#Local_News
Published_1 March 2025
▪️ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုကို နေ့ရောညပါ အရှောင်တခင်စစ်ဆေးဖမ်းဆီးခြင်းရန် စီစဉ်နေကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက သိရသည်။
▪️ ၃ နှစ်အတွင်း တရားမဝင်ကုန်သွယ်မှု ခန့်မှန်းတန်ဖိုးကျပ် ၄၅၈ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့သော်လည်းအိမ်နီး ချင်း ကုန်သွယ်ဖက်နိုင်ငံများနှင့်ကုန်သွယ်မှု ကွာခြားချက်စာရင်းအရ လျော့နည်းနေသေးကြောင်း အဆိုပါ ကော်မတီ၏ စာရင်းများအရ သိရသည်။
▪️ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလထိ (၃) နှစ်နှင့် (၁) လတာကာလအတွင်း တရားမဝင်ကုန် သွယ်မှု အမှုတွဲ ၁၉၀၀၀ ကျော်၊ ခန့်မှန်းတန်ဖိုးကျပ် ၄၅၈ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့သော်လည်းအိမ်နီးချင်း ကုန်သွယ်ဖက်နိုင်ငံများနှင့် နှစ်နိုင်ငံကုန်သွယ်မှု ကွာခြားချက်စာရင်းများကို နှိုင်းယှဉ်ရာတွင် ဖမ်းဆီးရမိမှုပမာဏ သည် လွန်စွာလျော့နည်းနေသေးကြောင်း ယင်းကြောင့် ပိုမိုတိုးတက်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ရန်လိုပြီး တိုင်း ဒေသကြီး၊ ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များကနယ်မြေအတွင်းရှိလမ်းကြောင်းများတွင် ပုံမှန်ဖမ်းဆီးမှု၊ ရှောင်တခင်စစ်ဆေးတားဆီးဖမ်းဆီးခြင်းများကို နေ့ညမပြတ်ဆောင်ရွက်ရန် ကော်မတီဥက္ကဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်စိုးဝင်းက တရားမဝင် ကုန်သွယ်မှု တိုက် ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၅)တွင် ပြောကြားခဲ့သည်။
▪️ အလားတူ“လိုင်စင်မဲ့မော်တော်ယာဉ်များ စိစစ်ဖော်ထုတ်ရာ၌ ဖမ်းဆီးရမိသူများအပြင် ပါဝင်ပတ်သက်နေသည့် အုပ်ချုပ်ရေးနှင့် လုံခြုံရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများကိုလည်း အဆင့်ဆင့် စိစစ်ဖော်ထုတ်အရေးယူသွားရန် ၊ တရားမဝင် မော်တော်ဆိုင်ကယ်များကိုလည်း စိစစ်ဖော်ထုတ်အရေးယူသွားရန် ပြောကြားခဲ့ကြောင်း သိရသည်။
▪️ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ဖမ်းဆီးရရှိမှုများတွင် အကောက်ခွန်ဦးစီးဌာနက အများဆုံးဖမ်းဆီးရမိခဲ့ပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဖမ်းဆီးရရှိမှုများ တွင် စစ်ကိုင်းတိုင်းဒေသကြီးက အများဆုံး၊ မန္တလေးတိုင်းဒေသကြီးက ဒုတိယအများဆုံးနှင့် ရန်ကုန်တိုင်းဒေသကြီးက တတိယအများဆုံး ဖမ်းဆီးရမိခဲ့ကြောင်း၊ ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများကို စိစစ်ရာတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင်ကုန်စည်တင် မော်တော်ယာဉ်ဖမ်းဆီးရရှိမှုများက အများဆုံးဖြစ်ပြီး လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများက ဒုတိယအများဆုံးနှင့် တတိယအများဆုံးက ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
▪️ ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ဖမ်းဆီးရမိမှုများကိုကြည့်ပါက ဒီဇင်ဘာလတွင် ငွေကျပ် ၄၄ ဒသမ ၁၈၃ ဘီလီယံနှင့် အများဆုံးဖမ်းဆီးရမိခဲ့သည်ကို တွေ့ရပြီး နှစ်အလိုက်ဖမ်းဆီးရမိမှုများကို နှိုင်းယှဉ်ကြည့်ပါက ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးရမိမှုတန်ဖိုးကျပ် ၆၅ ဘီလီယံ၊ ၂၀၂၃ ခုနှစ်တွင် ငွေကျပ် ၁၃၅ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ငွေကျပ် ၂၂၃ ဘီလီယံ တိုးတက်ဖမ်းဆီးနိုင်ခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံ၏ ကုန်သွယ်မှုပို့ကုန်၊ သွင်းကုန်ခြားနားချက်များကို ကြည့်မည်ဆိုပါကများစွာ ဖမ်းဆီးရန် လိုအပ်နေသေးကြောင်း၊ ပို့ကုန်၊ သွင်းကုန်တန် ဖိုးနှင့် ညီမျှသည့် ဖမ်းဆီးရမိမှုရှိစေရန်သက်ဆိုင်ရာဝန် ထမ်းများအနေဖြင့်ပိုမိုထိရောက်သည့်ဖမ်းဆီးမှုများ၊ တိကျသည့်အရေးယူမှုများ တိုးမြှင့်ဆောင်ရွက်သွားရန် လိုကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
▪️ ရှည်လျားသည့် နယ်စပ်မျဉ်းတစ်လျှောက်တွင်ရှိသည့် တရားမဝင်ဝင်ထွက်ပေါက်များကို ထိန်းချုပ်ရန်ခက် ခဲသည့်အပြင် တရားမဝင်မှောင်ခိုရှောင်ကွင်းလမ်းများမှ ဝင်ရောက်လာမှုများလည်းရှိ၍ ယင်းတို့ကိုပိတ်ဆို့ ရန်အခက်အခဲများစွာရှိသော်လည်း နယ်စပ်တစ်လျှောက်မှ ဝင်ပေါက်များကို ထိန်းချုပ်နိုင်သည့် အဓိကကျသောလမ်းကြောင်း၊ နေရာများတွင် တာဝန်ကျဝန်ထမ်းများက နိုင်ငံ၏ စီးပွားရေးကို အထောက်အကူပြုမည်ဆိုသည့် စိတ်ဖြင့် ဆောင်ရွက်ပါက ပိုမိုဖမ်းဆီးနိုင်မည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများကို နယ်စပ်ဂိတ်များမှ တစ်ဆင့်တင်ပို့ခြင်းအပြင် နယ်စပ်ဂိတ်များ အနီးရှိ ဂိုဒေါင်များတွင် သိမ်းဆည်း၍ ဖြန့်ချိခြင်းများလည်းရှိ သော ကြောင့် ကြောင်းသက်ဆိုင်ရာတာဝန်ရှိ သူများက ဖော်ထုတ်ဖမ်းဆီး၍ အရေးယူရန်လိုကြောင်းလည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#World_Health
Published 1 March 2025
▪️ အဆီချအချိုရည်များ၊ ပီကေများ၊ သကြားနည်းတဲ့ ဒိန်ချဉ်တို့မှာ ပါဝင်တဲ့ သကြားအစားထိုးပစ္စည်းတစ်မျိုးဟာ တိရိစ္ဆာန်တွေမှာ အင်ဆူလင်ပမာဏ မြင့်တက်စေပြီး အချိန်ကြာလာတာနဲ့အမျှ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ များစေနိုင်ကြောင်း ဆွီဒင်လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
▪️ သုတေသနအချို့အရ သကြားအစားထိုးပစ္စည်းတွေ ကြာရှည်အသုံးပြုပါက လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ အရွယ်မတိုင်ခင် သေဆုံးခြင်းတို့ပင် မြင့်မားနိုင်တယ်လို့ ဆိုထားပါတယ်။
▪️ သကြားအစားထိုးပစ္စည်း aspartameက ဘယ်လိုမျိုး ဘေးဖြစ်နိုင်လဲဆိုတာကို သုတေသီအဖွဲ့က လေ့လာချင်ခဲ့ပါတယ်။
▪️ သကြားထက် အဆ ၂၀၀ လောက်ပိုချိုတဲ့ aspartame ကို Nutrasweet, Equal နဲ့ Sugar Twinဆိုတဲ့ အမှတ်တံဆိပ်များဖြင့် ရောင်းချပါတယ်။
၂၀၂၃ မှာ WHOက aspartameကို လူတွေအတွက် ကင်ဆာဖြစ်စေနိုင်တဲ့ပစ္စည်းလို့ သတ်မှတ်ခဲ့ပါတယ်။
▪️ စမ်းသပ်ချက်အတွက် aspartame ၀.၁၅ ရာခိုင်နှုန်းပါတဲ့ အစာကို ကြွက်တွေမှာ ၁၂ ပတ်ကြာအောင် ကျွေးခဲ့ပါတယ်။
▪️ ထိုကြွက်တွေရဲ့ သွေးကြောတွေမှာ အဆီများ ပိုမိုစုပြုံလာပြီး နှလုံးရောဂါဖြစ်စေမယ့် ရောင်ရမ်းခြင်းမျိုး ခံစားလာရပါတယ်။
▪️ သွေးကြောအဆီပိတ်လာရခြင်းအတွက် အင်ဆူလင်များပြားလာခြင်းက အကြောင်းအရင်းဖြစ်တယ်လို့ ဆိုပါတယ်။
▪️ အင်ဆူလင်ထွက်ပေါ်တဲ့အခါ CX3CL1 ဖြစ်ပေါ်စေပြီး သွေးကြောတွေရဲ့ အတွင်းနံရံတွေမှာ ကပ်ညိပြီးတော့ ဖြတ်သွားတဲ့ ကိုယ်ခံအားဆဲလ်တွေကို ဖမ်းယူလိုက်ပါတယ်။
▪️ CX3CL1ကို ဖယ်ရှားလိုက်တဲ့အခါမှာတော့ စုပြုံပိတ်ဆို့ခြင်း မဖြစ်တော့ပါဘူး။
▪️ နော့သ်ဝဲလ်ဟန်တင်တန်ဆေးရုံမှ အာဟာရပညာရှင် စတက်ဖာနီရှစ်ဖ်က အစားအစာတွေထဲမှာ ပါဝင်တဲ့ သကြားအစားထိုးပစ္စည်းများနဲ့ သကြားတို့ကို ရှောင်ရှားသင့်တယ်လို့ အကြံပြုထားပါတယ်။
#Source: New York Post
#World_Health
Published 1 March 2025
▪️ အာဟာရဓာတ်လိုအပ်ချက်အတွက် ဖြည့်စွက်အားဆေးများ အသုံးပြုလာကြရာမှာ ၂၀၂၄ စစ်တမ်းအရ အမေရိကန်မှာ ဖြည့်စွက်ဆေးအသုံးပြုသူ ၇၅ ရာခိုင်နှုန်း ရှိနေပါတယ်။
▪️ ဆေးဖက်ဝင်နဲ့ ဖြည့်စွက်ဆေးတွေကြောင့် အသည်းပျက်စီးခြင်းမျိုးက ၁၉၉၅ ခုနှစ်ကနေ ၂၀၂၀ အထိ ရှစ်ဆပိုများလာတယ်လို့ ၂၀၂၂ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
▪️ အမေရိကန်တဝှမ်းမှာ အသည်းအဆိပ်သင့်ခြင်းရဲ့ ဖြစ်ရပ် ၂၀ ရာခိုင်နှုန်းလောက်က အဆိုပါ ဖြည့်စွက်ဆေးတွေနဲ့ ပတ်သက်နေပါတယ်။
▪️ အမေရိကန်တွေ စားသုံးနေတဲ့အထဲမှာမှ အသည်းထိခိုက်ခြင်းနဲ့ ဆက်စပ်နေတဲ့ အစားအစာတွေထဲမှာ နနွင်း၊ လက်ဖက်စိမ်း၊ အိန္ဒိယဂျင်ဆင်း၊ မက်လင်၊ တစေးနီထမင်း၊ Black cohoshတို့ ပါဝင်နေတယ်လို့ မီချီဂန်တက္ကသိုလ်မှ သုတေသီများ ဆိုထားပါတယ်။
▪️ ယခင်လေ့လာချက်တစ်ခုမှာ ဖြည့်စွက်ဆေးတွေမှာ စာကပ်ဖော်ပြထားတဲ့ အရာတွေနဲ့ တကယ်ပါဝင်တဲ့အရာတွေ ကွဲလွဲနေတာ တွေ့ခဲ့ကြတယ်လို့ မီချီဂန်မက်ဒီဆင်မှ အသည်းအထူးကု ဒေါက်တာ ရောဘတ်ဖွန်တာနာက ပြောပါတယ်။
▪️ ဒါ့အပြင် အချို့ဖြည့်စွက်ဆေးတွေထဲမှာ အဆိပ်သင့်သတ္တုဓာတ်များ ပါဝင်နေတယ်လို့လည်း လေ့လာချက်တွေမှာ ယူဆထားပါတယ်။
▪️ FDAက ယင်းတို့ကို ဆေးဝါးအနေနဲ့မဟုတ်ဘဲ စားစရာအဖြစ်နဲ့သာ ကွပ်ကဲစီမံရပြီး ဘေးကင်းစိတ်ချရမှု၊ အရည်အသွေး၊ ထိရောက်မှုတို့အတွက်တော့ မစစ်ဆေးကြပါဘူး။
▪️ ဒါကြောင့် ထုတ်လုပ်သူတွေက သူတို့ရဲ့ထုတ်ကုန်တွေမှာ အညွှန်းကိုသေချာရေးသားရမှာ ဖြစ်ပါတယ်။
▪️ ဖြည့်စွက်ဆေးတွေထဲက ပါဝင်ပစ္စည်းတွေက ခန္ဓာကိုယ်ထဲမှာ သက်ရောက်မှုကြီးမားနိုင်သဖြင့် ကျန်းမာရေးပညာရှင်ကနေ သင့်တော်မယ့်ဖြည့်စွက်ဆေးကို ဆုံးဖြတ်ခိုင်းသင့်တယ်လို့ FDAက ပြောထားပါတယ်။
▪️ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဖြည့်စွက်ဆေးတွေကို ကွဲကွဲပြားပြားမသိဘဲ အသုံးပြုပါက ကောင်းခြင်းထက် ဆိုးခြင်းက ပိုများနိုင်ပါတယ်။
#Source: Times of India
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံသားဖြစ်ခွင့်လမ်းကြောင်းအဖြစ် ဒေါ်လာ ၅ သန်းနဲ့ဝယ်ယူနိုင်မယ့် ရွှေကတ်ကို မိတ်ဆက်သွားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ဗီဇာအစီအစဉ်နေရာမှာ အစားထိုးသွားရန် စီစဉ်နေကြောင်း အင်္ဂါနေ့မှာ ပြောသွားပါတယ်။
#World_News
Published 28 February 2025
#ဒေါ်လာငါးသန်းတန်ရွှေကတ် #အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရနိုင်
#YMG #Yangon_Times #Yangon_Media_Group
Naypyidaw, Myanmar – Senior General Min Aung Hlaing, Chairman of the State Administration Council (SAC) and Prime Minister of Myanmar, will soon undertake an official state-level goodwill visit to the Russian Federation at the invitation of Russian President Vladimir Putin, according to an official statement from the SAC information team.
During the visit, Senior General Min Aung Hlaing is scheduled to hold meetings with President Vladimir Putin, the Russian Prime Minister, and the Speaker of the Russian State Duma. Discussions will focus on strengthening bilateral ties, enhancing economic and security cooperation, and expanding strategic partnerships across various sectors.
The Senior General will be accompanied by members of the SAC, government ministers, and senior officials. The visit aims to reinforce the longstanding friendship between Myanmar and Russia while fostering collaboration between the two governments and their people.
knl/ymg
၂၈ ဖေဖော်ဝါရီ ၂၀၂၅
နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း နိုင်ငံတော် အဆင့် တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်မည် ဖြစ်ကြောင်းသိရ သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်က ဖိတ် ကြား၍ သွားရောက်ခြင်းဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ချစ်ကြည်ရေးခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်နှင့်တွေ့ဆုံ ဆွေးနွေးခြင်း၊ ရုရှားနိုင်ငံ ဒူးမား လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်းများ အပါ အဝင် ရုရှားအစိုးရ အဖွဲ့မှတာဝန်ရှိ သူများနှင့် တွေ့ ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက် သွားမည်ဖြစ်ပြီး ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေး ဆောင်ရွက်သွား မည်ဟုလည်းသိရသည်။
အဆိုပါချစ်ကြည်ရေးခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီးနှင့်အတူ နစကကောင်စီအဖွဲ့ဝင်များနှင့် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားမည်ဖြစ်ကြောင်းလည်း အဆိုပါသတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#Daily_News
Published 28 February 2025
၁။ မတ်လတွင် နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘောများ ယခုလထက်ပိုမိုဝင်ရောက်ဆိုက်ကပ်မည်
၂။ ရွှေဆိုင် ၃၄ ဆိုင် ဓာတ်သတ္တု(ရွှေ)ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ထုတ်ယူခွင့်ရရှိ
၃။ ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူးရှစ်သိန်းကျော်ဝင်ရောက်
၄။ အမေရိကန်နိုင်ငံသား ဖြစ်ခွင့်ရနိုင်မည့် ဒေါ်လာငါးသန်းတန် ရွှေကတ်အစီအစဉ်အား ဒေါ်နယ်ထရမ့်မိတ်ဆက်သွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီအတွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၀၀၀ ခန့်ဖန်တီးပေးနိုင်မယ့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 28 February 2025
#ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း #အလုပ်အကိုင်အခွင့်အလမ်းဖန်တီး
#YMG/SW #Yangon_Times
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ဘုရားဖူးရှစ်သိန်းကျော်ဝင်ရောက်ခဲ့တယ်လို့ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 28 February 2025
#ကျိုက်ထီးရိုးစေတီတော် #ကျိုက်ထို
#YMG/NN #Yangon_Times
ရန်ကုန်မြို့က စိန်နန်းတော်ရွှေဆိုင် အပါအဝင် ရွှေဆိုင် ၃၄ ဆိုင်ဟာ ဓာတ်သတ္တု(ရွှေ) ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ထုတ်ယူခွင့်ရရှိထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 28 February 2025
#ဓာတ်သတ္တု(ရွှေ)ဝန်ဆောင်မှု #လုပ်ငန်းလိုင်စင်ထုတ်ယူခွင့်
#YMG/NN #Yangon_Times
လာမယ့်မတ်လမှာ နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘောတွေ ယခုလထက်ပိုမိုဝင်ရောက်ဆိုက်ကပ်မယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 28 February 2025
#နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘော #မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
#YMG/SW #Yangon_Times
#World_News
Published 28 February 2025
▪️ အနုပညာ သရုပ်ဆောင်လောကမှာ နှစ် ၆၀ ကျော်ကျင်လည်ခဲ့ရင်း အော်စကာဆု ၂ ဆုရရှိခဲ့ကာ ခံစားချက်ထည့် သရုပ်ဆောင်တတ်တဲ့ မင်းသားကြီး ဂျင်းဟက်ခ်မန်းကို ဇနီးဖြစ်သူ စန္ဒရားပညာရှင် ဘတ်စီအာရာခါဝါ၊ ခွေးတစ်ကောင်နဲ့အတူ နေအိမ်မှာ အကြောင်းအရင်းမသိရဘဲ သေဆုံးနေတာတွေ့ရှိခဲ့တယ်လို့ နယူးမက္ကဆီကို ဆန်တာဖဲရဲမှူးရုံးက ကြာသပတေးနေ့မှာ ပြောသွားပါတယ်။
▪️ အသက် ၉၅ နှစ်ရှိ မင်းသားကြီးနဲ့ အသက် ၆၄ နှစ်ရှိ အာရာခါဝါတို့ကို နေအိမ်ထဲက သီးခြားအခန်းတွေထဲမှာ အသက်ဆုံးပါးလျက် တွေ့ရှိတာဖြစ်တယ်လို့ ဖော်ပြထားတာပါ။
▪️ အခုအချိန်မှာ အကြမ်းဖက် မသမာတဲ့ပုံစံမျိုးတော့ မတွေ့ရပေမယ့် သေဆုံးရခြင်း အကြောင်းအရင်းအတိအကျကို မဆုံးဖြတ်ရသေးဘူးလို့ ဖော်ပြထားကာ အာဏာပိုင်တွေက ဖြစ်နိုင်ခြေအားလုံးကို စုံစမ်းစစ်ဆေးနေပါတယ်။
▪️ ရဲမှူးရုံးက ရှာဖွေရေးဝရမ်းထုတ်ပြန်ဖို့ ဗုဒ္ဓဟူးနေ့ညနေက လျှောက်တင်ခဲ့ကာ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ လိုအပ်တဲ့အထိ သံသယဖြစ်ဖွယ်ကောင်းတယ်လို့ တရားသူကြီးကို ပြောပြခဲ့ပါတယ်။
▪️ လျှောက်တင်ချက်ထဲမှာ အလောင်းတွေ တွေ့ရှိခဲ့တဲ့ ထိန်းသိမ်းရေးဝန်ထမ်းက အိမ်ရှေ့တံခါးဟနေတာကို တွေ့ခဲ့ပြီး အတင်းအကြပ် ဝင်ရောက်တဲ့ အရိပ်အယောင်မျိုး၊ ဓာတ်ငွေ့စိမ့်ထွက်တဲ့ လက္ခဏာမျိုးတွေ မတွေ့ရဘဲ အလောင်းခွဲစိတ်ခြင်းနဲ့ အဆိပ်အတောက် စစ်ဆေးချက်ရလဒ်များ စောင့်ဆိုင်းနေကြတယ်လို့ ဖော်ပြထားပါတယ်။
▪️ ဆန်တာဖဲကောင်တီရဲမှူး အဒန်မင်ဒိုဇာက ဟက်ခ်မန်းတို့ ဇနီးမောင်နှံနဲ့ နောက်ဆုံးဆက်သွယ်ခဲ့သူကို ရှာဖွေဖို့ကြိုးပမ်းနေကြောင်း ဆိုပါတယ်။
▪️ ဟက်ခ်မန်းကို မီးဖိုချောင်မှာ တွေ့ရှိကာ အာရာခါဝါနဲ့ သေတ္တာထဲရှိနေတဲ့ ခွေးတစ်ကောင်ကိုတော့ ရေချိုးခန်းထဲမှာ တွေ့ရပြီး ရေချိုးခန်းစင်ပေါ်မှာ ဆေးညွှန်းပါတဲ့ ဆေးပုလင်းထဲကနေ ဆေးတွေပြန့်ကျဲနေတယ်လို့ လက်ထောက်အရာရှိများ တွေ့ခဲ့ကြပါတယ်။
▪️ နှစ်ယောက်စလုံးက ကြမ်းပြင်သို့ ရုတ်တရက် လဲကျသွားပုံပေါ်ပြီး တစ်ခုခုနဲ့ ရိုက်တဲ့လက္ခဏာမျိုးလည်း မတွေ့ရပါဘူး။
▪️ ဟက်ခ်မန်းဟာ ၁၉၆၀ အစောပိုင်းတွေတည်းက အနုပညာခရီးလမ်း စတင်ခဲ့ပြီး ဇာတ်ကားပေါင်း ၈၀ ကျော်မှာ ပါဝင်ထားပါတယ်။
▪️ The French Connectionဇာတ်ကားမှာ ပေါ့ပ်အိုင်းဒွိုင်းလ်နေရာကနေ သရုပ်ဆောင်ပြီး အကောင်းဆုံး အမျိုးသားသရုပ်ဆောင် အကယ်ဒမီဆု ရရှိခဲ့ပါတယ်။
▪️ Unforgiven ဇာတ်ကားမှာတော့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ အော်စကာဆုလည်း ရရှိခဲ့ပါတယ်။
▪️ ၂၀၀၄ ခုနှစ် Welcome to Mooseportဇာတ်ကားမှာ နောက်ဆုံးအနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
#Source: Reuters
Page 295 of 1860