တရုတ်ပြည်အရှေ့ပိုင်း ကျဲ့ကျန်ပြည်နယ်မြို့တော် ဟန်ကျိုးအခြေစိုက် AI ကုမ္ပဏီတစ်ခုဟာ နည်းပညာမြင့် သန့်ရှင်းရေးစက်ရုပ်ကို မိတ်ဆက်ပြသလိုက်ပြီး နေ့စဥ်လုပ်ငန်းဆောင်တာတွေနဲ့ စက်မှုလုပ်ငန်း လည်ပတ်မှုတွေမှာ AI ရဲ့ နည်းပညာအသုံးဝင်ပုံကို ပြသလိုက်ပါတယ်။
#World_Technology
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 5 March 2024
၁။ ကမ္ဘာ့ရွှေဈေးကြောင့် မြန်မာ့ရွှေဈေးတက်နိုင်ခြေရှိသော်လည်း ရွှေထွက်ချိန်ရောက်၍ သိပ်မတက်နိုင်ဟုဆို
၂။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် ကောင်စစ်ကိစ္စရပ်များကို Online Appointment စနစ်ပြောင်းလဲ ဆောင်ရွက်မည်ဟု တိုကျိုရှိ မြန်မာသံရုံးကြေညာ
၃။ ရှမ်းမြောက် လမ်းကြောင်းမကောင်းသည့်အတွက် သရက်သီးအကင်း ဈေးရရှိမှု ယခင်နှစ်ထက်ကျဆင်း
၄။ အဆင့်မြင့် AIနည်းပညာဖြင့် ပေါင်းစပ်ထားသည့် သန့်ရှင်းရေးစက်ရုပ်အား တရုတ်ကုမ္ပဏီမှ မိတ်ဆက်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)အနေနဲ့ရန်ကုန်မှာ သင်တန်းသားဦးရေ(၅၀၀)၊ မန္တလေးမှာဦးရေ (၅၀၀)စုစုပေါင်း လူငယ်ဦးရေ(၁၀၀၀)ခန့်ကို ဘောလုံးကစားနည်းတွေ သင်ကြားပေးသွားဖို့ရှိတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၊ လူငယ်ဖွံ့ဖြိုးရေးတာဝန်ခံ ဦးရဲဝင်းသူ
Yangon Times/tthl
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
အိပ်စပို့ဆန်များ အဝင်နည်းနေသော်လည်း ဈေးချဝယ်ယူနေ
' ငွေဈေးကြောင့် ဆန်ဈေးက ၃၀၀၀ လောက် ချဝယ်မှ သဘော်တင်လို့ရမှာဖြစ်တဲ့အတွက် ဈေးချဝယ်လို့ အိပ်စပိုဆန်ဈေးကျတာပါ '
Yangon Times/NN
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရှမ်းမြောက် လမ်းကြောင်းမကောင်းသည့်အတွက် သရက်သီးအကင်းဈေးရရှိမှု ယခင်နှစ်ထက်ကျဆင်း
' လောက်ကိုင်တို့ လားရှိးတို့ ပွင့်တယ်ဆိုရင် သရက်သီးအကင်းက ခုဈေးတွေထက် ကျပ် ၃၀၀၀ လောက်ပိုရတယ်၊ ခုအဲ့ဘက်ကို မပိုကြတော့လို့ အရင်နှစ်ထက်ဈေးရတာနည်းတယ် '
Yangon Times/NN
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာသံရုံး၊ တိုကျိုမြို့အနေ နဲ့ ဂျပန်နိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့အကျိုးစီးပွားနှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်တွေကို ဆောင်ရွက်ပေးလျက်ရှိရာ သံရုံးကို လစဉ်လာရောက်သူ နိုင်ငံသားဦးရေဟာ ထောင်နှင့်ချီရှိပြီး စာတိုက်မှတစ်ဆင့် ပေးပို့သက်တမ်းတိုး လျှောက်ထားမှုတွေလည်း နေ့စဉ်အဆက်မပြတ် ဝင်ရောက်လျက်ရှိပြီး အချို့ရက်တွေမှာ သံရုံးကို လာရောက်သူအရေအတွက်ဟာ ကောင်စစ်အဆောက်အဦးအတွင်း လက်ခံနိုင်တဲ့ လူဦးရေထက်များစွာကျော်လွန်နေတဲ့အတွက် တန်းစီစောင့်ဆိုင်းရတာတွေရှိပါတယ်။
Yangon Times/LW
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေးတက်လို့ မြန်မာ့ရွှေဈေး လိုက်တက်နိုင်ပေမယ့်လည်း ဝယ်နိုင်တဲ့သူတွေနဲ့ ဝယ်လိုအားသိပ်မရှိတာက တစ်ကြောင်း၊ မတ်လမှာ ရွှေတွင်းတွေကနေ ရွှေပေါပေါများများ ထွက်လာမှာကတစ်ကြောင်း ဈေးသိပ်တက်နိုင်ဘူး။
Yangon Times/tthl
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 489 of 1223