စစ်ဘေးသင့် ဂါဇာကမ်းမြောက်ကနေ ရွှေ့ပြောင်းလာတဲ့ ပါလက်စ်တိုင်းအရပ်သားများအနေနဲ့ ဆောင်းရာသီ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေတာကြောင့် ဂါဇာတောင်ပိုင်း ခန်ယူနစ်အနောက်ဘက်ကမ်းခြေမှ မိသားစုများ အိမ်ခြေဆုံးရှုံးရကာ ခိုလှုံနေအိမ်နဲ့ အခြေခံလိုအပ်ချက်များ ရှာတွေ့ဖို ရုန်းကန်နေရပါတယ်။
#World_Crisis
Published 30 November 2024
#စစ်ဘေးသင့်ဂါဇာပြည်သူများ #အိမ်ခြေဆုံးရှုံး
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 30 November 2024
၁။ သီတဂူအခမဲ့ မျက်စိအလင်းအလှူတော်တွင် မျက်စိဝေဒနာရှင်၃၃၀၀ကျော်အား အလင်းရောင်ဖွင့်ပေးခဲ့
၂။ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ နှစ်လတာအတွင်း ခရီးသွားတစ်သောင်းကျော်ဝင်ရောက်
၃။ ပြည်တွင်းစားသုံးမှုများပြားသည့် ပေါ်ဆန်းဆန် ကွန်တိန်နာနှစ်လုံးခန့်သာ ပြည်ပသို့တင်ပို့နေ
၄။ ဆောင်းရာသီမိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးရေလျှံဖြစ်ကာ စစ်ဘေးသင့်ဂါဇာပြည်သူများ ခိုလှုံစရာမရှိဖြစ်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 30 November 2024
▪️ ယူကရိန်းဘက်က တာဝေးပစ်လက်နက်များ အသုံးပြုနေတာဟာ အမေရိကန်တို့ စစ်ရေးတိုက်ရိုက် ဝင်ရောက်ပတ်သက်မှုကြောင့်ဖြစ်ပြီး ရုရှားအနေနဲ့ ကိုယ်ပိုင်ကာကွယ်ခွင့်ရှိတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ရုရှားကာကွယ်ရေးဝန်ကြီးကို ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယား မီဒီယာက စနေနေ့မှာ ဖော်ပြလိုက်ပါတယ်။
▪️ အမေရိကန်နဲ့ အနောက်တိုင်းကြောင့် ယူကရိန်းတို့က ရုရှားပိုင်နက်ထဲကို တာဝေးပစ်လက်နက်များ ပစ်ခတ်နေတာဖြစ်ပြီး ရုရှားအနေနဲ့ တုံ့ပြန်သင့်တယ်လို့ ကင်မ်ဂျုံအန်းက ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရီဘယ်လူဆော့ဗ်ကို ပြောခဲ့တာ ဖြစ်ပါတယ်။
▪️ လက်ဝါးကြီးအုပ် ခြယ်လှယ်ချင်သူများထံမှ ရုရှားဖက်ဒရေးရှင်းရဲ့ ကာကွယ်ပိုင်ခွင့်မူဝါဒကို မြောက်ကိုရီးယားအစိုးရ၊ စစ်တပ်နဲ့ ပြည်သူတို့က မယိမ်းမယိုင် ထောက်ခံသွားမယ်လို့ ဖော်ပြထားပါတယ်။
▪️ ရုရှားသမ္မတပူတင်နဲ့ ဇွန်လက လက်မှတ်ရေးထိုးခဲ့တဲ့ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ခြင်း အပါအဝင် စစ်ရေးကိစ္စတွေမှာ တိုးချဲ့ပူးပေါင်းသွားဖို့ ကင်မ်ဂျုံအန်းက ကတိပြုလိုက်ပြီး ထိုထဲမှာ အပြန်အလှန် ကာကွယ်ရေး သဘောတူညီချက်လည်း ပါဝင်ပါတယ်။
▪️ ယမန်နှစ် စက်တင်ဘာလက ရုရှားမှာ ခေါင်းဆောင်များ တွေ့ဆုံပြီးနောက်ပိုင်း မြောက်ကိုရီးယားဟာ လက်နက်ခဲယမ်း ကွန်တိန်နာ ၁ သောင်းကျော်အပြင် တွန်းကန်ဟောင်ဝစ်ဇာများ၊ ဒုံးကျည်လောင်ချာများ တင်ပို့ခဲ့ပါတယ်။
▪️ မြောက်ကိုရီးယားတပ်တွေ ရုရှားမှာ နေရာချတဲ့အကြောင်း ကင်မ်ဂျုံအန်းနဲ့ ဘယ်လူဆော့ဗ်တို့ ဆွေးနွေးခြင်း ရှိမရှိကိုတော့ မဖော်ပြထားပါဘူး။
▪️ အမေရိကန်အစိုးရအဖွဲ့က ယူကရိန်းကို အမေရိကန်ထုတ် လက်နက်များဖြင့် ရုရှားနိုင်ငံထဲသို့ ပစ်ခတ်ခွင့်ပြုလိုက်ပြီးနောက် ယူကရိန်းဟာ ATACMS ဒုံးကျည်များ ပစ်ခတ်ခဲ့ပါတယ်။
▪️ ရုရှားက တုံ့ပြန်တဲ့အနေဖြင့် ယူကရိန်း စစ်ရေးနဲ့ စွမ်းအင်အဆောက်အအုံများကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
▪️ ကင်မ်ဂျုံအန်းနဲ့ ပူတင်တို့ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်က အရှေ့မြောက်အာရှမှာ လွှမ်းမိုးမှုမျှတနိုင်စေဖို့ရာ ပါဝင်ပေးနိုင်မယ်လို့ ဘယ်လူဆော့ဗ်က မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးနဲ့ သီးခြားပြောဆိုခဲ့ပါတယ်။
#Source: Reuters
#World_Health
Published 30 November 2024
▪️ နယူးယော့ခ်မှ အသက် ၅၇ နှစ်ရှိ ရှရဲလ်မာရကာဆိုတဲ့ အမျိုးသမီးဟာ ကရာတေး ခါးပတ်နက်တစ်ဦးဖြစ်သလို အမြင့်ခုန်အားကစားတွေလည်း ပြုလုပ်သူဖြစ်ပါတယ်။
▪️ အခုတော့ စက်ရုပ်လက်များဖြင့် အဆုတ် ၂ခုအစားထိုး ခွဲစိတ်မှုခံယူတဲ့ ပထမဆုံးလူနာလည်း ဖြစ်လာပါတယ်။
▪️ နယူးယော့ခ်တက္ကသိုလ် ဂရော့စ်မန်းဆေးကျောင်းမှ တွဲဖက်ပရော်ဖက်ဆာ ဒေါက်တာ စတက်ဖာနီချန်းက ဦးဆောင်ကာ အောက်တိုဘာ ၂၂ ရက်နေ့မှာ အသေးစားခွဲစိတ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
▪️ ချန်းက ဒါဗင်ချီရှီစက်ရုပ်စနစ် အသုံးမပြုမီ နံရိုးတွေကြားမှာ ခွဲစိတ်ရာငယ်များ ပြုလုပ်ခဲ့ပြီး နှလုံးနဲ့ အသက်ရှူလမ်းကြောင်းတို့ကို အဆင့်သင့် ပြုလုပ်ခဲ့ပါတယ်။
ခွဲစိတ်ရာ သေးတဲ့အတွက် အကျိုးကျေးဇူးများများရရှိပြီး နာကျင်မှုလျော့နည်းစေကာ အလျင်အမြန် သက်သာစေကြောင်း ပြောသွားပါတယ်။
▪️ ထိုဆေးရုံကနေ ၂၀၂၃ အတွင်း အဆုတ်အစားထိုး ခွဲစိတ်မှုပေါင်း ၇၆ ခု ပြုလုပ်ခဲ့ပါတယ်။
▪️ ဒီမတိုင်ခင်ကလည်း ချန်းကဦးဆောင်ကာ လူနာတစ်ဦးရဲ့ ညာဘက်အဆုတ်ကို စက်ရုပ်လက်များဖြင့် ပထမဆုံး အစားထိုးခွဲစိတ်မှု ပြုလုပ်ခဲ့ပါတယ်။
▪️ အဆုတ် ၂ခုစလုံး ခွဲစိတ်မှုမှာ အင်္ဂါသစ်များကို ထိခိုက်ခြင်းမရှိဘဲ ခွဲစိတ်ဖို့လိုတာကြောင့် ပြင်ဆင်မှုများ ပြုလုပ်ရတယ်လို့ ဒေါက်တာက ရှင်းပြပါတယ်။
▪️ လွန်ခဲ့တဲ့ ၁၅ နှစ်ကစပြီး မာရကာဟာ လေ့ကျင့်ခန်းများ ပြုလုပ်စဉ် ခဏတဖြုတ် အသက်ရှူကြပ်ခြင်း ခံစားရတာကို သတိထားမိခဲ့ပါတယ်။
▪️ ၂၀၁၀ မှာတော့ အသက်ရှူလမ်းကြောင်းပိတ်ရောဂါ ဖြစ်ပွားကြောင်း တွေ့ရှိကာ ဆေးလိပ်ဖြတ်ခဲ့ရပါတယ်။
▪️ အလုပ်တွေလည်း နားလိုက်ရကာ အစားထိုးခွဲစိတ်မှု ခံယူမယ့်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။
▪️ စက်ရုပ်လက်များဖြင့် ခွဲစိတ်ခြင်းက နာကျင်မှုလျော့နည်းစေပြီး လျင်မြန်စွာ သက်သာနိုင်မယ်လို့ မာရကာက ယုံကြည်ထားပါတယ်။

#Source: New York Post
#World_Science
Published 30 November 2024
▪️ ကမ္ဘာ့ဆွဲအားစက်ကွင်းတိုင်းမှာ ချိုင့်ရှိကြပြီး ဆွဲအားအပေါက်လို့ ခေါ်ကြပါတယ်။
▪️ အိန္ဒိယသမုဒ္ဒရာထဲက ချိုင့်ခွက်ကတော့ ကမ္ဘာပေါ်မှာ အနက်ရှိုင်းဆုံးချိုင့် ဖြစ်နေပါတယ်။
▪️ ထိုနေရာမှ ပင်လယ်ရေမျက်နှာပြင်က အခြားနေရာတွေထက် ၃၄၈ ပေနိမ့်ကျနေပြီး ဆွဲအားအလွန်အားနည်းပါတယ်။
▪️ ၁၉၄၈ ခုနှစ်တုန်းက တွေ့ရှိခဲ့ပေမယ့် ဘယ်လိုဖြစ်ပေါ်မှန်း မသိကြပါဘူး။
၂၀၂၃ မှာတော့ စတင်သဘောပေါက်လာကြပါတယ်။
▪️ လော်ရေရှာနဲ့ ဂွန်ဝါနာတိုက်တို့ကြားမှ တက်သီစ်လို့ခေါ်တဲ့ ရှေးဟောင်းသမုဒ္ဒရာ ပျောက်ကွယ်သွားတာကြောင့် အိန္ဒိယသမုဒ္ဒရာထဲမှာ ဆွဲအားအပေါက်ကြီး ဖြစ်ပေါ်လာပါတယ်။
▪️ အဆိုပါချိုင့်ခွက်ကြီးက စတုရန်းကီလိုမီတာ ၃.၁ သန်း ကျယ်ဝန်းကာ အိန္ဒိယအနောက်တောင်ဘက်ကနေ ၁၂၀၀ ကီလိုမီတာအကွာမှာ တည်ရှိပါတယ်။
တက်သီစ်သမုဒ္ဒရာက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၈၀ လောက်က တိမ်မြုပ်သွားကာ ကမ္ဘာ့မြေအပေါ်ယံလွှာအောက်သို့ ဝင်သွားခဲ့ပါတယ်။
▪️ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၀ လောက်က ထိုအစအနတွေကြောင့် အာဖရိကတိုက်အောက်ရှိ အရာဝတ္ထုတုံးကြီးကနေ ထွက်လာတဲ့ သိပ်သည်းဆအရာများ နေရာရွေ့သွားပါတယ်။
▪️ အာဖရိကတိုက်အောက်မှာ ပိတ်နေတဲ့ အတုံးကြီးက ဧဝရတ်တောင်ထက် အဆ ၁၀၀လောက် ပိုမြင့်ပြီး သိပ်သည်းဆနည်းတဲ့ မက်ဂ်မာတွေ ပျောက်ကွယ်ကုန်ကာ ဆွဲအားလျော့နည်းလာတာ ဖြစ်ပါတယ်။
▪️ ချိုင့်ခွက်အောက်မှာ သိပ်သည်းဆနည်းပါးတဲ့ အငွေ့များ တည်ရှိတာကို အတည်ပြုနိုင်ဖို့ သုတေသနတွေ ထပ်မံပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။
▪️ မားစ်ဂြိုဟ်မှာလည်း မျက်နှာပြင်အောက်မှာ အဆိုပါချိုင့်ခွက်များ ရှိနေတာကို တွေ့ရှိထားပြီး ကမ္ဘာပေါ်မှ ဖြစ်တာကို သိရှိပြီးတဲ့အခါ မားစ်ဂြိုဟ်ရဲ့ အကြောင်းကိုလည်း သိခွင့်ရလာနိုင်ပါတယ်။
#Source: WION
ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေး ထိပ်သီးအစည်းအဝေး(GFSS)ဖွင့်ပွဲကို အင်္ဂါနေ့က ယူအေအီးနိုင်ငံ အဘူဒါဘီမှာ ဖွင့်လှစ်ခဲ့ပြီး တစ်ကမ္ဘာလုံးရဲ့ ငတ်မွတ်မှုကို ဖြေရှင်းပြီး ရေရှည်တိုးတက်ဖွံဖြိုးစေမယ့် ဆန်းသစ်ပူးပေါင်းရေး ဖြေရှင်းချက်များ ရရှိရန်အတွက် သိပ္ပံပညာရှင်များ၊ နည်းပညာ စွန့်ဦးတီထွင်သူများနဲ့ အခြားကိုယ်စားလှယ်များ တက်ရောက်လာကြပါတယ်။
#World_Event
Published 29 November 2024
#အဘူဒါဘီ #စားနပ်ရိက္ခာဖူလုံရေး
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 29 November 2024
၁။ ငါးရက်တာအတွင်း ပြင်ပရွှေဈေး ၁၂သိန်းကျော်ကျဆင်း
၂။ ထိုင်းဘတ် ၅ သန်းနီးပါး ဗဟိုဘဏ်ထပ်မံထုတ်ရောင်း
၃။ စက်သုံးဆီများ အားလုံးဈေးနှုန်းမြင့်တက်
၄။ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေးအစည်းအဝေး အဘူဒါဘီ၌ကျင်းပ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 383 of 1209