နှစ်ပေါင်း၃၀ကျော်ကြာ လုပ်ကိုင်ခြင်းမရှိတဲ့သီဟိုဠ်သရက်စိုက်ပျိုးရေးဇုန်က စိုက်ပျိုးမြေကွက်တွေကို ပြန်လည်သိမ်းယူသွားမယ်လို့ သိရပါတယ်။
#Local_News
Published 21 November 2025
#သီဟိုဠ် #သရက်
#YMG/SW #Yangon_Times
ဂျပန်၊ တောင်ကိုရီးယားနဲ့ မကာအိုမှ ကမ္ဘာလှည့်ခရီးသည်များကို ဆိုက်ရောက်ဗီဇာ(၁)နှစ်သက်တမ်းတိုးခွင့်ပြုလိုက်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 21 November 2025
#ဂျပန်_တောင်ကိုရီးယား_မကာအို #မကာအို
#YMG/NN #Yangon_Times
ရန်ကုန်မြို့၌ပါဝါ အိတ်ဇောတပ်ဆင်ထားတဲ့ အိမ်စီးကား၊ ပြိုင်ကား၊မော်တော်ဆိုင်ကယ်တွေကိုလာမယ့် ဒီဇင်ဘာကစတင်ပြီး ပြင်းထန်စွာအရေးယူအပြစ်ပေးသွားမယ်လို့ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အသိပေးထားပါတယ်။
#Local_News
Published 21 November 2025
#ရန်ကုန်မြို့ #ပါဝါအိတ်ဇော
#YMG/NN #Yangon_Times
ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏကြောင့် တရုတ်ဘက်က တင်ပို့ခွင့်ယာယီရပ်ဆိုင်းထားခဲ့တဲ့ ပဲတီစိမ်းနဲ့ ငှက်ပျောသီးနှံတွေအပေါ် ဖြေလျှော့ပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 21 November 2025
#ပဲတီစိမ်း #ငှက်ပျောသီးနှံ
#YMG/SW #Yangon_Times
#Daily_News
Published 21 November 2025
၁။ ပါဝါအိတ်ဇောတပ်ဆင်ထားသည့် ယာဉ်များအားအရေးယူမည်
၂။ ဂျပန်၊တောင်ကိုရီးယားနှင့်မကာအိုမှ ကမ္ဘာလှည့်ခရီးသည်များကို ဆိုက်ရောက်ဗီဇာ (၁) နှစ်သက်တမ်းတိုးခွင့်ပြု
၃။ နှစ်ပေါင်း(၃၀)ကျော်ကြာ လုပ်ကိုင်ခြင်းမရှိသည့် စိုက်ပျိုးမြေကွက်များကို ပြန်သိမ်းမည်
၄။ တောင်တရုတ်ပင်လယ်၌ တရုတ်ရေတပ်စစ်ရေးလေ့ကျင့်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 21 November 2025
■ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်
နိုဝင်ဘာလ တတိယအပတ်အတွင်း လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနှင့်ဇလဗေဒခန့်မှန်းချက်အရသိရပါတယ်။
■ မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင် ကြောင်း ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၃ ရက်မှ ၅ ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၁ ရက်မှ ၂ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။
■ ညအပူချိန် များအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် နိုဝင်ဘာလပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နိုဝင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ကြောင်း ၊မြူအခြေအနေများမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၅ ရက်မှ ၉ ရက်ခန့်နှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၁ ရက်မှ ၄ ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 21 November 2025
■ နေပြည်တော်တွင် ကျင်းပမည့်၂၀၂၅ခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီဗန်းကိုင်များစတင်ခေါ်ယူနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ယနေ့ထုတ်ပြန်ချက်အရသိရသည်။
■ အဆိုပါ အကယ်ဒမီဗန်းကိုင်အတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် အမျိုးသား၊အမျိုးသမီးများ လျှောက်ထားနိုင်ပြီး လျှောက်လွှာများအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ယခုလ၂၄ရက်မှစတင်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း၊ လျှောက်လွှာများကို ဒီဇင်ဘာလ၅ရက်နောက်ဆုံးထားပြန်လည်လျှောက်ထားနိုင်ကြောင်း သိရသည်။
■ အကယ်ဒမီဗန်းကိုင်အဖြစ်လျှောက်ထားလိုသူများသည် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ၃၁ရက်တွင် အသက်၁၆နှစ်ပြည့်ပြီးသူနှင့် အသက်၂၅နှစ် မကျော်လွန်သူဖြစ်ရမည်ဖြစ်ကြောင်း၊ အိမ်ထောင်မရှိသူ လူပျို/အပျိုဖြစ်ရမည်ဖြစ်ကြောင်း၊အမျိုးသမီးအရပ်အမြင့်မှာဖိနပ်မပါ ၅ပေ ၂လက်မမှ ၅ပေ ၈လက်မအတွင်း၊ အမျိုးသားအရပ်အမြင့်မှာဖိနပ်မပါ ၅ပေ ၆လက်မမှ ၆ပေ အတွင်းရှိရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 97 of 2322