ပြည်ပကို သွားရောက် အလုပ်လုပ်ချင်သူများကို အလုပ်ရမည်ဟုဆိုကာ အွန်လိုင်းကနေ တစ်ဆင့် ငွေကြေး လိမ်လည်မှုတွေလုပ်ဆောင်နေ
ပြည်တွင်းမှာ အလုပ်ကိုင်အခွင့်အလမ်းနည်းလာတဲ့အတွက် ပြည်ပကို သွားရောက်လုပ်ကိုင်လိုသူများလာတဲ့ အပေါ်အခွင့်ကောင်းယူပြီး လူမှုကွန်ယက် စာမျက်နှာပေါ်တွေမှာ အကောင့်အမျိုးမျိုးနဲ့ စိတ်ဝင်စားဖွယ်ဖြစ်အောင် အလုပ်အကိုင်များ ရေးတင်ခြင်း၊တရားဝင်အေဂျင်စီတွေရဲ့ ဖေ့ဘုတ်နဲpage အတုများ ပြုလုပ်ပြီး လိမ်လည် ငွေကြေးတောင်းခံတာတွေကြောင့် ပြည်ပကိုသွားရောက် အလုပ်လုပ်လိုသူများ ငွေသိန်းနဲ့ချီ အလိမ်ခံရတာတွေရှိနေတယ်လို့ဆိုပါတယ်။
Yangon_Times/LW
#Local_News
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
ဆိုလာတပ်လိုသည့် စက်ရုံအလုပ်ရုံများ ဘဏ်အရစ်ကျဖြင့် ရောင်းမည်
‘ဆိုလာတပ်လိုတဲ့ စက်ရုံအလုပ်ရုံတွေအနေနဲ့ Power Light Solarကုမ္ပဏီကနေ ဆိုလာဝယ်ရင် ၂၀မှ၃၀ရာခိုင်နှုန်းကို ကုမ္ပဏီကိုဘဏ်မှတစ်ဆင့် ငွေပေးချေပြီးပြီဆိုရင်ကျန်တဲ့၇၀မှ၈၀ရာခိုင်နှုန်းကို ဘဏ်ကနေ ဆိုလာချေးငွေအဖြစ် ထောက်ပံ့ပေးသွားမှာဖြစ်တယ်။ ဘဏ်ကနေSolar Loanရရှိမှု နည်းပါးနေရင်လည်း လိုအပ်နေတဲ့ပမာဏရဲ့ တစ်စိတ်တစ်ပိုင်းကို အဖွဲအစည်းတွေနဲ့ချိတ်ဆက်ပြီး ကူညီပံ့ပိုးပေးသွားမယ်’ ဒေါ်ဖြူဖြူသန့် (Power Light Solar Co.,Ltd၏Managing Director)
Yangon_Times/tthl
#Local_News
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
EVကား (၁၀)စီးဖြင့် နေပြည်တော်တွင် တက်စီဝန်ဆောင်မှုပေးနေ
‘တက်စီ ငှားရမ်းလိုသူတွေအနေနဲ့ နေအိမ်တွေကနေ မိနစ်၂၀ခန့် ကြိုတင်ဖုန်းဆက်ပြီး ငှားရမ်းနိုင်ပြီး စတက်တက်ချင်းကျပ်(၁၅၀၀)၊ အကွာအဝေးအလိုက် တစ်ကီလိုကို ကျပ်(၅၀၀)၊ မနက်၉နာရီမှ ၆နာရီအတွင်း တစ်ကီလိုကို ကျပ်(၁၀၀၀) နှုန်းနဲ့ ပြေးဆွဲနေတယ်’ EVNET Taxiမှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
အခြေခံ စားသောက်ကုန်အချို့ဈေး ပြန်ကျပေမယ့် အရောင်းဝယ်အလွန်အေးနေ
ပြည်ပဝယ်လိုအား နည်းလာပြီး ဈေးကွက်အတွင်း ကုန်အဝင်များလာကာ စားသောက်ကုန်အချို့ ဈေးပြန်ကျလာပေမယ့် ယခင်က ဈေးကွက်တည်ငြိမ်မှုမရှိတာကြောင့် ဝယ်ယူသူအချို့က လိုအပ်သလောက်သာ ဝယ်ယူနေခြင်း၊ ယခုရက်ပိုင်း မိုးများပြီး နေရာအချို့ သွားလာရခက်နေတာတွေ ကြောင့် အရောင်းဝယ်အလွန်အေးနေတယ်လို့ ပွဲရုံများထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
စားအုန်းဆီ ပေပါလိုက် ဝယ်ရောင်းသူများ အမြတ်ပိုမတင်အောင် ခံဝန်လက်မှတ်ထိုးခိုင်း
‘အမြတ်(၂)ရာခိုင်နှုန်းထက် ပိုမရောင်းဖို့ လက်လီပြန်ရောင်းတဲ့ဆိုင်တွေကို ဆိုင်တစ်ဆိုင်ချင်းကို ကတိပြုခံဝန်လက်မှတ်ထိုးစေကာ မှတ်ပုံတင်မိတ္တူရော၊ ခံဝန်လက်မှတ်ရော လက်ကားဒိုင်တွေကယူပြီးမှ ရောင်းချပေးနေပါတယ်’ ဘုရင့်နောင် စားအုန်းဆီလက်ကားဒိုင်မှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
Published-21 September 2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ဘားအံတက္ကသိုလ် ကျောင်းအနောက်ဘက်လမ်း၌ယနေ့နံနက်က ကားတစ်စီး မတော်တဆတိမ်းမှောက်၍ ထိခိုက်ဒဏ်ရာရရှိသူ (၄)ဦးရှိကြောင်း Myanmar Rescue Organization Hpa An က သိရသည်။
စက်တင်ဘာလ ၂၁ ရက် နံနက် ၁နာရီခွဲ အချိန်၌ ဘားအံမြို့အမှတ် ( ၉ )ရပ် ကွက် ၊မေတ္တာလမ်း ဘားအံတက္ကသိုလ် ကျောင်းအနောက်ဘက်လမ်း၌ ကားတစ်စီး မတော်တဆ တိမ်းမှောက်၍ ကားအတွင်းညှပ်နေသူ အမျိုးသား (၂)ဦးနှင့် အပြင်ထွက်နေသောလူနာအမျိုးသား (၁)ဦး၊အမျိုးသမီး (၁) ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အဆိုပါလူမှုကူညီရေးအသင်းကသိရသည်။
ဖြစ်စဥ်နေရာသို့ Myanmar Rescue Organization - Hpa An ၏ အရေးပေါ်
ကယ်ဆယ်ရေးအဖွဲ့နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကူညီမှုဆောင်ရွက်ကာဒဏ်ရာများပြုစုပေးပြီး လူနာ (၄) ဦးအား မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ဘားအံ၏ လူနာတင်ယာဥ် နှစ်စီးဖြင့် တောင်ကလေးစစ်ဆေးရုံသို့ ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 20 September 2023
၁။ Asian Game ပြိုင်ပွဲတွင် မြန်မာမှ ဘင်္ဂလားဒေ့ရှ်ကို(၁)ဂိုး(၀)ဖြင့် အနိုင်ရပြီး ပွဲဦးထွက်လှခဲ့၊အိမ်ရှင်တရုတ်နှင့် ဆက်ပြိုင်မည်
၂။ မြန်မာတစ်နိုင်ငံလုံးရှိ သဘင်သက်ကြီးဘိုးဘွား ဦးရေတစ်ထောင်ကျော်ကို ပူဇော်ကန်တော့သွားမည်
၃။ ပြည်တွင်းထွက် ဆီမီးခွက်များ လာမည့် သီတင်းကျွတ်ကာလအတွက် ဝယ်ယူမှု ယခင်နှစ်ထက် သုံးဆကျော်မြင့်တတ်
၄။ တရုတ်ပြည် ကျင်မေတောင်ရှိ လက်ဖက်တောဟောင်း နေရာဒေသကြီးအား ယူနက်စ်ကိုကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းထဲ ထည့်သွင်း .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Page 494 of 1077