#World_Health
Published 08 February 2025
▪️ တစ်နေ့ကို လက်ဖက်စိမ်းရည် ၃ ခွက်နဲ့အထက် သောက်သုံးခြင်းဖြင့် ဦးနှောက်စွမ်းရည် ကျဆင်းခြင်းနဲ့ ဒီမန်ရှာရောဂါဖြစ်ခြင်းတို့မှ ဦးနှောက်ကို ကာကွယ်ပေးနိုင်ဖွယ်ရှိတယ်လို့ ဂျပန်လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
▪️ သုတေသီများက အသက် ၆၅ နဲ့အထက် လူပေါင်း ၈ထောင်ကျော်ထံမှ အချက်အလက်များကို ဆန်းစစ်ခဲ့ကြပြီး အစားအသောက် မေးခွန်းစစ်တမ်းများ၊ MRI ဦးနှောက်ဓာတ်မှန်များ ပြုလုပ်ခဲ့ကြပါတယ်။
▪️ ထိုအခါမှာ လက်ဖက်စိမ်းရည် များများသောက်ခြင်းနဲ့ ဦးနှောက်ထဲက အဖြူရောင်သားထိခိုက်မှု လျော့ကျခြင်းတို့ကြား ဆက်စပ်မှုကို တွေ့ရှိခဲ့ကြပါတယ်။
▪️ ဦးနှောက်အဖြူသား ထိခိုက်မှုဟာ ဦးနှောက်ကျန်းမာရေး ဆိုးရွားခြင်းကို ညွှန်ပြပြီး ဦးနှောက်စွမ်းရည် ကျဆင်းခြင်း၊ မှတ်ဉာဏ်ပြဿနာများ၊ ဒီမန်ရှာနဲ့ အယ်လ်ဇိုင်းမားတို့ ဆက်စပ်နေပါတယ်။
▪️ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်အဖြူရောင်သား ထိခိုက်မှုများလာပြီး ဒီမန်ရှာဖြစ်နိုင်ခြေ များစေပါတယ်။
▪️ နေ့စဉ် လက်ဖက်စိမ်းရည် အနည်းဆုံး ၃ ခွက်သောက်သူတွေဟာ တစ်ခွက်တည်းသောက်သူတွေထက် ဦးနှောက်အဖြူရောင်သား ထိခိုက်မှုလျော့နည်းတာ တွေ့ရပါတယ်။
▪️ သိပ္ပံပညာရှင်တွေက MRI ဓာတ်မှန်ဖြင့် ဦးနှောက်အစိတ်အပိုင်း ၅ ခုရဲ့ ဝိသေသလက္ခဏာတွေနဲ့ ဦးနှောက်အရည်ထုထည်တို့ကို တိုင်းတာခဲ့ကြရာ လက်ဖက်စိမ်းရည်သောက်ခြင်းက ဟစ်ပိုကမ်ပတ်စ်လို့ခေါ်တဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ နေရာကိုတော့ သက်ရောက်ခြင်းမရှိပါဘူး။
▪️ လက်ဖက်စိမ်းမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ရောင်ရမ်းမှုကို ဆန့်ကျင်ပေးကာ သွေးပေါင်ချိန်နဲ့ သွေးလည်ပတ်မှုတို့ကို သက်ရောက်စေပါတယ်။
▪️ လက်ဖက်စိမ်းရည် ပုံမှန်သောက်သူတွေမှာ ဦးနှောက်အဖြူသား အရည်ထုထည် ရာခိုင်နှုန်း လျော့နည်းသွားပါတယ်။
▪️ ဒီလေ့လာချက်က ဦးနှောက်ကာကွယ်ဖို့ အရေးကြီးကြောင်းကို ဖော်ပြနေပြီး မျှတတဲ့ အစားအစာ၊ ရုပ်ပိုင်းဆိုင်ရာ ပုံမှန်လှုပ်ရှားမှုနဲ့ ပုံမှန်ဆေးစစ်ဆေးမှုများ ပေါင်းစပ်ပြုလုပ်ဖို့လည်း ညွှန်ပြနေပါတယ်။
#Source: The Jerusalem Post