#World_Health
Published 17 March 2023
မကြာခဏ သတိမေ့လျော့တတ်တဲ့ ဒီမန်ရှာရောဂါကို ကာကွယ်နိုင်မယ့်နည်းလမ်းတွေအကြောင်း လက်တွေ့ကျကျလုပ်ဆောင်နိုင်ပါတယ်။
အမေရိကန်မှ အာရုံကြောခွဲစိတ်ဆရာဝန် ဒေါက်တာ'ဆန်ဂျေဂုတာ'နဲ့ ဦးနှောက်ကျန်းမာရေးပို့ချသူ 'မာ့ခ်မီလ်စတိုင်း'တို့က မှတ်ဉာဏ်ယုတ်လျော့လာခြင်းကို လျှော့ချနိုင်မယ့်နည်းလမ်းများအကြောင်း အကြံပြုသွားပါတယ်။
(၁) ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပါ
ရုပ်ပိုင်းဆိုင်ရာအားထုတ်ခြင်းက ဦးနှောက်ကျန်းမာရေးနဲ့ လုပ်ဆောင်ချက်တွေကို တိုးတက်စေနိုင်တယ်လို့ သိပ္ပံနည်းကျတွေ့ရှိထားပါတယ်။
တစ်နေ့ကို မိနစ် ၃၀ မျှ ခပ်သွက်သွက် ခပ်ဝေးဝေးလမ်းလျှောက်ခြင်းဖြင့် ဒီမန်ရှာဖြစ်နိုင်ချေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်။
(၂) အသိနှင့်ယှဉ်၍စားသောက်ပါ
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်၊ စားသောက်ပုံစံတွေကို ကိုယ်တိုင်သတိပြုမိဖို့လိုအပ်ပါတယ်။
အချိုအငန်လျှော့ခြင်း၊ ရေဓာတ်ဖြည့်တင်းခြင်း၊ အိုမီဂါ၃ဖက်တီးအက်ဆစ်ပါတဲ့ အစားအစာများပိုစားခြင်း၊ တစ်ကြိမ်စားလျှင် အနည်းငယ်သာစားခြင်း၊ စီမံခန့်ခွဲစားသောက်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
(၃) အသစ်အသစ်များလေ့လာပါ
အသစ်လေ့လာတယ်ဆိုရာမှာ သိပ္ပံနည်းပညာတွေ ဖြစ်စရာမလိုဘဲ ဥပမာအားဖြင့် မသန်တဲ့လက်နဲ့ သွားတိုက်ကြည့်တာမျိုးပါ။
အကြောင်းအရင်းအသစ်တစ်ခုကို စမ်းသပ်တဲ့အခါ ဦးနှောက်ဆဲလ်ချိတ်ဆက်မှုတွေ အားကောင်းလာပါတယ်။
အသက်ကြီးတဲ့အခါ ဆဲလ်ချိတ်ဆက်မှုတွေ အားနည်းသွားတာကြောင့် အသစ်ပြန်လည်ချိတ်ဆက်မိဖို့ အလွန်အရေးကြီးပါတယ်။
(၄) စာဖတ်ပါ
ဦးနှောက်ဟာ ကြွက်သားကဲ့သို့ပင် လေ့ကျင့်မှုမပြုလုပ်ရင် အားနည်းလာမှာဖြစ်ပါတယ်။
မသိသေးတဲ့စာအုပ်တွေကို ဖတ်ရှုခြင်းဖြင့် ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေမှာဖြစ်ပါတယ်။
(၅) စိတ်အနားပေးပါ
ဦးနှောက်ကို သေချာအနားမပေးရင် အိပ်ပျော်ရခက်စေပါတယ်။
အိပ်သွားတဲ့အချိန်မှသာ ဦးနှောက်နဲ့ခန္ဓာကိုယ်က ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်ပေးတာဖြစ်ပါတယ်။
(၆) မိတ်ဆွေထားပါ
လူသားချင်းပေါင်းသင်းဆက်ဆံရေးကလည်း ဦးနှောက်ကျန်းမာရေးအတွက် အရေးကြီးနေပါတယ်။
စကားပြောဖော်တစ်ယောက်ယောက်ရှိခြင်းဖြင့် အသက်အရွယ်နဲ့ဆိုင်တဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းကို သက်သာစေမှာဖြစ်ပါတယ်။
#Source: South China Morning Post #World_Health #ဒီမန်ရှာရောဂါ #ကျန်းမာရေးပညာရှင် #YMG #Yangon_Media_Group
#Asia_Resource
Published 16 March 2023
ဂျပန်မှာ လှုပ်ရှားမီးတောင် ၁၀၀ ကျော်ရှိကာ ကမ္ဘာပေါ်မှာ မြေအောက်ဘူမိအပူစွမ်းအင်အရင်းအမြစ် တတိယအများဆုံးရှိရာနိုင်ငံဖြစ်သလို ရေပူစမ်းလုပ်ငန်းကဏ္ဍကိုလည်း တောက်လျှောက်ပိတ်ဆို့နေတဲ့ လုပ်ငန်းကြီးဖြစ်နေပါတယ်။
#Asia_Resource #ဂျပန်နိုင်ငံ #ဘူမိအပူစွမ်းအင် #ရေပူစမ်း
#YMG #Yangon_Media_Group
#DailyNews
Published_ 16 March 2023
၁။ သင်္ကြန်တွင်းကာလ YBS ယာဉ်များ ယာဉ်စီးခ ပိုမိုမကောက်ခံဖို့ ညွှန်ကြားထားဟုဆို
၂။ နွေရာသီကာလရေတွင်းများ ခမ်းခြောက်ခြင်းနှင့် ရေရှားပါးမှုစတင်ဖြစ်ပေါ်လာ
၃။ ပြင်ပရွှေပေါက်ဈေး ၂၈ သိန်း ၉ သောင်းဝန်းကျင်ပေါက်ဈေးရှိနေပြီး ဈေးမြင့်တက်
၄။ ဂျပန်နိုင်ငံ၏ ဘူမိအပူစွမ်းအင်စီမံကိန်းအလားအလာကို ရေပူစမ်းလုပ်ငန်းရှင်များ ကန့်ကွက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_Politics
Published 16 March 2023
အမေရိကန်စောင့်ကြည့်ရေးဒရုန်းတစ်ခုကို ရုရှားတိုက်လေယာဉ်များ ဟန့်တားလိုက်တာကြောင့် ပျက်ကျခဲ့ရာမှာ ရုရှားတို့ရန်လိုတဲ့သဘော မြင်တွေ့ခဲ့ရပြီး ခရိုင်းမီးယားဒေသအနီး ဒရုန်းတွေပျံသန်းနေတာဟာ တင်းမာမှုမြင့်တက်စေနိုင်ကြောင်း ရုရှားက အမေရိကန်ကို သတိပေးလိုက်ပါတယ်။
ယူကရိန်းကိုရုရှားကျူးကျော်ခြင်းနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်များအတွင်း ဆက်ဆံရေးအဆိုးရွားဆုံးရှိနေစဉ် အမေရိကန်ဒရုန်း ပင်လယ်နက်ပေါ်ကနေ ပျက်ကျသွားပြီးနောက်တစ်နေ့မှာ အမေရိကန်နဲ့ ရုရှားတို့မှကာကွယ်ရေးဝန်ကြီးများနဲ့ စစ်ဘက်အကြီးအကဲတို့ ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းဖြင့်ပြောဆိုခဲ့ကြပါတယ်။
ခရိုင်းမီးယားအနီးမှာ အမေရိကန်ဒရုန်းများပျံသန်းခြင်းက ရန်စတဲ့သဘာဝဖြစ်ပြီး ပင်လယ်နက်တဝိုက် တင်းမာမှုတွေမြင့်တက်လာနိုင်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး'ဆာဂျီရှိုဂူ'က အမေရိကန်ကာကွယ်ရေးဝန်ကြီး'လွိုက်အော်စတင်'ကို ပြောကြားခဲ့ပါတယ်။
အနာဂတ်မှာ ညီတူမျှတူ မှန်ကန်စွာတုန့်ပြန်ဆောင်ရွက်သွားရန်နဲ့ နှစ်နိုင်ငံအနေနဲ့ ပဋိပက္ခအတွင်း စစ်ဘက်ဆိုင်ရာဆက်သွယ်ရေးအခြေအနေ အမြင့်ဆုံးထားရှိရန်နဲ့ တာဝန်ယူမှုအပြည့်ရှိရန်သာ စိတ်ဝင်စားကြောင်း ရုရှားဘက်က ထုတ်ပြန်ခဲ့ပါတယ်။
'လွိုက်အော်စတင်'ကတော့ နိုင်ငံတကာဥပဒေတွေ ခွင့်ပြုထားတဲ့နေရာတွေမှာ အမေရိကန်က ဆက်လက်ပျံသန်းနေမှာဖြစ်ပြီး ရုရှားစစ်လေယာဉ်များအနေနဲ့ ဘေးကင်းစိတ်ချစွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
သတင်းထောက်တွေရှေ့မှာ အော်စတင်နဲ့အတူ ရုရှားနဲ့ဖုန်းပြောခဲ့တဲ့ ပူးတွဲစစ်ဦးစီးချုပ်ဥက္ကဌ ဗိုလ်ချုပ်'မာ့ခ်မီလီ'လည်း ပါဝင်ပါတယ်။
ရုရှားဘက်က Su-27 တိုက်လေယာဉ်နှစ်စင်းဟာ ပင်လယ်နက်နိုင်ငံတကာရေပြင်ထက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်ရဲ့ MQ-9 Reaper ဒရုန်းထံ ချဉ်းကပ်ခဲ့ပြီး ဒရုန်းပျက်ကျစေတဲ့လောင်စာနဲ့ ဖျန်းပက်ခဲ့ရာ ပင်လယ်ထဲပျက်ကျသွားခဲ့ပါတယ်။
ရုရှားထုတ်ပြန်ချက်မှာတော့ ဒရုန်းနဲ့ထိခိုက်ခြင်းမရှိဘဲ ရုရှားလေပိုင်နက်အနီးမှာ တမင်တကာပျံသန်းနေခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်ဘက်ကပြောကြားရာမှာ ရုရှားတို့က အနည်းငယ်ရန်လိုတဲ့သဘော မြင်တွေ့ရတယ်လို့ မီလီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် ယူကရိန်းတပ်များနဲ့ ရုရှားတပ်များ တိုက်ခိုက်နေကြပေမယ့် အခုဖြစ်ခဲ့တဲ့ ဒရုန်းဖြစ်ရပ်ကတော့ အမေရိကန်နဲ့ ရုရှားကြား ပထမဆုံးထိခိုက်တွေ့ဆုံမှု ဖြစ်ခဲ့ပါတယ်။
အမေရိကန်ဟာ ယူကရိန်းအတွက် စစ်ရေးအထောက်အပံ့များ ဒေါ်လာဘီလီယံနဲ့ချီ ထောက်ပံ့ထားပေမယ့် စစ်ပွဲမှာ တိုက်ရိုက်ပါဝင်ခြင်းမရှိသေးပါဘူး။
ဒရုန်းကိုဖျက်ချတာဟာ ရုရှားက အခြားနိုင်ငံတွေကိုပါ ပဋိပက္ခထဲ ဆွဲထည့်ချင်နေတာဖြစ်ကြောင်း ယူကရိန်းက ဆိုပါတယ်။
#Source: Reuters #World_Politics #ပင်လယ်နက် #ဒရုန်းပျက်ကျ
#အမေရိကန် #ရုရှား #YMG #Yangon_Media_Group
#World_Health
Published 16 March 2023
နွေရာသီမှာ ချွေးအလွန်အကျွံထွက်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အပူရှိန်တို့ကြောင့် အသားအရည်ပျက်စီးတတ်ပါတယ်။
ဒီလိုပူပြင်းတဲ့နေ့တွေမှာ အသားအရည်ကို သေချာမထိန်းသိမ်းဘူးဆိုရင် အရေပြားယားယံတာ၊ နေလောင်တာ၊ အသားမည်းတာ၊ ဝက်ခြံထွက်တာ၊ နေရောင်ခြည့်နဲ့ဓာတ်မတည့်တာတွေ ဖြစ်တတ်ပါတယ်။
အရေပြားကို ရေရှည်အထိ ကာကွယ်သွားဖို့ နေကာခရင်မ်တွေလိမ်းရန် အရေပြားဆရာဝန်တွေ မကြာခဏအကြံပြုထားကြပါတယ်။
ကျန်းမာတဲ့အသားအရည်ရရှိဖို့ အောက်ပါအမှားအယွင်းများ မပြုလုပ်ရန် ဖော်ပြလိုက်ပါတယ်။
(၁) နေရောင်ကာခရင်မ်ကိုထပ်ခါထပ်ခါ မလိမ်းခြင်း
ခရမ်းလွန်ရောင်ခြည်ကြောင့် နေလောင်တာမျိုးမဖြစ်အောင် နေရောင်ကာခရင်မ်လိမ်းဖို့ ကျွမ်းကျင်သူများက တိုက်တွန်းထားပါတယ်။
UVA, UVB ခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်ဖို့ SPF ပါဝင်တဲ့ နေရောင်ကာခရင်မ်တွေကို ဦးစားပေးအသုံးပြုသင့်ပြီး ၃ နာရီကြာတိုင်း ထပ်ခါထပ်ခါ လိမ်းပေးဖို့ အကြံပြုထားပါတယ်။
(၂) စိုစွတ်မှုမထိန်းသိမ်းခြင်း
နွေရာသီမှာ အစိုဓာတ်ပါတဲ့ ခရင်မ်တွေမလိမ်းဖို့ အချို့တွေပြောတတ်ကြပါတယ်။
ကိုယ့်အရေပြားက အဆီပြန်ပြီး ဝက်ခြံထွက်တတ်တယ်ဆိုရင်တောင် အစိုဓာတ်ထိန်းပေးတဲ့အရည်က အရေပြားရှိအစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။
(၃) မိတ်ကပ်ထူထူလိမ်းခြင်း
နေပူထဲထွက်တဲ့အခါ အသားအရည်ကိုကာကွယ်ဖို့ မိတ်ကပ်ထူထူလိမ်းတာမျိုး မပြုလုပ်သင့်ပါဘူး။
မိတ်ကပ်အထပ်ထပ်လိမ်းခြင်းဖြင့် ချွေးပေါက်ပိတ်ခြင်းမျိုး ဖြစ်ပွားတတ်ပါတယ်။
(၄) ဆဲလ်သေများမဖယ်ရှားခြင်း
အရေပြားမှာ ဆဲလ်သေများကွာကျပြီး ဆဲလ်အသစ်များ ပေါ်ထွက်ရမှာဖြစ်ကာ ဒီလိုမျိုးမဖယ်ရှားဘူးဆိုရင် ချွေးပေါက်ပိတ်သွားနိုင်ပါတယ်။
(၅) ရေဓာတ်မဖြည့်ခြင်း
နွေရာသီမှာ ရေဓာတ်ဖြည့်တင်းခြင်းက အရေးပါတဲ့အခြေအနေဖြစ်ပါတယ်။
တစ်နေ့ကို ရာသီစာအသီးအနှံများနဲ့ ရေ ၂-၃ လီတာသောက်ပေးခြင်းဖြင့် ရေဓာတ်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
Source: India Today #World_Health #အသားအရည်ထိန်းသိမ်းခြင်း #Summer #YMG #Yangon_Media_Group
#World_Health
Published 16 March 2023
ညအိပ်ရာမဝင်ခင် အလင်းရောင်လျှော့ချခြင်းဖြင့် ကိုယ်ဝန်ဆောင်များ ဘေးကင်းစေနိုင်ကြောင်း နော့သ်ဝက်စ်တန်ဆေးပညာမှ သုတေသနပြုလုပ်ခဲ့ပါတယ်။
ကိုယ်ဝန်ဆောင်များအနေဖြင့် ညမအိပ်ခင် ဖုန်း၊ ကွန်ပျူတာအလင်းရောင် မှိန်မှိန်ဖြင့်ကြည့်ရှုပြီး အခန်းအလင်းရောင်လည်း မှိန်ပျပျဖြင့်သာ နေထိုင်ပါက ကိုယ်ဝန်ဆောင်ချိန်ဆီးချိုရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒီလိုဆီးချိုရောဂါဖြစ်တဲ့ အမျိုးသမီးတွေဟာ အိပ်ရာမဝင်ခင် ၃ နာရီအတွင်း အလင်းရောင်တောက်တောက်နဲ့ ထိတွေ့တာကြောင့်ဖြစ်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
အိပ်ရာမဝင်ခင်မှာ ပတ်ဝန်းကျင်လင်းထိန်တာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေအန္တရာယ်များကို မစဉ်းစာမိကြဘူးလို့ ဦးဆောင်စာတမ်းပြုစုသူ အာရုံကြောပညာရှင်ဒေါက်တာ'မင်ဂျီကင်မ်'က ဆိုပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ ဆီးချိုတက်တဲ့ဖြစ်စဉ်တွေက အမေရိကန်အပါအဝင် ကမ္ဘာတဝှမ်းမှာ အလွန်ဖြစ်ပွားနေရာ အခုလိုတွေ့ရှိမှုက အလွန်အရေးပါနေပါတယ်။
ဒီလိုဆီးချိုက အမေရိကန်မှာ ၂၀၁၁ ကနေ ၂၀၁၃ အတွင်း ၄.၅ ရာခိုင်နှုန်းရှိခဲ့ရာကနေ ၂၀၂၀ မှာ ၇.၈ ရာခိုင်နှုန်းရှိလာပါတယ်။
ကိုယ်ဝန်ဆောင်စဉ် ဆီးချိုဖြစ်ပွားခြင်းဖြင့် နောက်ထပ်ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ အန္တရာယ်ရှိလာနိုင်ပါတယ်။
ဒါ့အပြင် မွေးလာတဲ့ကလေးတွေမှာ အဝလွန်ခြင်း၊ သွေးတိုးခြင်းတို့ ဖြစ်နိုင်ချေများနိုင်ကာ ဆီးချိုရောဂါဖြစ်နိုင်ချေ ၁၀ ဆ ပိုများနိုင်ပါတယ်။
ညအချိန် အလင်းရောင်များများထိတွေ့ခြင်းက လူတစ်ယောက်ရဲ့ ဂလူးကို့စ်ဇီဝဖြစ်စဉ်ကို ထိခိုက်စေတယ်လို့ ယူဆထားကြပါတယ်။
ဘယ်လိုမျိုး အလင်းရောင်တောက်တောက်တွေက အဆိုးဆုံးလည်းဆိုတာ မသိသေးပေမယ့် ဖုန်းတွေမှာ အလင်းပြာလုပ်ဆောင်ချက်ကို ပိတ်ပစ်ကာ ညမီးထွန်းခြင်းတို့က သင့်တော်တဲ့လုပ်ရပ်ဖြစ်ကြောင်း ဆိုပါတယ်။
ကွန်ပျူတာ၊ လက်ကိုင်ဖုန်းတို့ကို အသုံးမပြုဘဲနေခြင်းက အကောင်းဆုံးဖြစ်ပေမယ့် သုံးရမယ်ဆိုရင် အလင်းရောင်ကို တတ်နိုင်သမျှ လျော့ထားသင့်တယ်လို့ ကင်မ်က ပြောပြသွားပါတယ်။
#Source: NY Post #World_Health #ကိုယ်ဝန်ဆောင်မိခင် #အလင်းရောင်ဖျော့ဖျော့ #YMG #Yangon_Media_Group
#Asia_News
Published 14 March 2023
အင်ဒိုနီးရှားနိုင်ငံ ဝါဝိုနီကျွန်းရှိ လယ်ယာမြေတွေဟာ အင်ဒိုနီးရှားသတ္တုတူးဖော်ရေးအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေပြီး လျှပ်စစ်ကားဘက်ထရီတွေမှာ အသုံးပြုတဲ့ အရေးကြီးပစ္စည်းဖြစ်တဲ့ နစ်ကယ်သတ္တုတွေကို တူးဖော်ရန်ဖြစ်ပါတယ်။
#Asia_News #နစ်ကယ်သတ္တု #အင်ဒိုနီးရှား #တောင်သူလယ်သမား
#YMG #Yangon_Media_Group
Page 820 of 1196