#World_News
Published 15 October 2026
■ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အသစ်ဖြစ်လာတဲ့ Katie Zacharia ဟာ နိုင်ငံရေးလောကထဲ မဝင်ခင်ကတည်းက ရှေ့နေအဖြစ်လုပ်ကိုင်ခဲ့ဖူးတယ်လို့ ပြောဆိုထားပေမယ့် ၊ သူ့ရဲ့ ရှေ့နေလုပ်သက်နဲ့ ပတ်သက်ပြီး ဝေဖန်မေးခွန်းထုတ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
■ ဒေါ်နယ်ထရမ့်ကလည်း Katie ကို ရှေ့နေတစ်ဦးပါလို့ မိတ်ဆက်ခဲ့တာပါ။
■ ဒါပေမဲ့ Reuters သတင်းဌာနရဲ့ စုံစမ်းမှုအရ အမေရိကန်ပြည်ထောင်စုရဲ့ ဘယ်ပြည်နယ်မှာမှ ဒါမှမဟုတ် ဝါရှင်တန်ဒီစီမှာမှ Katie ဟာ တရားဝင် ရှေ့နေလိုင်စင် ရရှိထားသူ (ဒါမှမဟုတ်) ရှေ့နေအသင်းဝင်အဖြစ် မှတ်ပုံတင်ထားတဲ့ မှတ်တမ်းမတွေ့ရပါဘူး။
■ ဒီလို သက်သေခံအထောက်အထား မေးခွန်းတွေ ပေါ်ထွက်လာတာဟာ လာမယ့် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ၃ ပတ်အလို အရေးပါတဲ့ အချိန်အခါနဲ့လည်း တိုက်ဆိုင်နေပါတယ်။ Katieရဲ့ LinkedIn ပရိုဖိုင်အရတော့ ၂၀၁၁ ကနေ ၂၀၁၃ အထိ ပေကျင်းမြို့က Zhong Lun ဥပဒေရေးရာကုမ္ပဏီမှာ အကူအဖြစ်လုပ်ကိုင်ခဲ့ဖူးပါတယ်။
■ ၂၀၂၄ ကနေ ၂၀၂၅ အထိ ထရမ့်ရဲ့ မဟာမိတ်ဖြစ်သူ Ric Grenell တည်ထောင်ထားတဲ့ Fix California အဖွဲ့မှာ အထွေထွေ ဥပဒေအကြံပေးအဖြစ် တာဝန်ယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။
■ ဒါပေမဲ့ Ric Grenell ကတော့ Katie ဟာ အထက်တန်း အကြံပေးတစ်ဦးအနေနဲ့ အပြင်က ရှေ့နေတွေကို ဦးဆောင် ညွှန်ကြားပေးခဲ့တာပါလို့ စာပို့ ပြောကြားခဲ့ပါတယ်။
■ ဒီကိစ္စနဲ့ ပတ်သက်ပြီး Katie က "ကျွန်မဟာ လိုအပ်တဲ့ အရည်အချင်း စာရွက်စာတမ်း အပြည့်အစုံနဲ့ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ဥပဒေရေးရာတွေကို ဆောင်ရွက်ခဲ့တာပါ" လို့ အီးမေးလ်ကနေတစ်ဆင့် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
Source_Reuters
#Local_News
Published 15 October 2026
■ ရန်ကုန်မြို့ ၊ ကျောက်တန်းမြို့နယ်၊ မြို့မဈေးအတွင်းမှ ကောက်ယူစစ်ဆေးခဲ့သည့် “နဂါးနီ” အမှတ်တံဆိပ် ပုန်းရည်ကြီးတွင် (Benzoic Acid) ပါဝင်မှု သတ်မှတ်စံချိန်စံညွှန်းထက် ကျော်လွန်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါထုတ်ကုန်အား ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က သတိပေးထုတ်ပြန်လိုက်သည်။
■ အဆိုပါ နဂါးနီပုန်းရည်ကြီး၌ Benzoic Acid ပါဝင်မှုမှာ 3440.4 (mg/kg) ထိ ပါဝင်နေပြီး၊ ယင်းပမာဏမှာ သတ်မှတ်ပမာဏဖြစ်သည့် 1000 (mg/kg) ထက် ၃ ဆကျော်လွန်ကဲနေကြောင်း သိရသည်။
■ Benzoic Acid သည် အစားအသောက်များ မပုပ်မသိုးစေရန် ထည့်သွင်းအသုံးပြုသည့် ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး သတ်မှတ်ပမာဏထက် လွန်ကဲစွာ စားသုံးမိပါက ကျန်းမာရေးကို ထိခိုက်စေနိုင်သည့်အတွက် အဆိုပါအမှတ်တံဆိပ်ပါ ပုန်းရည်ကြီးများအား ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်နှင့်ပြန်လည်ရုပ်သိမ်းရန် အသိပေးထားခြင်းဖြစ်ကြောင်းသိရသည်။
■ အဆိုပါ ပုန်းရည်ကြီးသည် ညောင်ဦးမြို့၊ ငါ့သရောက်၊ ဆည်ရွာရှိ “နဂါးနီ ပုန်းရည်ကြီး စားသောက်ကုန်လုပ်ငန်း” (ဦးအောင်လင်း + ဒေါ်တင်နွယ်စိုး) မှ ထုတ်လုပ်ဖြန့်ဖြူးခြင်းဖြစ်ပြီး ပလတ်စတစ်အိတ် (Plastic Pack) ဖြင့် ထုပ်ပိုးထားကာ ထုတ်လုပ်သည့် ရက်စွဲဖော်ပြထားခြင်း မရှိကြောင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
#YMG/NN #Yangon_Times
#Local_News
Published 15 October 2026
■ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစင်တာတွင် Weekend Market ပြုလုပ်၍ အမျိုးသမီးသင်တန်းကျောင်းများမှ ထွက်ကုန်များကို ဈေးကွက်ချဲ့ထွင်ရောင်းချနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
■ အဆိုပါကိစ္စနှင့်ပတ်သက်၍ အောက်တိုဘာ ၁၂ ရက်က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
■ တွေ့ဆုံစဉ် စင်တာရှိ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ အဆင့်မြှင့်တင်ရေး၊ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်ရေး၊ ဈေးကွက်ချဲ့ထွင်ရောင်းချနိုင်ရေးနှင့် ကျွမ်းကျင်သင်တန်းသူများ မွေးထုတ်ပေးနိုင်မည့် လေ့ကျင့်သင်ကြားရေးအစီအစဉ်များကို ဆွေးနွေးခဲ့ကြသည့်အပြင် စင်တာအတွင်းရှိ ရှေးဟောင်းအဆောက်အအုံကို ပြင်ဆင်မွမ်းမံရေးအစီအစဉ်ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
■ တွေ့ဆုံပွဲအပြီးတွင် စင်တာ၌ ဖွင့်လှစ်သင်ကြားပေးနေသည့် စက်ချုပ်သင်တန်းနှင့် လက်မှုပန်းထိုးသင်တန်းများ၊ ကုန်ချောထုတ်လုပ်ရောင်းချနေသည့် အရောင်းဆိုင်တို့ကို ကြည့်ရှုအားပေးခဲ့ေကြာင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
၁၅ အောက်တိုဘာ၊၂၀၂၆(ရန်ကုန်)
■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါမီးရထားဘူတာ၊ မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်း(MITT)နှင့် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆိပ်ကမ်းလုပ်ငန်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ကုန်စည်များကိုလျင်မြန်ချောမွေ့၍ ကုန်ကျစရိတ်သက်သာစွာ သယ်ယူဖြန့်ဖြူးနိုင်ရေးအတွက် ရထားလမ်း၊ ကားလမ်းနှင့် ဆိပ်ကမ်းအခြေခံအဆောက်အအုံများ ချိတ်ဆက်အဆင့်မြှင့်တင်ရန် မှာကြားခဲ့သည်။
■ သီလဝါမီးရထားဘူတာ၌ နိုင်ငံတော်သမ္မတက သီလဝါဆိပ်ကမ်းနှင့် စက်မှုဇုန်တို့မှ ကုန်ပစ္စည်းများ သယ်ယူဖြန့်ဖြူးမှု ပိုမိုအဆင်ပြေစေရန် တိုးကြောင်ကလေး–သီလဝါရထားလမ်းပိုင်းကို ဒွေးလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်စေခြင်းဖြစ်ကြောင်းပြောကြားသည်။
■ လျာထားလမ်းကြောင်းတစ်လျှောက် မြေပြင်ကွင်းဆင်းစစ်ဆေးတိုင်းတာ၍ လမ်းကွေ့၊ ဆင်ခြေလျှောနှင့် တံတားနေရာများကို စနစ်တကျတွက်ချက်ရန်၊ သီလဝါဘူတာမှ ဆိပ်ကမ်းဝန်းအတွင်းအထိ ရထားလမ်းတိုးချဲ့ဖောက်လုပ်ရန်နှင့် မြေနေရာရှင်းလင်းခြင်း၊ မြေကြီးလုပ်ငန်း၊ တံတားလုပ်ငန်းနှင့် ကျောက်ထုတ်လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။
■ အနာဂတ်တွင် လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေးအတွက်လည်း ယခုကတည်းက ထည့်သွင်းတွက်ချက်လျာထားရန် မှာကြားခဲ့သည်။
■ မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်း၌ နိုင်ငံတော်သမ္မတက ကွန်တိန်နာသင်္ဘောများ ဆိုက်ကပ်မှုများပြားလာချိန်တွင် ကုန်သေတ္တာများကို မော်တော်ယာဉ်များအပြင် မီးရထားများဖြင့်ပါ လျင်မြန်စွာပို့ဆောင်နိုင်ရေးဆောင်ရွက်ရန်ပြောကြားသည်။
■ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ ကုန်သေတ္တာတင်ယာဉ်များ လွယ်ကူမြန်ဆန်စွာ ဝင်ထွက်နိုင်ရန် လမ်းများတိုးချဲ့ခြင်းနှင့် တံတားများအဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်စေခဲ့ကြောင်း၊ ပင်လယ်ဝမှ ဝင်ရောက်သည့် ရေလမ်းကြောင်းများ အမြဲကောင်းမွန်စေရန် နှစ်စဉ်ထိန်းသိမ်းပြုပြင်ရန်လိုကြောင်းနှင့် နည်းပညာအသုံးပြုသည့် ဆိပ်ကမ်းစနစ် ဖော်ဆောင်နိုင်ပါက အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
■ နိုင်ငံတော်သမ္မတက ပုသိမ်၊ ရန်ကုန်၊ ထားဝယ်တို့ရှိ ဆိပ်ကမ်းများသည် အနာဂတ်ကာလတွင် မိမိတို့နိုင်ငံ၏ အဓိကဆိပ်ကမ်းများဖြစ်လာမည်ဖြစ်ကြောင်း၊ ထားဝယ်ဆိပ်ကမ်းအား နိုင်ငံတကာအတွက် ကုန်ပစ္စည်းများ နိုင်ငံဖြတ်သန်းပို့ဆောင်ရေး (Transit) လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့နှင့် ပုသိမ်မြို့တို့ရှိ ဆိပ်ကမ်းများသည် မိမိတို့ပြည်တွင်းကုန်စည်ပို့ဆောင်ရေးများ အဆင်ပြေစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဆိပ်ကမ်းလုပ်ငန်းများ အဆင်ပြေစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းပြောကြားသည်။
■ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်၍ အာဆီယံတောင်ပိုင်းကုန်းတွင်းလမ်း တည်ဆောက်ရေးကို အချို့နိုင်ငံများက စိတ်ပါဝင်စားကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
■ ကော့သောင်းဒေသတွင် နယ်စပ်ဂိတ်မှတစ်ဆင့် ကုန်သွယ်မှုများ ဆောင်ရွက်နိုင်ပြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက်လည်း စဉ်းစားဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးရှိ ပမ္မဝတီဆိပ်ကမ်းကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်စေခဲ့ပြီး ပုသိမ်မြစ်တစ်လျှောက်မှ ဝင်ရောက်လာသည့် တန်ချိန်နှစ်သောင်းမှ သုံးသောင်းအထိ တင်ဆောင်နိုင်သော သင်္ဘောကြီးများဆိုက်ကပ်နိုင်ကြောင်းပြောကြားသည်။
■ ယင်းဆိပ်ကမ်းမှတစ်ဆင့် ဒေသထွက်ဆန်နှင့် ကုန်ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပသို့ တင်ပို့နိုင်သကဲ့သို့ ဒေသအတွက်လိုအပ်သည့် ကုန်ပစ္စည်းများကိုလည်း ရေကြောင်းမှ သယ်ယူဖြည့်ဆည်းနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
■ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ဆိပ်ကမ်းများ၏ ကုန်စည်ကိုင်တွယ်နိုင်စွမ်း၊ အထွေထွေကုန်စည်တံတားများ အဆင့်မြှင့်တင်မည့်အစီအမံများ၊ ကုန်စည်တစ်ဆင့်ပြောင်းတင်ပို့မှုနှင့် နိုင်ငံဖြတ်သန်းကုန်သွယ်မှု တိုးမြှင့်နိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
■ ထို့ပြင် ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရေး ဆောင်ရွက်နေမှု၊ ကုန်းတွင်းကုန်သေတ္တာစခန်းနှင့် ပြည်တွင်းကမ်းရိုးတန်းဆိပ်ကမ်းများ တည်ဆောက်ရေး၊ Semi Smart ကုန်သေတ္တာဆိပ်ကမ်း စမ်းသပ်စီမံကိန်း အကောင်အထည်ဖော်ရန် စီစဉ်နေမှုနှင့် ဆိပ်ကမ်းများတွင် ဒစ်ဂျစ်တယ်နည်းလမ်းများ အသုံးပြုနေမှုတို့ကိုလည်း တင်ပြခဲ့သည်။
■ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း၌ နိုင်ငံတော်သမ္မတက စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် မြေနေရာကို အကျိုးရှိရှိနှင့် ကျစ်လျစ်စွာ အသုံးချနိုင်ရေး စနစ်တကျတွက်ချက်ရန် မှာကြားသည်။
■ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုထားသည့် မြေနေရာများကို ခွင့်ပြုလုပ်ငန်းများနှင့်အညီ မှန်ကန်စွာအသုံးချရေး ကြပ်မတ်ရန်လည်း ညွှန်ကြားခဲ့သည်။
■ ပြည်ထောင်စုဝန်ကြီးက ရွာသာကြီးဘူတာယာဒ်ဝင်း တည်ဆောက်ရေးစီမံကိန်း၊ ကုန်းတွင်းဆိပ်ကမ်းဝန်ဆောင်မှုများနှင့် ရွာသာကြီး–မြစ်ငယ်–ရွာသာကြီး ကုန်သေတ္တာရထားပြေးဆွဲမှုတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဆိပ်ကမ်းအတွင်း လုပ်ငန်းဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
#Yangon_Media_Group #Yangon_Times
#Local_News
အောက်တိုဘာ ၁၅၊၂၀၂၆
■ ပြည်တွင်းစက်သုံးဆီထုတ်လုပ်မှု မြှင့်တင်၍ နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် တည်ဆောက်ထားသည့် သန်လျင်ရေနံချက်စက်ရုံ အပိုင်း(၁) ကို အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၌ ဖွင့်လှစ်ခဲ့သည်။
■ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပြီး စက်ရုံ၏ ထုတ်လုပ်မှုစွမ်းရည်၊ ရေရှည်လည်ပတ်နိုင်မှု၊ ထုတ်ကုန်အရည်အသွေးနှင့် စီးပွားရေးအရ အကျိုးရှိမှုတို့ကို တစ်ပြိုင်တည်း မြှင့်တင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
■ နိုင်ငံတော်သမ္မတက ပြည်တွင်းစက်သုံးဆီထုတ်လုပ်မှု တိုးမြှင့်ခြင်းသည် သွင်းကုန်အစားထိုးရေးအပြင် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍများအတွက် စွမ်းအင်ဖြည့်ဆည်းရေးနှင့် ရေရှည်စီးပွားရေးအကျိုးအမြတ်ရရှိရေးတို့အတွက်ဖြစ်ကြောင်း ပြောကြားသည်။
■ ယင်းရည်မှန်းချက်များ ပြည့်မီရန် ကုန်ကြမ်းဝယ်ယူမှုမှ ရေနံချက်လုပ်မှု၊ သိုလှောင်မှုနှင့် ဖြန့်ဖြူးမှုအထိ ကုန်ကျစရိတ်များကိုထိရောက်စွာ စီမံခန့်ခွဲပြီး ထုတ်ကုန်များကို အချိန်မီဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ရန်တိုက်တွန်းခဲ့သည်။
■ စက်ရုံအတွက် ရေနံစိမ်းကုန်ကြမ်း လုံလောက်စွာနှင့် စဉ်ဆက်မပြတ်ရရှိရေးကို ဦးစားပေးရန်၊ ပြည်တွင်းရေနံထုတ်လုပ်မှု တိုးမြှင့်ပြီး ပြည်တွင်းနှင့် ပြည်ပမှရရှိနိုင်သည့် ကုန်ကြမ်းများကို စက်ရုံလိုအပ်ချက်နှင့်အညီ ပေါင်းစပ်စီမံရန်လည်း မှာကြားသည်။
■ ထို့ပြင် စက်ရုံလည်ပတ်မှု၊ ထုတ်လုပ်မှုစွမ်းဆောင်ရည်၊ ပြုပြင်ထိန်းသိမ်းမှု၊ စွမ်းအင်သုံးစွဲမှုနှင့် ထုတ်ကုန်အရည်အသွေးတို့ကို စဉ်ဆက်မပြတ် စောင့်ကြည့်သုံးသပ်ကာ ရည်မှန်းချက်နှင့် လက်တွေ့ရလဒ် ကွာဟမှုများကိုအချိန်မီပြင်ဆင်ရန် ပြောကြားခဲ့သည်။
■ မြန်မာ့ရေနံလုပ်ငန်းတွင် ရှည်လျားသည့် သမိုင်းကြောင်းရှိပြီး ၁၉၂၅ ခုနှစ်၌ တည်ဆောက်ခဲ့သည့် သန်လျင်ရေနံချက်စက်ရုံသည် စစ်ကာလပျက်စီးမှုများနောက် ပြန်လည်တည်ဆောက်ကာ ၁၉၅၇ ခုနှစ်တွင် ပြန်လည်လည်ပတ်နိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
■ ယခင်အတွေ့အကြုံများအရ ကုန်ကြမ်းရရှိမှု၊ ထုတ်လုပ်မှုနည်းပညာ၊ ထုတ်ကုန်အရည်အသွေးနှင့် ဈေးကွက်လိုအပ်ချက်တို့ ဟန်ချက်ညီမှသာ ရေရှည်အောင်မြင်နိုင်သဖြင့် စက်ရုံတည်ဆောက်ရေးနှင့်အတူ ယင်းအချက်များကို တစ်ပြိုင်တည်း စနစ်တကျ စီမံဆောင်ရွက်ရန် အလေးထားမှာကြားခဲ့သည်။
■ စီမံကိန်းဒုတိယအဆင့်အဖြစ် အဆင့်မြင့်စက်သုံးဆီနှင့် ရေနံဓာတုထုတ်ကုန်များ ထုတ်လုပ်နိုင်မည့် တိုးချဲ့ရေနံချက်စက်ရုံကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
■ ယင်းစီမံကိန်း၏ အကျိုးဖြစ်ထွန်းမှုကို လက်တွေ့ထုတ်လုပ်နိုင်မည့်ပမာဏ၊ ထုတ်ကုန်အမျိုးအစား၊ ပြည်တွင်းဈေးကွက်လိုအပ်ချက်နှင့် ကုန်ကြမ်းရရှိနိုင်မှုတို့အပေါ် အခြေခံစိစစ်၍ သတ်မှတ်ချိန်အတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။
■ ရေရှည်စွမ်းအင်လုံခြုံရေးအတွက် ပြည်ပစွမ်းအင်နှင့် ကုန်ကြမ်းအပေါ် အလွန်အမင်းမှီခိုမှု လျှော့ချခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ပေါင်းစပ်အသုံးပြုခြင်း၊ စွမ်းအင်သိုလှောင်နိုင်မှုနှင့် အရေးပေါ်တုံ့ပြန်နိုင်စွမ်းမြှင့်တင်ခြင်းတို့ကို ဟန်ချက်ညီစွာဆောင်ရွက်ရန်ပြောကြားသည်။
■ ပြည်တွင်းပညာရှင်နှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေးကိုလည်း ဦးစားပေးပြီး ဒစ်ဂျစ်တယ်၊ အလိုအလျောက်ထိန်းချုပ်မှုနှင့် ဉာဏ်ရည်တုနည်းပညာများကို စက်ချို့ယွင်းမှု ကြိုတင်ခန့်မှန်းရေး၊ ထုတ်လုပ်မှုစောင့်ကြည့်ရေးနှင့် စွမ်းအင်အကျိုးရှိစွာ အသုံးပြုရေးတို့တွင်အသုံးချရန်မှာကြားခဲ့သည်။
■ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများကို ထုတ်လုပ်မှုရည်မှန်းချက်အတွက် အလျှော့ပေး၍မရကြောင်းလည်း အလေးထားပြောကြားသည်။
■ စက်ရုံလည်ပတ်မှုအဆင့်တိုင်းတွင် အန္တရာယ်ဖြစ်နိုင်ခြေများ ကြိုတင်စိစစ်ခြင်း၊ မီးဘေးနှင့် အရေးပေါ်အခြေအနေများအတွက် ပြင်ဆင်ခြင်း၊ စက်ပစ္စည်းများ ပုံမှန်စစ်ဆေးထိန်းသိမ်းခြင်းနှင့် ရေဆိုး၊ လေထုညစ်ညမ်းမှု ထိန်းချုပ်ခြင်းတို့ကို စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့သည်။
■ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ရေနံချက်လုပ်ရေးနှင့် ရေနံဓာတုဗေဒကဏ္ဍများ ဖွံ့ဖြိုးရေးကို ဆောင်ရွက်ရာတွင် လက်တွေ့အကောင်အထည်ဖော်နိုင်မှုနှင့် ရေရှည်အကျိုးရှိမှုကို အဓိကထားရန်လည်းပြောကြားသည်။
■ “နိုင်ငံတော်အတွက် စွမ်းအင်ဖူလုံမှုမှသည် စွမ်းအင်အမှီအခိုကင်းရေးအထိ” ဟူသည့် ရည်မှန်းချက်အတွက် စွမ်းအင်ဖူလုံရေး၊ စွမ်းအင်လုံခြုံရေးနှင့် ရေရှည်တည်တံ့သည့် စွမ်းအင်ဖွံ့ဖြိုးရေးတို့ကို အခြေခံ၍ လုပ်ငန်းစဉ်တစ်ခုချင်းစီကို စနစ်တကျ အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။
■ အခမ်းအနားတွင် နိုင်ငံတော်သမ္မတသည် ပင်မထိန်းချုပ်ခန်းမှ ကုန်ကြမ်းစတင်ပို့လွှတ်မှုကို စက်ခလုတ်နှိပ်ဖွင့်လှစ်၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က စီမံကိန်းတည်ဆောက်ပြီးစီးမှုနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားအပြီးတွင် စက်ရုံအပိုင်း(၂) တည်ဆောက်မည့်နေရာနှင့် စွမ်းအင်ပြတိုက်တို့ကို သွားရောက်ကြည့်ရှုခဲ့သည်။
#Yangon_Media_Group #Yangon_Times
#World_Health
Published 15 October 2026
■ TOFA လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးဟာ အစာစားချင်စိတ်ကို ချုပ်တည်းပစ်တာမျိုးမဟုတ်ဘဲ၊ ဆဲလ်တွေက စွမ်းအင်ကို ပိုပြီးသုံးစွဲလာအောင် တွန်းအားပေးခြင်းအားဖြင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါတွေကို တိုက်ဖျက်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။
■ အစာစားချင်စိတ်ကို လျှော့ချပေးပြီး စွမ်းအင်ဝင်ရောက်မှုကို လျော့ကျစေတဲ့ GLP-1 ဆေးဝါးတွေနဲ့ မတူဘဲ၊ အခုအသစ်တွေ့ရှိထားတဲ့ ဓာတုပစ္စည်းကတော့ အစားအသောက်စားသုံးမှုကို ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှုကို ပြောင်းလဲစရာမလိုဘဲ ဆဲလ်တွေက အဆီတွေကို ပိုလောင်ကျွမ်းစေပါတယ်။ ဒါကို ကြွက်တွေပေါ်မှာ စမ်းသပ်ထားတာ အောင်မြင်မှုတွေ ရရှိထားပါတယ်။
■ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း Ozempic၊ Wegovy၊ Mounjaro နဲ့ Zepbound လိုမျိုး GLP-1 ဆေးဝါးတွေဟာ အဝလွန်ရောဂါ၊ ဆီးချိုနဲ့ အသည်းအဆီဖုံးရောဂါတွေကို ကုသရာမှာ အလွန်အောင်မြင်လာခဲ့ပါတယ်။
■ ဒါပေမဲ့ လူနာအချို့မှာ ပျို့အန်တာနဲ့ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ခံစားရတတ်ပါတယ်။ ဒါ့အပြင် ဒီဆေးတွေက အစားစားချင်စိတ်ကို ချုပ်တည်းထားတာကြောင့် အာဟာရချို့တဲ့တာနဲ့ ကြွက်သားတွေ ဆုံးရှုံးတာတွေဖြစ်ပေါ်စေနိုင်ပြီး ရေရှည်မှာကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ခြေရှိပါတယ်။
■ သုတေသီတွေကတော့ အစာဝင်လာမှုကို လျှော့ချမယ့်အစား ခန္ဓာကိုယ်ရဲ့ စွမ်းအင်သုံးစွဲမှုကို မြှင့်တင်ပေးမယ့် နည်းလမ်းသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
■ Science Advances ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနတစ်ခုအရ သူတို့ဟာ 5-tetradecyloxy-2-furoic acid (အတိုကောက် TOFA) လို့ခေါ်တဲ့ ဒြပ်ပေါင်းကို လေ့လာခဲ့ကြပါတယ်။
■ ဒီဒြပ်ပေါင်းဟာ ကိုလက်စထရောနဲ့ Triglycerides လို အဆီဓာတ်တွေ ထွက်ရှိမှုကို ဟန့်တားပေးရုံသာမက ဆဲလ်တွေက အဆီကိုလောင်ကျွမ်းစေပြီး စွမ်းအင်ထုတ်လုပ်ပေးတဲ့ မျိုးဗီဇတွေကိုပါ လှုံ့ဆော်ပေးပါတယ်။
■ ကြွက်တွေမှာ စမ်းသပ်ကြည့်တဲ့အခါ TOFA ဟာ အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်သလို၊ Triglycerides အဆီဓာတ်ကို လျှော့ချပေးပြီး အသည်းအဆီဖုံးရောဂါ လက္ခဏာတွေကိုလည်း သက်သာစေပါတယ်။
■ အဝလွန်နေတဲ့ ကြွက်တွေကို ဒီဒြပ်ပေါင်း တိုက်ကျွေးတဲ့အခါ ကြွက်သားထုထည် မထိခိုက်ဘဲ အဆီတွေ ကျဆင်းသွားတာကို တွေ့ရှိရပါတယ်။
■ ဇီဝဖြစ်စဉ်နဲ့ အာဟာရဗေဒ ပါမောက္ခ Anders Näär က "ခန္ဓာကိုယ် အလေးချိန်ဆိုတာ နည်းလမ်းနှစ်ခုနဲ့ပဲ တုံ့ပြန်ပါတယ် - ကယ်လိုရီစားသုံးမှုကို လျှော့ချတာ ဒါမှမဟုတ် စွမ်းအင်ကို ပိုသုံးစွဲတာ ဖြစ်ပါတယ်။ GLP-1 ဆေးတွေက ပထမနည်းလမ်းကို အဓိကလုပ်ဆောင်တာဖြစ်လို့၊ ကျွန်တော်တို့ကတော့ ဒုတိယနည်းလမ်းကို ဆက်လုပ်ခဲ့တာပါ" လို့ ပြောကြားခဲ့ပါတယ်။
■ TOFA က Triglycerides ကို မတက်စေဘဲ စွမ်းအင်သုံးစွဲမှုကို မြှင့်တင်ပေးပါတယ်။
■ TOFA ကို ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ခန္ဓာကိုယ်တွင်း အဆီထုတ်လုပ်မှုကို ဟန့်တားပေးတဲ့ ACC inhibitors အုပ်စုဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ အရင်က ဒီလိုဆေးတွေဟာ Triglyceridesအဆီဓာတ်ကို တက်စေပြီး နှလုံးရောဂါအန္တရာယ်ကို ဖြစ်စေနိုင်တာကြောင့် ဆေးဘက်ဆိုင်ရာမှာ အတည်ပြုချက် မရခဲ့ပါဘူး။
■ အခုသုတေသီတွေကတော့ TOFA ဟာ ပုံစံတူမဟုတ်ဘဲ ကွဲပြားခြားနားစွာ လုပ်ဆောင်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ACC ကို ဟန့်တားပေးမယ့်အပြင် ဆဲလ်တွေက အဆီတွေကို ဆွဲထုတ်ပြီး စွမ်းအင်အဖြစ် လောင်ကျွမ်းစေတဲ့ PPARα နဲ့ PPARδ လို့ခေါ်တဲ့ ဆဲလ်လက်ခံအင်္ဂါတွေကိုပါ အလုပ်လုပ်စေပါတယ်။
■ ကြွက်တွေမှာ စမ်းသပ်ချက်အရ ဒါဟာ ကိုယ်လက်လှုပ်ရှားမှု ဒါမှမဟုတ် ကိုယ်အပူချိန်ကို မပြောင်းလဲစေဘဲ စွမ်းအင်သုံးစွဲမှုကို ၁၈ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်ပါတယ်။ ဒါ့အပြင် အရင်ဆေးတွေလို Triglycerides အဆီဓာတ်တက်လာတာမျိုးကိုလည်း ရှောင်ရှားနိုင်ခဲ့ပါတယ်။
Source- SciTechDaily
#World_Health
Published 15 October 2026
■ အင်တာနက်ပေါ်မှာ လူတွေ ညဘက် ၃ နာရီထိုးပြီဆိုရင် ဘာမှလုပ်လို့မရဘဲ အမြဲတမ်းနိုးလာနေကြကြောင်း၊ အိပ်ဆေးတွေဘယ်လောက်ပဲသောက်သောက်၊ ဘယ်အချိန်ပဲအိပ်ရာဝင်အိပ်အိပ် အလကားဖြစ်နေကြောင်းပြောဆိုနေကြတာကို သင်သတိထားမိမှာပါ။
■ ညဘက်အိပ်ရေးဝနေချိန်မှာ ရုတ်တရက်လန့်နိုးလာရတဲ့ ဒီပြဿနာက လူသားတွေအတွက် အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ခေတ်သစ်သုတေသီတွေကတော့ ဒါနဲ့ပတ်သက်ပြီး ကျေနပ်လောက်စရာ အကြောင်းပြချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါပြီ။
■ အဲဒါကလည်း ကျွန်တော်တို့ရဲ့ ရှေးခေတ်သမိုင်းကြောင်းနဲ့ ဆက်စပ်နေပါတယ်။
■ သမိုင်းပညာရှင် Roger Ekirch ဟာ ရှေးခေတ်က အိပ်စက်ပုံအကြောင်း ရည်ညွှန်းချက်ပေါင်း ၂,၀၀၀ ကျော်ကို စုဆောင်းလေ့လာခဲ့ပါတယ်။ အဲဒီခေတ်က လူတွေဟာ နေဝင်သွားတာနဲ့ ပထမတစ်ကျော့ အရင်အိပ်ကြတယ်၊ ပြီးတော့ ညဉ့်သန်းခေါင်ယံလောက်မှာ စကားပြောဖို့ ဒါမှမဟုတ် မီးဖိုကြည့်ရှုဖို့ နိုးလာကြပြီးမှ "ဒုတိယအကျော့" အနေနဲ့ ထပ်အိပ်ကြတဲ့ "အပိုင်းပိုင်းခွဲအိပ်စက်ခြင်း (Segmented Sleep)" ဆိုတဲ့ ပုံစံကိုကျင့်သုံးခဲ့ကြပါတယ်။
■ ScienceAlert မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့အတိုင်း ၁၉၉၀ ပြည့်လွန်နှစ်တွေက အမျိုးသား စိတ်ကျန်းမာရေးဌာန (NIMH) ရဲ့ သုတေသနနဲ့ ၂၀၁၇ ခုနှစ်မှာ လျှပ်စစ်မီးမရှိတဲ့ မာဒါဂတ်စကာ နိုင်ငံက ရွာတွေမှာ လုပ်ခဲ့တဲ့လေ့လာချက်တွေအရ လူတွေဟာ ဒီလိုမျိုး အိပ်စက်တဲ့သံသရာကို သဘာဝအတိုင်း ပြန်လည်ကျင့်သုံးနေကြဆဲပဲဆိုတာကို ပြသနေပါတယ်။
■ စက်မှုတော်လှန်ရေးကြီးကနေ တဆင့် ဉာဏ်တုမီးရောင်တွေကို ကျွန်တော်တို့ရဲ့ဘဝထဲ မသွင်းလာခင်အထိ လူတွေဟာ ၈ နာရီဆက်တိုက် အိပ်စက်ခဲ့ကြတာ မဟုတ်ပါဘူး။
■ ညဘက် ၃ နာရီထိုးတိုင်း နိုးလာတာက ရှေးခေတ်လူသားတွေရဲ့ အလေ့အထတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။
■ ဇီဝဗေဒအရ ပြောရမယ်ဆိုရင် ညဘက်ရဲ့ ပထမပိုင်းမှာ ဦးနှောက်က အိပ်မောကျစေတဲ့ အဆင့် (Deep Slow-Wave Sleep) ကို အဓိကလုပ်ဆောင်တာဖြစ်လို့ သင့်ခန္ဓာကိုယ်ရဲ့ အိပ်စက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေဟာ ညဉ့်နက်ပိုင်းရောက်မှသာ အပြည့်အဝ အလုပ်လုပ်တတ်ကြပါတယ်။
■ အဲဒီနောက်မှာတော့ မိုးမလင်းခင်အချိန်တွေမှာ သင့်ခန္ဓာကိုယ် အပူချိန်အနည်းငယ်ကျဆင်းလာပြီး REM လို့ခေါ်တဲ့ အိပ်မက်မက်တဲ့အဆင့်ကို ရောက်ရှိလာတဲ့အခါ သင်ဟာ ပိုပြီးအလွယ်တကူ နိုးလာနိုင်ပါတယ်။ ဒါတွေအားလုံးက သင့်ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်နေတဲ့ သဘာဝဖြစ်စဉ်တွေပါပဲ။
■ ဒီအချက်တွေအပြင် တခြားအကြောင်းရင်းတွေကလည်း သင့်အိပ်စက်ခြင်းကို သက်ရောက်မှုရှိစေပါတယ်။
■ ဥပမာ- အမျိုးသမီးတွေ သွေးဆုံးကိုင်တဲ့အခါ ဟိုမုန်းဓာတ် ကျဆင်းသွားတာမျိုး၊ ဒါမှမဟုတ် ညနေပိုင်းက စားခဲ့တဲ့ အစားအစာက ပေါ့သွားလို့ ညဘက်မှာ သွေးတွင်းသကြားဓာတ် ကျသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
■ ညဉ့်နက်သန်းခေါင်ယံမှာ ဘာကြောင့်ပဲ နိုးလာနိုးလာပါ၊ အဓိက စိုးရိမ်စရာဖြစ်လာတာက အဲဒီလိုနိုးလာပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာတဲ့ စိတ်ပူပန်မှုတွေပါပဲ။ နာရီကိုပဲ တစိုက်မတ်မတ်ထိုင်ကြည့်ပြီး ငါတော့ အိပ်ရမယ့်အချိန်ကြီးမှာ ဘာလို့နိုးနေရတာလဲဆိုပြီး ထိတ်လန့်နေတာကသာ သင့်ရဲ့ အိပ်မက်ဆိုးတွေကို ပိုဆိုးစေတာဖြစ်ပါတယ်။
■ ဒီအတွက် အများဆုံး အကြံပြုထားတဲ့ နည်းလမ်းကတော့ ဖြစ်နိုင်သမျှ အလင်းရောင်နဲ့ မထိတွေ့အောင် နေထိုင်ဖို့ပါပဲ။ ဖုန်းကို လုံးဝမကြည့်ပါနဲ့။ အိမ်သာသွားဖို့ ထတဲ့အခါမှာလည်း မီးမဖွင့်ပါနဲ့။ တကယ်လို့ နိုးနေမယ်ဆိုရင်လည်း အမှောင်ထဲမှာပဲ ပျင်းစရာကောင်းတဲ့ အလုပ်တစ်ခုခုကို လုပ်ပါ။
Source-VICE
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ (UNESCO) ရဲ့ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ပညာရေး မြှင့်တင်ရေးဆိုင်ရာ အထူးသံတမန်ဖြစ်သူ တရုတ်သမ္မတရှီကျင့်ဖျင် ဇနီး Peng Liyuan က အမျိုးသမီးတွေအနေနဲ့ ဒီဂျစ်တယ်နဲ့နည်းပညာတွေကို အကျိုးရှိရှိအသုံးပြုနိုင်ရေးအတွက် ဒီဂျစ်တယ်နဲ့ နည်းပညာအခြေပြု ပညာရေးကိုထိရောက်စွာ မြှင့်တင်ဆောင်ရွက်ပေးကြဖို့ အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းကိုတိုက်တွန်းပြောကြားလိုက်ပါတယ်။
#World_News
Published 14 October 2026
#UNESCO #တရုတ်သမ္မတ
#YMG #Yangon_Times #Yangon_Media_Group
(၅)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ဟာ ဒီကနေ့ အောက်တိုဘာ ၁၄ ရက် မှာ ဂျပန်နိုင်ငံ၊ နာဂိုယာမြို့ကိုထွက်ခွာသွားပါတယ်။
#Local_News
Published 14 October 2026
#အာရှမသန်စွမ်းအားကစားပြိုင်ပွဲ
#YMG/SW #Yangon_Times
#Daily_News
Published 14 October 2026
၁။ ဟဲဟိုး၌ “တန် (၇,၀၀၀) ဆန့် အာလူးအအေးခန်း"စီမံကိန်းစတင်၊ ၁၀ လအတွင်းပထမအဆင့်အပြီးသတ်မည်
၂။ ရေကြီးမှုကြောင့်ရပ်နားထားသည့် ပုသိမ်-ကြံခင်းရထားခရီးစဉ်များအောက်တိုဘာ ၁၅ ရက် ပြန်လည်ပြေးဆွဲမည်
၃။ ရေကျော်ဈေးပွဲတော်ကျင်းပမည်
၄။ UNESCO အထူးသံတမန်ဖြစ်သူ တရုတ်သမ္မတဇနီး Peng Liyuanက အမျိုးသမီးများဒီဂျစ်တယ်နှင့်နည်းပညာများကိုအကျိုးရှိရှိအသုံးပြုနိုင်ရေးတိုက်တွန်း... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 14 October 2026
#ဟဲဟိုး #အာလူးအအေးခန်း
#YMG/NN #Yangon_Times
ဧရာဝတီတိုင်းဒေသကြီးအတွင်းက ပုသိမ်-ကြံခင်း အစုန်၊ အဆန် ရထားခရီးစဉ်တွေကို အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းကစပြီး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမယ်လို့သိရပါတယ်။
#Local_News
Published 14 October 2026
# ပုသိမ်_ကြံခင်း #ရထား
#YMG/SW #Yangon_Times
Page 2 of 2094