#World_Health
Published 05 September 2025
▪️ အိန္ဒိယနိုင်ငံ ဒေလီမှာဖြစ်နေတဲ့ လေလွင့်ခွေးပြဿနာမှာ လုပ်ဆောင်ခြင်းမရှိတဲ့ ဒေသတွင်းအာဏာပိုင်များကို တရားရုံးချုပ်က ကြာသပတေးနေ့မှာ အပြစ်တင်လိုက်ပါတယ်။
▪️ ဩဂုတ် ၁၁ ရက်နေ့က လမ်းဘေးခွေးတွေကို ဒေသတွင်းကနေ အစောဆုံးဖယ်ရှားဖို့နဲ့ သတ်မှတ်ထားတဲ့ ခွေးခိုလှုံနေရာများသို့ ရွှေ့ပြောင်းရန် ဒေလီမှ အာဏာပိုင်များကို ညွှန်ကြားခဲ့ပါတယ်။
▪️ လမ်းဘေးခွေးကိုက်ခံရတဲ့ ပြဿနာက အိန္ဒိယမှာ ကျန်းမာရေးပြဿနာကြီး ဖြစ်နေပြီး နှစ်စဉ်လူထောင်နဲ့ချီ သေဆုံးနေရပါတယ်။
▪️ ကိုက်ခံရတဲ့အခါ ခွေးရူးပြန်ရောဂါ ကူးစက်ခံရကာ ရောဂါလက္ခဏာပေါ်လာတာနဲ့ ၁၀၀ ရာခိုင်နှုန်းနီးပါး အသက်အန္တရာယ်ရှိနိုင်ပါတယ်။
▪️ ခွေးရူးပြန်ရောဂါဖြစ်စေတဲ့ Lyssavirus က ခန္ဓာကိုယ်ထဲဝင်ရောက်ကာ အာရုံကြောဆဲလ်တွေကို ရှာဖွေပြီး ဗဟိုအာရုံကြောစနစ်ဆီ သွားလာပါတယ်။
▪️ ရက်သတ္တပတ်တွေ လတွေကြာအောင် ဗိုင်းရပ်စ်က တိတ်ဆိတ်စွာ ပွားများပြီး ဦးနှောက်ထဲ ကျူးကျော်လာပါတယ်။
▪️ ဗိုင်းရပ်စ်က ဦးနှောက်ရောက်တဲ့အခါ ရေကြောက်ခြင်း၊ ကြွက်တက်ခြင်း၊ အကြောသေခြင်းလက္ခဏာများ ပေါ်ပေါက်လာကာ အသက်သေဆုံးဖို့ ဖြစ်လာကြောင်း အမေရိကန်အခြေစိုက် ရောဂါထိန်းချုပ်ဌာနက ပြောထားပါတယ်။
▪️ ဘက်တီးရီးယားတွေနဲ့ မတူတာက ခွေးရူးပြန်ဗိုင်းရပ်စ်က ကိုယ်ခံအားစနစ်ကနေ ပုန်းကွယ်နေနိုင်ပြီး သဘာဝအတိုင်း ပြန်မတိုက်ထုတ်နိုင်ပါဘူး။
▪️ ခေတ်မီကာကွယ်ဆေးတွေက ဘေးကင်းစိတ်ချရသလို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
▪️ အကိုက်ခံရပါက ဒဏ်ရာကိုချက်ချင်းသန့်စင်ပြီး နာရီပိုင်းအတွင်း ဆေးကုသမှုခံယူကာ ကာကွယ်ဆေးတွေကို ဆေးညွှန်းအတိုင်း အသုံးပြုရပါမယ်။
Source: India Today
#World_Science
Published 05 September 2025
▪️ လူသားသန္ဓေတစ်ခုက သားအိမ်ထဲသို့ တကယ့်လက်တွေ့ ကုပ်တွယ်နေပုံကို သိပ္ပံပညာရှင်များ ပထမဆုံးအနေဖြင့် မှတ်တမ်းတင်ရိုက်ကူးခဲ့ကာ မျိုးမအောင်ခြင်း ကုသနည်းလမ်းနဲ့ ကိုယ်ဝန်ပျက်ခြင်း ကာကွယ်နည်းလမ်းသစ်တို့ ပေါ်ပေါက်လာမယ်လို့ မျှော်လင့်နေကြပါတယ်။
▪️ အရင်က တစ်ခါမှ မမြင်ဖူးတာကို ရိုက်ကူးနိုင်ခဲ့တာဖြစ်တယ်လို့ စပိန် ကာတာလိုနီယာ ဇီဝအင်ဂျင်နီယာတက္ကသိုလ်မှ မျိုးပွားကျန်းမာရေးအကြီးအကဲ ဆမ်မြူရယ်အိုဟော့စ်နီဂရိုက ပြောပါတယ်။
▪️ ဆဲလ်အမှုန်အမွှားလေးတွေ သားအိမ်ထဲမှာ ကုပ်တွယ်တဲ့အချိန်က ကလေးတစ်ယောက်ဖြစ်လာဖို့ အရေးကြီးအဆင့်တွေထဲက တစ်ခုဖြစ်ပေမယ့် ဘယ်လိုမျိုးကုပ်တွယ်လဲဆိုတာတော့ အထူးအဆန်း ဖြစ်နေခဲ့ပါတယ်။
▪️ အိုဟော့စ်နီဂရိုနဲ့ သုတေသနအဖွဲ့က ဓာတ်ခွဲခန်းထဲမှာ သားအိမ်အတုဖန်တီးလိုက်ပြီး မျိုးပွားကုသမှုတွေကနေ ကျန်ခဲ့တဲ့သန္ဓေသားတွေ ထည့်သွင်းလိုက်ပါတယ်။
▪️ ဒီနောက် အဏုကြည့်မှန်ပြောင်းဖြင့် ဗီဒီယိုရိုက်ကူးထားခဲ့ပါတယ်။
▪️ ထိုအခါ သိပ္ပံပညာရှင်တွေအနေနဲ့ သားအိမ်ထဲသို့ သန္ဓေသားဝင်ရောက်ပုံကို ရှင်းရှင်းလင်းလင်း ဆန်းစစ်နိုင်ခဲ့ပါတယ်။
▪️ သန္ဓေသားက အင်မ်ဇိုင်းတွေကိုသုံးကာ သားအိမ်နံရံသားတွေရဲ့ အမျှင်တွေကို ထိုးဖောက်တဲ့ပုံစံကို စတင်နားလည်လာစေပါတယ်။
▪️ ဒီဖြစ်စဉ်မှာ သန္ဓေသားတွေက အင်အားသုံးဝင်တာကို တွေ့ရပြီး ကိုယ်ဝန်ဆောင်တွေမှာ ကိုယ်ဝန်ကြွက်တက်ခြင်း ခံစားရတာ ဖြစ်ပါတယ်။
▪️ ဒီသုတေသနက မျိုးမအောင်တဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
▪️ ဒီလေ့လာချက်ဟာ လူသားဖွံ့ဖြိုးရေးနဲ့ ကိုယ်ဝန်မဆောင်နိုင်တဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ရာ အရေးပါတဲ့ခြေလှမ်းလို့ ပညာရှင်များ ချီးကျူးနေကြပါတယ်။
Source: NPR.
ဒုတိယကမ္ဘာစစ်အတွင်း တရုတ်-မြန်မာ-အိန္ဒိယ(CBI) စစ်ဇာတ်ခုံနေရာမှာ အဓိကပါဝင်ခဲ့တဲ့ အမေရိကန်ဗိုလ်ချုပ် ဂျိုဆက်စတီဝယ်ရဲ့ ဇာတ်ကြောင်းက အမေရိကန်-တရုတ် ဖက်ဆစ်ဆန့်ကျင်ရေးမဟာမိတ်ရဲ့ ပြယုဂ်ဖြစ်ပြီး ယနေ့ထက်တိုင် အမွေအနှစ်ခိုင်မြဲနေဆဲဖြစ်ပါတယ်။
#World_History
Published 04 September 2025
#တရုတ်မြန်မာအိန္ဒိယ #အမေရိကန်ဗိုလ်ချုပ်ဂျိုဆက်စတီဝယ်
#YMG #Yangon_Times #Yangon_Media_Group
ဂျကာတာ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) -- အင်ဒိုနီးရှား ရှေ့နေချုပ်ရုံး (AGO) က ပညာရေး ဝန်ကြီးဟောင်း နာဒီယမ် မာကာရမ်အား နိုင်ငံတော်အတွက် ငွေကြေး ၁.၉ ထရီလီယံ (အမေရိကန် ဒေါ်လာ သန်း ၁၂၀) အထိ နစ်နာဆုံးရှုံးစေခဲ့သည်ဟု စွပ်စွဲခံထားရသော အကျင့်ပျက်ခြစားမှုအတွက် သံသယရှိသူအဖြစ် ကြာသပတေးနေ့က သတ်မှတ်လိုက်သည်။
အမှုမှာ မာကာရမ်၏ လက်ထက်တွင် မိတ်ဆက်ခဲ့သည့် နိုင်ငံတစ်ဝန်း ဒစ်ဂျစ်တယ်စနစ်ဖော်ဆောင်ရေး အစီအစဉ်၏ အဓိကမူဝါဒဖြစ်သော လက်ပ်တော့များ ဝယ်ယူရေးနှင့် ဆက်စပ်နေသည်။
စုံစမ်းစစ်ဆေးမှုများအတွက် AGO ၏ အထူးပြစ်မှုဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ နူရ်ကာယို ဂျောင်ကွန် မာဒီယိုက ဝန်ကြီးဟောင်းအား သံသယရှိသူအဖြစ် သတ်မှတ်ရန် လုံလောက်သော အထောက်အထားများ ရရှိထားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်အား ငွေကြေးဆုံးရှုံးမှု ဖြစ်စေခြင်းနှင့် ပြည်သူ့ရန်ပုံငွေကို အလွဲသုံးစားလုပ်မှုတို့အတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော ၁၉၉၉ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ရာဇသတ်ကြီးဥပဒေတို့အရ မာကာရမ်ကို တရားစွဲဆိုထားခြင်းဖြစ်သည်။
#World_News
Published 04 September 2025
▪️ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရင် ယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်မယ့်အခြေအနေရှိတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
▪️ ဒါပေမဲ့ အင်အားသုံးအဆုံးသတ်ဖို့လိုလာလျှင်လည်း အသင့်ရှိတယ်လို့ ပြောပါတယ်။
▪️ ပူတင်က ပေကျင်းကို လာရောက်လည်ပတ်စဉ်မှာ တရုတ်နဲ့ ဓာတ်ငွေ့ပိုက်လိုင်းသစ် သဘောတူညီမှုရရှိခဲ့ပြီး နောက်ဆုံးမှာတော့ မျှော်လင့်ချက်ရောင်ခြည် တွေ့လာရပြီလို့ပြောကြားခဲ့ပါတယ်။
▪️ အဓိပ္ပာယ်ရှိပြီး ဖြစ်နိုင်တဲ့အကြောင်းအရာဆိုရင် ဒီပဋိပက္ခအဆုံးသတ်ရေး လက်ခံနိုင်ဖို့ သဘောတူနိုင်ဖွယ်ရှိကြောင်း ပူတင်က သတင်းထောက်တွေကို ပြောသွားပါတယ်။
▪️ လက်ရှိ သမ္မတဒေါ်နယ်ထရမ့်လက်အောက် အမေရိကန်အစိုးရရဲ့ သဘောထားကို သိမြင်နိုင်ပြီး ဒီကိစ္စအတွက် ဖြေရှင်းပေးလိုတဲ့ဆန္ဒ မြင်တွေ့နေရကြောင်း ပြောပါတယ်။
▪️ ဒီလိုမှမဟုတ်ရင် ပြဿနာတွေကို အင်အားသုံးပြီး ဖြေရှင်းရလိမ့်မယ်လို့ ဆိုပါတယ်။
▪️ ယူကရိန်းအနေနဲ့ နေတိုး(NATO)ဝင်ရောက်ရေး လက်လျှော့ရန် အပါအဝင် ကာလကြာရှည်တောင်းဆိုချက်များကို အလျှော့ပေးသွားမှာမဟုတ်တဲ့အကြောင်း ဖော်ပြသွားပါတယ်။
▪️ ယူကရိန်းသမ္မတ ရုရှားသို့လာရောက်တဲ့အခါ လက်ခံဆွေးနွေးဖို့ အသင့်ဖြစ်နေပြီလို့လည်း ဆိုပါတယ်။
▪️ ဇယ်လန်စကီက ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အခြေအနေများကို ပူတင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိအားပေးနေပါတယ်။
▪️ ကြားဝင်စေ့စပ်ပေးနေတဲ့ ထရမ့်က နှစ်ဖက်ခေါင်းဆောင်များကို တွေ့ဆုံစေလိုပြီး ရုရှားအပေါ် နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ဖို့လည်း ခြိမ်းခြောက်ထားပါတယ်။
▪️ အနောက်တိုင်းဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စီးပွားရေးထိခိုက်လာတဲ့ ရုရှားသမ္မတပူတင်က စစ်ပွဲကို သံတမန်ရေးအရ အဆုံးသတ်လိုတဲ့သဘော မြင်လာရပါတယ်။
Source: Reuters
#World_Science
Published 04 September 2025
▪️ လေ့ကျင့်ခန်းလုပ်ခြင်းအစွမ်းက နေထိုင်စားသောက်မှုပုံစံ ပြဿနာများကို ပြန်ပြောင်းစေဖို့ ရောဂါဘယများ စောစီးစွာဖြစ်ပေါ်ခြင်းမှ ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။
▪️ သွေးပေါင်ချိန်နဲ့ ကိုလက်စ်ထရောတို့ ချပေးခြင်းဖြင့် နှလုံးသွေးကြောပိတ်ဆို့မှုများကို ဖယ်ရှားခြင်း၊ ကာကွယ်ခြင်းအပါအဝင် နှလုံးကျန်းမာစေတယ်လို့ ဖော်ပြလာကြပါတယ်။
▪️ အိန္ဒိယ အက်စ်တာ CMI ဆေးရုံမှ နှလုံးအထူးကု ဆန်ဂျေးဘက်ကလည်း လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ နှလုံးသွေးကြောပိတ်ဆို့မှုများမှ ကာကွယ်ရာမှာ အရေးပါတယ်လို့ လက်ခံထားပါတယ်။
▪️ ပိတ်နေတဲ့နေရာကို တိုက်ရိုက်ဖယ်ရှားတာ မဟုတ်ပေမယ့် အနည်တွေ ပိုမိုစုပြုံလာခြင်းကို နှောင့်နှေးစေပြီး နှလုံးကျန်းမာရေး တိုးတက်စေနိုင်တယ်လို့ ပြောပါတယ်။
▪️ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့် နှလုံးကနေ သွေးပိုမိုညှစ်ထုတ်စေကာ သွေးကြောတွေ ကျုံ့နိုင်ဆန့်နိုင်စေပြီး သွေးကြောပိတ်စေတဲ့အရာတွေကို လျှော့ချပေးပါတယ်။
▪️ နေ့စဉ်မိနစ် ၃၀ ခန့် ခပ်မြန်မြန်လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ယောဂကျင့်ခြင်းတို့ဖြင့် သွေးလည်ပတ်မှုကောင်းစေပြီး ခန္ဓာကိုယ်သဘာဝ ပြုပြင်ရေးလုပ်ငန်းစဉ်တွေကို ထောက်ပံ့ပေးပါတယ်။
▪️ သွေးကြောကျဉ်းခြင်းကို ဖြစ်စေတဲ့ သွေးကြောနံရံတွေ ရောင်ရမ်းခြင်းကိုလည်း လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် လျှော့ချနိုင်ပါတယ်။
▪️ လေ့ကျင့်ခန်းအပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများ စားသုံးကာ အသင့်စားစရာများ လျှော့ချခြင်း၊ ဆေးလိပ်အရက်ရှောင်ရှားခြင်း၊ ဖိစီးမှုထိန်းချုပ်လျှော့ချခြင်း၊ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းတို့ဖြင့်လည်း နှလုံးသွေးကြောပိတ်ဆို့နိုင်ခြေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
▪️ ဒါတွေအားလုံးလုပ်ဆောင်ပြီး တက်ကြွလှုပ်ရှားစွာ နေထိုင်ပါက နှလုံးရောဂါ ဖြစ်နိုင်ခြေ သိသိသာသာ လျော့နည်းစေမှာ ဖြစ်ပါတယ်။
Source: Indian Express.
#World_Science
Published 04 September 2025
▪️ လူသားတွေရဲ့ ပြောဆိုဆက်ဆံပုံက စကားလုံးတွေ အမူအရာတွေဖြင့် အသံနဲ့ အမြင်လှုပ်ရှားမှုများ ရောထွေးနေတယ်လို့ ပြင်သစ် ရင်းနက်စ်တက္ကသိုလ်မှ ဇီဝဗေဒပညာရှင် ဂျိုဆက်မိုင်းက ပြောပါတယ်။
▪️ လူသားဘာသာစကား ဘယ်လိုဆင့်ကဲပြောင်းလဲလာလဲဆိုတာ အနီးစပ်ဆုံးမျိုးနွယ် ချင်ပန်ဇီတွေကို ကြည့်လို့ရပါတယ်။
▪️ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ သန်းမှ ၈ သန်းတုန်းက မျိုးစိတ်တစ်ခုကနေ နှစ်ခုကွဲသွားစဉ် ယနေ့ခေတ် လူသားတွေရဲ့ အပြုအမူပုံစံတွေ စတင်တယ်လို့ ယူဆရကြောင်း မိုင်းကပြောပါတယ်။
▪️ မိုင်းနဲ့ သုတေသနအဖွဲ့ လေ့လာချက်အရ ချင်ပန်ဇီငယ်တွေဟာ သူတို့အမေနဲ့ ဆွေမျိုးတွေဆီကနေ အသံနဲ့ အမြင်ပိုင်းပုံစံတွေကို အဓိကသင်ယူတယ်လို့ ကောက်ချက်ချထားပါတယ်။
▪️ ယူဂန်ဒါအနောက်ပိုင်း ကီဘာလေအမျိုးသားဥယျာဉ်မှ ကန်ညာဝါရာ တိရိစ္ဆာန် ၆၀ ခန့်ကို လေ့လာခဲ့ကြပါတယ်။
▪️ သူတို့ရဲ့ အသံနဲ့ မျက်နှာအမူအရာ၊ အကြည့်လက္ခဏာ၊ ကိုယ်ဟန်အမူအရာ၊ လှုပ်ရှားမှု စတာတွေကို သုတေသန လုပ်ခဲ့ပါတယ်။
▪️ ထိုအခါမှာ အသံနဲ့ အမြင်ပိုင်းပေါင်းစပ်ပြုမူပုံစံပေါင်း ၁၀၈ မျိုးလောက် တွေ့ရှိခဲ့ပါတယ်။
▪️ ချင်ပန်ဇီမိခင်တစ်ဦးတည်းကနေ မွေးလာတဲ့ မွေးချင်းတွေမှာ တူညီတဲ့ အသံနဲ့အမြင် ပေါင်းစပ်မှုတွေ ရှိနေတာကိုလည်း တွေ့ရပါတယ်။
▪️ လူသားကလေးငယ်တွေမှာလည်း အနေနီးစပ်တဲ့သူတွေဆီကနေ ပြုမူဆက်ဆံပုံတွေ သင်ယူလေ့လာတတ်ကြပါတယ်။
▪️ အခြားသော မျောက်ဝံတွေမှာလည်း ဒီလိုမျိုးလက္ခဏာတွေ တွေ့နိုင်တာကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆ သန်းကတည်းက အစပြုခဲ့တဲ့သဘော ဖြစ်နိုင်ပါတယ်။
Source: NPR.
Page 185 of 1208