#Local_News
Published_ 24 April 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေနဲ့ ဧပြီလ ၂၄ ရက်မှ မေလ ၁ရက်နေ့အထိ စားသုံးဆီရည်ညွှန်းသတ်မှတ်ဈေးမှာ တစ်ပိဿာ ငွေကျပ် ၄၆၈၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
#Local_News #စားသုံးဆီ #ရည်ညွှန်းသတ်မှတ်ဈေး
#YMG #Yangon_Media_Group
#World_Climate
Published 24 April 2023
ရာသီဥတုပြောင်းလဲမှုတွေက စံချိန်တင်မြင့်မားနေကြောင်း ညွှန်ပြနေကြပြီး ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့ရေခဲပြင်ကြီးများ ကြောက်စရာကောင်းလောက်တဲ့နှုန်းဖြင့် အရည်ပျော်သွားခဲ့ကြောင်း ကုလသမဂ္ဂက သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။
#World_Climate #ကမ္ဘာ့ရေခဲပြင်ကြီး # စံချိန်တင်အရည်ပျော်
#YMG #Yangon_Media_Group
#Local_News
Published_ 24 April 2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံရှာဖွေစစ်ဆေးရေးစခန်းအား ရှောင်ကွင်းသယ်ဆောင်လာတဲ့ ငွေကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရပါတယ်။
#Local_News #မန္တလေး #မူးယစ်ဆေးဖမ်းမိ
#YMG #Yangon_Media_Group
#Local_News
Published_ 24 April 2023
ကမ္ဘာ့ရွှေဈေးအတက်ကြမ်းနေတာကြောင့် ရန်ကုန်ရွှေဈေးကို ကမ္ဘာ့ရွှေဈေးနဲ့ ကွာဟပြီး ဈေးဖွင့်လိုက်ပါက တခြားနယ်ကရွှေကုန်သည်တွေက အပြတ်ဝယ်ယူပြီး ပြည်ပနိုင်ငံတွေ ပြန်လည်ရောင်းချနေတာကြောင့် ရန်ကုန်ရွှေကုန်သည်တွေအရူံးပေါ်နေတယ်လို့ ရန်ကုန်ရွှေအသင်းဥက္ကဌက ပြောပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ရန်ကုန်ရွှေကုန်သည် #Gold
#YMG #Yangon_Media_Group
#Local_News
Published_ 24 April 2023
နေ့အပူချိန်တွေမြင့်တက်နေလို့ သန်လျင်မြို့နယ်ရှိ သဘာဝတရားရိပ်သာမှာ ရေရှားပါးနေပြီး ဘိုးဘွားအချို့ လေဖြန်းသွားတာတွေရှိတယ်လို့ သဘာဝတရားရိပ်သာတာဝန်ခံထံမှသိရပါတယ်၊၊
#Local_News #သဘာဝတရားရိပ်သာ #ရေရှားပါးခြင်း #လေဖြန်းခြင်း
#YMG #Yangon_Media_Group
#Daily_News
Published_ 24 April 2023
၁။ နေပြင်း၍ သဘာဝတရားရိပ်သာတွင် ရေရှားပါးခြင်းနှင့်ဘိုးဘွားအချို့လေဖြန်းခြင်းများရှိနေ
၂။ ကမ္ဘာ့ရွှေဈေးအတက်ကြမ်းနေသည့် ရန်ကုန်ရွှေကုန်သည်များအရူံးပေါ်နေ
၃။ မန္တလေးမှာ မူးယစ်ဆေးသိန်းတစ်သောင်းကျော်ဖိုးဖမ်းမိ
၄။ ကမ္ဘာ့ရေခဲပြင်ကြီးများ စံချိန်တင်အရည်ပျော်လာပြီဟု ကုလသမဂ္ဂဖော်ပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 24 April 2023
လတ်တလောမှာ နေပြည်တော်၊ မန္တလေးနဲ့မကွေးဒေသတွေမှာ လေပြင်းနဲ့မိုးကြိုးအန္တရာယ်အပါအဝင် သဘာဝဘေးတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်၊၊
#Local_News #လေပြင်းနှင့်မိုးကြိုး #သဘာဝဘေး #ငွေကြေးနှင့်ကယ်ဆယ်ရေးပစ္စည်း
#YMG #Yangon_Media_Group
Page 705 of 1148