#World_Technology
Published 29 December 2022
စပိန် မက်ဒရစ်မြို့က ဒီဂျစ်တယ်ပြပွဲတစ်ခုမှာ လာရောက်တဲ့ဧည့်သည်တွေကို အံ့ဖွယ်အရာများပြသလျက်ရှိပြီး ရုပ်ပြသရုပ်ဖော်ပုံများဖြင့် အနုပညာလက်ရာများကို ကွက်ကွက်ကွင်းကွင်းပြသထားပါတယ်။
#Yangon_Media_Group
Published 29 December 2022
ထိုင်းနိုင်ငံနယ်စပ်က ကမ္ဘောဒီးယားနိုင်ငံ ပွိုင်ပက်မြို့က ဂရန်းဒိုင်းမွန်းစီတီး ကာဆီနိုဟိုတယ်မှာ ဗုဒ္ဓဟူးနေ့ည ၁၁နာရီခွဲခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၀ဦးသေဆုံးပြီး ၃၀ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီဟိုတယ်မှာ ဝန်ထမ်း ၄၀၀ခန့်အလုပ်လုပ်နေတယ်လို့ယုံကြည်ရပြီး ဗွီဒီယိုတွေထဲမှာ မီးတောက်ကြီးတွေကြားထဲမှာ လူတွေဟာ လောင်ကျွမ်းနေတဲ့အဆောက်အဦကနေ ခုန်ချကြတာကိုတွေ့မြင်ကြရပါတယ်။
မီးလောင်တဲ့အချိန်မှာ ကာဆီနိုထဲ နိုင်ငံခြားသားတွေလည်းရှိနေကြတယ်လို့ ပြည်တွင်းမီဒီယာတွေကရေးသားကြပြီး ဒေသဆိုင်ရာအာဏာပိုင်တွေနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
မီးဟာပထမထပ်ကနေစတင်လောင်ကျွမ်းတာဖြစ်ပြီး ကော်ဇော်တွေကြောင့် အခြားအထပ်တွေကို ခပ်မြန်မြန်ကူးစက် လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ထိုင်းကယ်ဆယရေးလုပ်အားပေးတစ်ဦးကပြောပါတယ်။
Source: AFP
#Local_News
Published_29- December 2022
ပြောင်းရာသီဖြစ်တဲ့အတွက် ပြည်ပပြောင်းတင်ပို့မှုဈေးကွက်ဟာ အရောင်းအဝယ်ဖြစ်နေတယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 29 December 2022
ဘေးအန္တရာယ်ရှိတဲ့ ရက်လွန်နေတဲ့ အစားအသောက်တွေကို အမှိုက်တောင်းတွေထဲကနေ ပြန်ယူရောင်းချစားသုံးတာမျိုးတွေ မလုပ်နိုင်အောင် စနစ်တကျစွန့်ပစ်ဖို့ လိုအပ်တယ်လို့ အစားအသောက်နှင့်ဆေးဝါးများ ကွပ်ကဲရေဦးစီးဌာန(FDA)မှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_29 December 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ ဒီဇင်ဘာ ၁၆ ရက်အထိ ပြည်ပကို ပို့ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁၁.၇၅ ဘီလီယံကျော် ရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 29 December 2022
၁။ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇၅ ဘီလီယံကျော်ရရှိထား
၂။ ဘေးအန္တရာယ်ရှိသည့် အစားအသောက်များကို ပြန်စားသုံး၍ မရအောင်ပြုလုပ်ပြီးမှ စွန့်ပစ်ရန်လိုဟုဆို
၃။ ပြောင်းဈေးကွက် အရောင်းအဝယ်ဖြစ်နေဟုဆို
၄။ မက်ဒရစ်မြို့တွင် ရှေးဟောင်းအီဂျစ်ဖာရိုးဘုရင်များ၏ အုတ်ဂူများနှင့်နေထိုင်မှုပုံစံများအား ဒီဂျစ်တယ်ပုံရိပ်စနစ်ကိရိယာများဖြင့်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_29 December 2022
ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာ့ရွှေအများဆုံး ပါဝင်တဲ့ ရူပီး (၄၀၅) ကုဋေ တန်ကြေးရှိ မှောင်ခိုရွှေ (၈၃၃) ကီလိုဂရမ်ကို အိန္ဒိယအကောက်ခွန်က သိမ်းဆည်းရမိထားတယ်လို့ အိန္ဒိယဘက်ကသတင်းထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
Page 762 of 1098