ဂျပန်နိုင်ငံကို သွားရောက်ကြမယ့် ဗီဇာလျှောက်ထားတာတွေကို ဇူလိုင်လအတွင်းမှာ အွန်လိုင်းဘိုကင်စနစ် ကျင့်သုံးသွားမယ်လို့ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ဇွန်လ ၂၈ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁ ရက်က စတင်ပြီး တစ်ဦးချင်းစီအလိုက် ဗီဇာလျှောက်ထားတာကို အွန်လိုင်းဘိုကင်စနစ် ကျင့်သုံးသွားမှာဖြစ်ပြီး အဖွဲ့လိုက်လျှောက်ထားတာနဲ့ ပတ်သက်လို့လည်း ဇူလိုင်လ အလယ်ပိုင်းမှာ အွန်လိုင်းဘိုကင် စတင်လက်ခံမယ့် ရက်အတည်ပြုပြီးပါကလည်း ထပ်မံအသိပေးကြေညာပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published_ 29 June 2024
#ဂျပန်ဗီဇာ #အွန်လိုင်းဘိုကင်စနစ် ကျင့်သုံး
#NN #YMG #Yangon_Times #Yangon_Media_Group
အသစ်ပြဌာန်းမယ့်ဥပဒေမှာ မူးယစ်ဆေးစွဲသမားတွေအတွက်ပုဒ်မ(၁၅)ရှိပေမယ့် ပြစ်ဒဏ်မရှိတော့ဘဲ ပြန်လည်ထူထောင်ရေးအနေနဲ့ ဆေးဖြတ်ရမှာဖြစ်တယ်လို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)မှ သိရပါတယ်။
#Local_News
Published_ 29 June 2024
#မူးယစ်ဆေးစွဲလူနာ #ဆေးဖြတ်ရန်အမြန်ဆုံးကြိုးစားသင့်
#tthl #Yangon_Times
၂၉ ဇွန် ၂၀၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့မှာကျင်းပတဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ချက်ထုတ်ပြန်ခြင်း နှစ်(၇၀)ပြည့်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်ဟာ မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့်အတူတက်ရောက်ခဲ့ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင် ဟာ အခမ်းအနားမစတင်ခင်မှာ အခမ်းအနားသို့ တက်ရောက်လာတဲ့ မြန်မာနိုင်ငံ သမ္မတ(ငြိမ်း)ဦးသိန်းစိန်အပါအဝင် အခြားသော နိုင်ငံ့အကြီးအကဲဟောင်း များနှင့် ခေါင်းဆောင်တွေကို တစ်ဦးချင်းနှုတ်ဆက်ခဲ့ပါတယ်။
Source CCTV+
တရုတ်ပြည်မှ ချန်ဂယ်-၆ လကမ္ဘာစူးစမ်းရေးယာဥ် အခက်အခဲအောင်မြင်မှုကြီး(၃)ချက်ဖြင့် ကမ္ဘာပေါ်သို့ပြန်ရောက်လာ
တရုတ်နိုင်ငံရဲ့ ချန်ဂယ်-၆ လကမ္ဘာစူးစမ်းရေးယာဥ်ဟာ အင်္ဂါနေ့မှာ စူးစမ်းရေးခရီးစဥ် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး အခက်အခဲကျော်ဖြတ်မှုကြီး ၃ ခုပြုလုပ်နိုင်ခဲ့ကြောင်း တရုတ်မီဒီယာဂရု(CMG)မှ အစီရင်ခံသူတစ်ဦးက ကြေညာသွားပါတယ်။
#Asia_Space
Published 28 June 2024
#ချန်ဂယ်-၆ #တရုတ်မီဒီယာဂရု(CMG)
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 28 June 2024
၁။ နေပြည်တော်နှင့်မြို့ကြီးသုံးမြို့ရှိ လက်လီဆိုင် ၂၈၀ကျော်အပါအဝင် Superနှင့် Mini များ၌ပါ ကန့်သတ်ချက်မရှိရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေ
၂။ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့် အိန္ဒိယအသင်းတို့ ဖီဖာနိုင်ငံတကာခြေစမ်းပွဲများကန်မည်
၃။ ဇူလိုင်လအတွင်းလေဖိအားနည်းရပ်၀န်း (၂)ကြိမ်၊ မုန်တိုင်းငယ်(၁)ကြိမ်ဖြစ်ပေါ်နိုင်၊ ကချင်၊ ရခိုင်၊ စစ်ကိုင်းအထက်ပိုင်းမိုးပိုမည်
၄။ တရုတ်ပြည်မှချန်ဂယ်-၆ လကမ္ဘာစူးစမ်းရေးယာဥ် အခက်အခဲအောင်မြင်မှုကြီး(၃)ချက်ဖြင့် ကမ္ဘာပေါ်သို့ပြန်ရောက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
သက်ကြီးသင်္ဘောသားတွေအပြင် ကျန်းမာရေးချို့တဲ့တဲ့ ကင်ဆာလူနာ၊ ကျောက်ကပ်လူနာ၊ လေဖြတ်လူနာနဲ့ အခြားရောဂါဝေဒနာတွေခံစားနေရတဲ့ သင်္ဘောသားတွေကိုပါ ASGHCမှ ငွေကြေးကူညီထောက်ပံ့နေတယ်လို့ သိရပါတယ်။
#Local_News
Published_ 28 June 2024
#နာမကျန်းသင်္ဘောသားများ #ASHCမှကူညီထောက်ပံ့
#tthl #Yangon_Times
လာမယ့် ဇူလိုင်လဆန်းပိုင်းက စတင်ပြီး ရိုးရိုးဒီဇယ်500ppmကို အပြာရောင်ဖြင့် ဈေးကွက်အတွင်းကို ဖြန့်ဖြူးဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သိရပါတယ် ။ စက်သုံးဆီအမျိုးအစားတစ်ခုဖြစ်တဲ့ ဒီဇယ်500ppmရဲ့ပုံမှန် မူလအရောင်ကတော့ အဖြူနဲ့အဝါနုရောင်ဖြစ်ပြီး အများပြည်သူအလွယ်တကူ ကွဲပြားခြားနားစွာသိရှိဝယ်ယူသုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာက အပြာရောင်အဖြစ်သတ်မှတ်ပေးတာဖြစ်ပါတယ်။
#Local_News
Published_ 28 June 2024
#ရိုးရိုးဒီဇယ်500ppm #ဈေးကွက်သို့ ဖြန့်ဖြူး
#NN#Yangon_Times
Page 329 of 1154