#World_Health
Published 26 February 2025
▪️ ကမ္ဘာတဝှမ်းမှာ ဟော်မုန်းဆိုင်ရာ သန္ဓေတားနည်းလမ်းတွေ အသုံးပြုနေတဲ့ အမျိုးသမီး သန်း ၂၅၀ ခန့်ရှိမယ်လို့ ယူဆထားရာမှာ ထိုကဲ့သို့ ဟော်မုန်းသန္ဓေတားနည်းလမ်းများ အသုံးပြုခြင်းနဲ့ လေဖြတ်ခြင်း နှလုံးဖောက်ခြင်းတို့ ဖြစ်နိုင်ခြေများခြင်းတို့ကြား ဆက်စပ်နေနိုင်တယ်လို့ သုတေသနတစ်ခုမှာ ယူဆထားပါတယ်။
▪️ ဒိန်းမတ်သိပ္ပံပညာရှင်များက အမျိုးသမီးအင်္ဂါကွင်းများ၊ အရေပြားကပ်ဆေးများ၊ အင်္ဂါထဲထည့်သွင်းပစ္စည်းများ၊ အရေပြားအောက် ပစ္စည်းထည့်ခြင်းများ၊ ဆေးထိုးခြင်း၊ ဆေးသောက်ခြင်းတို့နဲ့ ဆက်စပ်တဲ့ ဘေးအန္တရာယ်များကို လေ့လာခဲ့ကြပါတယ်။
▪️ ဟော်မုန်းသန္ဓေတားဆေးတွေထဲက အီစထရိုဂျင်နဲ့ ပရိုဂျက်စတင်တို့ဆိုရင် အမျိုးသမီးခန္ဓာကိုယ်မှာ သဘာဝအတိုင်း တွေ့ရတဲ့ ဟော်မုန်းမျိုးဖြစ်ပြီး ဓမ္မတာစက်ဝန်း ထိန်းညှိပေးခြင်း၊ သန္ဓေထောက်ကူခြင်းတို့မှာ ပါဝင်ဆောင်ရွက်ပေးကြပါတယ်။
▪️ အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြားရှိတဲ့ ဒိန်းမတ်အမျိုးသမီး ၂ သန်းကျော်ကို ၂၅ နှစ်အတွင်း ဆေးညွှန်းမှတ်တမ်းများ လေ့လာကြည့်ရှုခဲ့ကြပါတယ်။
▪️ အသက်အရွယ်၊ ပညာရေး၊ သွေးတိုးဆီးချိုစတဲ့ အကြောင်းအရာတွေကို ထည့်သွင်းပြီးနောက် ကိုယ်ဝန်တားသောက်ဆေး အီစထရိုဂျင်-ပရိုဂျက်စတင်ဆေးဟာ ဦးနှောက်သွေးကြောပိတ်ခြင်း၊ နှလုံးဖောက်ခြင်းအန္တရာယ်တို့ကို နှစ်ဆပိုများစေနိုင်တာနဲ့ ဆက်စပ်တွေ့ရှိခဲ့ကြပါတယ်။
▪️ သောက်ဆေးတွေတင်မကဘဲ အမျိုးသမီးအင်္ဂါကွင်းနဲ့ အရေပြားကပ်ဆေးတို့ဟာလည်း ဘေးအန္တရာယ်များစေပါတယ်။
▪️ ပရိုဂျက်စတင်သာပါဝင်တဲ့ အင်္ဂါထဲထည့်သွင်းပစ္စည်း (IUD)ကတော့ ဘေးအန္တရာယ်မများစေတဲ့ တစ်ခုတည်းသော သန္ဓေတားနည်းလမ်း ဖြစ်နေပါတယ်။
▪️ ဖြစ်ရတဲ့အကြောင်းအရင်းတွေ၊ သက်ရောက်ပုံတွေအကြောင်း ခိုင်မာတဲ့ကောက်နုတ်ချက်တွေ မရှိသေးပါဘူး။
▪️ ဘေးအန္တရာယ် ဖြစ်နိုင်ခြေတွေက နည်းပါးပေမယ့် အကျိုးကျေးဇူးတွေနဲ့ အန္တရာယ်တွေကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ သုတေသီများ ဖော်ပြထားပါတယ်။
▪️ သန္ဓေတားနည်းလမ်းတွေက ဘေးထွက်ဆိုးကျိုးတွေ ရှိပေမယ့် ကမ္ဘာတဝှမ်း အသုံးများနေကြဆဲ ဖြစ်ပါတယ်။
#Source: New York Post
ဒေါ်နယ်ထရမ့် ဒုတိယအကြိမ်မြောက် သမ္မတတာဝန်ယူနေတဲ့ ကာလအတွင်း အမေရိကန် လူဝင်မှုကြီးကြပ်ရေးမူဝါဒများ ပိုမိုတင်းကြပ်လာတာကြောင့် မက္ကဆီကိုမှာ သောင်တင်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူများဟာ အနာဂတ်မရေရာမှု များလာပြီး ဘေးအန္တရာယ်များတဲ့ လမ်းကြောင်းတွေဆီ ဦးတည်လာရပါတယ်။
#World_News
Published 25 February 2025
#အမေရိကန်နယ်စပ်မူဝါဒ #ပိုမိုတင်းကြပ်လာ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 25 February 2025
၁။ ပုဂံဘုရားများအား မဲခေါင်ဒေသတွင်း ပန်းချီပညာရှင်များ Outdoor Paintingရေးဆွဲ
၂။ ခရမ်းချဉ်သီးဈေးထိုးကျ၍ တောင်သူများအရှုံးပေါ်
၃။ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ၂၃သန်းနှင့် ဘတ်သန်း၁၅၀ရောင်းချပေးမည်
၄။ အမေရိကန်နယ်စပ်မူဝါဒများ ပိုမိုတင်းကြပ်လာသဖြင့် ရွှေ့ပြောင်းနေထိုင်သူများအန္တရာယ်များသည့်လမ်းကိုရွေးချယ်ဖို့ဖြစ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကိုဗစ်-၁၉ ရန်ပုံငွေကနေ ချေးငွေရယူထားပြီး ပြန်လည်ပေးဆပ်ခြင်းမရှိတဲ့ ကုမ္ပဏီလေးရာကျော်ရဲ့ အမည်စာရင်းကို ထုတ်ပြန်ကြေညာသွားမယ်လို့ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 25 February 2025
#ချေးငွေပြန်မဆပ်သည့်ကုမ္ပဏီ #လေးရာကျော်စာရင်းထုတ်ပြန်
#YMG/SW #Yangon_Times
#Local_News
Published 25 February 2025
▪️ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ချုံချင့် တက္ကသိုလ်တို့အကြားပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးကိစ္စရပ် များကိုယခုလ၂၄ရက်က မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့်ချုံချင့်မြူနီစီပယ်မြို့ရှိ ချုံချင့်တက္ကသိုလ်(Chongqing University) မှ ဒုတိယပါမောက္ခချုပ် Mr. Jun Yangတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ချုံချင့်တက္ကသိုလ်တို့အကြား သုတေ သနလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နိုင်ရေးကိစ္စရပ်များ၊ နှစ်ဖက်တက္ကသိုလ်များအကြား ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ အပြန်အလှန်ဖလှယ်ရေးကိစ္စရပ်များ၊ ချုံချင့် တက္ကသိုလ်မှ ပညာသင်ဆုပေးအပ်နေမှုများနှင့် ပညာရေးကဏ္ဍအောက်မှ အခြားပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
စက်သုံးဆီလုပ်ငန်းရှင်အတွက်အတွက် အမေရိကန် ဒေါ်လာ၂၃သန်းနဲ့ ထိုင်းဘတ်သန်း၁၅၀ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 25 February 2025
#စက်သုံးဆီလုပ်ငန်းရှင်များ #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/SW #Yangon_Times
နေရာဒေသအနှံအပြားမှာ ခရမ်းချဉ်သီးထွက်ရှိနေချိန်ဖြစ်တာကြောင့် ရှမ်းဒေသက ထွက်ခရမ်းချဉ်သီးတွေကို ဝယ်လိုအားမရှိဘဲ ဈေးနှုန်းတွေထိုးကျနေပြီး စိုက်ပျိုးသူတောင်သူတွေ အရှုံးပေါ်နေတယ်လို့ စိုက်ပျိုးရောင်းချသူတွေဆီက သိရပါတယ်။
#Local_News
Published 25 February 2025
#ခရမ်းချဉ်သီးဈေးကျ #တောင်သူများအရှုံးပေါ်
#YMG/NN #Yangon_Times
ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ ပုဂံမြို့မှာ မဲခေါင်ဒေသတွင်း ပန်းချီပညာရှင်တွေ ပြည်တွင်းက ပညာရှင်တွေ Outdoor Painting ရေးဆွဲနေတယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 25 February 2025
#မဲခေါင်ဒေသတွင်း #Outdoor Paintingရေးဆွဲ
#YMG/NN #Yangon_Times
#Local_News
Published 25 February 2025
▪️ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးသူငယ်များကို ငွေကြေးထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပသည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး၌ပြောကြားခဲ့သည်။
▪️ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှစ၍အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးပုဂ္ဂိုလ်များကို ထောက်ပံ့သည့် လူမှုရေးပင်စင်နှင့်ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသည့် အသက် ၂ နှစ်အောက် ကလေးသူငယ်များကို ငွေကြေးထောက်ပံ့သည့် အစီအစဉ်များက အကျိုးခံစားခွင့် ရရှိသူများကိုလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်မှ တဆင့်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အသက် ၂ နှစ်အောက် ကလေးငယ်များကို ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်ရာတွင် ကလေးငယ်အားလုံး တစ်ဦးတစ်ယောက်မျှ မကျန်ခဲ့စေရေး ဆောင်ရွက်သွားမည်ဖြစ်ပြီးမြန်မာ့စီးပွားရေးဘဏ်ခွဲများမှ တစ်ဆင့် ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 25 February 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်း-ရုရှားစစ်ပွဲ ငြိမ်းချမ်းရေးရရှိရန် ကြားဝင်စေ့စပ်ဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အမေရိကန်မူကြမ်းရေးဆွဲထားတဲ့ ပဋိပက္ခဖြေရှင်းချက်အတိုင်း ကျင့်သုံးဖို့ တနင်္လာနေ့က အတည်ပြုဆုံးဖြတ်လိုက်ပြီး ၃ နှစ်ပြည့်မြောက်လာပြီဖြစ်တဲ့ စစ်ပွဲပဋိပက္ခမှာ ကြားနေအဖြစ် ရပ်တည်သွားမှာ ဖြစ်ပါတယ်။
▪️ အဆိုပါ ဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့လ ထရမ့်သမ္မတတာဝန်ယူပြီးချိန်ကစလို့ ယူကရိန်းအပေါ်ထားတဲ့ အမေရိကန်မူဝါဒ ပြောင်းလဲလာပုံနဲ့ ရုရှားဘက်ကို ပြေရာပြေကြောင်းပေးလိုတဲ့ သဘောထားကို ဖော်ပြနေပါတယ်။
▪️ သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်ကတော့ အမေရိကန်ကဦးဆောင်ပြီး ကုလသမဂ္ဂကနေ ယူကရိန်းကို ထောက်ခံခဲ့တာ ဖြစ်ပါတယ်။
▪️ အမေရိကန်ရဲ့ ရပ်တည်ချက် ပြောင်းလဲလာပုံကို ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် ဗက်ဆလီနီဘင်ဇီယာက အသိအမှတ်ပြုလိုက်ပြီး ကောင်စီရဲ့ဆုံးဖြတ်ချက် အကောင်းကြီး မဟုတ်ပေမယ့် အနာဂတ်မှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် စမှတ်ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
▪️ ရုရှားနိုင်ငံက ဗီတိုအာဏာကိုင်ထားတာကြောင့် အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ ကုလလုံခြုံရေးကောင်စီဟာ စစ်ပွဲတလျှောက် ဘာမှမလုပ်နိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။
▪️ ဒါပေမဲ့ ၁၉၃ နိုင်ငံပါဝင်တဲ့ အထွေထွေညီလာခံမှာတော့ ယူကရိန်း အချုပ်အခြာအာဏာကို အကြိမ်ကြိမ်ထောက်ခံခဲ့ကြပြီး ကုလသမဂ္ဂပဋိဉာဉ်အတိုင်း တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ တောင်းဆိုခဲ့ကြပါတယ်။
▪️ ဖြေရှင်းဆုံးဖြတ်ချက်ထဲမှာ ပဋိပက္ခအတွင်း အသက်ဆုံးရှုံးသူများအတွက် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြထားကာ ကုလရဲ့ရည်ရွယ်ချက်က နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ထိန်းသိမ်းခြင်း၊ ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းတို့ဖြစ်ပြီး ပဋိပက္ခ အမြန်ဆုံးအဆုံးသတ်ရေးနဲ့ ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိရန် တောင်းဆိုထားပါတယ်။
▪️ အမေရိကန်ရဲ့ မူကြမ်းဆုံးဖြတ်ချက်ဟာ ထောက်ခံမဲ ၁၀ မဲဖြင့် အတည်ပြုခဲ့တာဖြစ်ပြီး ပြင်သစ်၊ ဗြိတိန်၊ ဒိန်းမတ်၊ ဂရိ၊ ဆလိုဗေးနီးယားတို့က ကြားနေမဲ ပေးခဲ့ပါတယ်။
▪️ ထရမ့်ကြားဝင်စေ့စပ်တဲ့ ဖြစ်စဉ်မှာ ရုရှားကို အာရုံစိုက်နေခြင်းအပေါ် ယူကရိန်းနဲ့ ဥရောပမဟာမိတ်များအတွက် သတိမူစရာဖြစ်လာပြီး စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုတွေမှာ ချန်လှပ်ခံခဲ့ရမှာကို စိုးရိမ်လာကြပါတယ်။
#Source: Reuters
#Local_News
Published 25 February 2025
▪️ ပဲခူးမြို့နယ်၊ အင်းတကော်မြို့အနီး၊ ပဲခူး-ရန်ကုန်ကားလမ်းမ၌ အိမ်စီးကားနှင့်တွဲကားတိုက်မိ၍ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် နှစ်ဦးအပါအဝင် စုစုပေါင်းလေးဦးဒဏ်ရာရရှိမှု ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်နေယာဥ်မောင်း ကိုစိုင်းသီဟန်မောင်းနှင်ပြီး ယာဥ်ရှေ့ခန်းတွင် ဓာတ်ပုံဆရာကိုအောင်သူအောင်၊ ယာဥ်နောက်ခန်းတွင် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင်မေတ္တာမြင့်မြတ်ဟိန်းနှင့် မေမြတ်နိုးခင်တို့ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဥ်အမှတ် MDY-12/9E-8717 TOYOTA MARK II အမျိုးအစားယာဥ်သည် ဖေဖော်ဝါရီ၂၄ရက် ညနေ၅နာရီကျော်အချိန်ခန့်က ပဲခူး-ရန်ကုန်ကားလမ်းအတိုင်း ပဲခူးဘက်မှ ရန်ကုန်ဘက်သို့မောင်းနင်လာစဥ် အင်းတကော်မြို့၊ အမှတ်(၆)ရပ်ကွက် မိုင်တိုင်(၁၆/၁)နှင့်(၁၆/၂)အကြားအရောက်တွင် လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦးအားတိမ်းရှောင်ရာမှ ယာဥ်မှာလမ်း၏ယာဘက်ခြမ်းသို့ရောက်ရှိသွားခဲ့ပြီး လမ်းဘေးတွင်စုံမီးဖွင့်၍ရပ်ထာသော ခြောက်မူးသံလုံးများတင်ဆောင်ထားသည့် FORTON အမျိုးအစားအဖြူရောင်တွဲကားယာဥ်အား နောက်မှဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ယာဥ်တိုက်မှုကြောင့် ယာဥ်မောင်း ကိုစိုင်းသီဟန်တွင် ညာလက်မောင်းပေါက်ပြဲဒဏ်ရာ၊ ညာခြေထောက်ကျိုးဒဏ်ရာ၊ ကိုအောင်သူအောင်တွင် ဝဲဘက်လည်ပင်ပွန်းခြစ်ဒဏ်ရာ၊ ရင်ညွှန့်အောက်ဒဏ်ရာ၊ သရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်းတွင် ခါးပွန်းပဲ့ဒဏ်ရာ၊ တင်ပါးပွန်းခြစ်ဒဏ်ရာ၊ သရုပ်ဆောင် မေမြတ်နိုးခင်တွင် နှာခေါင်းသွေးထွက်၊ ဝဲဘက်လက်မောင်းကျိုးဒဏ်ရာ၊ ဝဲ/ယာခြေမပွန်းခြစ်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသဖြင့် ပဲခူးမြို့ ခုတင်(၅၀၀)အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကာဆေးကုသမှုခံယူကြကြောင်း သိရသည်။
▪️ ထို့ကြောင့် ယာဥ်အားမဆင်မခြင်မောင်းနင်းသူ စိုင်းသီဟန်ကို ဥပဒေအရအရေးယူနိုင်ရန် အင်းတကော်ရဲတပ်ဖွဲ့စခန်း၌ အမှုဖွင့် လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 25 February 2025
▪️ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်ကျောင်းသူ၊ကျောင်းသားများအနေဖြင့် ဖြေဆိုခွင့်ကတ်ပြားများကို ယခု လာမည့် ဖေဖော်ဝါရီ ၂၇ ရက်မှစတင်၍ သက်ဆိုင်ရာ စာသင်ကျောင်းအသီးသီး၌ ထုတ်ယူနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထားသည်။
▪️ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာ နမှကျင်းပမည့် တက္ကသိုလ်ဝင် တန်းစာမေးပွဲကို မတ် ၁၇ ရက်မှ ၂၂ ရက်အထိ တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်သည်။
▪️ ထို့ကြောင့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဥ်ပါသော တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား ယခုအပတ် ဖေဖော်ဝါရီ၂၇မှ စတင်၍ သက်ဆိုင်ရာ စာသင်ကျောင်းအသီးသီး၌ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
▪️ ထို့အတူ အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ)၊ (တွဲဖက်)အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူရမည်ဖြစ်ကြောင်း၊ ပြင်ပမှဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား မိမိတို့ဖြေဆိုရမည့် စာစစ်ဌာန၊ ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူရမည် ဖြစ်သည်။
▪️ အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ် ပြားများထုတ်ယူရာ၌ အခက်အခဲများရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာ နိုင်ငံစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင် ကြောင်းလည်း သိရသည်။
#YMG/NN #Yangon_Times
Page 299 of 1860