ဧရာဝတီတိုင်းဒေသကြီးအတွင်းက ပုသိမ်-ကြံခင်း အစုန်၊ အဆန် ရထားခရီးစဉ်တွေကို အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းကစပြီး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမယ်လို့သိရပါတယ်။
#Local_News
Published 14 October 2026
# ပုသိမ်_ကြံခင်း #ရထား
#YMG/SW #Yangon_Times
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၌ ရေကျော်သီတင်းကျွတ် မီးထွန်းပွဲနဲ့ဈေးပွဲတော်ကြီးကို လာမယ့်အောက်တိုဘာလ ၂၁ ရက်ကနေ ၂၇ ရက်အထိ ၇ ရက်တိုင်တိုင်ကျင်းပသွားမယ်လို့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီက သိရပါတယ်။
#Local_News
Published 14 October 2026
#ရေကျော်ဈေးပွဲတော်
#YMG/NN #Yangon_Times
#World_News
Published 14 October 2026
■ သက်တော် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး လီယိုရဲ့ ညာဘက်အဆုတ်အစိတ်အပိုင်းကို အင်္ဂါနေ့မှာ ခွဲစိတ်ဖယ်ရှားခဲ့ပြီးနောက် အဆုတ်ကင်ဆာရောဂါ လက္ခဏာတွေ့ရှိခဲ့ရကြောင်း ဗာတီကန်ရဲ့ ဆေးဘက်ဆိုင်ရာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
■ ဒါဟာ ပုပ်ရဟန်းမင်းကြီးရဲ့ ကျန်းမာရေးအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
■ ပုပ်ရဟန်းမင်းကြီးမှာ တွေ့ရှိရတာဟာ အဖြစ်များတဲ့ အဆုတ်ကင်ဆာအမျိုးအစား (Lung adenocarcinoma) ဖြစ်ပြီး ခွဲစိတ်စဉ် စစ်ဆေးခဲ့တဲ့ တစ်ရှူးစမ်းသပ်ချက်တွေအရ ကြိုတင်စစ်ဆေးမှုတွေတုန်းက ဆရာဝန်တွေ သံသယရှိခဲ့တာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
■ ပုပ်ရဟန်းမင်းကြီး လီယိုဟာ မကြာသေးမီက ပုံမှန်ကျန်းမာရေးစစ်ဆေးစဉ် တွေ့ရှိခဲ့ရတဲ့ အကျိတ်ကို ဖယ်ရှားဖို့ အင်္ဂါနေ့မှာ Gemelli ဆေးရုံကြီးသို့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
■ ပုပ်ရဟန်းမင်းကြီးရဲ့ အဓိကခွဲစိတ်ဆရာဝန်ကြီး Dr. Stefano Margaritora နဲ့ ကိုယ်ပိုင်ဆရာဝန် Dr. Luigi Carbone တို့ရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီခွဲစိတ်မှုဟာ မိနစ် ၉၀ ခန့် ကြာမြင့်ခဲ့ပြီး ဘာနောက်ဆက်တွဲပြဿနာမှမရှိဘဲ အောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။
■ ဆေးဘက်ဆိုင်ရာ အထူးကုတစ်ဦးရဲ့ ပြောကြားချက်အရ ပုပ်ရဟန်းမင်းကြီးရဲ့ အခြေအနေကို အတိအကျ သုံးသပ်နိုင်ဖို့ ကင်ဆာအကျိတ်ရဲ့ အရွယ်အစားနဲ့ ပြန်ရည်ကျိတ်တွေဆီ ကင်ဆာပြန့်ပွားမှု ရှိမရှိ ဆိုတာတွေကို သိဖို့လိုအပ်ပြီး ဗာတီကန်ဘက်ကတော့ ဒီအချက်အလက်တွေကို ချက်ချင်း ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
Source_WION
#Local_News
Published 14 October 2026
■ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံသည် အောက်တိုဘာ ၁၀ ရက်နေ့နံနက်တွင်တမံအောက်ပိုင်းအိလျောကျမှုဖြစ်ပွားခဲ့ရာ တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်ကုသမှုကြောင့် တစ်ဆထက်တစ်ဆ အခြေအနေတိုးတက်ကောင်းမွန်လာနေပြီဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
■ အဆိုပါ မမြရေလှောင်တမံသည်မူလနိမ့်မြင့်မှတ် ရေအမှတ် ၃၁၅ ပေ မှ ယနေ့တွင် တမံရေမှတ်လျော့ကျမှုမှာ ၃၁၀.၃ ပေသို့ စုစုပေါင်း ၄.၇ပေ တမံရေလျော့ကျအောင်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ် ကြောင်း ၊ ရေအမြန်ဆုံးလျှော့ချနိုင်ရေးအတွက် တမံရေထုတ် ပြွန်မှ ၄၀၀ ကုဗပေ/စက္ကန့် ရေလျှော့ချနေသကဲ့သို့ အရေးပေါ်ရေပိုလွှဲအား မူလနိမ့်မြင့်မှတ် ရေအမှတ် ၃၂၀ ပေ မှ ယနေ့တွင် ၃၀၅ ပေသို့ မြေတူးစက် (၂) စီးဖြင့် ဆက်လက်နှိမ့်ချ၍ ၅၀၀ ကုဗပေ/စက္ကန့် ထပ်မံလျှော့ချလျက်ရှိသဖြင့် စုစုပေါင်း ၉၀၀ ကုဗပေ/စက္ကန့် ရေလျှော့ချဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
■ ၎င်းအပြင် တမံအောက်ပိုင်းအိလျောကျမှုအား ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် တမံအောက်ခြေ ဆင်ခြေလျော၏ အပြင်ဘက်မှမြေသားတမံပုံစံ တမံအောက်ခြေ ထောက်ခြင်းအား မြေတူးစက် (၄) စီး၊ မြေထိုးစက် (၃) စီး၊ မြေသယ်ယာဉ် (၇) စီးတို့ဖြင့်ဆောင်ရွက်နေကြောင်းသိရသည်။
■ မြေသားတမံပုံစံ၏ နောက်ဘက်တွင် ရေစစ်ကျောက်ရိုး (Rock Toe) ကို အလျား ၅၅၀ ပေ၊ အောက်ခြေပျမ်းမျှအကျယ် ၂၆ ပေ၊ ထိပ်ဝအကျယ် ၆ ပေ၊ ပျမ်းမျှအမြင့် ၁၀ ပေ ထည့်သွင်း တည်ဆောက်ရန်အတွက် တည်ဆောက်ရေးလုပ်ငန်းများအား စက်အင်အား၊ လူအင်အားများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ၊ မမြရေလှောင်တမံ မြေသားတာဘောင်နိမ့်ကျမှုကြောင့် ပြည်သူများဘေးအန္တရာယ်ထိခိုက်မှုမရှိစေရေးအတွက် တမံအောက်ပိုင်းအိလျောကျမှု ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများနှင့်တမံရေအမြန်ဆုံး လျှော့ချနိုင်ရေးလုပ်ငန်းများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ ကျွမ်းကျင်ပညာရှင်များ၊ စက်ယန္တရားများ၊ လူအင်အားများဖြင့် အင်တိုက်အားတိုက် အနီးကပ်ပြုစုကုသပေးလျှက်ရှိနေပါသောကြောင့် အထူးတိုးတက်ကောင်းမွန်လာနေပြီဖြစ်ပါကြောင်း မိဘပြည်သူများအားအသိပေးအပ်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 14 October 2026
■ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အ ထောက်အထားမဲ့ မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) ထုတ်ပေးရေးစခန်း ၅ ခုကို ယနေ့ အောက်တိုဘာ ၁၄ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
■ အဆိုပါ CI စခန်းများကို စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်၊ သွားလာ၊ အလုပ်လုပ်ကိုင်နိုင်ရေးနှင့် ဥပဒေအရ ခံစားခွင့်များရရှိနိုင်ရေးအတွက် ရည်ရွယ်ထားကြောင်း ၊CI လျှောက်ထားလိုသည့် အလုပ်သမားများသည် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် CI စာအုပ်ဖိုး ဘတ် ၂,၆၆၀ ပေးသွင်းပြီး မိမိလျှောက်ထားလိုသည့် စခန်းနှင့်ရက်ချိန်းကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်းသိရသည်။
■ ထို့ပြင် ထိုင်းနိုင်ငံတွင်ရရှိသည့် အခြေခံလုပ်ခလစာ သုံးလစာ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံပြန်လည်လွှဲပို့ထားကြောင်း သက်သေပြနိုင်သည့် အထောက်အထားများကို CI လျှောက်ထားချိန်တွင် ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
■ ငွေပေးသွင်းပြီးနောက် 7-Eleven ဆိုင်မှ ရရှိသည့် ပြေစာနှင့်အတူ ရွေးချယ်ထားသော CI စခန်းသို့ သတ်မှတ်ရက်တွင် သွားရောက်လျှောက်ထားရမည်ဖြစ်ပြီး အပိုကုန်ကျစရိတ် မရှိစေရန် အလုပ် သမားများကိုယ်တိုင်ဖြစ်စေ၊ အလုပ်ရှင်၏စီစဉ်ပေးမှုဖြင့်ဖြစ်စေသွားရောက်နိုင်ကြောင်း ၊CI လျှောက်ထားရာတွင် အခက်အခဲများရှိပါက အလုပ်သမားသံအရာရှိရုံးများသို့ အောက်ပါဖုန်းနံပါတ်များအတိုင်း ဆက်သွယ်အကူအညီတောင်းခံနိုင်ပြီး အလုပ် သမားသံအရာရှိရုံး (Call Center) 020030015၊ အလုပ်သမားသံမှူး (ဗန်ကောက်) 0618108454 ၊အလုပ်သမားသံအရာရှိ (ဗန်ကောက်) 0626890119၊ 0652206952၊ 0652206953 အလုပ် သမားသံအရာရှိ(မဲဆောက်) 094586 6607၊ အလုပ်သမားသံအရာရှိ (ချင်းမိုင်) 0634818121 တို့ကိုဆက်သွယ်နိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 14 October 2026
■ Science ဂျာနယ်မှာ ဖော်ပြထားတဲ့ သုတေသနတွေ့ရှိချက်အရ လူ့ဦးနှောက်ရဲ့ မှတ်ဉာဏ်နဲ့ သင်ယူမှုကို ထိန်းချုပ်ပေးတဲ့ hippocampus အပိုင်းဟာ အသက်အရွယ်အလိုက် တစ်သမတ်တည်း တဖြည်းဖြည်းတရိပ်ရိပ် အိုမင်းသွားတာမျိုး မဟုတ်ဘဲ အသက် ၅၀ နဲ့ ၇၅ နှစ်ကြားမှာ ဇီဝဗေဒဆိုင်ရာအပြောင်းအလဲကြီးတွေကို သိသိသာသာ ကြုံတွေ့ရတယ်လို့ သိရပါတယ်။
■ အဓိက တွေ့ရှိချက်တွေအနေနဲ့ကတော့ ဦးနှောက်ရဲ့ ကိုယ်ခံအားဆဲလ်တွေ နေရာမှာ သွေးဖြူဥဆဲလ် တွေနဲ့ တူတဲ့ဆဲလ်တွေက ဝင်ရောက်နေရာယူလာခြင်း၊ အာဟာရနဲ့ ပံ့ပိုးပေးတဲ့ ဆဲလ်တွေ သိသိသာသာ လျော့ပါးလာခြင်းနဲ့ မျိုးဗီဇထိန်းချုပ်မှုတွေကို ပြောင်းလဲစေနိုင်တဲ့ DNA ရဲ့ သုံးဖက်မြင် ဖွဲ့စည်းပုံတွေပျက်ယွင်းလာတာတွေပဲ ဖြစ်ပါတယ်။
■ ဒီလေ့လာမှုဟာ အာရုံကြောယိုယွင်းပျက်စီးစေတဲ့ ရောဂါအန္တရာယ်ကို ဖြစ်စေတဲ့ အသက်အရွယ်ဆိုင်ရာ ဆဲလ်တွေရဲ့ ပြောင်းလဲပုံကို အသေးစိတ်ဖော်ပြပေးနိုင်ပေမဲ့ ရောဂါဖြစ်ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းကိုတော့ အတိအကျ မဖော်ပြနိုင်သေးပါဘူး။
■ ဘယ်လိုပဲဖြစ်ဖြစ် ဒီတွေ့ရှိချက်တွေအရ အသက်ကြီးလာတဲ့အခါ ရောဂါတွေကို ထိရောက်စွာ ကုသနိုင်ဖို့ဆိုရင် သက်ဆိုင်ရာ ဆဲလ်အမျိုးအစားအလိုက် တိတိကျကျ ပစ်မှတ်ထား ကုသဖို့ လိုအပ်မယ်ဆိုတာကို ညွှန်ပြနေပါတယ်။
■ ■ ဦးနှောက်က တစ်ဆဲလ်ချင်းစီကို သုတေသီတွေလေ့လာခဲ့ကြ
■ Science ဂျာနယ်ရဲ့ သုတေသနမှာ အသက်အရွယ်အမျိုးမျိုးရှိ လူ့ဦးနှောက် ဟစ်ပိုကမ်ပတ်စ် တစ်ရှူးတွေကို တစ်ခုချင်းစီ ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့ကြတာပါ။ ဟစ်ပိုကမ်ပတ်စ်ဆိုတာ သင်ယူမှုနဲ့ မှတ်ဉာဏ်အတွက် အဓိကကျပြီး အယ်လ်ဇိုင်းမားရောဂါနဲ့ပတ်သက်ပြီး အများဆုံး လေ့လာကြတဲ့ နေရာလည်း ဖြစ်ပါတယ်။
■ တစ်ရှူးတစ်ခုလုံးကို ပျမ်းမျှတွက်ချက်တာမျိုး မဟုတ်ဘဲ ဆဲလ်တစ်ဆဲလ်ချင်းစီရဲ့ မျိုးဗီဇလှုပ်ရှားမှု၊ DNA ဖွဲ့စည်းပုံနဲ့ ဗိသုကာလက်ရာတွေကို သေချာစစ်ဆေးခဲ့တာကြောင့် သာမန်အားဖြင့် ပျောက်ကွယ်သွားနိုင်တဲ့ အိုမင်းမှုပုံစံတွေကို မြင်တွေ့ခဲ့ရပါတယ်။
■ ဦးနှောက်အိုမင်းမှုဟာ ပုံစံတကျတစ်ပုံစံတည်းဖြစ်နေတာမဟုတ်ဘဲ ဆဲလ်အမျိုးအစားအလိုက် ပုံစံအမျိုးမျိုးနဲ့ အချိန်ကာလအမျိုးမျိုးမှာ ပြောင်းလဲသွားတာဖြစ်ပါတယ်။
■ ဦးနှောက်ရဲ့ ကိုယ်ခံအားဆဲလ်တွေ အသက်လယ်ပိုင်းမှာ ပြောင်းလဲလာ အအံ့သြရဆုံး တွေ့ရှိချက်တစ်ခုကတော့ ဦးနှောက်ကို ကာကွယ်ပေးပြီး ပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးတဲ့ ကိုယ်ခံအားဆဲလ် တွေနဲ့ ဆိုင်ပါတယ်။
■ အသက် ၅၀ နဲ့ ၇၅ နှစ်ကြားမှာ မူလဦးနှောက်ထဲကဖြစ်ပေါ်လာတဲ့ ကိုယ်ခံအားဆဲလ်တွေ လျော့နည်းသွားပြီး သွေးထဲကဆဲလ်တွေနဲ့ တူတဲ့ဆဲလ်တွေက တဖြည်းဖြည်းဝင်ရောက်နေရာယူလာကြပါတယ်။
■ ဒါဟာ မူလဦးနှောက်ရဲ့ ကိုယ်ခံအားဆဲလ်တွေက တစ်သက်လုံး ဒီအတိုင်း ဆက်ရှိနေတယ်ဆိုတဲ့ ရှေးဟောင်းအယူအဆကို ပြောင်းပြန်လှန်လိုက်တာပါပဲ။
■ ဒီလို အစားထိုးဝင်ရောက်လာတဲ့ ဆဲလ်တွေမှာ ရောင်ရမ်းမှုကိုဖြစ်စေတဲ့ လက္ခဏာတွေအပါအဝင် မော်လီကျူးလက္ခဏာအသစ်တွေ ပါဝင်နေတာကြောင့် ပိုပြီးသေသေချာချာသိရှိနိုင်ဖို့ သုတေသီတွေကဆက်လက်လေ့လာနေကြပါတယ်။
■ အခြားထောက်ပံ့ရေးစနစ်တွေလည်း ပြောင်းလဲလာ သုတေသီတွေဟာ ဆဲလ်တွေအချင်းချင်း ဆက်သွယ်မှုကို ထိန်းညှိပေးတဲ့ astrocytes ဆဲလ်တွေအပါအဝင် ဟစ်ပိုကမ်ပတ်စ်က ထောက်ပံ့ရေးဆဲလ်တွေ သိသိသာသာလျော့ကျလာတာကို တွေ့ရှိခဲ့ရပါတယ်။
■ ဒါ့အပြင် ဆဲလ်အမျိုးအစားအမျိုးမျိုးမှာ မျိုးဗီဇ (DNA) ရဲ့ သုံးဖက်မြင် ဖွဲ့စည်းပုံတွေ ကျယ်ကျယ်ပြန့်ပြန့် ပျက်ယွင်းလာတာကိုလည်း တွေ့ခဲ့ရပါတယ်။
■ DNA ဆိုတာ နျူကလီးယားထဲမှာ ကြိုးမျှင်ရှည်ကြီးလို လွတ်လွတ်လပ်လပ် တည်ရှိနေတာ မဟုတ်ပါဘူး။ ဘယ်ဗီဇတွေကို ဖွင့်မယ်၊ ပိတ်မယ်ဆိုတာကို ဆုံးဖြတ်ပေးတဲ့ တည်ဆောက်ပုံတွေနဲ့ ခေါက်သိမ်းထားတာ ဖြစ်ပါတယ်။
■ အဲဒီဖွဲ့စည်းပုံတွေ ပြောင်းလဲသွားတာက အိုမင်းလာတဲ့ ဦးနှောက်ဆဲလ်တွေက ဖိစီးမှုတွေ၊ ရောင်ရမ်းမှုတွေနဲ့ အခြားပြဿနာတွေကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ပြောင်းလဲသွားစေနိုင်ပါတယ်။
■ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းတော့ မဟုတ်သေး ဒီလုပ်ဆောင်ချက်တွေဟာ ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို တိုက်ရိုက်ပြသနေတာထက် ဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာကို ဖော်ပြပေးတဲ့သုတေသနတစ်ခုသာဖြစ်ပါတယ်။
■ လူ့ခန္ဓာကိုယ်က ရလာတဲ့ တစ်ရှူးတွေကို အသုံးပြုထားတာကြောင့် လူ့ဇီဝဗေဒနဲ့ တိုက်ရိုက်သက်ဆိုင်ပေမဲ့ လူတစ်ယောက်တည်းရဲ့ ဦးနှောက်ဆဲလ်တွေကို ဆယ်စုနှစ်နဲ့ချီပြီး အနီးကပ် လေ့လာထားတာတော့ မဟုတ်ပါဘူး။
■ ဒါ့အပြင် ဒီလိုပြောင်းလိုက်တဲ့ အပြောင်းအလဲတွေဟာ ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတာလား၊ ဒါမှမဟုတ် အသက်အရွယ်ကြီးလာတာနဲ့အမျှ ကိုက်ညီအောင် လိုက်လျောညီထွေ ဖြစ်စေတာလား (သို့) နှစ်ခုစလုံး ရောနေတာလားဆိုတာကို သုတေသီတွေ အတိအကျ မသိရသေးပါဘူး။
Source-Yahoo news
#World_Health
Published 14 October 2026
■ ရင်ပူပြီး အက်ဆစ်ပြန်တက်တဲ့ ပြဿနာဟာ အခုခေတ်မှာ လူအများစု ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အသက်အရွယ် ကန့်သတ်ချက်လည်း မရှိပါဘူး။
■ အစာအိမ်ထဲက အက်ဆစ်တွေဟာ ခန္ဓာကိုယ်အထက်ပိုင်း လည်ပင်းနဲ့ အစာပြွန်ဆီကို ပြန်ဆန်တက်လာတဲ့အခါ ရင်ဘတ်မှာ ပူစပ်စပ်ဖြစ်လာတာမျိုး (Heartburn) ဖြစ်စေပါတယ်။ ဒီလို အမြဲတမ်းဖြစ်နေတာကို လျစ်လျူရှုထားရင် အစာပြွန်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
■ အစာစားပုံအလေ့အထ၊ အစားအသောက်အချို့နဲ့ လူနေမှုပုံစံတွေက အက်ဆစ်ပြန်တက်ခြင်းကို ဖြစ်စေနိုင်တာကြောင့် ဘာတွေက အဓိက လှုံ့ဆော်နေလဲဆိုတာကို သတိထားဖို့လိုပါတယ်။
■ အစာအိမ်အူလမ်းကြောင်း အထူးကုဆရာဝန်ကြီး Dr. Saurabh Sethi ကတော့ အက်ဆစ်ပြန်တက်ခြင်းကို သဘာဝအတိုင်း ထိန်းချုပ်နိုင်မယ့် နည်းလမ်း ၆ နည်းကို အခုလို မျှဝေပေးထားပါတယ်။
■ ၁။ အစားစားပြီးတဲ့အခါ ပီကေကို ဝါးပေးပါ ပီကေဝါးတာက တံတွေးမျိုချတဲ့နှုန်းကို ပိုများစေတာကြောင့် အစာပြွန်ထဲက အက်ဆစ်တွေကို မြန်မြန်ဆင်းသွားစေပါတယ်။ ဒါပေမဲ့ ပူစီနံအရသာ ပီကေကတော့ အက်ဆစ်ကို ထိန်းပေးမယ့် အဆို့ရှင်ကို ပိုလျော့ရဲသွားစေနိုင်လို့ ရှောင်သင့်ပါတယ်။
■ ၂။ အစားစားပြီးရင် လမ်းလျှောက်ပါ အထူးသဖြင့် ညစာစားပြီးတဲ့အခါ ၁၀ မိနစ်လောက် လမ်းလျှောက်ပေးတာက အက်ဆစ်ပြန်တက်နိုင်ခြေကို သိသိသာသာ လျော့ကျစေပါတယ်။
■ ၃။ အစပ်စားတာထက် သန့်စင်ထားတဲ့ ကာဘိုဟိုက်ဒရိတ် (Refined Carbs) နဲ့ သကြားကို လျှော့စားပါ အစပ်စားလို့ ရင်ပူတာထက် သကြားနဲ့သန့်စင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေက အက်ဆစ်ပြန်တက်ခြင်းနဲ့ ပိုပြီးဆက်စပ်နေပါတယ်။
■ ၄။ အိပ်ရာခေါင်းရင်းကို မြှင့်ထားပါ ခေါင်းရင်းကို လက်မ ၆ ကနေ ၈ လောက်အထိ မြှင့်ပေးတာက ညဘက်တွေမှာ အက်ဆစ်ဒဏ်ခံရချိန်ကို ၆၇ ရာခိုင်နှုန်းအထိ လျော့ကျစေပါတယ်။ ဆေးသောက်စရာမလိုဘဲ ကမ္ဘာ့ဆွဲအားကို အသုံးချတာပါပဲ။
■ ၅။ အိပ်ရာမဝင်ခင် ၂ နာရီမှ ၃ နာရီအတွင်း အစာစားတာ ရပ်လိုက်ပါ ညဥ့်နက်မှ အစားစားတာက စောစောစားတာနဲ့ယှဉ်ရင် ညဘက်တွေမှာ အက်ဆစ်ဒဏ်ကို ပိုခံရစေပါတယ်။
■ ၆။ ဘယ်ဘက်ခြမ်းကို စောင်းပြီး အိပ်ပါ ကျောပေးအိပ်တာ ဒါမမဟုတ် ညာဘက်စောင်းအိပ်တာထက် ဘယ်ဘက်ခြမ်းစောင်းအိပ်တာက အစာအိမ်အက်ဆစ်ကို ပိုမြန်မြန် ဖယ်ရှားပေးနိုင်ပြီး အစာပြွန်အက်ဆစ်ဒဏ်ကို လျော့ကျစေပါတယ်။
Source- NDTV
ဒီတစ်ပတ် တရုတ်နိုင်ငံမှာပြသခဲ့တဲ့ မှတ်တမ်းရုပ်ရှင်သစ်တစ်ခုမှာ မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသက အွန်လိုင်းလိမ်လည်မှုစခန်းတွေနဲ့ ပစ်ခတ်မှုဖြစ်စဉ်တွေကို တရုတ်ရဲတပ်ဖွဲ့ကဘယ်လိုစုံစမ်းဖော်ထုတ်ခဲ့တယ်ဆိုတာ အသေးစိတ်ဖော်ပြထားပါတယ်။
#World_News
Published 13 October 2026
#တရုတ် # အွန်လိုင်းလိမ်လည်မှု
#YMG #Yangon_Times #Yangon_Media_Group
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ကောင်စစ်ဆိုင်ရာကိစ္စရပ်တွေ လျှောက်ထားရာမှာ အောက်တိုဘာ ၁၀ ရက်ကစပြီး မြန်မာသံရုံးဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ Application Form ပုံစံအသစ်နဲ့သာ လျှောက်ထားရမှာဖြစ်ပါတယ်။
#Local_News
Published 13 October 2026
#ဂျပန်
#YMG/SW #Yangon_Times
ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ အထင်ကရ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ ကလောမြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နဲ့ မီးကြာစံအလှပဒေသာထွန်းညှိပူဇော်ပွဲကို လာမယ့် နိုဝင်ဘာ ၂၄ ရက်ကနေ ၂၉ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
#Local_News
Published 13 October 2026
#ကလောမြို့ #မီးရှော်တိုင်ပွဲတော်
#YMG/SW #Yangon_Times
#Local_News
Published 13 October 2026
#အယ်လ်နီညို
#YMG/NN #Yangon_Times
ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ အထင်ကရ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ ကလောမြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နဲ့ မီးကြာစံအလှပဒေသာထွန်းညှိပူဇော်ပွဲကို လာမယ့် နိုဝင်ဘာ ၂၄ ရက်ကနေ ၂၉ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
#Local_News
Published 13 October 2026
#ကလောမြို့ #မီးရှော်တိုင်ပွဲတော်
#YMG/SW #Yangon_Times
Page 3 of 2094