Published 15 February 2024
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဒေါ်နယ်ထရမ့်ထက်စာရင် ခန့်မှန်းရပိုလွယ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ကာ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဘယ်သူပဲအနိုင်ရသည်ဖြစ်စေ ရုရှားဘက်က ပူးပေါင်းလုပ်ဆောင်ရန် အသင့်ရှိနေကြောင်း ဆိုလိုက်ပါတယ်။
ဒီမိုကရက်တစ် ဘိုင်ဒင်နဲ့ ရီပတ်ဘလစ်ကန် ထရမ့်တို့ကြား ဘယ်သူ့ကိုအနိုင်ရစေချင်လဲလို့ သတင်းထောက်က မေးမြန်းရာမှာ ပူတင်က ဘိုင်ဒင်ကို အနိုင်ရစေချင်ကြောင်း၊ သူက အတွေ့အကြုံပိုရှိပြီး ခန့်မှန်းရလွယ်ကူကာ ရှေးရိုးစွဲနိုင်ငံရေးသမားဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
ရွေးကောက်ပွဲအပြီး အသက် ၈၂ နှစ်ဖြစ်တော့မယ့် ဘိုင်ဒင်ရဲ့အသက်နဲ့ ကျန်းမာရေးအခြေအနေအကြောင်း မေးမြန်းရာမှာ ပူတင်က ‘’လူတွေက ဘိုင်ဒင်ရဲ့ အသက်အရွယ်အကြောင်း ပြောနေကြပေမယ့် လွန်ခဲ့တဲ့ ၃ နှစ်က တွေ့ဆုံခဲ့စဥ်က ဘာမှထူးခြားတာ မတွေ့ခဲ့ရဘူး’’ လို့ ဖြေဆိုသွားပါတယ်။
အမေရိကန် မဲစစ်တမ်းကောက်ယူချက်တွေမှာ မဲဆန္ဒပေးသူတွေက ဘိုင်ဒင်ရဲ့ အသက်အရွယ်အပေါ် စိုးရိမ်နေကြပါတယ်။
ဘိုင်ဒင်က ဥရောပခေါင်းဆောင်တွေရဲ့ နာမည်တွေကို ရှေ့ကခေါင်းဆောင်တွေနဲ့ မှားယွင်းရောထွေးပြီး ပြောမိခဲ့တာကြောင့် အသက်အရွယ်ပြဿနာ ပိုဆိုးလာခဲ့ပါတယ်။
အထူးဝတ်လုံတော်ရရှေ့နေမှ ဘိုင်ဒင်ကို မှတ်ဉာဏ်မကောင်းတော့တဲ့ သက်ကြီးရွယ်အို တစ်ယောက်လို့ သတ်မှတ်ခေါ်ဆိုခဲ့ရာ အိမ်ဖြူတော်မှ ကာကွယ်တုန့်ပြန်ပေးခဲ့ပါတယ်။
ဘိုင်ဒင်ကိုယ်တိုင်ကလည်း စွပ်စွဲချက်တွေကို ဒေါသတကြီး တုန့်ပြန်ခဲ့ပေမယ့် အီဂျစ်နဲ့ မက္ကဆီကိုသမ္မတတို့ရဲ့ အမည်တွေကို ရောထွေးပြောဆိုမိတာကြောင့် ပိုဆိုးသွားခဲ့ပါတယ်။
အသက် ၇၇ နှစ်ရှိ ဒေါ်နယ်ထရမ့်ဟာလည်း လူတွေရဲ့နာမည်တွေကို ရောထွေးပြောဆိုခဲ့ပြီး သူနဲ့နောက်ဆုံးပြိုင်ဘက်ဖြစ်နေတဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း နစ်ကီဟာလေနဲ့ အမေရိကန် အောက်လွှတ်တော်ဥက္ကဌဟောင်း နန်စီပယ်လိုစီတို့ရဲ့ နာမည်တွေကို ရောထွေးခဲ့တာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပူတင်က ဘိုင်ဒင်လက်ထက် အမေရိကန် နိုင်ငံခြားရေးမူဝါဒများကို အပြင်းအထန် ကန့်ကွက်ထားပါတယ်။
ဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့ဟာ ရုရှားနဲ့ ၂ နှစ်ကြာစစ်ဖြစ်နေတဲ့ ယူကရိန်းတို့အတွက် ထောက်ပံ့ကူညီနေခဲ့ပါတယ်။
ဘိုင်ဒင်က ပူတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပြီး ထရမ့်ကတော့ ပူတင်ကို လေးစားမှုရှိကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားခဲ့ပေမယ့် ပူတင်ကတော့ ဘိုင်ဒင်ကိုသာ အနိုင်ရစေချင်နေတာ ဖြစ်ပါတယ်။
Source: NDTV
#World_News
#Published_ 15 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
#World_Health
Published 15 February 2024
နှလုံးရောဂါတွေနဲ့ ပတ်သက်လို့ ရောဂါလက္ခဏာ အများအပြားရှိနေပြီး နှလုံးရောဂါဖြစ်နိုင်ခြေနဲ့ ပတ်သက်လို့ အချက်အလက်များစွာ ရှိနေပါတယ်။
အမျိုးမျိုးသော နှလုံးရောဂါတွေဟာ ရောဂါလက္ခဏာ အမျိုးမျိုး ပြတတ်ပေမယ့် ရောဂါဖြစ်လာနိုင်ခြေရှိတဲ့ လက္ခဏာတွေကတော့..
(၁) အသက်ရှူမဝခြင်း
နှလုံးကနေ သွေးကိုလုံလောက်စွာ မညှစ်ထုတ်နိုင်တဲ့အခါ အသက်ရှူမဝတာမျိုး ဖြစ်တတ်ပါတယ်။
(၂) ရင်ဘတ်အောင့်ခြင်း
နှလုံးဖောက်ခြင်းရဲ့ အထင်ရှားဆုံး လက္ခဏာတစ်မျိုးဖြစ်ပြီး နှလုံးက လုံလောက်တဲ့ အောက်ဆီဂျင်နဲ့သွေး မရတဲ့အခါ ဖြစ်ပွားတတ်ကာ ရောဂါအခြေအနေပေါ် မူတည်ပြီး ပြင်းထန်နိုင်ပါတယ်။
(၃) နွမ်းနယ်ခြင်း
အလုပ်များခြင်း၊ အိပ်ရေးပျက်ခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်းတို့ကြောင့် နွမ်းနယ်တတ်သလို နှလုံးနဲ့ပတ်သက်တဲ့ ရောဂါလည်း ဖြစ်နိုင်ကာ နေ့စဥ်လုပ်ငန်းဆောင်တာတွေကိုပါ မလုပ်နိုင်တဲ့အထိ ပြင်းထန်တယ်ဆိုရင်တော့ ဆရာဝန်ပြသင့်ပါတယ်။
(၄) နှလုံးတုန်ခြင်း
စိုးရိမ်ပူပန်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ကော်ဖီသောက်ခြင်း၊ အရက်သေစာနဲ့ အချို့သောဆေးဝါးများ သောက်သုံးခြင်းတို့ကြောင့် ရင်တုန်စေနိုင်ကာ ရင်ဘတ်၊ လည်ပင်း၊ လည်ချောင်းတို့မှာ ခံစားရနိုင်ပါတယ်။
(၅) ခေါင်းကိုက်မူးဝေခြင်း
အခြားရောဂါများကြောင့်လည်း ထိုဝေဒနာခံစားရတတ်သလို နှလုံးပုံမှန်အလုပ်မလုပ်တဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။
(၆) ခြေထာက်ဖောရောင်ခြင်း
နှလုံးက ကောင်းစွာအလုပ်မလုပ်ဘဲ ခြေထာက်သွေးပြန်ကြောတွေထဲမှာ သွေးစီးဆင်းမှုနှေးပြီး အရည်တွေစုပြုံလာပါတယ်။
#World_Health #နှလုံးရောဂါလက္ခဏာများ #Source: DoctorNDTV
#World_Technology
Published 15 February 2024
လူတွေက ခန္ဓာကိုယ်ထဲက လုပ်ဆောင်ချက်တွေကို တိုင်းတာဖို့အတွက် စမတ်အသုံးအဆောင်ပစ္စည်းများ ပိုမိုအသုံးပြုလာကြပါတယ်။
ကိုယ်အပူချိန်က အရေးကြီးလက္ခဏာတစ်ခုဖြစ်တဲ့အပြင် အခြားလုပ်ဆောင်ချက်တွေနဲ့လည်း ဆက်စပ်နေပေမယ့် အပူချိန်ကို ဆက်တိုက်တိုင်းတာနိုင်ဖို့က အခက်အခဲဖြစ်နေပါတယ်။
ဝါရှင်တန်တက္ကသိုလ်မှ သုတေသီများက အပူချိန်တိုင်း နားကပ်တစ်မျိုးကို ဖန်တီးလိုက်ကြကာ နားရွက်အပူချိန်ကို အဆက်မပြတ် တိုင်းတာနိုင်မယ့် ကြိုးမဲ့ပစ္စည်းဖြစ်ပါတယ်။
စမ်းသပ်ထုတ်လုပ်နေတဲ့ ပစ္စည်းအရွယ်အစားက စာရွက်ကလစ်မျှသာရှိပြီး ဘက်ထရီက ၂၈ ရက်သက်တမ်းတာရှည်ပါတယ်။
ထိုနားကပ်ကို ကျောက်တွေနဲ့ စီခြယ်တပ်ဆင်နိုင်ပြီး သံလိုက်ဖြင့် ချိတ်ဆွဲထားမှာ ဖြစ်ပါတယ်။
နားနေတဲ့အချိန်တွေမှာ အရေပြားအပူချိန်ကို တိုင်းတာတဲ့နေရာမှာ စမတ်နာရီတွေထက် သာလွန်ပြီး စိတ်ဖိစီးခြင်း၊ စားသောက်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ သားဥကြွေခြင်းတို့ကိုလည်း တိုင်းတာနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
နားကပ်အရွယ်အစားလောက်သာ ဖြစ်တာကြောင့် ရက်အနည်းငယ်ကြာမှသာ အားသွင်းဖို့လိုအပ်ပါတယ်။
ဓာတ်အားကြာရှည် လိုချင်ရင် ဘက်ထရီကြီးကြီး လိုအပ်ပြီး ကြိုးမဲ့စနစ်ကြောင့်လည်း စွမ်းအင်ပိုမိုကုန်ကျနိုင်ပါတယ်။
အဖျားရောဂါရှိနေသူတွေဟာ တစ်နေ့တာအတွင်း အပူချိန်တက်လိုက်ကျလိုက် ဖြစ်နေတာကြောင့် အဆက်မပြတ် တိုင်းတာနိုင်ဖို့က အရေးပါလာပါတယ်။
ကိုယ်တွင်းအပူချိန်က အဖျားမရှိတဲ့အခါ ငြိမ်သက်နေတတ်ပေမယ့် နားရွက်အပူချိန်ကတော့ ပြောင်းလဲတတ်ပါတယ်။
ယခုစမတ်နားကပ်ကတော့ ကိုယ်အပူချိန်နဲ့ အခြားလုပ်ဆောင်ချက်များကိုပါ တိုင်းတာပေးတဲ့အပြင် ဖက်ရှင်အနေနဲ့လည်း ဝတ်ဆင်နိုင်မှာ ဖြစ်ပါတယ်။
နားကပ်ကို မရောင်းချခင်မှာတော့ ထည့်သွင်းရန် အချက်အလက်တွေ လိုအပ်နေသေးပြီး စမ်းသပ်မှုတွေ ဆက်လက်ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။
#World_Technology #စမတ်နားကပ် #Source: The Jerusalem Post
ရုရှားက ဘာကီနာဖာဆိုနိုင်ငံသို့ စစ်မှုထမ်းများ စေလွှတ်နေပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်က အယောက် ၁၀၀ ရောက်ရှိလာကာ နောက်ထပ် ၂၀၀ ရောက်ရှိလာဖို့ရှိပါတယ်။
#World_News
Published_ 14 February 2024
#ဘာကီနာဖာဆိုနိုင်ငံ #ရုရှားတပ်သားများရောက်ရှိ
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 14 February 2024
၁။ နဂါးနှစ်ကောင်ဆရာတော်ကြီး၏ အန္တိမဈာပနအတွက် ဟင်္သာလောင်တိုက်ပြင်ဆင်ထားပြီဖြစ်
၂။ ဂေါ်ဖီပန်းပွင့်တစ်ပွင့်လျှင် ကျပ်၁၀၀အထိ ဈေးကျဆင်းနေ၍ နွားစာအဖြစ် ဝယ်ယူအသုံးပြုနေကြပြီး တောင်သူများအရှုံးပေါ်နေ
၃။ မိုးယွန်းကြီးအင်းဘေးမဲ့တောသို့ လာရောက်အပန်းဖြေသူ ယခင်ထက်နှစ်ဆများလာပေမယ့် ငှက်ကြည့်ရန် လာရောက်သူ အလွန်နည်းနေဟုဆို
၄။ ဘကီနာဖာဆို၏ တိုင်းပြည်လုံခြုံရေးမြှင့်တင်ပေးရန် ရုရှားတပ်သားများရောက်ရှိလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_News
Published 14 February 2024
အင်ဒိုနီးရှားနိုင်ငံတဝှမ်း ဗုဒ္ဓဟူးနေ့မှာ သမ္မတ ဂျိုကိုဝီဒိုဒိုနေရာဆက်ဆံရန် ရွေးကောက်ပွဲအတွက် မဲဆန္ဒပေးကြမှာဖြစ်ပြီး သူ့ရဲ့လွှမ်းမိုးမှုကပဲ ဘယ်သူအနိုင်ရသွားလဲဆိုတာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
တစ်နေ့တည်းမှာပဲ ကျင်းပမယ့် ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲမှာ ကျွန်းဆွယ်ပေါင်း ၁၇၀၀၀ တလျှောက် နေရာပေါင်း ၂၀၆၀၀ အတွက် ကိုယ်စားလှယ်ပေါင်း ၂၅၉၀၀၀ နီးပါး ပါဝင်ယှဥ်ပြိုင်နေပေမယ့် ဆယ်စုနှစ်တစ်ခုနီးပါး အုပ်ချုပ်လာတဲ့ ဝီဒိုဒိုရဲ့ သမ္မတနေရာကို ဆက်ခံမယ့်သူကိုပဲ အားလုံးက စိတ်ဝင်စားနေကြပါတယ်။
ဂျိုကိုဝီလို့လည်း လူသိများတဲ့ ဝီဒိုဒိုရဲ့နေရာအတွက် ယှဥ်ပြိုင်သူတွေထဲမှာ အုပ်ချုပ်ရေးမှူးဟောင်းများဖြစ်တဲ့ ဂန်ဂျာပရာနိုဝို၊ အန်နီစ်ဘတ်စ်ဝယ်ဒန်တို့နဲ့အတူ အထူးတပ်ဖွဲ့များဗိုလ်မှူးဟောင်း ပရာဘိုဝိုဆူဘီယန်တိုတို့က နာမည်ကြီးနေပါတယ်။
ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ကျင့်သုံးလာတဲ့ မူဝါဒတွေကိုပဲ ထိန်းသိမ်းသွားနိုင်မယ့် ကိုယ်စားလှယ်လောင်းကို အလိုရှိကြောင်း၊ အစကနေပြန်စမယ်ဆိုရင် အချိန်ယူရဦးမှာ ဖြစ်ကြောင်း ဂျာကာတာအလယ်ပိုင်းမှာ မဲဆန္ဒပေးခဲ့တဲ့ အသက် ၄၂ နှစ်အရွယ် စွန့်ဦးတီထွင်သူ နိုဗန်မာရာဒိုနာက ပြောပြပါတယ်။
မဲဆန္ဒပေးရန် သတ်မှတ်ချိန် ၃ ချိန်ဖြင့် အချိန်ကာလ ၆ နာရီပေးထားပြီး အရှေ့ပိုင်းမှ မဲရုံတွေကတော့ အခုကတည်းက ဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။
ဂျာကာတာမှာ မိုးကြိုးမုန်တိုင်းများဖြင့် ရေကြီးနေတာကြောင့် အချို့နေရာတွေမှာ မဲပေးမှု အထနှေးနေပါတယ်။
နှောင့်နှေးမှုတွေက ဘယ်လောက်ကြာနိုင်ပြီး မဲပေးမှုကို သက်ရောက်နိုင်မလဲဆိုတာ မသိနိုင်ပေမယ့် ဂျာကာတာကပ်ဘေး ထိန်းချုပ်ရေးဌာနက ရေကြီးနေတဲ့ မဲရုံဓာတ်ပုံတွေနဲ့ မဲပေးစနစ်အတွက် ပစ္စည်းပစ္စယများကို ဘေးကင်းတဲ့နေရာသို့ ရွှေ့ပြောင်းနေတဲ့ဓာတ်ပုံတွေ ဖော်ပြထားပါတယ်။
ဂျာကာတာအလယ်ပိုင်းရှိ ရွာ ၁၀ ရွာမှာ မဲပေးမှုနှောင့်နှေးနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က အစောပိုင်းက ပြောကြားထားပါတယ်။
ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုက ဂျိုကိုဝီကို နှစ်ကြိမ်တိုင် ရှုံးနိမ့်ခဲ့ပြီးနောက် တတိယအကြိမ်မြောက် ပါဝင်ယှဥ်ပြိုင်နေပါတယ်။
ပြီးခဲ့တဲ့ ၂ ပတ် စစ်တမ်းကောက်ယူချက်များအရ ပရာဘိုဝိုက ၅၁.၈ နဲ့ ၅၁.၉ ရာခိုင်နှုန်း ထောက်ခံမှုရရှိထားကာ ရွေးကောက်ခံတစ်ဦးအနေနဲ့ အနိုင်ရဖို့အတွက်ဆိုရင် မဲဆန္ဒပေါင်း ၅၀ ရာခိုင်နှုန်းအထက်နဲ့ ကျန်ပြည်နယ်များတဝက်ရှိ မဲရုံတွေမှာ ၂၀ ရာခိုင်နှုန်း ရရှိထားဖို့ လိုပါတယ်။
အနာဂတ်အတွက် ဆုံးဖြတ်ချက်ဖြစ်လာစေမယ့် မဲပေးခွင့်တွေကို အလကားမဖြစ်စေဘဲ မဲရုံသွားပြီး ဆန္ဒပြုကြဖို့ ဖိတ်ခေါ်ပါကြောင်း အန်နီစ်က ပြောကြားသွားပါတယ်။
သန့်ရှင်းတဲ့ ရွေးကောက်ပွဲဖြစ်စေရန်နဲ့ ရိုးသားတိကျမှသာ ရွေးကောက်ခံတွေ မဲရလဒ်ကို လက်ခံနိုင်မှာဖြစ်ကြောင်း စထရပ်ဂယ်လ် ဒီမိုကရက်တစ်ပါတီမှ ဂန်ဂျာက မှာကြားလိုက်ပါတယ်။
#World_News #အင်ဒိုနီးရှားသမ္မတသစ် #ရွေးကောက်ပွဲစတင်ကျင်းပ #Source: Reuters
#World_Health
Published 14 February 2024
ကိုဗစ်နောက်ဆက်တွဲဝေဒနာ ခံစားရသူတွေမှာ ဦးနှောက်ထိုင်းမှိုင်းခြင်းက အဖြစ်အများဆုံးနဲ့ အကြာရှည်ဆုံး လက္ခဏာတစ်မျိုး ဖြစ်နေပါတယ်။
ဒီလိုလက္ခဏာတွေဟာ ဦးနှောက်မှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဒဏ်ရာကနေ စိတ်ပိုင်းဆိုင်ရာနဲ့ အသိဉာဏ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်စေနိုင်ဖွယ်ရှိကြောင်း လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
ကိုဗစ်ရောဂါကို ပြင်းထန်စွာ ခံစားခဲ့ရသူတွေနဲ့ မပြင်းထန်ခဲ့တဲ့သူတွေကို နှိုင်းယှဥ်ကာ သွေးစစ်ဆေးမှုများ ပြုလုပ်လေ့လာခဲ့ကြပါတယ်။
ထိုအခါမှာ ဦးနှောက်ရဲ့ အချို့အပိုင်းတွေဟာ ထုထည်လျော့နည်းနေပြီး ဦးနှောက်သိရှိမှု နှေးကွေးသွားကာ စိတ်ကျန်းမာရေးပြဿနာ တစ်မျိုးမျိုး ခံစားနေကြရပါတယ်။
ထိုနေရာမှာ ဦးနှောက်ချို့ယွင်းသွားတာဟာ ဦးနှောက်နှစ် ၂၀ ကြာအိုမင်းသွားတာနဲ့ ညီမျှနေတာပါပဲ။
အသိဉာဏ်ပိုင်း ချို့ယွင်းတာကို သိထားကြပေမယ့် တသက်တာထိခိုက်စေတာလားဆိုတာ မသိရှိကြပါဘူး။
ကပ်ရောဂါကာလအတွင်း ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာ ခံစားနေကြရတာကို ဆရာဝန်တွေက မယုံကြည်ကြဘူးလို့ အချို့လူနာတွေ ဆိုပါတယ်။
ဦးနှောက်မှာ ဒီလိုမျိုးဒဏ်ရာတွေ ဖြစ်ရတာဟာ ရောဂါကူးစက်စဥ် ဦးနှောက်မှာ အောက်ဆီဂျင်ပြတ်လပ်တာမျိုးကြောင့် ဖြစ်မယ်လို့ ယူဆနေကြပါတယ်။
ဆရာဝန်တွေအနေနဲ့လည်း လူနာတွေ ဦးနှောက်ဒဏ်ရာခံစားရနိုင်တာကို လက်ခံသိရှိပြီး သင့်လျော်စွာ ကုသပေးဖို့ လိုအပ်ပါတယ်။
ဦးနှောက်ထိုင်းမှိုင်းခြင်းလိုမျိုး လက္ခဏာတွေကို ကုသပေးခြင်းဖြင့် လူနာတွေ ပုံမှန်အတိုင်း ပြန်ရောက်နိုင်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
ကိုဗစ်ပြင်းထန်စွာ ခံစားခဲ့ရသူတွေက ဦးနှောက်ထိခိုက်တာမျိုး ရှိပေမယ့် ရောဂါကိုသာမန်မျှ ခံစားခဲ့ရသူတွေမှာတော့ ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို မသိကြသေးပါဘူး။
ကိုဗစ်ဗိုင်းရပ်စ်က ဆက်လက်ကူးစက်နေဦးမှာဖြစ်ကာ ဦးနှောက်ကို ရေရှည်ထိခိုက်နေဦးမယ်ဆိုရင်တော့ ရပ်တန့်မယ့်နည်းလမ်း ရှာဖွေသင့်ပါတယ်။
#World_Health #ဦးနှောက်ထိခိုက်ခြင်း #ကိုဗစ်နောက်ဆက်တွဲလက္ခဏာ #Source: Medscape
Page 201 of 824