#World_News
Published 03 December 2025

■ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ထိပ်သီးသံတမန်များ ခရင်မလင်မှာ ၅ နာရီကြာ ဆွေးနွေးပြီးနောက် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အပေးအယူညှိနှိုင်းမရရှိခဲ့ဘူးလို့ ရုရှားအစိုးရရုံးချုပ် ခရင်မလင်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

■ ထရမ့်ကတော့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အသေအပျောက်အများဆုံးစစ်ပွဲတစ်ခု အဆုံးသတ်ရေးက သူ့ရဲ့သမ္မတသက်တမ်းအတွင်း အရေးအကြီးဆုံး နိုင်ငံခြားရေးပေါ်လစီ ရည်မှန်းချက်တွေထဲက တစ်ခုဖြစ်တယ်လို့ အကြိမ်ကြိမ်ဆိုနေပါတယ်။

■ ထရမ့်ဟာ ပူတင်ရော ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီကိုပါ စစ်ပွဲနဲ့ပတ်သက်ပြီး ကြိမ်းမောင်းထားပါတယ်။

■ ထရမ့်ရဲ့အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်၊ သားမက် ဂျရက်ကုရှ်နာတို့ဟာ ပူတင်နဲ့ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဒီနောက်မှာ သဘောတူညီချက်တွေ မရရှိခဲ့ဘူးလို့ ပူတင်ရဲ့ နိုင်ငံခြားရေးပေါ်လစီလက်ထောက် ယူရီအူရှာကော့ဗ်က ပြောသွားပါတယ်။

■ အမေရိကန်ရဲ့ အဆိုပြုချက်အချို့ကို ပူတင်က သဘောမတွေ့စွာ တုံ့ပြန်ခဲ့ပါတယ်။

■ ဒွန်ဘတ်စ်လိုနယ်မြေမျိုးနဲ့ ပတ်သက်ပြီး အငြင်းပွားတဲ့ကိစ္စတွေမှာ ပူတင်က သဘောမကျဖြစ်နေပါတယ်။

■ ပူတင်နဲ့ထရမ့်ကြား တွေ့ဆုံဆွေးနွေးဖို့က လက်ရှိမှာ မစီစဉ်ရသေးဘဲ ဆွေးနွေးမှုတွေက အကျိုးရှိပြီး အမေရိကန်-ရုရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေအတွက် အခွင့်အလမ်းများစွာ ရှိတယ်လို့ အူရှာကော့ဗ်က ပြောပါတယ်။

■ ဇယ်လန်စကီကတော့ ယင်းတို့လျှို့ဝှက်ညှိနှိုင်းတာတွေကို သတိပေးလိုက်ပြီး ငြိမ်းချမ်းရေးလမ်းစဉ်အတွက် မျှတအောင်ဆောင်ရွက်ဖို့ တိုက်တွန်းနေပါတယ်။

■ ပူတင်ကတော့ ပင်လယ်နက်တင်းမာမှုမြင့်တက်နေချိန်မှာ ဥရောပနဲ့ ယူကရိန်းကို ခြိမ်းခြောက်ပြောဆိုထားပါတယ်။

Source: Reuters