#Local_News
Published 20 November 2025
▪️ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကုလသမဂ္ဂ သဘောတူစာချုပ်မှာပါရှိသည့် ကလေးသူငယ်အခွင့်အရေး (၄) ရပ်ကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကပြောသည်။
ယမာန်နေ့က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ပြုလုပ်ခဲ့သည့် (၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ်၊ ကမ္ဘာ့ကလေးများနေ့အခမ်းအနား၌ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယနေ့ နိုဝင်ဘာလ (၂၀) ရက်နေ့သည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို အတည်ပြုသည့်နေ့( UNCRC Day) ဖြစ်သလို ကမ္ဘာ့ကလေးများနေ့ (World's Children Day) လည်းဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းလုံးရှိကလေးများ၏ အနာဂတ်ပိုမိုတောက်ပစေနိုင်ရေး၊ ကလေးများကို ကာကွယ်မှုအပြည့်အဝပေးနိုင်ရေး၊ ကလေးများ၏အခွင့်အရေး ပိုမိုရရှိနိုင်စေရေး၊ ကလေးများ ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲများကို အတူတကွ ဖြေရှင်းပေးနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အထိမ်းအမှတ်အခမ်းအနားများကျင်းပလျက်ရှိကြောင်း၊ နှစ်စဉ်နိုဝင်ဘာလ(၂၀)ရက်နေ့ရောက်တိုင်း “ကမ္ဘာ့ကလေးများနေ့” အဖြစ် နိုင်ငံတကာတွင် အခမ်းအနားများကျင်းပသည့် နည်းတူ မြန်မာနိုင်ငံတွင်လည်း ကလေးသူငယ်များ၏အရေးပါသောအခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေရန် နိုင်ငံတော်အဆင့်အခမ်းအနား ကျင်းပသလို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှာလည်း ယခုလိုအခမ်းအနားများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီများကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကုလသမဂ္ဂ သဘောတူစာချုပ်မှာပါရှိသည့် ကလေးသူငယ်အခွင့်အရေး (၄) ရပ်ဖြစ်သော ကလေးသူငယ်များ အသက်ရှင်သန်ခွင့်၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ခွင့်၊ကလေးသူငယ်များကိုအကြမ်းဖက်မှု၊ လျစ်လျူရှုမှုနှင့် ခေါင်းပုံဖြတ်မှုအမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ကလေးသူငယ်များ၏အရေးကိစ္စရပ်များတွင် ကလေးသူငယ်များကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်တို့ကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ ကလေးသူငယ်အခွင့်ရေးများကို ကလေးသူငယ်တိုင်းက အပြည့်အဝခံစားခွင့်ရအောင် ကလေးသူငယ်များ၏ အရေးကိစ္စကို ဆောင်ရွက်နေကြသည့်ဌာနများ၊ အဖွဲ့အစည်းများက အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ကလေးသူငယ်များ၏ အနာဂတ်ဘဝ စုံလင်ပြည့်ဝပွင့်လန်းဝေဆာရန် နှင့်နောင်တစ်ချိန်တွင် တိုင်းပြည်အတွက် အားကိုးအားထားပြုရသော နိုင်ငံ့သားကောင်းရတနာများဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
▪️ ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် Video Clip နှင့် ၊မူလတန်းကြိုကျောင်းမှသားငယ်သမီးငယ်များ၏ တေးသီချင်းများ၊ ပုံပြင်များ၊ ကဗျာများ၊ သရုပ်ဖော်ပုံပြင်များ၊ အကအလှများ သီဆိုကပြဖျော်ဖြေနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေကြီးဝန်ကြီးများက ကြည့်ရှုအားပေးပြီး အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 20 Nov 2025
■ ငွေကျပ် ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သန်းကို ဝေါမြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။
■ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီး၌ သတင်းအရစောင့်ဆိုင်းစဉ် နိုဝင်ဘာလ ၈ ရက် ည ၁၁ နာရီခန့်တွင် မှိုင်းဆွေ မောင်းနှင်လာသော ISUZU ၆ ဘီးမော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ခန့်မှန်းတန်ဖိုးငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သန်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
■ ဆက်စပ်သတင်းများအရ အဆိုပါဖမ်းဆီးရမိစိတ်ကြွဆေးပြားများကို မန္တလေးမှ ဘားအံသို့ သယ်ဆောင်ခိုင်းသူမှာ မန္တလေးမြို့နေ မြတ်မင်းဦး(ဖမ်းဆီးရန်ကျန်)နှင့် ဖမ်းဆီးရမိမော်တော်ယာဉ် အား မန္တလေးမြို့၊ စွယ်တော်ကားဝင်းအနီးသို့ လာရောက်ပို့ဆောင်သူမှာ ပြင်ဦးလွင်မြို့နေ အောင်မျိုးဝင်း (ဖမ်းဆီးရန်ကျန်)တို့ဖြစ်ကြောင်းသိရှိရပြီး မန္တလေးမှ ဘားအံသို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Yangon_Times/PP
ပြည်တွင်းမှာ လက်ရှိခရစ်တိုငွေကြေးအပါအဝင် ဒစ်ဂျစ်တယ်ငွေကြေးတွေကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားခြင်းမရှိသလို ရောင်းဝယ်လဲလှယ်ခြင်းတွေအတွက် ငွေရေးကြေးရေးအဖွဲ့အစည်းတွေကို ခွင့်ပြုထားခြင်းမရှိဘူးလို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတိပြန်လိုက်ပါတယ်။
#Local_News
Published 19 November 2025
#ခရစ်တိုငွေကြေး #ဒစ်ဂျစ်တယ်ငွေကြေး
#YMG/SW #Yangon_Times
၂၀၂၅ ခုနှစ် အကြိမ်(၆၀)မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကိုယမာန်နေ့က ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပခဲ့ရာ ပုလဲအတွဲပေါင်း ၂၂၄ တွဲ ကိုရောင်းချခဲ့တယ်လို့သိရပါတယ် ။
#Local_News
Published 19 November 2025
#မြန်မာ့ကျောက်မျက်ရတနာ #ပုလဲ
#YMG/NN #Yangon_Times
ရွှေဆိုင်အသစ်နှစ်ဆိုင်ခန့် လစဉ်တိုးလာနေပြီး ဖွင့်လှစ်ပြီးရွှေဆိုင်တွေမှာလည်းဝန်ထမ်းတိုးတာတွေရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA ဥက္ကဌဦးမျိုးမြင့်က ပြောပါတယ်။
#Local_News
Published 19 November 2025
#ရွှေဆိုင် #YGEA
#YMG/NN #Yangon_Times
#Local_News
Published 19 November 2025
▪️ စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများအား အမေရိကန်ဒေါ်လာ (၁) သန်းကျော် ဗဟိုဘဏ်ထုတ်ရောင်းပေးကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများမှ အမေရိကန်ဒေါ်လာ ၁.၄၂၅ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးများကို ဆက်တိုက်ထုတ်ရောင်းပေးလျှက်ရှိရာ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများမှ တရုတ်ယွမ် ၃ သိန်းကို လည်း နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံထုတ်ရောင်းပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
ငလျင်ဒဏ်သင့် အဆောက်အဦများပြုပြင်ခြင်း စီမံကိန်းအတွက် ချေးငွေစုစုပေါင်း (၈၉၀၈)သန်းကျော် ထုတ်ချေးပေးထားတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်မှ သိရပါတယ်။
#Local_News
Published 19 November 2025
#ငလျင် #ချေးငွေ
#YMG/SW #Yangon_Times
Page 99 of 2322