စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်း(၁၀၀)ကို ခေါ်ယူသတိပေး
‘ မီးနီဖြတ်မောင်းတဲ့ YBSယာဉ်မောင်းတွေ၊ မဆင်မခြင်မောင်းတဲ့ YBSယာဉ်မောင်းတွေ၊YBSယာဉ် အချင်းချင်းကျော်တက်လုယက်မောင်းနှင်ပြီး စည်းကမ်းဖောက်ဖျက်တဲ့YBSယာဉ်မောင်းစုစုပေါင်း(၁၀၀)ဦးကို YRTCမှအထူးခေါ်ယူတွေ့ဆုံ ဆွေးနွေးကာ အသိပညာပေးရတာဖြစ်တယ်’ဦးချစ်ကိုကို၊YRTCဒုဥက္ကဌ
Yangon_Times/tthl
#Local_News
#Published_ 12 August 2023
#YMG #Yangon_Times
'ရှဝင်ဂန်'လို့ခေါ်တဲ့ ရိုးရာဆွစ်ဇာလန်နပမ်းပွဲဟာ ရာစုနှစ်များကြာအောင် ယောက်ျားတွေကို ကိုယ်စားပြုတဲ့ပွဲဖြစ်ပြီး အယ်လ်ပိုင်းအယ်လ်ဖာယောက်ျားများအတွက် ယောက်ျားပီသမှုကို နောက်ဆုံးစမ်းသပ်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။
#World_Sports
#Published_ 11 August 2023
#တန်းတူယှဉ်ပြိုင်ခွင့်ရရေး #အမျိုးသမီးရှဝင်ဂန်နပမ်းသမားများ # ရိုးရာဆွစ်ဇာလန်နပမ်းပွဲ
#YMG #Yangon_Times
#Daily_News
Published_ 11 August 2023
၁။ ပြည်သူ့ရင်ပြင်တွင် ဆန်တစ်ပြည်(၂၅၀၀)ဖြင့် ဆန်အကန့်အသတ်မရှိ ရောင်းပေးနေ
၂။ အိမ်ခြံမြေဝယ်ယူ၍ ရင်းနှီးမြုပ်နှံချင်ကြသော်လည်း ထုတ်မရောင်းရဲသူက ပိုများနေဟုဆို
၃။ သုံးနှစ်ကြာ ဒေသစာရီအပူဇော်ခံ ရပ်နားထားရသော အင်းလေးဖောင်တော်ဦးဘုရား အပူဇော်ခံ ကြွမည်
၄။ အမျိုးသားများနှင့် တန်းတူယှဉ်ပြိုင်ခွင့်ရရေး အမျိုးသမီးရှဝင်ဂန်နပမ်းသမားများကြိုးပမ်းနေ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ထိုင်းရောက် မြန်မာများအတွက် Dee Money အမည်ရှိ တရားဝင် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း မိတ်ဆက်
တစ်ရက်ကို မြန်မာငွေကျပ်သိန်းတစ်ရာနဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေကို လွှဲပြောင်းနိုင်ပြီး လွှဲခအနေနဲ့ တစ်ကြိမ်ကို (၄၉) ဘတ်သာ ကျသင့်မှာဖြစ်
Yangon_Times/my
#Local_News
#Published_ 11 August 2023
#YMG #Yangon_Times
နံရံပန်းချီရှိသော ပုဂံဘုရား(၄၁၆)ဆူ၏ Data များကောက်ယူမည်
‘ပုဂံဒေသရှိ နံရံဆေးရေးပန်းချီလက်ရာတွေရှိတဲ့ ဘုရားပေါင်း(၄၁၆)ဆူရဲ့အသေးစိတ်အချက်အလက် သစ်တွေကွင်းဆင်းပြီးကောက်ယူသွားဖို့ရှိပါတယ်။အသေးစိတ်အချက်အလက်တွေ ကောက်ယူပြီး Update Data Baseတည်ဆောက်တာ၊ ပဏာမအဆင့်မှတ်ခြင်းလုပ်ငန်းအတွက် Assessment ကွင်းဆင်းကောက်ယူတာတွေ ဆောင်ရွက်လျက်ရှိတယ်’ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)
Yangon_Times/tthl
#Local_News
#Published_ 11 August 2023
#နံရံပန်းချီ #ပုဂံဘုရား #Data များကောက်ယူ #ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန
#YMG #Yangon_Times
Published_ 11 August 2023
မန္တလေး တိုင်းဒေသကြီး ၊မန္တလေးမြို့ပတ် သံလမ်းဘေး မိုးမခဆိုင်ရှေ့တွင် မော်တော်ကားနှင့်ဆိုင်ကယ် ဝင်တိုက် မိ၍ အမျိုးသား ၁ဦးသေဆုံးမှုယမန်နေ့ညကဖြစ်ခဲ့ကြောင်း နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်းကသိရသည်။
သြဂုတ် ၁၀ရက် ည၈နာရီအချိန်ကမန္တလေးမြို့ပါတ်သံလမ်းဘေးလမ်းမိုးမခဆိုင်ရှေ့တွင် လမ်းပြောင်းပြန်ဝင်လာသော မော်တော်ကားနှင့်ဆိုင်ကယ်တိုက် မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်ကြောင့်ဆိုင်ကယ်စီးလာသူအမျိုးသား ၂ဦးအနက် ၁ဦးမှာ ညာနားထင်ပေါက် ၊ဘယ်ရင်အုံပေါက်ပြဲ၊ညာဝမ်းဗိုက်ပေါက်၊ လက်နှစ်ဖက်ကျိုး၊ ညာခြေကျိုး၍ဆေးရုံရောက်ရှိချိန်တွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။
"ဆိုင်ကယ်စီးလာသူ ၂ဦးထဲက ၁ဦးက ဒဏ်ရာပြင်းထန်တော့ ဆေးရုံပို့တော့ ဆေးရုံအရောက် မှာ သေဆုံးသွားပါတယ်"ဟု အဆိုပါအသင်းကသိရသည်။
သေဆုံးသူအားသေမှုသေခင်းစစ်ချက်များယူ၍မန္တလေးပြည်သူ့ဆေးရုံကြီးတွင်(PR04)ဖြင့်ပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times
သုံးနှစ်ကြာ ဒေသစာရီအပူဇော်ခံ ရပ်နားထားရသော အင်းလေးဖောင်တော်ဦးဘုရား အပူဇော်ခံ ကြွမည်
အောက်တိုဘာလ(၁၅)ရက်ကနေ နိုဝင်ဘာ (၁) ရက်နေ့အထိ ကျင်းပသွားဖို့ရှိ
Yangon_Times/my
#Local_News
#Published_ 11 August 2023
#အင်းလေးဒေသ #ဒေသစာရီအပူဇော်ခံ #အင်းလေးဖောင်တော်ဦးဘုရား #ရှေးရိုးရာအစဉ်အလာ
#YMG #Yangon_Times
Page 445 of 991