ပြည်နယ်နဲ့တိုင်းအသီးသီးမှာ အအေးဓာတ်တွေဆက်လက်လွှမ်းခြုံနိုင်မယ်လို့ ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်ကအသိပေးထားပါတယ်။
#Local_News
Published 14 January 2026
#မိုးလေဝသ #အအေးဓာတ်လွှမ်းခြုံ
#YMG/NN #Yangon_Times
#Local_News
Published 14 January 2025
▪️ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသည် အလွှာစုံမှ ရုပ်ရှင်လောကသားများကို ဆန်၊ ဆီနှင့် စားသောက်ကုန်များ ယခုလအတွင်းလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ လှူဒါန်းမည့်အစီအစဉ်သည် (၁၇)ကြိမ်မြောက်လှူဒါန်းခြင်းဖြစ်ပြီး သက်တမ်းရှိ ရုပ်ရှင်အစည်းအရုံးဝင်များကို ဇန်နဝါရီလ ၂၂ ရက်၊ ၂၃ ရက်၊ ၂၄ ရက်တို့တွင် လှူဒါန်းသွားမည် ဖြစ်သည်။
▪️ ထိုသို့ လှူဒါန်းရာတွင် ဇန်နဝါရီလ ၂၂ ရက် မနက်ပိုင်းတွင် အုပ်ချုပ်၊ ဖြန့်ချိ၊ ဇာတ်ညွှန်း၊ ဗီဒီယို၊ ပြဇာတ်နှင့်နောက်ခံတေးဂီတအလွှာ၊ ညနေပိုင်းတွင်တည်းဖြတ်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူနှင့် အဓိကသရုပ်ဆောင်အလွှာ၊ ဇန်နဝါရီလ ၂၃ ရက်တွင် ဇာတ်ပို့ဇာတ်ရံ နှင့် ဇန်နဝါရီလ ၂၄ ရက်တွင် စက်မှုအလွှာမှ ရုပ်ရှင်လောကသားတို့ကို ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 14 January 2026
၁။ ရေထွက်ကုန် ဒေါ်လာသန်းပေါင်း(၂၇၀)ကျော်တန်ဖိုးရှိ တန်ချိန်နှစ်သိန်းကျော်တင်ပို့
၂။ သီးနှံအာမခံစနစ်ကို အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းအကောင်အထည်ဖော်မည်
၃။ ပြည်နယ်နှင့်တိုင်း၌ အအေးဓာတ်ဆက်လက်လွှမ်းခြုံမည်
၄။ အီရန်မှအကြမ်းဖက်သောင်းကျန်းမှုများကိုလုံးဝထိန်းချုပ်ထားပြီဟု နိုင်ငံခြားရေးဝန်ကြီးပြော... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်မြို့ရဲ့ကျက်သရေဆောင် ရွှေတိဂုံစေတီတော်ကြီးမှာ CCTV ကင်မရာတွေ ထပ်တိုးတပ်ဆင်သွားဖို့ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က တင်ဒါခေါ်ယူထားတယ်လို့သိရပါတယ်။
#Local_News
Published 14 January 2026
#ရွှေတိဂုံဘုရား #CCTV
#YMG/SW #Yangon_Times
#Local_News
Published 14 January 2026
■ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းကရုပ်ရှင်သရုပ်ဆောင် ဦးကြည်စိုးအား အလင်္ကာကျော်စွာဘွဲ့ ကို ယနေ့သွားရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
■ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၄) ရပ်ကွက်၊ သုမန (၄) လမ်း၊ အမှတ် (၈၈၃/က) တွင် နေထိုင်သူ ရုပ်ရှင်သရုပ်ဆောင် ဦးကြည်စိုးအား ယနေ့နံနက်ပိုင်းက နိုင်ငံတော်မှချီးမြှင့်သည့် အလင်္ကာကျော်စွာဘွဲ့ ကိုသွားရောက်ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊အလင်္ကာကျော်စွာဘွဲ့ပေးအပ်ချီးမြှင့်ရာသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေါ်ဖြူမာဝေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေဝင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူး ဦးကျော်ကျော်အုန်း၊ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်၊ သင်္ဃန်းကျွန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး၊ သင်္ဃန်းကျွန်းခရိုင်နှင့် မြို့နယ်တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 14 January 2025
■ မြန်မာအမျိုးသားလေကြောင်း(MNA)သည် ART 72- 600 လေယာဉ်နှစ်စင်းကို အငှားစနစ်(Charter)ဖြင့် ပြည်တွင်းခရီးစဉ်များကိုငှားရမ်းလုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်း MNA တင်ဒါကော်မတီမှ သိရသည်။
■ အဆိုပါ လေယာဉ်နှစ်စင်းကို အငှားစနစ်ဖြင့် ပြည်တွင်းခရီးစဉ်များငှားရမ်းကာ လုပ်ငန်းဆောင်ရွက်ချင်သည့် ပြည်တွင်းမှ လေကြောင်းခရီးသွားလုပ်ငန်းအတွေ့အကြုံရှိသည့် လုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်ပြုရန် မြန်မာအမျိုးသားလေကြောင်း တင်ဒါကော်မတီမှ အိတ်ဖွင့်တင်ဒါခေါ်ယူထားခြင်းဖြစ်သည်။
■ ထို့အပြင် တင်ဒါပုံစံများကို ဇန်နဝါရီလ ၁၄ ရက် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ရောင်းချမည် ဖြစ်ပြီး ဖေဖော်ဝါရီလ ၆ ရက် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း တင်ဒါများကို နောက်ဆုံးထားတင်ရမည်ဖြစ်ကာ တင်ဒါဖွင့်လှစ်မည့်ရက်များမှာ မတ်လ ၆ ရက် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_14 Jan 2026
■ မြို့တော်ခန်းမရှေ့ ဝင်ပေါက်အနီး၌ "Reject the illegal election” ဟု ရေးသားထားသည့် အဖြူရောင် ကတ္တူစက္ကူ ကိုင်ဆောင်ဆန္ဒပြနေသူအပါအဝင်ရွေးကောက်ပွဲများကို နှောင့်ယှက် သူများအား အရေးယူထားကြောင်း သိရသည်။
■ ရွေးကောက်ပွဲ အပိုင်း(၂)ပြုလုပ်သည့် ဇန်နဝါရီလ ၁၁ ရက်နံနက် ၉ နာရီ ၁၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံတားမြို့ နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့တော်ခန်းမရှေ့၌ အမျိုးသားတစ်ဦး ဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်နေ မင်းထက်(ခ) ကိုမင်း (၂၂)နှစ်သည် မြို့တော်ခန်းမရှေ့ ဝင်ပေါက်အနီး၌ "Reject the illegal election” ဟု ရေးသားထားသည့် အဖြူရောင်ကတ္တူစက္ကူကိုကိုင်ဆောင်ကာ ဆန္ဒပြနေသည်ကိုတွေ့ရှိရသဖြင့် ၎င်းအား ကျောက်တံတား မြို့မရဲစခန်း (ပ)၅/၂၀၂၆၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း မှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)ဖြင့်အရေးယူထားခြင်းဖြစ်ကြောင်း သိရသည်။
■ အလားတူ ယင်း နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျုံကကျေးရွာနေ ကိုမျိုး (၄၇)နှစ်သည် အရက်သေစာသောက်စားမူးယစ်၍ ရွေးကောက်ပွဲမဲရုံအဖြစ်ဖွင့်လှစ်ထားရှိသည့် အခြေခံပညာ မူလ တန်းကျောင်းရှေ့သို့ ရောက်ရှိလာပြီး မဲပေးရန်လာရောက်ကြသူများအား ဆန္ဒမဲမပေးနိုင်စေရန် ပြောဆိုဟန့်တားနှောင့်ယှက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ၎င်းအား မုတ္တမနယ်မြေရဲစခန်း (ပ)၄/၂၀၂၆၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၄(က) ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
■ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ မြဝတီရပ်ကွက်နေ ဦးခင်မောင်မောင်သွင် (၄၂)နှစ်သည် ၎င်းအသုံးပြုသည့် "Khin Mg Mg Thwin" Facebook အကောင့်ဖြင့် လူမှုကွန်ရက် စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုအများပြည်သူအ ထင်အမြင်လွဲမှားစေသည့် စာသားများအား ပြန်လည် မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် ယင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်က ကန်ကြီးထောင့်မြို့မရဲစခန်း(ပ)၇/၂၀၂၆၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ များကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့်အရေးယူခဲ့ကြောင်း သိရသည်။
■ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၄ ရက်ကလည်း ဟင်္သာတမြို့နယ်၊ ကနောင်စုရပ်ကွက်နေ ဒေါ်မြသီတာ (၄၁)နှစ်သည် ၎င်းအသုံးပြုသည့် "Mya Thida” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေသည့် စာသား များပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် ယင်းကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်တွင် ဟင်္သာတမြို့မရဲစခန်း (ပ)၁၀/ ၂၀၂၆၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့် အမှုဖွင့်အရေးယူကြောင်းသိရသည်။
■ လက်ရှိတွင် ကျူးလွန်သူများအား ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့် တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Yangon_Times/PP
Page 93 of 2369