#Daily_News
Published_ 12 September 2023
၁။ ကြက်မဲမွေးမြူလိုသူများလာသဖြင့် ကြက်မဲဥ၊ ကြက်မဲမျိုးဥနှင့် ကြက်မဲအကောင်ပေါက်များအရောင်းသွက်နေ
၂။ တညင်းကုန်းလက်ကားဈေးကြီးတွင် ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ပါဝင်တဲ့ သစ်သီးဝလံဈေးရုံကြီးအောက်တိုဘာ ၁ ရက်တွင်ဖွင့်လှစ်မည်
၃။ အခုရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင်ဒေသ(၆)ခုတွင် မိုးသည်းမည်
၄။ ကမ္ဘာ့လျှပ်စစ်ကားဈေးကွက်တွင် တရုတ်နိုင်ငံထုတ်ကားများအား ဂျာမနီယှဥ်ပြိုင်ရန်ခက်ခဲလာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
အလုပ်ရှင် အလုပ်သမားနဲ့ပို့ဆောင်ပေးတဲ့ အေဂျင်စီတို့ချုပ်ဆိုရတဲ့ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ကိုချုပ်ဆိုပြီးမှ အလုပ်ရှင်နဲ့ အေဂျင်စီမှဖျက်သိမ်းပါက ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရအရေးယူသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနထံက သိရပါတယ်
Published_ 12 September 2023
#ပြည်ပအလုပ်အကိုင်ဆိုင်ရာ #သဘောတူစာချုပ်
#YMG/LW
#Yangon_Times
‘မြန်မာနိုင်ငံအတွင်းကို လေကြောင်းခရီးနဲ့ဝင်ရောက်လာမယ့် တရုတ်နိုင်ငံသားနဲ့ အိန္ဒိယနိုင်ငံသားကမ္ဘာ လှည့်ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာမကြာမီခွင့်ပြုတော့မှာဖြစ်တယ်’
နေပြည်တော်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန
Published_ 12 September 2023
#တရုတ်နှင့်အိန္ဒိယ #ကမ္ဘာလှည့်ခရီးသွား #ဆိုက်ရောက်ဗီဇာ
#tthl #Yangon_Times
‘မုတ်သုန်အားကောင်းနေသလို အခုရက်ပိုင်းအတွင်းလေဖိအားနည်းရပ်ဝန်းလည်းဖြစ်ပေါ်လာနိုင်တဲ့ အတွက် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ လာမယ့်နှစ်ရက်အတွင်း မိုးပိုနိုင်တယ်’မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Published_ 12 September 2023
#tthl #မုတ်သုန်အားကောင်း #လေဖိအားနည်းရပ်ဝန်း
#Yangon_Times
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာ ရှိတဲ့ တညင်းကုန်းလက်ကားဈေးကြီးမှာ ဆိုင်ခန်းပေါင်း ၁၀၀၀ကျော် ပါဝင်တဲ့ သစ်သီးဝလံရောင်းဝယ်ရေးဈေးရုံကြီးကို လာမယ့်အောက်တိုဘာ ၁ရက်မှာ ဖွင့်လှစ်တော့မယ်လို့ တညင်းကုန်းလက်ကားဈေးကြီး လုပ်ငန်းရေးရာဌာနက သိရပါတယ်။
Published_ 12 September 2023
#သစ်သီးဝလံရောင်းဝယ်ရေး #တညင်းကုန်းလက်ကားဈေးကြီး
#YMG /LW
#Yangon_Times
‘ကြက်မဲဥတစ်လုံးကို ကျပ်၁၀၀၀၊ ကြက်မဲမျိုးဥတစ်လုံးကျပ်၁၈၀၀နဲ့ ရောင်းပေးနေပါတယ်။ ကြက်မဲဥတွေဟာရိုးရိုးကြက်ဥတွေထက် ကျန်းမာရေးပိုမိုကောင်းမွန်စေသလို စမွေးမြူကာစမှာ သာကုန်ကျစရိတ် နည်းနည်းများပေမယ့် ကျွေးရတဲ့ကြက်စာနဲ့ကုန်ကျစရိတ်ဟာ ရိုးရိုးကြက်မွေးရတာနဲ့သိပ်မကွာတဲ့အတွက် ကြက်မဲတွေကိုမွေးစေချင်တယ်’ ပြင်ဦးလွင်ကြက်မဲခြံပိုင်ရှင် ဒေါ်မွန်မွန်ရှိန်
Published_ 12 September 2023
#tthl #ကြက်မဲကောင်ပေါက် #ကြက်မဲမျိုးဥ
#Yangon_Times
ဟန်ဂေရီနိုင်ငံတွင်ငွေကြေးဖောင်းပွမှုပြဿနာဖြေရှင်းရန် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မဖြစ်မနေလျှော့ချရေး အစိုးရမှထုတ်ပြန်ကြေညာ
ဟန်ဂေရီနိုင်ငံမှာ မြင့်မားနေတဲ့ ငွေကြေးဖောင်းပွမှုကို ဖြေရှင်းရန်အတွက် ပြီးခဲ့တဲ့လက စားသောက်ကုန်ဈေးနှုန်း မဖြစ်မနေ လျှော့ချရန် ချမှတ်ခဲ့ကာ ပြည်သူတွေက နေထိုင်ရေးစရိတ်များ လျှော့ချနိုင်ဖို့ နည်းလမ်းများ ရှာဖွေနေကြပါတယ်။
#World_Crisis
#Published_ 11 September 2023
#YMG #Yangon_Times
Page 501 of 1076