#Daily_News
Published_ 10 October 2023
၁။ ဖူးကြီးရေလှောင်ကန်ရေလျှံ၍ မှော်ဘီတွင်အိမ်ခြေ ၇၀၀ နစ်မြုပ်၊ စပါးနှင့် စိုက်ပျိုးရေးခြံများလည်း နစ်မြုပ်ခဲ့ဟုဆို
၂။ သုံးရက်ကြာသည်အထိ ပဲခူးမြစ်ကျဆင်းမှုမရှိသေးတာကြောင့် ဘေးကင်းရာသို့ ပြောင်းရွေ့ရသူပိုများလာပြီး သေဆုံးမှုပါ ရှိလာဟုဆို
၃။ ဘီလင်းမြစ်နှင့်ဧရာဝတီမြစ်အပါအဝင် မြစ်ရေများ တိုးနေသဖြင့် ဒေသခံများသတိပြုနေထိုင်ရန်လို
၄။ ကျေးလက်ဂီတရာသီပွဲတော်ကြောင့် ချန်ဒူမြို့ရှိဒေသခံစီးပွားရေးလုပ်ငန်းများ အခွင့်အလမ်းသစ်များရရှိလာ.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
‘ပဲခူးမြစ်ဟာပဲခူးမှာ ၃ စင်တီမီတာပြန်ကျနိုင်ခြေရှိပေမယ့် စိုးရိမ်ရေအမှတ်အထက်ဆက်လက်ရှိနေဦးမှာ ဖြစ်သလို ဘီးလင်းမြစ်ရေကတော့နောက် ၂၄နာရီအတွင်း မြစ်ရေတွေတိုးလာပြီး စိုးရိမ်ရေအမှတ်အထက် ရောက်နိုင်တယ်။ ဧရာဝတီမြစ်ရေနဲ့အခြားမြစ်ရေတွေလည်းတိုးဖို့ရှိတယ်’ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Published_ 10 October 2023
#Local_News
#ဘီလင်းမြစ် #မိုးလေဝသနှင့်ဇလဗေဒ
#tthl #Yangon_Times
ပဲခူးမြစ်ရေမြင့်တက်မှုဟာ သုံးရက်ကြာလာတဲ့အထိ ဆက်လက်မြင့်တက်နေတဲ့ အတွက် ဘေးကင်းရာကို ပြောင်းရွေ့နေထိုင်ရတဲ့ ပြည်သူပိုမိုများလာကာရေနှင့် မျောပါသေဆုံးသူပါရှိလာတယ်လို့ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။
Published_ 10 October 2023
#Local_News
#ပဲခူးမြစ်ကျဆင်းမှုမရှိ #သေဆုံးမှုပါရှိလာ
#YMG/LW #Yangon Times
လက်ရှိကုန်ကြမ်းသစ်တစ်မျိုးသာ ၂၀ ရာခိုင်နှုန်းကနေ ၂၅ရာခိုင်နှုန်းအထိမြင့်တက်
Published_ 10 October 2023
#Local_News
#လက်ရှိကုန်ကြမ်းသစ် #ဆောက်လုပ်ရေးလုပ်ငန်း
#Yangon_Times # YMG/NN
‘မှော်ဘီမှာရေဘေးသင့်တဲ့ပြည်သူတွေဟာ ဘုန်းကြီးကျောင်းတွေမှာ သွားနေထိုင်နေကြပြီး အဝီစိတွင်းတွေနစ်မြုပ်သွားလို့ သောက်ရေသောက်ဖို့ခက်ခဲနေပြီး ရေထပ်များနေဦးမယ်ဆိုရင် စားသောက်ရေးအတွက်အခက်အခဲတွေရှိလို့ ကူညီထောက်ပံ့ပေးဖို့လိုအပ်တယ်’
မှော်ဘီမြို့နယ်ရှိ မြို့မလူမှုကူညီရေးအသင်းမှ ဦးကျော်မင်း
Published_ 10 October 2023
#Local_News
#ဖူးကြီးကန်ရေလျှံ #မှော်ဘီ
#tthl #Yangon_Times
ပဲခူးမြစ်ရေတတ်ပြီး လမ်းများ ရေကျော် တာကြောင့် ရန်ကုန်-မန္တလေးလမ်းဟောင်းမှာပိတ်မိနေတဲ့ ကုန်တင်ယာဉ်တွေထဲမှ ပုပ်သိုးပျက်စီးလွယ်တဲ့ကုန်တွေတင်ဆောင်လာသည့် ၆ ဘီးနဲ့ ၁၂ဘီး ယာဉ်တွေကို အမြန်လမ်းမှ ဖြတ်သန်းခွင့်ပြုပေးလိုက်တယ်လို့ မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
Published_ 10 October 2023
#Local_News
#ရန်ကုန်- မန္တလေးလမ်းဟောင်း #အမြန်လမ်းမှဖြတ်သန်းခွင့်ပြု
#YMG/LW #Yangon_Times
တရုတ်နိုင်ငံရဲ့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်စီမံကိန်း BRIရဲ့ အထင်ကရ အစိတ်အပိုင်းဖြစ်တဲ့ တရုတ်-လာအိုရထားလမ်း ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ယူနန်ပြည်နယ် အနောက်တောင်ဘက်ရှိ မိုဟန်မြို့ဟာ မထင်မရှားမြို့လေး ဖြစ်ခဲ့ရာကနေ နိုင်ငံတကာကုန်းကြောင်း ဆိပ်ကမ်းတစ်ခု ဖြစ်လာပါပြီ။
#Asia_Transport
Yangon_Times
#Published_ 09 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 738 of 1337