မြန်မာ့ရွှေပြင်ပပေါက်စျေးဆက်တိုက်မြင့်တက်နေပြီး တစ်ကျပ်သားကို ကျပ်(၉၇)သိန်းခန့်သို့ စံချိန်တင်ရောက်ရှိလာတယ်လို့ ရွှေဈေးကွက်အသိုင်းအဝိုင်းမှ သိရပါတယ်။
#Local_News
Published 13 January 2026
#ရွှေ
#YMG/SW #Yangon_Times
အခုလအတွင်း ရွေးကောက်ပွဲ အပိုင်း(၃)ကို ကျင်းပပြီးနောက် လာမယ့် မတ်လမှာ လွှတ်တော်ခေါ်ယူသွားမယ်လို့ သိရပါတယ်။
#Local_News
Published 13 January 2026
#ရွေးကောက်ပွဲ #လွှတ်တော်
#YMG/NN #Yangon_Times
ပြည်ပသို့ဆန်နဲ့ ဆန်ကွဲ နှစ်သန်းကျော်ကို အခုဘဏ္ဍာနှစ် ကိုးလတာ အတွင်းတင်ပို့ထားပြီးပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း (၆၇၀)ကျော်ရရှိထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 13 January 2026
#ဆန်_ဆန်ကွဲ
#YMG/NN #Yangon_Times
#Local_News
Published 13 January 2026
▪️ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှ မြန်မာ့အရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင်နိုင်ငံတကာဥပဒေနှင့် မြေပြင်တွင်အမှန်တကယ်ဖြစ်ပျက်နေသည့်အခြေအနေများအပေါ်အပြန်အလှန်လေးစားလိုက်နာမှုရှိသော အေဖြတစ်ခုထွက်ပေါ်လာရေးအတွက် အဖြစ်မှန်များကို မျှတစွာ သုံးသပ်ဆုံးဖြတ်ရန်မှာအရေးကြီးကြောင်းမြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ က ယနေ့ထုတ်ပြန်လိုက်သည်။
▪️ မြန်မာနိုင်ငံသည် ရွေးကောက်ပွဲအပြီးတွင် နိုင်ငံတော်သစ်တည်ဆောက်ရေး လုပ်ငန်းစဉ်များကိုစတင်ဖော်ဆောင်တော့မည့်အချိန်ဖြစ်ရာ ထိုသို့ နိုင်ငံသစ်ကို အောင်မြင်စွာတည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘောဆောင်သော အားပေးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အထူးလိုအပ်လျှက်ရှိကြောင်း၊လက်ရှိတွင်ICJ၌ တရားရင်ဆိုင်နေရသောအမှုသည် မြန်မာနိုင်ငံကို ကိုယ်စားပြုသည့်အပြင် မြန်မာပြည်သူအားလုံး၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုက်သည့်ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
▪️ ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုထားသောအမှုတွင်နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ဦးဆောင်သောအဖွဲ့သည် နယ်သာလန်နိုင်ငံ၊သည်ဟိတ်ဂ်မြို့သို့သွားရောက်ကာ တရားမျှတမှုနှင့်အမှန်တရားကို လက်ကိုင်ထားကာ မြန်မာနိုင်ငံအတွက်အစွမ်းကုန်လျှောက်လဲချက်ပေးသွားမည်ဖြစ်ကြောင်း၊အဆိုပါကိုယ်စားလှယ်အဖွဲ့၏ ကြိုးပမ်းမှုများကိုမြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ အပြည့်အဝထောက်ခံအားပေးကြောင်းလည်း ဖော်ပြထားသည်။
▪️ ထို့အပြင် ICJမှ ဂုဏ်သရေရှိတရားသူကြီးများအနေဖြင့်လည်း တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်သိက္ခာကို ထိမ်းသိမ်းလျှက် မည်သည့်အစွဲအလန်းမျှ မပါဘဲ အခြေအနေမှန်နှင့် ဖြစ်ရပ်မှန်များကို ဘက်လိုက်မှုကင်းစွာဖြင့် ဝေဖန်ဆန်းစစ်သုံးသပ် နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ကအသိပေးထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
အိန္ဒိယအစိုးရထောက်ပံ့မှုနဲ့ ဆောင်ရွက်နေတဲ့ပုဂံေဒသရှိရှေးဟောင်းအဆောက်အအုံများ ကြံ့ခိုင်မှုထိန်းသိမ်းခြင်းဒုတိယအဆင့်
မှာ အဆောက်အုံ(၅၀)ကိုဆောင်ရွက်သွားမယ်လို့ရပါတယ်။
#Local_News
Published 13 January 2026
#ပုဂံ #အိန္ဒိယ
#YMG/SW #Yangon_Times
#Daily_News
Published 13 January 2026
၁။ ပြည်ပသို့ဆန်နှင့်ဆန်ကွဲ နှစ်သန်းကျော်တင်ပို့ထားပြီးပို့ကုန်ဝင်ငွေ
သန်းပေါင်း(၆၇၀)ကျော်ရရှိထား
၂။ ရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပပြီးနောက် မတ်လတွင်လွှတ်တော်ခေါ်ယူမည်
၃။ ရွှေဈေးဆက်တိုက်မြင့်တက်နေပြီးတစ်ကျပ်သား(၉၇)သိန်းခန့်သို့ စံချိန်တင်ရောက်ရှိ
၄။ တရုတ်ပြည် ဝူဟူမြို့၌ စက်ရုပ်ယာဉ်ထိန်းရဲ စတင်တာဝန်ထမ်းဆောင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 13 January 2026
■ ယနေ့ဇန်နဝါရီလ၁၃ရက် နံနက်ပိုင်းကမအူပင်မြို့နယ်အတွင်းမြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
■ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တလုပ်လပ်အနောက်ကျေးရွာအုပ်စု၊ အောက်ပိုင်းကျေးရွာ၌ ယနေ့နံနက်ပိုင်းက တိုးမြစ်ရေတိုက်စားမှုကြောင့် အလျား (၅၀) ပေ၊ အနံ (၂၀)ပေခန့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး မြစ်ကမ်းပါးပြိုကျမှုနှင့်နီးကပ်သည့် ဓနိမျုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ် (၃)လုံး ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
■ အဆိုပါမြစ်ကမ်းပါးပြိုကျမှုကြောင့် ငွေကျပ်(၆၀၀၀၀ဝိ/) (ခြောက်သိန်းကျပ်)ခန့် ဆုံးရှုံးခဲ့ရပြီး ကြိုတင်ဖျက်သိမ်းခဲ့သည့် နေအိမ်ရှိမိသားစုဝင်များအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ခေတ္တ ပြောင်းရွေ့နေထိုင်စေပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များဝင်များမှဘေးလွတ်ရာမြစ်ကမ်းနှင့်ဝေးကွာသည့်နေရာတွင် နေအိမ်များပြန်လည်ဆောက်လုပ်နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 94 of 2369