#LocalNews
Published - 29 March 2022
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့လိုသူတွေအနေနဲ့ အခွင့်ပြုထားတဲ့ အသင်းအဖွဲ့တွေကနေတစ်ဆင့် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာနကို လျှောက်ထားရမယ်လို့ ပြောင်းလုပ်ငန်းရှင်အသင်းမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_30 March 2022
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနားမှာနေသူတချို့မှာ ကိုဗစ်ပိုးတွေ့တာကြောင့် သူပါ ကွာရန်တင်းဝင်နေရတဲ့အတွက် မတ်လ ၂၈ ရက်နေ့က ရုံးချိန်းကို မလာခဲ့နိုင်ပါဘူး။
#Yangon_Media_Group
#LocalNews
Published - 30 March 2022
အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ တမူးမြို့တွင် မိုဘိုင်းအင်တာနက်လိုင်း ပြတ်တောက် နေသည်မှာ တစ်လခန့်ရှိလာပြီး အခုလို အင်တာနက်လိုင်းများ ပြတ်တောက်နေမှုကြောင့် ဒေသခံများအနေနဲ့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published -30 Mar 2022
၁။ တမူးမြို့တွင် မိုဘိုင်းအင်တာနက်လိုင်းများ ပြတ်တောက်နေသည်မှာ တစ်လခန့်ရှိလာပြီဖြစ်
၂။ တရုတ်နိုင်ငံကို ပြောင်းတင်ပို့လိုသူများ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားလျှောက်ထားရန်လို
၃။ မိုးလေဝသ သတင်း
၄။ ဗီယက်နမ်ဖခင်က သားဖြစ်သူအတွက် ဒေါ်လာထောင်ပေါင်းများစွာအကုန်အကျခံပြီး ဗင်ကားကို သစ်သားတင့်ကားပြောင်းလဲဖန်တီးပေး...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 29 March 2022
ဂျပန်နိုင်ငံ မြိုတော်တိုကျိုတွင် ချယ်ရီပွင့်ချိန်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ မြို့သူမြို့သားတွေဟာ နွေဦးနေ့ကလေးတွင် မြို့တော်တစ်လျောက် ချယ်ရီပန်းများအပြည့်အဝဖူးပွင့်နေသည်ကို ကြည့်ရှုခံစားကြပါတယ်။ ဂျပန်နိုင်ငံဟာ ကိုဗစ်-၁၉ အရေးပေါ်စည်းကမ်းတွေကို ဖျက်သိမ်းပေးလိုက်ပါတယ်။ ဒါပေမယ့် ပန်းတွေဖူးပွင့်နေတဲ့အောက်မှာ နာမည်ကျော် ဟာနာမီ ပျော်ပွဲစားပါတီတွေ မလုပ်ကြဖို့ကိုတော့ တိုကျိုသားတွေကို သတိပေးထားပါတယ်။
Source AFP
Published 29 March 2022
ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ချွတ်ခြုံလုနီးပါးကျဆင်းခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ အပန်းဖြေကျွန်း ဖူးကက်မှာ ယခုဆိုရင် ငါးဖမ်း သင်္ဘောတွေရဲ့ မာလိန်မှူးတွေဟာ တူနာငါးတွေကြောင့် စီးပွားရေးပြန်ထူထလာနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
တူနာငါးဖမ်းတဲ့အလုပ်ဟာ ဖူးကက်မှာ အရေးကြီးတဲ့ အသက်မွေးမှုတစ်ခုဖြစ်ပါတယ်။ ကျွန်းသားတွေအတွက် အမေရိကန်ဒေါ်လာ ထောင်ချီပြီး ဝင်ငွေတွေရရှိတဲ့လုပ်ငန်းဖြစ်တာကြောင့်ပါ။ ဒါပေမယ့် ၂၀၁၄ခုနှစ်မှာ တရားမဝင် ဥပဒေမဲ့ ငါးဖမ်းဆီးခြင်းတွေကို နှိမ်နှင်းခဲ့ပြီး စည်းမျည်းတွေတင်းကြပ်လိုက်တဲ့အခါ လုပ်ငန်းတွေစွန့်လွှတ်ခဲ့ကြရပါတယ်။
ဒါပေမယ့် ကိုဗစ်ကြောင့် စီးပွားရေးအပေါ်ရိုက်ခတ်မှုတွေဖြစ်လာတဲ့အခါ ဖူးကက်အာဏာပိုင်တွေက ကမ္ဘာလှည့်တွေအပေါ် လုံးလုံးလျားလျားမှီခိုတာတွေမလုပ်ချင်တော့ဘဲ တူနာငါးဖမ်းလုပ်ငန်းကို ပြန်လည်အသက်သွင်းချင်လာခဲ့ကြပါတယ်။
ဖူးကက်က သင်္ဘောမာလိန်မှူးတော်တော်များများဟာ ပြောင်းလဲတင်းကြပ်ထားတဲ့ ငါးဖမ်းစည်းမျည်းတွေနှင့် ကိုက်ညီအောင် သူတို့ရဲ့ သင်္ဘောတွေကို ပြန်ပြီးပြုပြင်မွမ်းမံနေကြပါတယ်။ တူနာငါးမဖမ်းဖူးတဲ့ သင်္ဘောသားတွေကိုလည်း ငါးဖမ်းနည်းတွေ သင်ပေးနေကြပါတယ်။
“ တူနာငါးတွေပြန်ဖမ်းတဲ့စိတ်ကူးဟာ အလွန်ကောင်းပါတယ်။ လူတွေ အလုပ်ပိုရလာမယ်။ အခြားဒေသတွင်းက စီးပွား ရေးလုပ်ငန်းတွေကို အထောက်အပံ့ဖြစ်စေမယ်။ တူနာဟာ ဈေးကောင်းရလို့ ဝင်ငွေတွေကောင်းလာမယ်” လို့ သင်္ဘာမာလိန်မှူးတစ်ဦးဖြစ်တဲ့ အမ်နတ်ဂျိုအေကော်က ပြောပါတယ်။
ကိုဗစ်ကပ်ဘေးမတိုင်ခင်က ဖူးကက်စီးပွားရေးဟာ ခရီးသွားလုပ်ငန်းကို လုံးလုံလျားလျားနီးပါး မှီခိုထားရတာပါ။ ဖူးကက်ဟာ နိုင်ငံတကာနှင့်ပြည်တွင်းခရီးသွားဝင်ငွေတွေရဲ့ ၉၅ ရာခိုင်နှုန်းရရှိနေတာပါ။ ဒါပေမယ့် (၂)နှစ်တာကာလအတွင်း ခရီးသွား မရှိသလောက်ဖြစ်ခဲ့ပြီး ရာပေါင်းများစွာသော လုပ်ငန်းတွေ ဖူးကက်မှာရပ်တန့်ခဲ့ရပါတယ်။
အဲဒီအခြေအနေကိုပြောင်းလဲပစ်ဖို့အတွက် ဖူးကက်ဟာ အစားအသောက်ကောင်းချက်ပြုတ်ခြင်း၊ပညာရေး၊လှေဆိပ်၊ ကျန်းမာရေး၊အားကစား၊စမတ်စီတီးနှင့် တူနာလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ အစီအစဉ်ကို စတင်ခဲ့ပါတယ်။
“ဖူးကက်မှာ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် အရင်က ခရီးသွားလုပ်ငန်းကိုပဲ အာရုံထားခဲ့တယ်။ ကျွန်တော်တို့ ကျွန်းမှာ လုပ်လို့ရတာတွေအများကြီးပဲ။ အခုအစီအစဉ်က ကျွန်တော်တို့ကို အရင်ထက်ပိုပြီး သန်မာအားကောင်းစေလာလိမ့်မယ်” လို့ ဖူးကက် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ သန်နူဆက် ဖွန်ဒက်ကပြောပါတယ်။
Source CMG
Page 1204 of 1261