#Daily_News
Published_ 2 October 2023
၁။ မင်္ဂလာခန်းမများတွင် ကြိုတင်ဘိုကင်ယူသူများလာ၊ ယခုနှစ်တွင်ဝါထပ်၍ အောက်တိုဘာလကုန်ပိုင်းမှ မင်္ဂလာအခမ်းအနားများကျင်းပနိုင်မည်
၂။ ဒညင်းကုန်းလက်ကားဈေးကြီးတွင် အခြေခံစားသောက်ကုန်များကို လက်ကားရောင်းချနိုင်မည့် ဈေးရုံအသစ် ယခုနှစ်ကုန်တွင် ထပ်မံဖွင့်လှစ်မည်
၃။ မိုးစပါးပေါ်ချိန်ဖြစ်၍ ပြည်တွင်းစား ဆန်ဈေးနှုန်းဆက်တိုက်ကျဆင်းလာနေဟုဆို
၄။ ပင်လယ်ဖြတ်သန်းမောင်းနှင်မည့် တရုတ်နိုင်ငံဖူကျိုး-ရှာမင်အမြန်ဆုံး မီးရထားလမ်းစတင်ဖွင့်လှစ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
လာမယ့် ကြံကြိတ်ခွဲရာသီအတွက် မြန်မာ့သကြားဝယ်ယူဖို ကို ပြည်ပနိုင်ငံတွေက ကမ်းလှမ်းမှုတွေ များနေပေမယ့်ပြည်တွင်းစားသုံးမှုဖူလုံပြီး ပိုလျှံတဲ့သကြားတွေကိုသာ တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းထံက သိရပါတယ်။
Published_ 2 October 2023
#Local_News
#မြန်မာ့သကြား #ကြံထွက်ပစ္စည်း
#YMG/NN #Yangon_Times
‘စားအုန်းဆီတွေကို အခုချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ စည်ပင်တွေကနေစီစဉ်ပြီးတော့ လိုက်လံရောင်းချပေးနေတဲ့အတွက် အရင်ကထက်စာရင်တော့ကျယ်ကျယ်ပြန့်ပြန့်လေးတော့ရရှိသွားမှာဖြစ်တယ်’ ဘုရင့်နောင်စားအုန်းဆီလက်ကားဒိုင်မှ တာဝန်ရှိသူတစ်ဦး
Published_ 2 October 2023
#Local_News
#စားအုန်းဆီ #လိုက်လံရောင်းချပေး
#tthl #Yangon_Times
စက်တင်ဘာလနှောင်းပိုင်းက စတင်ကျဆင်းလာတဲ့ ပြည်တွင်းစားဆန်ဈေးနှုန်းတွေဟာ အခုအပတ်မှာ ဆက်လက်ကျဆင်းနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းက သိရပါတယ်။
Published_ 2 October 2023
#Local_News
#မိုးစပါးပေါ်ချိန် #မြန်မာနိုင်ငံဆန်စပါး
#YMG/LW #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာရှိတဲ့ ဒညင်းကုန်းလက်ကားဈေးကြီးမှာ အခြေခံ စားသောက်ကုန်တွေကို လက်ကားသီးသန့်ရောင်းချနိုင်မယ့် ဈေးရုံကြီးတစ်ခုကို ယခုနှစ်ကုန်ပိုင်းမှာ ထပ်မံဖွင့်လှစ်ဖို့စီစဉ်နေတယ်လို့ ဒညင်းကုန်းလက်ကားဈေးကြီး လုပ်ငန်းရေးရာဌာနက သိရပါတယ်။
Published_ 2 October 2023
#Local_News
#ဒညင်းကုန်း #အခြေခံစားသောက်ကုန် #အင်းစိန်မြို့နယ်
#YMG/LW #Yangon_Times
‘၂၀၂၃ ခုနှစ်အောက်တိုဘာမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ မင်္ဂလာခန်းမငှားရမ်းမှုတွေ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အရင်နှစ်တွေက အောက်တိုဘာလလယ်ပိုင်းမှာ ဝါကျွတ်ပြီဖြစ်ပေမယ့် အခုနှစ်ဟာနှစ်ဝါထပ်နေပြီး ဝါကျွတ်ချိန် နောက်ကျတဲ့အတွက် အောက်တိုဘာလ၂၉ ရက်ဝါကျွတ်ချိန်ကစလို့ မင်္ဂလာဧည့်ခံပွဲတွေကျင်းပနိုင်မှာဖြစ်တယ်’ မင်းကွန်းတိပိဋကကျောင်း၊ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦး
Published_ 2 October 2023
#Local_News
#မင်္ဂလာအခမ်းအနား #ဝါကျွတ်ချိန်
#tthl #Yangon_Times
တရုတ်လပေါ်သွားယာဉ် ယူတု-2က လမျက်နှာပြင်ရဲ့ မြင်ကွင်းကျယ် ရုပ်ပုံအသစ်တစ်ခုကို ကမ္ဘာကြီးသို့ ဆောင်းဦးလယ်ပွဲတော်ကျင်းပနေစဉ်အတွင်း ပြန်လည်ပေးပို့ခဲ့ပါတယ်။ အဆိုပါရုပ်ပုံထဲမှာ ကမ္ဘာကြီးမှ ကီလိုမီတာ သုံးသိန်းရှစ်သောင်းအကွာမှာရှိတဲ့ လမျက်နှာပြင်ပေါ်က ဥက္ကာခဲတွေ၊ ကျောက်စရစ်တွေနှင့် ယူတု-တူးရဲ့လမ်းကြောင်းတွေပေါ်လွင်နေပါတယ်။
Source CCTV+
Page 423 of 1015