နေပြည်တော်၊ ၂၀၂၆ မတ် ၁၉ —PDF အဖွဲ့ဝင် ၅၀၀ ကျော်သည်  မန္တလေးတိုင်းဒေသကြီးတွင် သူတို့၏ လက်နက်ခဲယမ်းများကို အပ်နှံကာ ဥပဒေဘောင်အတွင်းသို့ အစုလိုက်အပြုံလိုက် အလင်းဝင်ရောက်လာခဲ့ကြောင်း သက်ဆိုင်ရာ က ယနေ့ သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ အလင်းဝင်ရောက်လာသူ စုစုပေါင်း ၅၀၆ ဦး ရှိပြီး၊ ယင်းတို့အနက် အမျိုးသား ၄၅၃ ဦးနှင့် အမျိုးသမီး ၅၃ ဦး ပါဝင်သည်။ ဤအရေအတွက်မှာ လက်နက်ကိုင်ပဋိပက္ခများအတွင်း အများဆုံးသော အစုလိုက်အပြုံလိုက် အလင်းဝင်ရောက်မှုဖြစ်စဉ်တစ်ခု ဖြစ်လာသည်။ တာဝန်ရှိသူများ က လက်နက်ကိုင်တိုက်ခိုက်နေသူများကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်  ထားပြီး လိုအပ်သည့် ထောက်ပံ့မှုများ ပေးအပ်သွားမည်ဟု ကမ်းလှမ်းထားသည်။

ယခုကဲ့သို့ အများအပြား အလင်းဝင်ရောက်လာခြင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်း PDF များ ထိန်းချုပ်ထားသည့် နယ်မြေအချို့ကို တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်နိုင်  ခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်အဖွဲ့ဝင်များအကြား စိတ်ဓာတ်ကျဆင်းကာ လမ်းစဉ်စွန့်လွှတ်လာခြင်း  ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလင်းဝင်ရောက်လာသူများအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့် အခြား ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလင်း ဝင်ရောက်လာသူများနှင့် ထိုသူတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

pdf legalfold2pdf legalfold3