#Local_News
Published_ 19 April 2023
အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ တိုက်ခန်းအချို့မှာ ရေပြတ်လတ်တာတွေ ရှိလာတဲ့အတွက်သောက်သုံးရေတွေ နေ့စဉ်လှူဒါန်းပေးနေရတယ်လို့ ရှင်သန်ရေးကူညီမှုအသင်းမှ သိရပါတယ်၊၊
#Local_News #ရန်ကုန်မြို့ရှိတိုက်ခန်း #ရေပြတ်လတ်မှုများရှိ #နေ့စဉ်ရေလှူဒါန်း
#YMG #Yangon_Media_Group
#Asia_Industry
Published_ 19 April 2023
တရုတ်နိုင်ငံရဲ့ စည်သွတ်ဗူးစားသောက် ကုန်လုပ်ငန်းဟာ ထုတ်လုပ်မှုအတိုင်းအတာ၊ ကုန်ကျစရိတ် ထိန်းချုပ်မှု၊ နည်းပညာမြင့်မားလာမှု စတဲ့အားသာချက်များကြောင့် ပြည်ပမှာပါ နာမည်ရလာပါတယ်။
#Asia_Industry #တရုတ်နိုင်ငံ #စည်သွတ်ဗူးအစားအစာထုတ်လုပ်တင်ပို့မှု #နှစ်စဉ်တိုးတက်
#YMG #Yangon_Media_Group
#Local_News
Published_ 19 April 2023
ရန်ကုန်မှာပြေးဆွဲနေတဲ့ အငှားယာဉ်တွေအနေနဲ့ အခုဧပြီလကစကာ အခွန်ပေးဆောင်ဖို့ အကျုံးဝင်ပြီဖြစ်ကြောင်း ရန်ကုန်မြိုတော်စည်ပင်အခွန်ဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News #အငှားယာဉ်Taxi #စည်ပင်အခွန်ပေးဆောင်
#YMG #Yangon_Media_Group
#Local_News
Published_ 19 April 2023
ပြင်ပရွှေ ပေါက်စျေးဟာ ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်း အဖွင့်စျေးနူန်းများအရ အကယ်ဒမီ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ၂၉သိန်း၇သောင်း ၀န်းကျင်အထိ ပေါက်စျေးရှိနေတာကြောင့် သိန်း၃၀ နီးပါးအထိ စျေးမြင့်လာနိုင်တယ်လို ရွှေလုပ်ငန်းရှင်တွေကပြောပါတယ်။
#Local_News #ပြင်ပရွှေပေါက်စျေး # အရောင်း၀ယ်အေးနေ
#YMG #Yangon_Media_Group
#Local_News
Published_ 19 April 2023
ရာသီဥတုပူပြီး အချိန်နဲ့ရတဲ့လျှပ်စစ်မီးရရှိမှုဟာ ထပ်မံလျော့နည်းလာတဲ့အတွက် အချိုလျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေမှာ အားသွင်းပန်ကာတွေ ပစ္စည်းပြတ်တဲ့အထိ ရောင်းအားတွေတက်နေတယ်လို လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေထံမှ သိရပါတယ်၊၊
#Local_News #ရာသီဥတုပူ #လျှပ်စစ်မီးအချိန်ဖြင့်သာရ #အားသွင်းပန်ကာများ
#YMG #Yangon_Media_Group
#Daily_News
Published_ 19 April 2023
၁။ရာသီဥတုပူပြီး အချိန်ဖြင့်ရသော လျှပ်စစ်မီးများရရှိမှု ထပ်မံလျော့နည်းလာ၍ အားသွင်းပန်ကာများ ပစ္စည်းပြတ်သည့်အထိ ရောင်းအားတက်လာ
၂။ပြင်ပရွှေပေါက်စျေး သိန်း၃၀နီးပါးကျော် ရှိနေပြီး အရောင်း၀ယ်အေးနေ
၃။အငှားယာဉ် Taxi တွေ ယခုလကစပြီး စည်ပင်အခွန် ပေးဆောင်ရတော့မယ်လို့ စည်ပင်ပြော
၄။တရုတ်နိုင်ငံ၏ စည်သွတ်ဗူး အစားအစာထုတ်လုပ်တင်ပို့မှုကဏ္ဍ နှစ်စဉ်နှင့်အမျှ တိုးတက်လျက်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 19 April 2023
မြန်မာနိုင်ငံတွင် ပြီးခဲ့တဲ့ ၂၀၁၄ ဧပြီလအတွင်းက ရောက်ရှိခဲ့တဲ့ အမြင့်ဆုံးအပူချိန်ကို ကျော်လွန်ပြီးလက်ရှိအချိန်မှာ ၄၃ဒသမ ၈ဒီဂရီ စင်တီဂရိတ် ၊၁၁၀ဒသမ၈ ဒီဂရီ ဖာရင်ဟိုက် အထိ စံချိန်တင်ရောက်ရှိနေ တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမူဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။
#Local_News #မြန်မာနိုင်ငံ #၉နှစ်အတွင်းအမြင့်ဆုံးအပူချိန် #စံချိန်တင်ရောက်ရှိ
#YMG #Yangon_Media_Group
Page 710 of 1148