံး၍ ပြပွဲ၊ ပြိုင်ပွဲများတွင် ယခုထက်ပိုမို ပါဝင်လာနိုင်အောင် ဆွဲဆောင်စည်းရုံးသွားမည်ဖြစ်ေကြာင်းသိရသည်။
#YMG/SW #Yangon_Times
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ကိုးလတာ အတွင်း မြန်မာနိုင်ငံကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဝင်ရောက်မှု အမေရိကန်ဒေါ်လာသန်း(၃၀၀)ကျော်ရရှိထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ကသိရပါတယ်။
#Local_News
Published 22 January 2026
#နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု #အမေရိကန်ဒေါ်လာ
#YMG/NN #Yangon_Times
#Daily_News
Published 22 January 2025
၁။ ရွှေတိဂုံစေတီတော်၌ကျင်းပမည့် မြန်မာ့ရိုးရာထမနဲပွဲတော်၌ပါဝင်ကုသိုလ်ယူနိုင်
၂။ မြန်မာ-ရုရှားပူးပေါင်းပြီး ရွက်ဖျန်းဆေးရည် စက်ရုံတည်ဆောက်မည်
၃။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ဝင်ရောက်မှု သန်း(၃၀၀)ကျော်ရရှိထား
၄။ နယ်ပယ်အရပ်ရပ်၌တိုးချဲ့အသုံးချလာနိုင်စေရန် နည်းပညာမြင့်လူသားပုံသဏ္ဍာန်စက်ရုပ်များတရုတ်ထုတ်လုပ် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း ရောင်းချပေးသွားမယ်လို့ ယမန်နေ့ကထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 22 January 2026
#စက်သုံးဆီ #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/SW #Yangon_Times
#Local_News
Published 22 January 2026
▪️ သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း၂ကို တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၃ သန်း ချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံအဖြစ် ၂၀၂၈ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။
▪️ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ယခုလ၂၁ရက်ကဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ လုပ်ငန်း/ဌာနများမှ တာဝန်ရှိသူများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများလိုက်ပါလျက် ရေနံချက်စက်ရုံ(သန်လျင်)တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးစဉ် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ပြည်ထောင်စုဝန်ကြီးက စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ အား သတ်မှတ်အချိန်ကာလအတွင်းပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ စက်ပစ္စည်းများ တပ်ဆင်တည်ဆောက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီစေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး နှင့်စီးပွားရေးတွက်ချေကိုက်စေရေးအတွက် Waste များကို Product များအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးတို့ကို နည်းပညာအသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရေနံချက်လုပ်ရာမှ Waste အဖြစ် ထွက်ရှိလာမည့် ကာဗွန်ဒိုင်အောက်ဆိုဒ်များကို ဖမ်းယူ၍ ရေခဲခြောက်များ (Dry Ice) ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ခြင်းဖြင့် Dry Ice တင်သွင်းနေရသည့် နိုင်ငံခြားငွေများသက်သာသွားမည်ဖြစ်ရာ လိုအပ်သည့် စက်ကိရိယာများ ဖြည့်ဆည်းတပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းပြီးစီးပါက စီမံကိန်းအပိုင်း(၂) ကိုလည်း တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၃ သန်း ချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံအဖြစ် ၂၀၂၈ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားနိုင်ရန် အစီအမံများချမှတ်ဆောင်ရွက်နေကြောင်းပြောကြားခဲ့သည်။
▪️ ထို့အပြင် တရုတ်-မြန်မာ ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းရယူ၍ ရေနံစိမ်းတန်ချိန် ၂ သန်း ချက်လုပ်နိုင်သည့် သံပရာကန်ရေနံချက်စက်ရုံစီမံကိန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံပိုင် စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ရာ ယင်းစီမံကိန်းများဆောင်ရွက်ပြီးစီးပါက ပြည်တွင်းစက်မောင်းဆီ လိုအပ်ချက်အား ဖူလုံစွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ပင်မသိုလှောင်ဖြန့်ဖြူးရေး ဌာနကြီး(ဓနိတော)တွင် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ရာ ပြည်ထောင်စုဝန်ကြီးက စက်မောင်းဆီများကို ကိုယ်တိုင်ထုတ်လုပ်နိုင်မှုမရှိသေးသည့်ကာလအတွင်း ပြည်ပမှ မှာယူတင်သွင်းရာတွင် အရည်အသွေး၊ အရေအတွက် မှန်ကန်မှုရှိစေရန်အတွက် Terminal များ၊ ဆီသယ်ယာဉ်များအား စံနှုန်း တိုင်းရေချိန်စင်များဖြင့် စစ်ဆေးခြင်း၊ သယ်ဆောင်ခွင့်ပြုသည့် စာရွက်စာတမ်းများ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်းတို့အား အရှိန်အဟုန်မပြတ်ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး ဆီသယ်ယာဉ်များ၏ ဝင်ဆံ့မှုစံနှုန်းအား သတ်မှတ်ပေးရာတွင် နိုင်ငံတကာသတ်မှတ်စံနှုန်းဖြစ်သည့် လီတာစနစ်သို့ ပြောင်းလဲသတ်မှတ်သွားရန်မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 21 January 2025
▪️ ဒဂုံမြို့သစ်(မြောက်ပိုင်း)၌ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ ဇန်နဝါရီ၂၂ရက်နေ့၊မနက် ၁၀နာရီ ၃၆မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၉)ရပ်ကွက်၊ မန္တလေးလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ရန်ကုန်နာရေးကူညီမှုအသင်းမှ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိရာ ၁၀ နာရီ၄၆ မိနစ်အချိန်တွင်မီးထိန်းခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 85 of 2369