#World_Health
Published 08 February 2025


▪️ အချိုဓာတ်ပါတဲ့ သောက်သုံးစရာများကြောင့် ကမ္ဘာတဝှမ်းမှာ တစ်နှစ်ကို ဆီးချိုဖြစ်ပွားသူ ၂.၂ သန်းနဲ့ နှလုံးရောဂါဖြစ်ပွားသူ ၁.၁ သန်းကျော် ဖြစ်ကြရတယ်လို့ မကြာသေးမီက လေ့လာချက်မှာ တွေ့ရှိခဲ့ပါတယ်။

▪️ Nature Medicine ဂျာနယ်မှာ ဖော်ပြချက်အရ ဆီးချိုရောဂါ ဒုတိယအမျိုးအစား ဖြစ်ပွားသူ ၆ ဦးမှာ ၁ ဦးနှုန်းက အချိုရည်တွေကြောင့် ဖြစ်ပြီး ဒါဟာ ရောဂါဖြစ်ပွားသူစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းနီးပါး ဖြစ်နေပါတယ်။

▪️ နိုင်ငံပေါင်း ၁၈၄ နိုင်ငံကို လေ့လာရာမှာ ၂၀၂၀ ဗြိတိန်အတွင်း ဆီးချိုဖြစ်ပွားသူ ၃ သောင်းခွဲဟာ အချိုရည်သောက်သုံးခြင်းကြောင့် ဖြစ်တယ်လို့ တွေ့ခဲ့ကြပါတယ်။

▪️ ဒီလိုအချိုရည်တွေကို လူတွေမသောက်သုံးဖို့ မာဆာချူဆက်စ် တပ်ဖ်စ်တက္ကသိုလ်မှ ဒေါက်တာ လော်ရာလာရာကက်စ်တာက ပြုလုပ်လိုနေပြီး ကျောင်းတွေ အလုပ်တွေမှာပါ တည်ခင်းဧည့်ခံခြင်းကို ရှောင်ရှားခိုင်းနေပါတယ်။

▪️ ကုမ္ပဏီတွေ သကြားထည့်သွင်းမှု လျှော့ချအောင် သကြားအခွန်မြှင့်တင်ဖို့ စဉ်းစားသင့်တယ်လို့ ဆိုပါတယ်။

▪️ နိုင်ငံ ၃၀ ကြား အချိုရည်သောက်ခြင်းကြောင့် ဆီးချိုဖြစ်ပွားမှု အမြင့်မားဆုံးအဖြစ် ဗြိတိန်က နံပါတ် ၁၀ မှာ ရှိနေပါတယ်။

▪️ ၂၀၂၀ အတွင်း ဗြိတိန်မှာ ဆီးချိုကြောင့် သေဆုံးသူ ၂၅ ဦးမှာ ၁ ဦးနှုန်းက အချိုရည်ကြောင့်လို့ ခန့်မှန်းထားကြပါတယ်။

▪️ နှလုံးရောဂါကြောင့် သေဆုံးသူ အယောက် ၄၀ မှာ ၁ ယောက်နှုန်းက အချိုရည်ကြောင့် ဖြစ်နေပါတယ်။

▪️ ကမ္ဘာတဝှမ်းမှာ အချိုရည်သောက်သုံးခြင်း ကန့်သတ်လျှော့ချဖို့ ကြိုးပမ်းသင့်တယ်လို့ လာရာကက်စ်တာက ပြောသွားပါတယ်။

#Source: WION