ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းရှိ ပြင်ပရွှေဈေးတွေပါ ကျပ်သိန်းကျော်အထိပြန်လည်ကျဆင်းလာတယ်လို့ ဈေးကွက်ထဲက သိရပါတယ် ။
#Local_News
Published 17 November 2025
#ရွှေ
#YMG/NN #Yangon_Times
#Daily_News
Published 17 November 2025
၁။ CIမှ PJ သို ပြောင်းလဲ ထုတ်ပေးနေသည့် ဌာနခွဲကိုရက်အကန့်အသတ်မရှိ ရပ်ဆိုင်း
၂။ ပဲမျိုးစုံကုန်ပစ္စည်းမပါဘဲ လေရောင်း/လေဝယ် မပြုလုပ်ကြရန်ထုတ်ပြန်
၃။ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်နှင့် ဒေသလေးခု၌ မိုးဆက်ရွာနိုင်
၄။ တရုတ်သိုခရီးစဉ်လာရောက်လည်ပတ်သည့်စပိန်ဘုရင်အား ရှီကျင့်ဖျင်အခမ်းအနားဖြင့်ကြိုဆို... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 17 November 2025
▪️ ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းရန်အန္တရာယ်ရှိသောအဆင့်မှ စိုးရိမ်စရာအနည်းဆုံးအဆင့်သို့ ပြန်လည်လျှော့ချသတ်မှတ်ခဲ့သည့် ပြင်သာလိပ်များမှာ ထိုသို့အဆင့် လျှော့ချခဲ့သော်လည်း တစ်နှစ်ထက်တစ်နှစ် ကောင်ရေလျော့ကျလာကြောင်းမော်တင်ကမ်းခြေဒေသ- သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (ဟိုင်းကြီးကျွန်း) မှ သိရသည်။
▪️ “ကမ္ဘာလုံးဆိုင်ရာထိန်းသိမ်း စောင့်ရှောက်ရေးကြိုးပမ်းမှုကြောင့် လိပ်အကောင်ရေတိုးပွားလာလို့ စိုးရိမ်စရာ အနည်းဆုံးအဆင့်ကို လျှော့လိုက်တယ်ဆိုပေမယ့် ကျွန်တော်တို့ နိုင်ငံမှာတော့ ပြင်သာလိပ်ကောင်ရေက တစ်နှစ်ထက် တစ်နှစ်လျော့ကျနေပါတယ်။ နောက်ဒီပြင်သာလိပ်ဆိုရင် မြန်မာနိုင်ငံ ကိုကိုးကျွန်းနဲ့ သမီးလှကျွန်းမှာ အကောင်ရေအများဆုံး တက်ရောက်ဥချတာ၊ ရခိုင်ပြည်နယ် နံ့သာကျွန်းမှာတော့ ဥတက်ချမှုအနည်းအကျဉ်းလောက်ပဲရှိတယ်။ ကျွန်တော်ကိုကိုးကျွန်းကို ၂၀၀၃ ခုနှစ်မှာ တစ်ခေါက်၊ ၂၀၀၇ ခုနှစ်တုန်းကတစ်ခေါက်၊ နောက် ၂၀၂၃ ခုနှစ်မှာ သုံးခေါက်ရောက်တယ်။ အဲဒီမှာ ၂၀၀၇ ခုနှစ်တုန်းကဆိုရင် တစ်ညတည်းကို ၅ မနဲ့ ၁၀ မကြား တက်ရောက်ဥချတာ၊ ၂၀၂၃ ခုနှစ်ကျတော့ တစ်ရက်ကို တစ်ကောင်၊ နှစ်ကောင်လောက်ပဲ ဥချတော့တယ်။ အခုအထိဖြစ်နေတာ၊ အဲဒီဘက်မှာ အကောင်ရေလျော့နည်းလာတယ်ပြောရမှာပါ” ဟု မော်တင်ကမ်းခြေဒေသ-သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း (ဟိုင်းကြီးကျွန်း)မှ ဥက္ကဋ္ဌ ဦးဖုန်းမော်က ပြောသည်။
▪️ မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်သည် ဧရိယာ ၂၈၃၂ ကီလိုမီတာ ရှည်လျားကာ ကျွန်းပေါင်း ၁၀၀၀ ခန့် ပိုင်ဆိုင်ကြောင်း၊ အဆိုပါကမ်းခြေနှင့် ကျွန်းများတွင် ပင်လယ်လိပ်များ တက်ရောက်ဥချနိုင်သည့်နေရာဒေသ များစွာရှိကြောင်း၊ လွန်ခဲ့သည့် နှစ် ၂၀၊ နှစ် ၃၀ ခန့်က သမီးလှကျွန်းတွင် ဥကျင်း ၃၀၀ ကျော်ခန့် ဥခဲ့သော်လည်း ယခုအခါ ဥကျင်းအရေအတွက် ၁၀၀ ပြည့်ရန်ပင်မလွယ်ကူတော့ကြောင်းသိရသည်။
▪️ ပြင်သာလိပ်များ အကောင်ရေလျော့ကျလာခြင်းမှာ ငါးဖမ်းကိရိယာများဖြင့် ဖမ်းဆီးခံရခြင်း၊ ၎င်းတို့၏ ဥနှင့် အသားများစားသုံးရောင်းဝယ်ကြခြင်း၊ ကမ်းခြေများ ဖွံ့ဖြိုးလာ၍ ပင်လယ်လိပ်ဥချသည့် ကမ်းခြေများဆုံးရှုံးလာခြင်း၊ ပင်လယ်ပြင်အတွင်း ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်းများပြားလာခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်း၊ ပင်လယ်ရေပြင် ညစ်ညမ်းလာခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 17 November 2025
■ ယနေ့ နိုဝင်ဘာလ ၁၇ရက်နှင့် ၁၈ရက်ညများတွင် ဖြစ်ပေါ်မည့် ကြယ်မိုးရွာသည့် ဖြစ်စဉ်ကို တိမ်ကင်းစင်နေပါက မြန်မာနိုင်ငံမှ မြင်တွေ့နိုင်မည်ဖြစ်ကြောင်း Myanmar Astronomy & Science Enthusiasts Society (MASES) မှ သိရသည်။
■ နိုဝင်ဘာလ ၁၇ ရက်နေ့ ည နှင့် ၁၈ ရက်နေ့ မနက် အစော ပိုင်းတွင် Leonid Meteor Shower ကြယ်မိုးရွာသည့် ဖြစ်စဉ်ဖြစ်ပေါ်မည် ဖြစ်ပြီး အဆိုပါဖြစ်စဉ်သည် နှစ်စဉ်တွေ့မြင်ရသည့် ကြယ်မိုးရွာသည့်ဖြစ်စဉ်များထဲတွင် ထင်ရှားသည့်ဖြစ်စဉ်တစ်ခုဖြစ်ပြီး အများဆုံး တစ်နာရီလျှင် ဥက္ကာခဲပေါင်း ၁၅-၂၀ ခန့် ကမ္ဘာ့လေထုထဲသို့ ဝင်ရောက်ကျဆင်းလေ့ရှိကြောင်း သိရသည်။
■ “ Leonids ကြယ်မိုးကို ကြည့်ရှုမယ်ဆိုပါက အလင်းရောင်နည်းပါးပြီး ကောင်းကင်ကြည်လင်တဲ့ နေရာမှာအရှေ့တောင်ဖက်ကို စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။
■ Leo Constellations ရှိရာအရပ်မှ ကျဆင်းတာကြောင့် Leonid Meteor Shower လို့ခေါ်ဆိုတာဖြစ်ပါတယ်။
■ ည ၁၂ နာရီ ခန့်ကနေ မနက် နေမထွက်ခင်အချိန်အထိ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ လကွယ်နေ့ နဲ့ နီးကပ်တာကြောင့် လရောင် အနှောက်အယှက်လဲ ရှိမှာမဟုတ်ပါဘူး။” ဟု MASES မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
■ မြန်မာနိုင်ငံတွင် နေထိုင်သူများအနေဖြင့် ယနေ့ နိုဝင်ဘာ ၁၇ရက် ဖက်တွင်တိမ်ကင်းစင်နေပါက ည ၁၂နာရီ မှ မနက် ၄ နာရီ ခန့်အတွင်း အရှေ့တောင်ဖက်ကောင်းကင်ကို စောင့်မျှော်ကြည့်ရှုပါက လင်းလက်သည့် ဥက္ကာခဲကျဆင်းမှုများကို မျက်မြင်တွေ့ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 17 November 2025
■ မတူပီမြို့အနီး၌ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ယနေ့မနက်ပိုင်းက လှုပ်ခတ်ခဲ့ကြောင်းသိရသည်။
■ နိုဝင်ဘာလ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၃၄)မိနစ်၊ (၂၆) စက္ကန့်အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ တောင်ဘက် (၇၇) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မတူပီမြို့၏ တောင်-အနောက်တောင်ဘက် (၅) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၅၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၄၂) ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍
လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
■ ယင်းငလျင်သည် အင်အား ရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 November 2025
▪️ ဧရာဝတီတိုင်းဒေသကြီးဟိုင်းကြီးကျွန်းမြိုအနီး၌ တောဆင်ရိုင်းတစ်ကောင် ငဝန်မြစ်ဝကိုရေကူးဖြတ်သန်း၍ စီလောင်ရွာ၌ ၂ ရက်ကြာနေထိုင်ခဲ့ပြီး ငဝန်မြစ်အား အသွားအပြန်ပြုလုပ်ခဲ့ကြောင်းသိရသည်။
▪️ ဟိုင်းကြီးကျွန်းမြို့အနီးတွင် နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းက တောဆင်ရိုင်းတစ်ကောင် (၃) မိုင်ကျော်ခန့် ကျယ်သော ငဝန်မြစ်ကို ရေကူးဖြတ်သန်း၍ ဟိုင်းကြီးကျွန်းတစ်ဖက်ကမ်းရှိ ဝါးကုန်းကျေးရွာအုပ်စု စီလောင်ကျေးရွာဘက်ကမ်းသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။
▪️ အဆိုပါတောဆင်ရိုင်းသည် သစ်တောကြိုးဝိုင်းတည်ရှိရာ မြို့သစ်ကျေးရွာဘက်အခြမ်းမှ မွန်းလွဲ ၂ နာရီခန့် မြစ်အတွင်းသို့ စတင်ဆင်း၍ ရေကူးဖြတ်သန်းခဲ့ခြင်းဖြစ်ပြီး မြစ်အတွင်းသွားလာနေကြသော စက်လှေသမားများက သစ်တောကြိုးဝိုင်းဘက်ကို ပြန်လည်မောင်းထုတ်ခဲ့သော်လည်း မသွားဘဲစီလောင်ရွာဘက်သို့သာ ကူးခပ်သွားခဲ့ကာ ညနေပိုင်းတွင် စီလောင်ရွာသားပိုင် ဥယျာဉ်ခြံတစ်ခုဆီကို ကမ်းတက်လာခဲ့ပြီး အဆိုပါဥယျာဉ်ခြံအနီးဝန်းကျင်တွင် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်ကြာ နေထိုင်ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၅ ရက်တွင် ဟိုင်းကြီးကျွန်းဘက်ရှိ သစ်တောကြိုးဝိုင်းရှိရာသို့ ရေကူးပြန်သွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါတောဆင်ရိုင်းအား စီလောင်ကျေးရွာသား အများအပြားလာရောက်ကြည့်ကြသော်လည်း အန္တရာယ်မပြုဘဲ ငှက်ပျောပင်များ၊ အုန်းပင်များအား စားသောက်ကာ ပြန်သွားခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
#YMG/NN #Yangon_Times
ရန်ကုန်စတော့အိတ်ချိန်း (YSX) ရဲ့ စာရင်းဝင်အကြိုဈေးကွက်မှာ လယ်ယာဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ G.B.S အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ကို မှတ်ပုံတင်ဖို့ခွင့်ပြုလိုက်တယ်လို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ကနေ သိရပါတယ်။
#Local_News
Published 15 November 2025
#YSX #G.B.S
#YMG/NN #Yangon_Times
Page 102 of 2322